← Chapters

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း ၈၁၈

Vol. 55 Ch. 818

818 01

အခန်း ( ၈၁၈ ) ပျားရည်ထောင်ချောက်။

( *T/N ပျားရည်ထောင်ချောက် ဆိုတာ ကောင်လေးတွေကို ကောင်မလေးချောချောလေးတွေ ၊ ကောင်မလေးတွေကို ကောင်လေးချောချောလေးတွေနဲ့ ဆွဲဆောင်ပြီး ကိုယ် လိုရာကို စည်းရုံးသိမ်းသွင်းတာကို ပြောတာပါ။ )

စုယန်ယန်‌ ဆွံ့အသွားကာ မျက်လုံးတွေထဲမှာ အနွေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ “ ရှင် လူသတ်ချင်တဲ့ထိ သဝန်တိုနေရင်လည်း ကျွန်မကို ဘာလို့ ချက်ချင်း လုမယူခဲ့တာလဲ။ ”

ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကိုသာ ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါ။

“ ရှင် မပြောလည်း ကျွန်မ သိသားပဲ။ ရှင်က ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာကို စိုးရိမ်ခဲ့တာ မဟုတ်လား။ ကျွန်မ ရှင့်ကို သဘောမကျမှာကို ကြောက်နေခဲ့တာ ၊ ရှင်နဲ့ ဆိုရင် ကျွန်မ မပျော်မှာကို ကြောက်နေခဲ့တာ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခါးကို တင်းကျပ်စွာ ပွေ့ဖက်ပြီး အသံတိုးတိုးဖြင့် ဆူပူလိုက်သည်။ “ ရှင်က အရူးပဲ။ ရှင် ကျွန်မအတွက် မတိုက်ခိုက်ဘဲနဲ့ ကျွန်မ ရှင့်ကို သဘောကျ ၊ မကျ ဆိုတာ ဘယ်လို သိမှာလဲ။ ”

“ ဟုတ်တယ်။ ကိုယ် ရူးခဲ့မိတယ်။ ” ဟောက်ချန်ဟွမ်းက ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် စုယန်ယန် ပြောတဲ့ စကားကို အမြဲတမ်း ထောက်ခံလေ့ရှိသည်။ သူမ ပြောတဲ့ စကားကို သေချာ ပြန်တွေးကြည့်တော့မှ သူ့စိတ်ထဲမှာ ဘဝသက်တမ်းစာ တစ်ခု ပြီးဆုံးကုန်လွန်သွားသလို ခံစားလိုက်ရသည်။

( ၂ ) နှစ်ပဲ ရှိသေးပေမဲ့ ဘဝသက်တမ်း တစ်ခု ပြီးဆုံးကုန်လွန်သွားသလို ခံစားရသည်။ ဒီအဖြစ်အပျက်တွေက သူ့အရင်ဘဝမှာသာ အိပ်မက်သဖွယ် ဖြစ်ပျက်ခဲ့ဖူးသလို ခံစားရသည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေပြီးမှ ခပ်ထွေးထွေး အသံလေးဖြင့် ‌” ကျွန်မက ကံကောင်းတယ်။ ” ဟု ပြောလိုက်သည်။

“ ဘာကိုလဲ။ ”

“ ကံကောင်းလို့ပဲ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ချစ်နေကြတာလေ။ ”

ဟောက်ချန်ဟွမ်းက သူမစကားကြောင့် မှင်သက်သွားပြီးမှ သတိဝင်လာသောအခါ ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ ဟုတ်သားပဲ။ ကံကောင်းလို့ ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ချစ်နေကြတာ။ ”

စုယန်ယန်က သူ ရယ်တာကို မြင်တော့ သူမပါ ရောနှော လိုက်ရယ်မိသည်။ ထို့နောက် သူ့မျက်လုံးတွေထဲကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ ရှင်က ကျွန်မရဲ့ ကမ္ဘာကြီးပါ။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ တောက်ပသွား၏။ လေးနက်သော ခံစားချက်နှင့်အတူ သူမရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်သည်။ “ မင်းကလည်း ကိုယ့်ရဲ့ ကမ္ဘာကြီးပါ။ ”

စုယန်ယန်ရဲ့ မျက်နှာက အနီရောင်သမ်းသွားကာ အဟမ်း အဟမ်းဟု ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး “ သူတို့က တွေ့ဆုံပွဲ လုပ်ချင်နေတယ် ဆိုမှတော့ လုပ်ခွင့်‌ပေးလိုက်ပါ။ ပြီးတော့ သင့်တော်တဲ့ အသက်အရွယ်ရှိတဲ့ ဟောက်ကော်ပိုရေးရှင်းက စင်ဂယ်လ်တွေကိုလည်း ဖိတ်ကြားလိုက်ပါ။ ကျွန်မတို့ ကုမ္ပဏီတွေ့ဆုံပွဲ တစ်ပွဲကို ကျင်းပချင်ရင် ထောင့်စေ့နေအောင် စီစဉ်တာ အကောင်းဆုံးပဲ။ အဲ့ဒါဆို အနာဂတ်မှာ ကျွန်မတို့ အများကြီး အားစိုက်စရာ မလိုတော့ဘူး။ ”

စုယန်ယန်က ထိုသို့ ပြောပြီးမှ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “ ဟောက်ကော်ပိုရေးရှင်းက လူတွေကို ဖိတ်တာက တကယ်ရော ကောင်းပါ့မလား။ သူတို့ကို မေ့ထားလိုက်ပြီး သူတို့ဘာသာသူတို့ ပင်ပင်ပန်းပန်း ရည်းစားရှာခိုင်းလိုက်ရင် မကောင်းဘူးလား။ ”

ဟောက်ချန်ဟွမ်းသည် ဟောက်ရှောက်ဖုန်းရဲ့ အကူအညီလေး တစ်ခုကို ယူပြီး ဟောက်ချီဟန်ကို ဟောက်မိသားစုရဲ့ ခေါင်းဆောင်ရာထူးကနေ ဆွဲချခဲ့ပေမဲ့ ဟောက်ချီဟန်ကို ဟောက်ကော်ပိုရေးရှင်းကို နှစ်ပေါင်းများစွာ တာဝန်ယူလာခဲ့တာမို့ သူ မရှိတော့ရင်တောင် သူ့လူတွေ အများကြီး ကျန်ခဲ့မှာ သေချာသည်။

818 02

ဟောက်ကော်ပိုရေးရှင်းရဲ့ ဥက္က‌ဌပြောင်းသွားချိန်မှာ ထိုလူတွေက ဥက္ကဌအသစ်ဟာ သူတို့ကို ပြဿနာရှာမှာကို ကြောက်သောကြောင့် ငြိမ်ငြိမ်လေး နေခဲ့သော်လည်း သူတို့ကို အကြာကြီး လွှတ်ပေးထားလိုက်ရင် သရုပ်မှန်တွေ ပေါ်လာပြီး‌ ဟောက်ချန်ဟွမ်းကို တိုက်ခိုက်ကြပါလိမ့်မည်။

ဒါ့ကြောင့်လည်း ဟောက်ချန်ဟွမ်းက အစပိုင်းမှာ ဟောက်ကော်ပိုရေးရှင်းကို လွှဲပြောင်းမယူချင်ခဲ့တာ ဖြစ်သည်။ လက်ရှိ ဟောက်ကော်ပိုရေးရှင်းက ဟိုးအရင်တစ်ချိန်တုန်းက သူ့အဖေ တည်ထောင်ခဲ့တဲ့ ဟောက်ကော်ပိုရေးရှင်း မဟုတ်တော့ဘဲ ကုမ္ပဏီထဲမှာ အန္တရာယ်များတဲ့ ကပ်ပါးကောင်တွေ အများကြီး တွယ်ကပ်နေ၏။

ဟောက်ကော်ပိုရေးရှင်းဟာ အဘက်ဘက်က ဖရိုဖရဲဖြစ်နေသည်ဟု ပြောလို့ ရသည်။ ဘာပဲဖြစ်ဖြစ် ထိုလူတွေက အနှေးနှင့်အမြန် အသုံးမဝင်တော့တဲ့ လူတွေ ဖြစ်သွားမှာပါပဲ။ ထိုလူတွေက သူ့ကို ဒုက္ခပေးရင် သူကလည်း ထိုလူတွေ အကုန်လုံးကို ရှင်းထုတ်ပြီး ကုမ္ပဏီအသစ် တစ်ခုကို တည်ထောင်လို့ ရသည်။

ဟေယက်ချန်ဟွမ်းက “ ကောင်းတယ်။ အဲ့ဒါ အကြံဉာဏ်ကောင်းပဲ။ အဲ့အတိုင်း လုပ်ကြတာပေါ့။ ” ဟု ပြောလိုက်တော့ စုယန်ယန် အံ့ဩသွားသည်။

“ ရှင် သေချာလို့လား။ ”

“ ဘာပြဿနာမှ တက်မှာ မဟုတ်ပါဘူး။ ရှောက်ယန်နဲ့ တခြား လူတွေကလည်း သူတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေမှာပါ။ ကိုယ်တို့လည်း ဒီအခွင့်အရေးကို အသုံးချပြီး ရည်းစားလိုချင်နေတဲ့ ဟောက်ကော်ပိုရေးရှင်းက ဝန်ထမ်းတွေကို ကိုယ်တို့ဘက် ပါအောင် သိမ်းသွင်းလို့ ရတယ်။ အဲ့ဒါဆို မင်းကိုလည်း သူတို့ ကျေးဇူးတင်ပြီး ယုံကြည်လာလိမ့်မယ်။ ”

စုယန်ယန်က အချိန်အတော်ကြာ ကြောင်အနေပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။ “ ရှင်က … ပျားရည်ထောင်ချောက်ကို ပြောချင်တာလား။ ”

“ ဟုတ်တယ်။ ဒါနဲ့ မင်းလက်အောက်က ကုမ္ပဏီတွေအကုန်လုံးက သုတေသနနဲ့ တီထွင်မှုကို ဦးစားပေးတဲ့ ကုမ္ပဏီတွေမို့လား။ ယေဘုယျ ပြောရရင် အဲ့လို ကုမ္ပဏီမျိုးတွေမှာ ယောက်ျားလေးတွေပဲ ပိုများတာ။ ငါးစာအဖြစ် မိန်းကလေးတွေနဲ့ ပျားရည်ထောင်ချောက်ဆင်တာ အောင်မြင်ဖို့ ရာခိုင်နှုန်း များတယ်။ ”

“ … ” ရှင် ပြောတာ အဓိပ္ပာယ်ရှိတယ်။

“ ဒါဆို ကျွန်မ ထင်နေသလိုပဲလား။ ”

“ … အင်း။ ”

ကျွတ် ကျွတ် ကျွတ် ၊ ထင်ထားတဲ့အတိုင်းပဲ လှည့်ကွက်တွေကို အကွက်‌ရွေ့တဲ့ လူတွေက ဉာဏ်များတယ်။ ရှင်က ကြင်ဖက်တွေ့တဲ့ နေရာမှာတောင် ပျားရည်ထောင်ချောက်ကို သုံးဖို့ တွေးနေသေးတယ်။ သိပ်ကို ဉာဏ်များတာပဲ … ။

++++++

All Chapters