← Chapters

အခန်း ၈၁၉

Vol. 55 Ch. 819

အခန်း ၈၁၉

Vol. 55 Ch. 819

819 01

အခန်း ( ၈၁၉ ) ကိုယ့်ဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အရင်းရှင်တွေရဲ့ ဉာဏ်များမှုကို လက်ဖျားခါနေသော စုယန်ယန်သည် ဒီပျားရည်ထောင်ချောက်အတွက် မူလမက်လုံးက သူမ ဘာရယ်မဟုတ် ပြောလိုက်တဲ့ အကြံပေးစကားကြောင့် ဖြစ်လာတယ် ဆိုတာကိုတော့ လုံးဝ မေ့လျော့သွားခဲ့သည်။

“ ဒါနဲ့ ဟောက်ကော်ပိုရေးရှင်းအကြောင်း ပြောတော့မှ သတိရတယ်။ ဟောက်ရှောက်ဖုန်းက ဘာဖြစ်သွားတာလဲ။ ”

စုယန်ယန် ဟောက်ရှောက်ဖုန်းအကြောင်း မေးလိုက်သည်နှင့် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်က အပြုံးလေးက ချက်ချင်း မှိန်ဖျော့ပျောက်ကွယ်သွားသည်။

စုယန်ယန်က သူ့အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ မျက်မှောင်ကြုတ်လိုက်သည်။ “ သူ အခုထိ မပြောသေးဘူးလား။ ကျွန်မတို့ကို လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်။ ”

“ ဝမ်ကျင့်ဖျင်ရဲ့ နာမည်မပျက်မချင်း ဘာသက်သေကိုမှ ထုတ်မပေးဘူးလို့ ပြောတယ်။ ”

“ ဒါဆို ဝမ်ကျင့်ဖျင်ရဲ့ နာမည်ပျက်တဲ့ အချိန်ထိ စောင့်ရမှာလား။ ” စုယန်ယန်ရဲ့ အလိုလို သိစိတ်က ဒါဟာ ထောင်ချောက်ကြီး ဖြစ်ကြောင်း ပြောနေသည်။ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ရဲ့ ကံကောင်းမှုလင်းရောင်ခြည်တွေက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတာမို့ ဝမ်ကျင့်ဖျင်ကို နာမည်ပျက်အောင် လုပ်ချင်ရင် သို့ထျန်းယီကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရမှာ မဟုတ်လား။

သို့ထျန်းယီအကြောင်း တွေးမိတော့ စုယန်ယန် ခေါင်းကိုက်သွား၏။ ဝမ်ကျင့်ဖျင်က ကိုင်တွယ်ရလွယ်ကူသည်။ သူမ ဝမ်ကျင့်ဖျင်ကို သတ်လိုက်လို့ ဒီကမ္ဘာကြီး ပြိုကွဲသွားမှာကို စိုးရိမ်တာကြောင့်သာ မဟုတ်ရင် စုယန်ယန်သည် သူမကို ဟိုးအရင်ကတည်းက အပြီးအပိုင် စာရင်းရှင်းပစ်ခဲ့ပြီပင်။

ဒါပေမဲ့ သို့ထျန်းယီ ဆိုတဲ့ လူကတော့ …

“ ကိစ္စမရှိဘူး။ ကိုယ် အစကတည်းက သူ့ဆီက ဘာမှ သိပ်မျှော်လင့်ထားတာ မရှိဘူး။ ”

“ ဒါပေမဲ့ … ”

“ ဦးလေး ဒီနိုင်ငံကို ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ ဆိုတာ မင်း သိလား။ ”

စုယန်ယန် ဇဝေဇဝါဖြစ်သွားမိသည်။ ဒီပြဿနာက သူ့ဦးလေးနှင့် ဘယ်ကဘယ်လို ဆက်စပ်သွားပြန်တာလဲ ဆိုတာ သူမ နားမလည်ပါ။

“ သူက ကျွန်မတို့နှစ်ယောက်နဲ့ ကလေးကို စောင့်ရှောက်ပေးဖို့ ပြန်လာတာ မဟုတ်ဘူးလား။ ”

“ အဲ့ဒါက သူ ပြန်လာရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲ ရှိသေးတာ။ ”

“ တခြား အကြောင်းပြချက်တွေ ရှိသေးတာလား။ ”

“ သူက အရင်တုန်းက ကိုယ့်မိဘတွေနဲ့ မတော်တဆမှုနဲ့ ပတ်သက်လို့ သဲလွန်စ နည်းနည်း ရှာတွေ့သွားလို့ အဲ့ဒီအမှုကို ပြန်ခြေ‌ရာကောက်ဖို့ ဒီနိုင်ငံကို ပြန်လာခဲ့တာ။ ”

စုယန်ယန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ “ ရှင့်မိဘတွေကို သတ်ခဲ့တဲ့ အဖွဲ့က ဒီနိုင်ငံထဲက တစ်နေရာရာမှာ ပုန်းနေနိုင်သေးတယ်လို့ ရှင် ပြောချင်တာလား။ ”

ဟောက်ချန်ဟွမ်းက သူ့ဇနီးရဲ့ ဖြူရော်သွားတဲ့ မျက်နှာကို ကြည့်ပြီး သူမ စိုးရိမ်နေတဲ့ အရာကို နားလည်သွားသည်။ သူမရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်၏။ “ ဒါက ဖြစ်နိုင်ချေပဲ ရှိတာပါ။ ပြီးတော့ နှစ်တွေ အများကြီး ကြာသွားပြီ ဆိုတော့ အဲ့လူတွေ သက်ရှိထင်ရှား ရှိချင်မှလည်း ရှိတော့မှာ။ ”

ဟောက်ချန်ဟွမ်းရဲ့ အမြင်အရ လူယုတ်မာတွေ ဆိုတာ ဘယ်တော့မှ ကိုယ့်လုပ်ရပ်ကိုယ် နောင်တရပြီး လူကောင်းအဖြစ် ပြောင်းလဲသွားမယ့် လူတွေ မဟုတ်ပါ။ ထိုလူတွေ တခြားလူတွေရဲ့ လက်ချက်နှင့် သေဆုံးသွားတာကို သူတို့ မသိတာလည်း ဖြစ်နိုင်သည်။

819 02

သို့သော် ဒီစကားလုံးတွေက စုယန်ယန်ကို အချိန်အတိုင်းအတာ တစ်ခုထိ စိတ်ဖြောင့်လက်ဖြောင့်ရှိအောင် နှစ်သိမ့်ပေးဖို့သာ ဖြစ်ပါသည်။

ဟောက်ချန်ဟွမ်းက သူတို့တွေ သေသွားပြီလို့ ယုံတာထက် သက်ရှိထင်ရှား ရှိနေသေးတယ်လို့ပဲ ပိုယုံကြည်ချင်သည်။ ပြီးတော့ ထိုလူယုတ်မာတွေ အကုန်လုံး သူနှင့် သူ့ဦးလေးရဲ့ လက်ထဲကို အနှေးနှင့်အမြန် သက်ဆင်းကျရောက်လာလိမ့်မည်။

“ ဦးလေးက စပြီး စုံစမ်းနေပြီ။ မကြာခင် ရလဒ် ထွက်လာလိမ့်မယ်လို့ ကိုယ်တော့ ယုံတယ်။ ” ဟောက်ချန်ဟွမ်းကို စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။ “ ခုနလေးတုန်းက မင်းကို မင်းအစ်ကို လာရှာသွားသေးတယ်။ ပြဿနာ တစ်ခုခု ရှိလို့လား။ ”

စုယန်ယန်က ထပ်မေးချင်သေးပေမဲ့ ဟောက်ချန်ဟွမ်းက သူမကို ဆက်မမေးစေချင်တာကို သိသောကြောင့် နှုတ်ခမ်းကိုက်ပြီး ငြိမ်နေလိုက်တော့သည်။

“ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ ပရော်ဖက်ဆာယဲ့နဲ့ ကျန်တဲ့ ပရော်ဖက်ဆာတွေက ထုတ်လုပ်ပြီးစီးထားတဲ့ တရုတ်တိုင်းရင်းဆေး တစ်သုတ်ကို သင်ထောက်ကူပစ္စည်းအဖြစ် ဝယ်ချင်နေတယ်လို့ သုတေသနဌာနက ပြောလို့ပါ။ သူတို့ဆန္ဒအတိုင်း လုပ်လိုက်တာကို ကျွန်မ မကြိုက်မှာ စိုးလို့ ကျွန်မရဲ့ အစ်ကိုကနေ တစ်ဆင့် ကျွန်မကို မေးခိုင်းလိုက်တာလေ။ ”

သုတေသနဌာနရဲ့ ဌာနမှူး လုပ်ရတာလည်း မလွယ်ပါ။ တစ်ဖက်မှာ နည်းပြဆရာ ၊ ကျန်တစ်ဖက်မှာက ဌာနထဲမှာ နာမည်ကောင်းရှိတဲ့ အငြိမ်းစားယူထားသော စီနီယာ တစ်ယောက် ဖြစ်၏။ သူသာ သူ့အလုပ်ကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် တစ်ချိန်တည်းမှာ လူအမြောက်အမြားကို သေစေနိုင်လိမ့်မည်။

အကောင်းဆုံး ဖြေရှင်းနည်းကတော့ အမှားမလုပ်မိစေဖို့အတွက် စုယန်ယန်ဆီမှာ အရင်ဆုံး ခွင့်ပြုချက်တောင်းတာပဲ ဖြစ်သည်။

ဟောက်ချန်ဟွမ်းက အခြေအနေကို အနည်းနှင့်အများ အကဲခတ်မိသွားကာ အပြုံးယဲ့ယဲ့ဖြင့် “ မင်းရဲ့ အဖြေကရော ဘယ်လိုလဲ။ ” ဟု မေးလိုက်သည်။

“ ကျွန်မ လက်ခံလိုက်ပါတယ်။ ဒါကို ကျွန်မဘက်က ရပ်တည်ပေးခဲ့တဲ့ ပရော်ဖက်ဆာကြီးတွေအတွက် ကျေးဇူးတင်မှုကို ဖော်ပြတာလို့ ယူဆလိုက်မယ်။ ”

စုယန်ယန်က အစစအရာရာ အဆင်ပြေ ချောမွေ့နေတဲ့ အခြေအနေတွေကို ခဏ ဘေးဖယ်ပြီး ‘ တုန်ချမ်းကို တစ်ချက်လောက် သွားကြည့်ဖို့ အချိန်ကျပြီ ’ ဟု ပြောလိုက်သည်။

သို့သော် သူမ ကုမ္ပဏီကို ပြန်မရောက်သေးခင်မှာပဲ သို့ထျန်းယီ ပြောသွားတဲ့ သူ့အကြောင်းကို သူမ မကြာခင်မှာ သိလာပါလိမ့်မယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။

++++++

All Chapters