← Chapters

အခန်း ၈၂၃

Vol. 55 Ch. 823

အခန်း ၈၂၃

Vol. 55 Ch. 823

823 01

အခန်း ( ၈၂၃ ) ကိုယ့်သေတွင်းကိုယ်တူးခြင်း။

ဟောက်ချီဟန်သည် ဒီအဖြစ်ကို လုံးဝ လက်မခံနိုင်ပါ။ နောက်ဆုံးမှာ ဟောက်ကော်ပိုရေးရှင်းကို‌ ဟောက်ချန်ဟွမ်း ပြန်သွားပြီး အလုပ်,လုပ်နေပြီ ဆိုတဲ့ သတင်းကို ကြားရပြီးနောက် ချက်ချင်းပဲ မီဒီယာအဖွဲ့အစည်းတွေ အများကြီးကို ဆက်သွယ်ကာ လူထုအမြင်ကို အသုံးချ၍ ဟောက်ချန်ဟွမ်းကို ဒုက္ခပေးဖို့ ကြံစည်ခဲ့သည်။

သူ မသိတာကတော့ သူ့လုပ်ရပ်တွေက ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ ဟာသပြက်လုံးထက် ဘာမှ မပိုဘူး ဆိုတာပါပဲ။

“ အောက်ထပ်ကို ဟောက်ချီဟန် ထပ်ရောက်နေပြန်ပါပြီ သခင်လေး။ ”

ဟောက်ချန်ဟွမ်းက ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချီဟန်လက်ထဲကနေ လုယူထားသော်လည်း ကုမ္ပဏီထဲက ဘယ်သူ့ကိုမှ အယုံအကြည်မရှိပေ။

သူ့အပေါ် သဘောကောင်းပြပြီး သူတို့လူတွေကို သူ့ဘေးနားမှာ ခေါ်သွင်းဖို့ ကြိုးစားနေတဲ့ ရာထူးအကြီးပိုင်းက လူတွေကို လျစ်လျူရှုကာ ကျိုးယန်ပိုင်ကိုပဲ သူ့ရဲ့ အမှုဆောင်အတွင်းရေးမှူးအဖြစ် အလုပ်ခန့်ခဲ့သည်။

သူ ဟောက်ကော်ပိုရေးရှင်းကို မလာနိုင်တဲ့ အချိန်အတောအတွင်းမှာ ကျိုးယန်ပိုင်က သူ့အလုပ်ကို ကိုယ်စား တာဝန်ယူပေးထားပြီး သူနှင့်ထပ်တူ လုပ်ပိုင်ခွင့် အခွင့်အာဏာ ရှိသည်။

ဂျူနီယာလေး တစ်ယောက်ဆီမှာ အညံ့ခံပြီး ထိုဂျူနီယာလေး အုပ်ချုပ်တာကို ခေါင်းညိတ်ခံဖို့က လွဲလို့ ရွေးချယ်စရာမရှိတော့တဲ့ ရာထူးအမြင့်ပိုင်းက လူတွေက အဲ့ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာတဲ့လဲ … ။

ဟောက်ချန်ဟွမ်း မရှိတဲ့ အချိန်မှာ သူတို့က ကျိုးယန်ပိုင်ကို ပြဿနာရှာခဲ့ကြသည်။

ကျိုးယန်ပိုင်က အလွယ်တကူ အနိုင်ကျင့်ခံမယ့် ရိုးရှင်းပျော့ညံ့တဲ့ လူမျိုး မဟုတ်လို့ တော်သေးရဲ့။ သူက ထိုလူတွေနှင့် ရောက်တတ်ရာရာ စကားတွေ ပြောရင်း ၊ ရယ်မောရင်း လက်ဆောင်တွေ အများကြီး ပေးတတ်တာမို့ တော်တော်များများက သူ ပြုံးနေတာကို မြင်ရင် ကြောက်ကြသည်။

“ နောက်တစ်ခေါက် ထပ်ရောက်လာပြန်တာလား။ ” ဟောက်ချန်ဟွမ်းက မျက်ခုံးပင့်ပြီး အဓိကအချက်ကို မေးလိုက်သည်။ “ ငါ မရှိတဲ့ အချိန်တုန်းကရော သူ ဒီလိုပဲ လာနေကျလား။ ”

“ ခဏ ခဏ လာနေကျတော့ မဟုတ်ပါဘူး။ ဆယ်ရက် တစ်ခါ ၊ ဆယ့်ငါးရက် တစ်ခါလောက်ပဲ လာတတ်တာ။ လာရင်လည်း သူ ဘော့စ်ကို မတွေ့တာနဲ့ ချက်ချင်း ပြန်သွားတတ်တယ်။ ”

“ ဆယ်ရက် တစ်ခါ ၊ ဆယ့်ငါးရက် တစ်ခါတဲ့လား။ ” ဟောက်ချန်ဟွမ်း သရော်ပြုံး ပြုံးလိုက်သည်။ သူ ဟောက်ကော်ပိုရေးရှင်းကို လွှဲပြောင်းယူပြီးနောက်ပိုင်းမှာ နှစ်လ ၊ သုံးလလောက် ဒီကို မလာဖြစ်ခဲ့ပါ။ ကြည့်ရသလောက် သူ မရှိတုန်း ဟောက်ချီဟန် ဒီကို မကြာခဏ လာတဲ့ ပုံပါပဲ။

“ သူ အောက်ထပ်မှာ ဘာလုပ်နေတာလဲ။ ”

“ အရင်တုန်းကတော့ သူ အောက်ထပ်မှာ တစ်ယောက်ယောက်ကို ပြဿနာရှာနေကျပဲ။ ဒါပေမဲ့ ဒီနေ့တော့ သခင်လေး ရောက်နေတာကို သိလို့ သတင်းထောက်တွေ အများကြီး ခေါ်လာခဲ့တယ်နဲ့ တူတယ်။ လူထုကို အထင်အမြင်လွဲအောင် လုပ်ပြီး သခင်လေးနဲ့ ဟောက်ကော်ပိုရေးရှင်းကို ဒုက္ခပေးချင်နေပုံပဲ။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာကတော့ မပြောင်းမလဲ တည်ငြိမ်ဆဲ။ သူက “ ငါ ဒီနေ့ သေချာပေါက် လာမယ်လို့ သူ ဘယ်လိုလုပ် သိတာလဲ။ ပြီးတော့ သတင်းထောက်တွေ အများကြီးကိုရော ဘယ်လိုလုပ် ဒီလောက် အမြန် ဆက်သွယ်ပြီး ခေါ်လာနိုင်တာလဲ။ ” ဟူ၍သာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

ကျိုးယန်ပိုင်က မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွား၏။ သူ့မျက်နှာက မှောင်မည်းသွားပါသည်။

“ ငါ ဒီကိစ္စကို မင်းကို စုံစမ်းဖို့ တာဝန်ပေးလိုက်မယ်။ တစ်ပတ်အတွင်း ရလဒ်သိချင်တယ်။ ဟိုတယ်ထဲကို သို့ထျန်းယီ ဘယ်လို ဝင်လာတာလဲ ဆိုတာပါ စုံစမ်းပေး။ ”

“ ဟုတ်ကဲ့ပါ ဘော့စ်။ ”

ဟောက်ချန်ဟွမ်း ထိုင်ခုံက ထပြီး ရုံးခန်းထဲက ထွက်သွားဖို့ ပြင်လိုက်ချိန်မှာ ကျိုးယန်ပိုင်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့ကို ကြည့်ရတာ တစ်ခုခုကို စိတ်ပူနေတဲ့ပုံ။ “ သခင်လေး … ”

“ ငါ အောက်ထပ်ကို ဆင်းပြီး ငါ့အစ်ကိုကြီးနဲ့ တွေ့လိုက်ဦးမယ်။ ”

823 02

“ ဒါပေမဲ့ သတင်းထောက်တွေက — ”

“ သူတို့က ငါ့ကို နာကျင်အောင် လုပ်နိုင်မယ်လို့ မင်း ထင်လို့လား။ ”

“ … အဲ့လိုတော့ မထင်ပါဘူး။ ” ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချန်ဟွမ်း လွှဲပြောင်းယူလိုက်ကတည်းက သူက ကုမ္ပဏီအပြင်ဘက်က လုံခြုံရေးတွေ အကုန်လုံးကို အားဖြည့်ထားခဲ့တာမို့ ကုမ္ပဏီထဲကို အပြင်လူတွေ အလွယ်တကူ မဝင်ရောက်နိုင်ပေ။

“ ဒါပေမဲ့ ဟောက်ချီဟန် ဒီကို သတင်းထောက်တွေ ခေါ်လာတဲ့ ရည်ရွယ်ချက်က … ”

“ သူ ဘာတွေးနေလဲ ဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ။ ” ဟောက်ချန်ဟွမ်းက ဟက်ခနဲ လှောင်ရယ်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ အေးစက်မှု‌နှင့် လှောင်ပြောင်သရော်ရိပ်တွေ စွန်းထင်းနေ၏။ “ တန်ဖိုးကြီးတဲ့ ဘဝမှာ နှစ်‌ပေါင်းများစွာ နေခဲ့ရတာတောင် အခုအချိန်မှာ သူ လုပ်နိုင်နာက ဒါပဲ ရှိတယ်။ သတင်းထောက်တွေကို ခေါ်လာတယ်တဲ့လား။ သူက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ ”

ကျိုးယန်ပိုင် ဆွံ့အသွားသည်။ အဲ့ဒီတောပမှပဲ ဟောက်ချန်ဟွမ်းရဲ့ လက်ထဲမှာ ထိပ်တန်းလျှို့ဝှက်ချက် သတင်းတွေကို ဆုပ်ကိုင်ထားကြောင်း သိလိုက်ရလေသည်။ ထိုသတင်းတွေကို သုံးပြီး ဟောက်ချီဟန်ကို အလွယ်တကူ ဖျက်ဆီးပစ်လို့ ရသည်။

ထိုသတင်းတွေ အကုန်လုံးကို ချက်ချင်း ချမပြခဲ့ရတဲ့ အကြောင်းအရင်းက ထိုကိစ္စတွေထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေ အများကြီး ရှိတဲ့အတွက် စတော့ရှယ်ယာဈေးတွေကို ဆိုးဆိုးဝါးဝါး ထိုးမကျသွားစေချင်လို့ပဲ ဖြစ်သည်။

သို့သော် ဟောက်ချီဟန် ပြဿနာဆက်ရှာနေရင် သူ့သခင်လေးလည်း သည်းခံနိုင်တော့မှာ မဟုတ်ပါ။ သခင်လေးက စတော့ရှယ်ယာဈေးတွေ ကျဆင်းတဲ့ ငွေပမာဏလေးကိုတော့ တတ်နိုင်ပါသေးသည်။ သူ ဒီကုမ္ပဏီမှာ ရောက်နေတဲ့ တစ်လျှောက်လုံး အလွန် ပင်ပန်းခဲ့ရတာမို့ ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်အောင် လုပ်တာလည်း သိပ်တော့ မဆိုးဘူးလို့ ခံစားရသည်။

++++++

All Chapters