← Chapters

အခန်း ၈၂၇

Vol. 56 Ch. 827

အခန်း ၈၂၇

Vol. 56 Ch. 827

827 01

အခန်း ( ၈၂၇ ) - ကြို့ထိုးနေတဲ့ ကလေး။

စုယန်ယန်က ဗီဒီယိုအစပိုင်းကို မြင်ချိန်မှာ ဒေါသထွက်သွားပေမဲ့ နောက်ပိုင်းကို မြင်တော့မှ တဖြည်းဖြည်း စိတ်သက်သာရသွားရခဲ့သည်။

အထူးသဖြင့် ဟောက်ချန်ဟွမ်းရှေ့မှာ ဒူးထောက်နေတဲ့ ဟောက်ချီဟန်ကို မြင်ချိန်မှာ အံ့အားသင့်စွာ ဘုရားတမိတော့မလိုတောင် ဖြစ်သွားသည်။

သူ့ကို ဟောက်ချန်ဟွမ်း ကန်လိုက်တာကို ဟောက်ချန်ဟွမ်းရှေ့က လုံခြုံရေးအစောင့်တွေက ကွယ်ထားတာကြောင့် ကင်မရာတွေ အများကြီးကို သယ်ထားတဲ့ သတင်းထောက်တွေ အကုန်လုံးကို ထိုအဖြစ်အပျက်ကို မရိုက်နိုင်လိုက်ပါ။

ထို့ကြောင့် ဗီဒီယိုထဲမှာ ဟောက်ချီဟန်က ဟောက်ချန်ဟွမ်းဆီကို ပြေးသွားပြီး မြေကြီးပေါ် ဒူးထောက်ကာ သူ့ကို တစ်ခုခု တောင်းပန်နေသည်ဟု ထင်ရသည်။

ဟောက်ချန်ဟွမ်းက ဟောက်ချီဟန် ပြောတဲ့ စကားကို နားထောင်ပြီးနောက် သူ့ပခုံးကို ပုတ်လိုက်ပြီး လူတစ်ယောက်အား ဟောက်ချီဟန်ကို မောင်းထုတ်ခိုင်းလိုက်၏။ သူ့ကို သတင်းထောက်တွေကြားကနေ ဖြတ်ကျော်ဆွဲခေါ်သွားချိန်အထိ ဟောက်ချီဟန်သည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသလို အသိစိတ်လွတ်နေခဲ့သည်။

ဟောက်ချန်ဟွမ်း သူ့ကို ခုနတုန်းက ပြောလိုက်တဲ့ စကားနှင့် ပေါင်းစပ်လိုက်သောအခါ အွန်လိုင်းစုံထောက် တချို့က ဒီဗီဒီယိုနောက်ကွယ်က အမှန်တရားကို စတင် ပုံဖော်ကြည့်ခဲ့ကြလေသည်။

ဖြစ်နိုင်ချေကတော့ အနည်းငယ်သာ ရှိပါသည်။

သခင်ကြီးဟောက်ရဲ့ သေတမ်းစာထဲက ဆန္ဒ ဆိုတာက တကယ်ပဲ အမှန်တရားလား။ ဟောက်ကော်ပိုရေးရှင်းရဲ့ ပိုင်ရှင် အစစ်အမှန်‌ကရော ဘယ်သူလဲ … ။

လွန်ခဲ့တဲ့ မိနစ်ပိုင်းကအထိ သူ့ညီကို ကျေးဇူးကန်းတယ်လို့ စွပ်စွဲပြီး ဒေါသပေါက်ကွဲနေခဲ့တဲ့ အစ်ကိုကရော ရုတ်တရက်ကြီး ဘာလို့ ဒူးထောက်ပြီး အသနားခံရတာလဲ။ စကားနဲ့ ထုတ်ပြောလို့ မရတဲ့ ကိစ္စတွေ နောက်ကွယ်မှာ ဖြစ်နေတာလား … ။

ပြီးတော့ အဲ့ဒီ ဝန်ထမ်းလျှော့ချတဲ့ စာရင်းကရော ဘာလဲ။ ဟောက်မိသားစုရဲ့ ဒုတိယသခင်လေး ပြောတဲ့ တရားဥပေဒကို ချိုးဖောက်ဆန့်ကျင်တယ် ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။

အဲ့လောက်တောင် ဆောက်တည်ရာမရဖြစ်နေတဲ့ သူ့အစ်ကို,ကို ကြည့်ပြီး အလုပ်ထုတ်ခံရတော့မယ့် ဝန်ထမ်းဟောင်းတွေက သူ့ကို ဘာမှ မလုပ်ကြဘူးလား။ သူ့အစ်ကို ပြောသွားတဲ့ စကားတွေက အကုန်လုံး အလိမ်အညာတွေလား။

စုယန်ယန်သည် ဗီဒီယိုထဲမှာ ယောက်ယပ်ခတ်စွာ ပြေးလွှားနေတဲ့ သတင်းထောက်တွေကို ကြည့်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ချက်ချင်း ခန့်မှန်းမိသွား၏။

ဟောက်ချီဟန်က ထိုသတင်းထောက်တွေကို အသုံးချပြီး ဟောက်ချန်ဟွမ်းကို ဖိအားပေးချင်နေပေမဲ့ အဲ့ဒါက ဘာကိုမှ ပြောင်းလဲစေမှာ မဟုတ်ဘူး ဆိုတာ သူလည်း သိသင့်သည်။

ဒါပေမဲ့ သူ သေလောက်အောင် မုန်းတီးရတဲ့ သူ့ညီ အဆင်ပြေနေတာကို သူ ဘယ်လိုမှ မရှုစိမ့်နိုင်ပါ။ အခြေအနေကို မပြောင်းလဲနိုင်ဘူး ဆိုရင်တောင် ဟောက်ချွန်ဟွမ်းကို လူတွေ ရွံ့မုန်းသွားအောင် လုပ်ချင်သည်။

ဖြစ်ချင်သည့် ဆန္ဒတစ်ခုတည်းကိုပဲ ဇောကြီးနေတဲ့ ဟောက်ချန်ဟွမ်းသည် ထိုသတင်းထောက်တွေက ဒရာမာဖန်တီးတဲ့ နေရာမှာ အတော်ဆုံးပဲ ဆိုတာကို ကံမကောင်းစွာဖြင့် မေ့လျော့သွားခဲ့သည်။ ထိုသတင်းထောက်တွေကလည်း ဟောက်ချီဟန်က သူတို့အတွက် လူစိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ယူဆောင်လာပေးနိုင်လိမ့်မည်ဟု ထင်တာကြောင့်သာ သူ့ကို ကူညီခဲ့ကြတာပင်။

လူစိတ်ဝင်စားမယ့် သတင်းက ဟောက်ချီဟန်နှင့် ပတ်သက်နေသည် ဆိုလျှင်လည်း တစ်ဖက်ကို ပြန်လှည့်ပြီး သူ့ကို တိုက်ခိုက်ဖို့ ဝန်မလေးကြ။

“ သူက ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ။ ” စုယန်ယန်က လှောင်သလို ရေရွတ်လိုက်သည်။ အဖမ်းခံရ ၊ ထောင်ချခံရတော့မယ့် ဟောက်ချီဟန်ကို မြင်ရ‌ဖို့ သူမ မစောင့်နိုင်တော့ပါ။

827 02

စုယန်ယန်သည် အလုပ်ချိန်တွေကို စိတ်မပါလက်မပါဖြင့် ပျင်းပျင်းရိရိ အချိန်ဖြုန်းခဲ့သည်။ မျက်နှာတွေကိုတောင် သဲသဲကွဲကွဲ မမြင်ရသည့် မှုန်ဝါးဝါး ဗီဒီယိုကို လေး ၊ ငါးကျော့လောက် ပြန်ကြည့်ရင်း ဟောက်ချီဟန်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆွဲဖြဲနေတဲ့ သူမယောက်ျားရဲ့ ပုံရိပ်ကို ပုံဖော်ကြည့်နေမိသည်။

နောက်ဆုံးမှာတော့ စုယန်ယန်က အလုပ်စောစောဆင်းပြီး အိမ်ပြန်ကာ သူ့ကို ဆုချသည့်အနေဖြင့် အရသာရှိတဲ့ ထမင်းတစ်နပ် ချက်ကျွေးဖို့ ဆုံးဖြတ်လိုက်လေသည်။ သို့သော် အစီအစဉ်တွေက သူမစိတ်ကူးအတိုင်း ဖြစ်မလာခဲ့။ စုယန်ယန် အိမ်ပြန်ရောက်ချိန်မှာ ကလေးထိန်းက ကလေးကို နို့တိုက်ပြီးသွားပြီ ဖြစ်၍ သူ့ဟာသူ အေးအေးလူလူ နေ,နေသည်။

ကလေးက ပုခက်ထဲမှာ တစ်ယောက်တည်း ဖြစ်ပြီး စပျစ်သီးလုံးလေးတွေလို မျက်လုံးဝိုင်းလေးတွေနှင့် ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေရာမှ ရုတ်တရက် ရပ်သွားကာ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။

ခြံထဲမှာ လျှောက်ဆော့နေတတ်တဲ့ ထုံထိုင်းနှင့်စာရင် သွမ်းသွမ်းကပဲ ကလေးဘေးမှာ နေပေးပြီး ပုခက်ကို ရံဖန်ရံခါ ကူ‌လွှဲပေးနေသည်။

သွမ်းသွမ်းသည် တစ်ခုခု မူမမှန်တာကို သတိထားမိသကဲ့သို့ပင် ဘေးက စားပွဲပေါ်ကို တက်သွားပြီး ထိစားပွဲပေါ်ကနေ ကလေးပုခက်ထဲကို ငုံ့ကြည့်လိုက်တော့ သူ့ခွေးမျက်လုံးလေးတွေ နက်မှောင်သွားသည်။

ထိုမြင်ကွင်းက စုယန်ယန် အိမ်ပြန်ရောက်ချိန်မှာ ပထမဆုံး မြင်လိုက်ရတဲ့ မြင်ကွင်း ဖြစ်သည်။ သွမ်းသွမ်းရဲ့ အပြုအမူကို ကြည့်ပြီး သူမ ပြုံးလိုက်မိ၏။ အဲ့ဒီနောက် သူတို့နားကို ချဉ်းကပ်သွားဖို့ လုပ်နေစဉ်မှာပဲ ပုခက်ထဲက ကြို့ထိုးသံ ‌တိုးတိုးလေးကို ကြားလိုက်ရပါသည်။

သွမ်းသွမ်းက ထိုအသံကြောင့် ထိတ်လန့်သွားပြီး ဝုတ်ခနဲ ကျယ်လောင်စွာ ဟောင်ကာ စားပွဲပေါ်ကနေ ချက်ချင်းပဲ ခုန်ဆင်းသွားသည်။

ကလေးလေးကတော့ သွမ်းသွမ်းရဲ့ မူဟန်ပိုပိုကြောင့် ရယ်ချင်သွားပုံဖြင့် မျက်နှာလေးပြုံးချိုသွားကာ တခစ်ခစ် ရယ်သံလေးတွေနှင့်အတူ ကြို့ထိုးသံလေး တစ်သံပါ ထပ်ထွက်လာခဲ့သည်။

စုယန်ယန် : “ ??? ”

++++++

All Chapters