← Chapters

အခန်း ၈၂၈

Vol. 56 Ch. 828

အခန်း ၈၂၈

Vol. 56 Ch. 828

828 01

အခန်း ( ၈၂၈ ) - တစ်ဘဝ ကြာသွားသလို ခံစားချက်။

စုယန်ယန်သည် အဆက်မပြတ် ကြို့ထိုးနေတဲ့ ကောင်ကလေးကို ကြည့်ကာ အစတုန်းက အဆင်ပြေသေးပေမဲ့ ခဏနေတော့ ဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်တော့ပါ။

ဦးလေးကျန်းက သူလေးကို သယ်ပြီး ကျောလေးကို ခဏကြာအောင် ပုတ်ပေးနေခဲ့သည်။ အနည်းဆုံးတော့ သူ ဒီကောင်လေးကို ကြို့ထိုးတာ ရပ်သွားအောင် တားလို့ ရသွားသည်။

သူ တစ်ဖက်ကို ပြန်လှည့်လိုက်ချိန်မှာ စုယန်ယန်ရဲ့ အစိုးရိမ်လွန်နေတဲ့ မျက်နှာကို မြင်လိုက်ရ၍ စက္ကန့်ပိုင်းလောက် ကြောင်အသွားပြီးမှ အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ စိတ်မပူပါနဲ့ သခင်မလေး။ ကလေးတွေ ကြို့ထိုးတာ သဘာဝပါ။ လူကြီးတွေတောင် တစ်ခါတလေ ကြို့ထိုးကြသေးတာပဲ။ ကလေးတွေရဲ့ အစာအိမ်က ပိုနူးညံ့လို့ အစားတွေ အများကြီးကို မြန်မြန် စားလိုက်ရင် အလွယ်တကူ ကြို့ထိုးတတ်တယ်။ ”

စုယန်ယန်သည် ထိုစကားကို ကြားသောအခါ အတွေးနွံထဲ နစ်ဝင်သွားခဲ့သည်။ ထို့နောက်မှ သားဖြစ်သူရဲ့ မျက်နှာလေးကို တို့ထိရင်း “ သားက နို့သောက်ရင် အမြဲတမ်း အမြန် သောက်တာကိုး။ ဖက်တီးပုပ်လေး မဖြစ်အောင် ဂရုစိုက်နော်။ မဟုတ်ရင် သား အနာဂတ်မှာ မိန်းမရှာနိုင်မှာ မဟုတ်ဘူး။ ” ဟု ပြောလိုက်သည်။

သို့သော်လည်း ကောင်ကလေးတော့ သူ့အမေက သူ့ကို မြှူနေသည်ဟုသာ ထင်သွားပြီး စုယန်ယန်ရဲ့ လက်ချောင်းလေးတွေကို ပွေ့ဖက်၍ တခစ်ခစ် ရယ်မောနေခဲ့သည်။

စုယန်ယန်က ကောင်ကလေးကို ခဏကြာကြာ ချော့မြှူပြီးတော့မှ မီးဖိုချောင်ထဲကို ဝင်လာခဲ့ကာ အသက်ပြင်းပြင်းတစ်ချက်ရှုူပြီး သူမ မဖွင့်တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်တဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ကင်မရာကို ဖွင့်လိုက်သည်။

သုံးလနီးပါး အကြာမှာတော့ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ပရိသတ်တွေဟာ သူတို့ရဲ့ တင်ဆက်သူကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့နိုင်ခဲ့ပြီပဲ ဖြစ်သည်။

[ ဘုရားရေ ၊ ငါ ငိုချင်လာပြီ။ နောက်ဆုံးတော့ တင်ဆက်သူ ပြန်ပြီး တိုက်ရိုက်ထုတ်လွှင့်နေပြီပဲ။ ဒီကြားထဲမှာ တစ်ဘဝလောက် ကြာသွားသလို ခံစားလိုက်ရတယ်။ ]

[ အဘွားရေ ၊ အဘွား ဖောလိုးလုပ်ထားတဲ့ တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နေပြီ။ လာကြည့်ပါဦး။ ]

[ တင်ဆက်သူ ဝိတ်ကျသွားတယ်လို့ ဘာလို့ ခံစားရတာပါလိမ့်။ တကယ်တော့ မိန်းမလှလေးတွေအတွက် ဝတယ် ဆိုတာ အပျင်းပြေပါပဲလား။ ]

[ ငါ့ရဲ့ စိတ်ပျက်အားလျော့နေတဲ့ မျက်လုံးတွေကို ကြည့်လှည့်ပါဦး အပေါ်က ကွန်းမန့်ပိုင်ရှင်ရေ။ တင်ဆက်သူက ကလေးမွေးပြီးလို့ အလိုလို ဝိတ်ကျသွားတာ မဆန်းပါဘူး။ ပြီးတော့ နင် တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေကို‌ တကယ်ရော ကြည့်ရဲ့လားလို့ ငါ သံသယဝင်မိတယ်။ တင်ဆက်သူက ဟိုးအရင်ကတည်းကနေ အခုထိ သူ့မျက်နှာပြဖူးတာ မဟုတ်ဘူး။ နင်က သူ မိန်းမလှလေး ဟုတ် ၊ မဟုတ် ဘယ်လို သိတာလဲ။ ]

[ တချို့လူတွေ အဆုတ်ကို ဓားနဲ့ အထိုးခံထားရတာလား။ အခုနောက်ပိုင်း မိန်းကလေးတိုင်းကို မိန်းမလှလေးလို့ ခေါ်ကြတာပဲ။ အဲ့ဒါက အဓိပ္ပာယ်ကို ပေါ်လွင်အောင် ဖြည့်စွက်တဲ့ စကားလုံးပဲ မဟုတ်ဘူးလား။ တင်ဆက်သူ အခုထိ သူ့မျက်နှာကို မပြဖူးသေးဘူး ဆိုတာ ငါ မသိဘဲ နေမလား။ ဒါပေမဲ့ နင်ကရော နင့်ကိုယ်နင်ပဲ အမှန်ထင်ပြီး ငါ့ကို လူတတ်ကြီးပုံစံဖမ်းနေတယ်လို့ စွပ်စွဲစရာ လိုလို့လား။ ]

စုယန်ယန်သည် သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သူ စတင်သည်နှင့်တစ်ပြိုင်နက် ကြည့်ရှုသူတွေက သူမ မိန်းမလှလေး ဟုတ် ၊ မဟုတ် ဆိုတာကို ငြင်းခုံရန်ဖြစ်နေကြလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမရဲ့ မော်ဒရိတ်တာက အချိန်မီ ရောက်လာကာ ဗီလာအနည်းငယ်ကို ဖျက်ဆီးပစ်ပြီး ကွန်းမန့်ပိတ်လိုက်သောကြောင့် ရန်ပွဲတွေ ရပ်သွားခဲ့လို့ တော်သေးသည်။

[ ထိန်းသိမ်းစောင့်ရှောက်ရေးမန်နေဂျာ ( တောင်တန်းပေါ်က ပိုးစာပင် ) ပို့ပေးလိုက်တဲ့ ၊ ကောင်းကောင်း အလှဆင်ထားတဲ့ တန်ဖိုးကြီး ဗီလာကို ရသွားတဲ့အတွက် တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ငါတို့ စိတ်မပျက်ရအောင် ကြိုးစားသွားပေးပါ။ ]

828 02

[ တောင်တန်းပေါ်က ပိုးစာပင် : တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ တင်ဆက်သူရဲ့ ရုပ်ရည်သွင်ပြင်အကြောင်း ဆွေးနွေးတာကို ကန့်သတ်တားမြစ်ထားတယ်။ ပထမဆုံးအကြိမ်မှာ မင်းတို့ သတိပေးခံရမယ် ၊ ဒုတိယအကြိမ်မှာ ကွန်းမန့်အပိတ်ခံရမယ် ၊ တတိယအကြိမ် ဆိုရင်တော့ မင်းတို့ကို အမြဲတမ်းအတွက် ဘန်းပစ်လိုက်တော့မှာ။ အဲ့ဒါကြောင့် ဂရုစိုက်ပါ။ ]

ထိုသတိပေးချက်က ထုံးစံအတိုင်း ခိုင်ခိုင်မာမာနှင့် အထက်စီးဆန်ပြီး ပွတ်လောရိုက်နေတဲ့ ကြည့်ရှုသူတွေကို အသံတိတ်သွားစေကာ ကွန်းမန့်ကိုတောင် သဟဇာတဖြစ်သွားစေခဲ့သည်။

စက္ကန့်အနည်းငယ်အကြာမှာတော့ ကြည့်ရှုသူတွေက တစ်ယောက်ပြီး တစ်ယောက် ပြောခဲ့ကြသည်။

[ မော်ဒရိတ်တာလူကြီးမင်းက အလုပ်အကိုင်စေ့စပ်လိုက်တာ။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ တင်ဆက်သူရဲ့ ရုပ်ရည်အကြောင်း မဆွေးနွေးရဘူး ဆိုတာ စည်းမျဉ်းပဲ မဟုတ်လား။ အခုမှာ ရောက်လာတဲ့ ကြည့်ရှုသူအသစ်လေးတွေက စည်းကမ်းချိုးဖောက်တာမျိုး မဖြစ်ရအောင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲကို မဝင်ခင်ကတည်းက စည်းမျဉ်းတွေကို မမေ့မလျော့ ဖတ်ကြပါ။ မင်းတို့ကြောင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ဂယက်ထအောင် လုပ်ဖို့ ကြိုးစားနေတဲ့ လူတွေက အခွင့်အရေးရသွားရင် ဦးနှောက်မရှိတဲ့ လူတွေ ၊ အတုအယောင်ဝေဖန်သူတွေနဲ့ ဖြေရှင်းနေရလိမ့်မယ်။ ]

ထိုမက်ဆေ့ခ်ျကို တင်လိုက်သည်နှင့် မရေမတွက်နိုက်သော ကြည့်ရှုသူတွေရဲ့ ထောက်ခံချက်ကို ချက်ချင်း ရရှိခဲ့လေသည်။

သူတို့က စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို တစ်နှစ်ကျော် ကြည့်လာခဲ့ကြတာမို့ မုန်တိုင်းတွေ အများကြီးကို မြင်ဖူးကာ ဒီလို ပြဿနာတွေနှင့်လည်း ပိုပြီးတော့ ကျင့်သားရနေပြီ ဖြစ်သည်။

စုယန်ယန်က သူမရဲ့ မန်နေဂျာ ပို့လိုက်တဲ့ ကြေညာချက်ကို စိုက်ကြည့်နေမိသည်။ သူမအတွက် အားကိုးရာ တစ်ခု ရလိုက်သလိုပဲ ဖြစ်၍ ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။

“ အားလုံးနဲ့ မတွေ့ရတာ ကြာပြီနော်။ ကျွန်မက တင်ဆက်သူယန်ယန်ပါ။ အရင်တုန်းက ကျွန်မမှာ ကိုယ်ဝန်လွယ်ထားရလို့ ခန္ဓာကိုယ်ကလည်း သိပ်ပြီး နေထိုင်မကောင်းတဲ့အတွက် နှစ်လ ၊ သုံးလလောက် တိုက်ရိုက် မထုတ်လွှင့်နိုင်ခဲ့ဘူး။ လူတိုင်း ကျွန်မကို မေ့သွားကြပြီလို့ ထင်ထားခဲ့တာပါ။ အခုလို ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စောင့်နေတဲ့ လူတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ”

++++++

All Chapters