← Chapters

အခန်း ၈၂၉

Vol. 56 Ch. 829

အခန်း ၈၂၉

Vol. 56 Ch. 829

829 01

အခန်း ( ၈၂၉ ) - အွန်လိုင်းပေါ်က ကလေးတွေကို ကြည့်ခြင်း။

စုယန်ယန်က ထိုသို့ ပြောလိုက်ပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ ဘယ်ဘက် အပေါ်ထောင့်က အွန်လိုင်းဖြစ်နေတဲ့ လူအရေအတွက်ကို တစ်ချက် ကြည့်လိုက်သည်။

အချိန်ခဏလေးအတွင်းမှာပဲ ကြည့်ရှူသူ အရေအတွက်က နောက်တစ်ကြိမ် ထိုးတက်လာခဲ့ကာ ကိန်းဂဏန်း ခုနှစ်လုံးကနေ ရှစ်လုံးကို တိုးသွားတဲ့ နံပါတ်အရ သူတို့က ထိပ်ဆုံးမှာ ဆိုတာ အသေအချာပဲ ဖြစ်သည်။

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ဖန်သားပြင်ပေါ်မှာ ကွန်မးန့်တွေ ရုတ်တရက် ဆိုသလို ထပ်တက်လာခဲ့ပြန်၏။ မြှောက်ပင့်စကားတွေ ၊ ဝန်ခံချက်တွေ အများကြီးကို မြင်လိုက်ရသည်။

[ တင်ဆက်သူက သူ့ကိုယ်သူ ဘယ်လောက် ချောလဲ ဆိုတာ တကယ် နားမလည်ဘူးပဲ။ အခုမှ လူအရေအတွက် နည်းနည်းပဲ ရှိသေးတာ။ တော်တော်များများက အလုပ်ဆင်းလာခါစမို့လို့ ရောက်မလာကြသေးတာ။ ခဏနေရင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ လူတွေ တအား ပြည့်လျှံသွားမှာကိုတောင် ငါ စိုးရိမ်မိတယ်။ ]

[ ဟားဟားဟား ၊ ငါလည်း စိုးရိမ်လို့ ဝီရိယရှိရှိနဲ့ ထိုင်ခုံနေရာယူထားတာလေ။ ငါ့ကို ဘယ်သူမှ မောင်းထုတ်လို့ မရဘူး။ ]

[ ဟယ်လို ဦးလေးရေ။ ဒီမှာ ရှိတဲ့ တစ်ယောက်ယောက်က ငါတို့ကို အရင်‌ဆုံး လာစွပ်စွဲနေတယ်လို့ ငါ သတင်းပေးချင်တယ်။ တင်ဆက်သူရဲ့ သုံး‌ယောက်ပဲ ရှိတဲ့ မိသားစုက ငါတို့ကို မေ့နေတာနဲ့တင် ကံကောင်းလှပြီကို သူတို့က ငါတို့ကို မင်းကို မေ့သွားတယ် ဆိုပြီး လာစွပ်စွဲနေတယ်။ အဲ့လူတွေ အပြစ်ပေးခံရသင့်တယ်။ သူတို့က တင်ဆက်သူကို ဒီနေ့ အစားအသောက်တွေ အများကြီး ချက်ပြီး ငါတို့ကို ဆုချခိုင်းတဲ့ အပြစ်ပေးလိမ့်မယ်။ ]

[ တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို မပိတ်မချင်း ငါတို့ ထွက်မသွားဘူး။ ငါတို့က တင်ဆက်သူနောက်ကို ကမ္ဘာအဆုံးထိ လိုက်မှာ။ ]

[ တင်ဆက်သူ မရှိတုန်း ငါ တစ်ခုခု လစ်ဟာနေသလို ခံစားခဲ့ရတာ။ အခု တင်ဆက်သူ ပြန်ရောက်လာပြီ ဆိုတော့ ငါ တင်ဆက်သူကို အရင်ဆုံး လက်ဆောင်ပေးလိုက်ဦးမယ်။ ]

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု မလုပ်တာ အချိန်အတော် ကြာခဲ့ပြီမို့ စိတ်အားထက်သန်နေတဲ့ ကြည့်ရှုသူတွေဟာ ချက်ချင်းပဲ လက်ဆောင်တွေကို စတင်‌ ပေးခဲ့ကြလေသည်။ စုယန်ယန်က လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ကြည့်ကာ စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ သတိပြန်ဝင်လာသည်။ သူမ ရယ်ရမလား ၊ ငိုရမလား မသိတော့ပါ။ “ ဝိုင်းဝန်းပံ့ပိုးပေးကြလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မကို လက်ဆောင်တွေ ထပ်မပေးပါနဲ့တော့။ ဒီလောက် အကြာကြီး ပျောက်နေပြီးမှ လက်ဆောင်တွေကို လက်ခံရတာ အားနာစရာကောင်းလို့ပါ။ ”

[ ဟားဟားဟားဟား ၊ ငါ တင်ဆက်သူကို အားနာအောင် လုပ်ချင်တယ်။ အဲ့ဒါမှ နောက်ပိုင်းမှာ ငါတို့အတွက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေ များများ ပိုလုပ်ပေးမှာ။ ဒီလို လုပ်ကြမယ် ညီအစ်ကိုတို့။ ]

[ လခွမ်း ၊ ဒီလို ကိစ္စမျိုးလည်း ရှိသေးတာလား။ ငါ နားလည်ပြီ ၊ ငါ နားလည်ပြီ။ ]

စုယန်ယန်ရဲ့ စကားတွေက သူတို့ကို မသိမ်းသွင်းနိုင်ရုံသာမက ပိုလို့တောင် ပျော်ရွှင်တက်ကြွအောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်။ စုယန်ယန်သည် ပြောစရာစကားပင် မရှိတော့ဘဲ ဒီလူတွေရဲ့ အတွေးအခေါ်တွေကို အမှန်တကယ်ပဲ အမီမလိုက်နိုင်တော့ပါ။

“ အဟမ်း ၊ ကျွန်မ ဒီနေ့ ရှင်တို့ကို ကလေးတွေအတွက် ကောင်းတဲ့ ဆေးဖက်ဝင်ဟင်းလျာတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ”

[ ကလေးတွေ … ဟုတ်လား။ တင်ဆက်သူက အိမ်က သူ့ကလေးအတွက် ဒီအပိုင်းကို လုပ်ချင်နေတာလား။ ]

[ ဒီလို ပြောတော့မှ ဟုတ်သားပဲ။ တင်ဆက်သူရဲ့ ကလေးကလည်း အခုဆို တစ်လသားအရွယ်လောက် ရှိပြီမို့လား။ ငါ ချစ်စရာကောင်းတဲ့ ကလေးလေးကို ကြည့်ချင်တယ်။ ]

[ အပေါ်ထပ်က ကွန်းမန့်ပိုင်ရှင် + ၁ ၊ တင်ဆက်သူနဲ့ သူ့ယောက်ျားရဲ့ ကလေးက အရမ်း ချစ်စရာကောင်းမှာ သေချာတယ်။ မင်းတို့ တင်ဆက်သူကို ကြည့်လို့ မရရင်တောင် သူ့ကလေးကိုတော့ ကြည့်လို့ ရလောက်မှာပါ။ ]

829 02

[ သနားစရာ တစ်ကိုယ်တည်းသမားလေးတစ်ယောက်အနေနဲ့ ငါက အွန်လိုင်းပေါ်က ကလေးတွေကို ကြည့်ရတာ အကြိုက်ဆုံးပဲ။ တကယ်လို့ တင်ဆက်သူသာ သူ့ကလေးရဲ့ မျက်နှာကို ထုတ်ပြခဲ့ရင် ငါ ဒီနေ့က စပြီး အရင်တုန်းက ကလေးတွေ အကုန်လုံးကို စွန့်ပစ်ပြီး တင်ဆက်သူရဲ့ ကလေးတစ်ယောက်တည်းကိုပဲ ချစ်သွားမယ်လို့ ကျိန်ဆိုရဲတယ်။ ကျေးဇူးပြုပြီး ငါတို့ကို ကလေးပြပါ ၊ ငါတို့ကို ကလေးပြပါ။ ]

စုယန်ယန်က တစ်ခုပြီး တစ်ခု တက်လာတဲ့ မက်ဆေ့ခ်ျတွေကို ကြည့်ကာ ဖန်သားပြင်နောက်ကွယ်က ထူးဆန်းတဲ့ အန်တီကြီးတွေရဲ့ မျက်လုံးစိမ်းတွေကို စိတ်ကူးယဉ်ကြည့်လို့ ရနေသည်။

သူတို့က ဓားသွေးပြီး သူမရဲ့ ကလေးဆီသို့ ချိန်ရွယ်နေကြတာပင်။ စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားပြီး သူတို့ရဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

“ ကလေးတွေရဲ့ အစာအိမ်က အရမ်း နူးညံ့ပြီး ထိခိုက်လွယ်တယ်။ လူကြီးတွေနဲ့ ယှဉ်လိုက်ရင် သူတို့အစာအိမ်က ပိုအားနည်းပါတယ်။ အဲ့ဒါကြောင့် ကလေးတွေ တစ်ခုခု နေမကောင်းဖြစ်တိုင်း မိဘတွေက သူတို့ကလေးတွေ ဆေးတွေအများကြီးသောက်ရင် သူတို့ရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်လေးတွေအတွက် မကောင်းမှာကို စိုးရိမ်ကြလေ့ရှိပါတယ်။ ဒီနေ့ ကျွန်မက ကလေးတွေလည်း ကြိုက် ၊ သူတို့ရဲ့ ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေပြီး မြန်မြန် နေပြန်ကောင်းစေမယ့် ဆေးဖက်ဝင်ဟင်းလျာတချို့နဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ”

စုယန်ယန်သည် ပြောရင်း ဒီနေ့ ဟင်းလျာတွေအတွက် ပါဝင်ပစ္စည်းတွေကို နံဘေးရှိ ဗီရိုပေါ်မှာ ရှာတွေ့သွားသည်။ သူမက စားပွဲကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သန့်ရှင်းပြီးမှ ထိုပါဝင်ပစ္စည်းတွေကို စားပွဲပေါ်မှာ နေရာချလိုက်ပါသည်။

“ ကျွန်မတို့ ဒီနေ့ ပထမဆုံးဆုံး ချက်ပြုတ်ပြင်ဆင်သွားမယ့် ဟင်းလျာကတော့ မုန်လာဥဖြူပျားရည်ဖျော်ရည်ရယ် ၊ လီလီသစ်တော်သီးနဲ့ ကြာစွယ်တွေကို အဓိက အသုံးပြုပြီး ချက်ထားတဲ့ စွပ်ပြုတ်ရယ်ပါ။ ”

++++++

All Chapters