← Chapters

အခန်း ၈၃၁

Vol. 56 Ch. 831

အခန်း ၈၃၁

Vol. 56 Ch. 831

831 01

အခန်း ( ၈၃၁ ) - ကြက်သွန်မြိတ်နှင့် သိုးအသည်း မွှေကြော်ဟင်းလျာ

ကြက်သွန်မြိတ်နှင့် သိုးအသည်း မွှေကြော်ဟင်းလျာက အလွန် ရိုးရှင်းလွယ်ကူသည်။ စုယန်ယန်က သိုးအသည်းကို မွှေကြော်ပြီးသွားတော့ ပဲငံပြာရည်နှင့် ကြက်သွန်မြိတ်ကို ထပ်ထည့်လိုက်သည်။ ခဏလောက် ဆက်မွှေကြော်ပြီးနောက်မှာတော့ ကျက်သွားပါပြီ။

ဟင်းချက်ခြင်းမှာ အရည်အချင်းတချို့ လိုသည်ဟု ပြောလို့ ရသည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဝက်ဘ်ဆိုဒ်မှာ စုယန်ယန် အောင်မြင်လာတဲ့နောက်ပိုင်း စီးပွားရေးအခွင့်အလမ်းကို ဘယ်သူမှ မမြင်ကြတာ မဟုတ်ပါ။ လူတချို့က စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နည်းကို အတုခိုးပြီး ဒုတိယအဖြစ် ဖန်တီးချင်နေခဲ့ကြသည်။

အထူးသဖြင့် စုယန်ယန် ကလေးကြောင့် ထုတ်လွှင့်တင်ဆက်မှုကို ရပ်တန့်ထားတဲ့ သုံးလအတွင်းမှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပလက်ဖောင်းမျိုးစုံမှာ ဟင်းချက်ပြသော တင်ဆက်သူတွေ မှိုလို ပေါက်လာခဲ့သည်။ ကြည့်ရှုသူတွေကို ဆွဲဆောင်ဖို့ ဟင်းချက်ပြိုင်ပွဲ တစ်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ကျင်းပတဲ့ ပလက်ဖောင်း တစ်ခုတောင် ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း မားကတ်တင်းအရ နာမည်ရလာတဲ့ ထိုတင်ဆက်သူတွေမှာ စုယန်ယန်လို တရုတ်ရိုးရာ ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေ ၊ ဓားကိုင်စွမ်းရည်တွေ ၊ သာမန်ပါဝင်ပစ္စည်းတွေကို နတ်ဆေးသဖွယ် ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်းတွေ မရှိကြပါ။

ကြည့်ရှုသူ တချို့ ဆိုလျှင် တခြား ဝက်ဘ်ဆိုဒ်တွေပေါ်က တင်ဆက်သူတွေကြောင့် အစာအဆိပ်သင့်သွားတဲ့ လူတွေတောင် ရှိသည်။ သူတို့က စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟောင်းတွေဆီ ပြေးသွားပြီး အဆိပ်ဖြေရုံသာ တတ်နိုင်ခဲ့သည်။

ဒါပေမဲ့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟောင်းတွေနှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကြားမှာ ကွာခြားချက်တွေတော့ ရှိနေဆဲပါ။ သုံးလတိတိ စောင့်ဆိုင်းပြီးတဲ့နောက်မှာ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို စားရတော့မှာ ဖြစ်၍ ကြည့်ရှုသူတွေဟာ ငိုချမိတော့မလို့ပင်။

စုယန်ယန် သတိပေးစရာတောင် မလိုလိုက်ဘဲ သူတို့က အရသာခံလို့ ရသည့် ပုံရိပ်ယောင်စက်ဖြင့် စိတ်အားထက်သန်စွာ မြည်းစမ်းကြည့်လိုက်သည်။

[ ဒါပဲ။ ဒီရင်းနှီးနေတဲ့ အနံပဲ။ ဘူးဟူး ၊ ငါတော့ ငိုမိတော့မယ်။ ]

[ သုံးလကြာပြီးတဲ့နောက်မှာတော့ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက အစားအသောက်တွေကို ငါ ပြန်စားရတော့မယ်။ ငါ ဖန်သားပြင်ရှေ့မှာတောင် ငိုနေမိပြီ။ အနာဂတ်မှာ တင်ဆက်သူ ပိုကြိုးစားဖို့ ငါ မျှော်လင့်တယ်။ သူ့ကလေးတစ်ယောက်တည်းကိုပဲ ဂရုစိုက်မနေဘဲနဲ့ သူ့လက်ရာတွေကို စားဖို့ စောင့်မျှော်နေတဲ့ ငါတို့လည်း ရှိတယ် ဆိုတာ သတိရစေချင်တယ်။ ]

[ ငါ ဝက်အသည်းကို ကြိုက်ပေမဲ့ အဲ့ဒါကို တင်ဆက်သူ ချက်ပြသလို နူးညံ့မွှေးပျံ့ပြီး လတ်လတ်ဆတ်ဆတ် အရသာရအောင် မလုပ်နိုင်ဘူး။ အဲ့ဒါကို ကျက်အောင် ချက်ထားပေမဲ့ တူးခြစ်မနေတာလည်း ထူးခြားတယ်။ အရင်တုန်းက တင်ဆက်သူ ဝက်အသည်းဆန်ပြုတ် ချက်ပြတုန်းက ငါ ကိုယ့်ဘာသာ ချက်ကြည့်ဖို့ ကြိုးစားခဲ့သေးတယ်။ ငါ ချက်တာကို ငါ့ဘာသာ ပြန်စားပြီး ရှက်လို့ အော်ငိုချင်သွားတယ်။ ]

ထိုကြည့်ရှုသူတွေရဲ့ ပါးစပ်တွေဟာ စုယန်ယန်ရဲ့ လက်ရာတွေကြောင့် အရသာခံစွမ်းရည် မြင့်မားနေခဲ့ပြီ ဖြစ်၍ သူတို့ အရင်တုန်းက ကိုယ်တိုင် ချက်ခဲ့တဲ့ အစားအသောက်တွေထဲက တချို့က စားပျော်ရုံ အဆင့်ရှိသော်လည်း အခုတော့ မျိုချဖို့တောင် နည်းနည်းလေး ခက်ခဲနေခဲ့ပါပြီ။

မဟုတ်ရင် ‘ ခြိုးခြံစိစစ်တဲ့ ဘဝကနေ စိတ်ကြီးဝင်စရာကောင်းတဲ့ ဘဝကို ရောက်သွားဖို့ လွယ်ကူပေမဲ့ စိတ်ကြီးဝင်စရာ ဘဝကနေ ခြိုးခြံစိစစ်တဲ့ ဘဝကို ရောက်ဖို့ကတော့ ခက်ခဲတယ် ’ ဆိုတဲ့ ဆိုရိုးစကားလည်း ရှိမှာ မဟုတ်ပေ။

စုယန်ယန်က အရသာနှပ်ထားတဲ့ ဝက်အသည်းကို အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးနေလိုက်သည်။ သူမ ပြန်မော့ကြည့်လိုက်ချိန်မှာ ထိုမက်ဆေ့ခ်ျကို မြင်လိုက်ရ၍ အပြုံးယဲ့ယဲ့ဖြင့် ပြန်ပြောလိုက်သည်။

“ ဒီဝက်အသည်းက အထဲက အဖြူရောင် အမြှေးပါးကြောင့် အနီရောင်ဖြစ်နေတာပါ ၊ အဲ့ဒါကြောင့် ရှင်တို့ ဒါကို မချက်ခင်မှာ အမြှေးပါးကို ဖယ်လိုက်လို့ ရတယ်။ ဟင်းချက်တဲ့ အချိန်ကတော့ ဒါကို တော်တော်လေး ကြာအောင် ချက်ရမယ်။ အတုံးသေးသေးလေးတွေ လှီးထားရင်တော့ မြန်မြန် ကျက်လွယ်ပါတယ်။ ”

ခရမ်းသီးဝက်အသည်းဟင်းလျာကို ချက်ပြုတ်ရတာ ပိုလက်ဝင်သည်။ စုယန်ယန်က ပြုတ်ထားတဲ့ အာလူးတွေကို စေးစေးပိုင်ပိုင် ပျစ်ပျစ်နှစ်နှစ် ဖြစ်သွားအောင် ကြိတ်ချေလိုက်ပြီး ဝက်အသည်းကို ထည့်ကာ ဂျုံမှုန့်နှင့် အနှစ်တွေ ရအောင် ရောနယ်လိုက်၏။ ထို့နောက် သူမရဲ့ လက်နှင့် ခပ်ထူထူ အပိုင်းလေး တစ်ခုကို ယူကာ အိုးထဲမှာ ကြော်လိုက်သည်။

ခရမ်းချဉ်သီးတွေကို မွှေကြော်ပြီးသွားတော့ ကော်မှုန့်တွေ ထပ်ထည့်ကာ အရည်ထွက်လာတော့မှ တက်အသည်းပေါ် တိုက်ရိုက် လောင်းချလိုက်လျှင် စားချင်စဖွယ် လတ်ဆတ်မွှေးပျံ့တဲ့ ဝက်အသည်းဟင်းလျာတစ်ခွက် ရလာပြီ ဖြစ်သည်။

831 02

“ ဒီဟင်းလျာကို ဆယ်လနဲ့ အထက် ရှိတဲ့ ကလေးတွေ စားလို့ ရပါတယ် ၊ ဒါပေမဲ့ ဒီဟင်းကို ချက်တဲ့ အချိန်မှာ ဝက်အသည်းကို အကျက်လွန်သွားအောင် မကြော်ဖို့တော့ ဂရုစိုက်ရမယ်။ မဟုတ်ရင် လွယ်လွယ်နဲ့ အစာကျေမှာ မဟုတ်ဘူး။ ”

စုယန်ယန်က လက်သုတ်ရင်း ဆက်ပြောလိုက်သည်။ “ ကျွန်မ ရှင်တို့ကို ကလေးဝမ်းချုပ်တာကို သက်သာစေတဲ့ ဆေးဖက်ဝင်ဟင်းလျာတွေနဲ့လည်း မိတ်ဆက်ပေးဦးမယ်။ ပျားရည်နဲ့ နှမ်းစွပ်ပြုတ် ၊ ပိုးစာပင်စွပ်ပြုတ်နဲ့ ကန်စွန်းဥစွပ်ပြုတ်ပါ။ ဒီဟင်းလျာ သုံးမျိုးက ဆေးတွေလိုမျိုး မခါးဘဲနဲ့ ချိုတဲ့အတွက် ကလေးတွေနဲ့ အရမ်း သင့်တော်တယ်။ ”

စုယန်ယန်သည် ထိုသို့ ပြောပြီးသွားသည်နှင့် အချိန်အကြာကြီး ချက်ပြုတ်ရမယ့် ပိုးစာပင်နှင့် ဂျုံခေါက်ဆွဲစွပ်ပြုတ်ကို စတင်ပြင်ဆင်သည့်အနေဖြင့် ချက်ပြုတ်ရန် အိုးကြီး တစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထိုအချိန်မှာပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက သတိပေးချက်သံ တစ်သံကို သူမ ကြားလိုက်ရသည်။

နောက်ကျမှ ရောက်လာတဲ့ ကြည့်ရှုသူဟောင်းတွေထဲက တစ်ယောက်ယောက် ၊ သို့မဟုတ် သူမရဲ့ ခင်ပွန်းက သူမကို နောက်ထပ် လက်ဆောင် တစ်ခု ပို့ပေးလိုက်တာ ထင်ပါရဲ့။ စုယန်ယန်သည် ဖန်သားပြင်ကို ကြည့်ရင်း ကြက်သေ သေသွားခဲ့ရသည်။

++++++

All Chapters