အခန်း ၈၃၃
Vol. 56 Ch. 833
833 01
အခန်း ( ၈၃၃ ) - သူဌေးကြီးတွေရဲ့ တိုက်ပွဲ။
ထိုဆုလက်ဆောင်က ခမ်းနားကြီးကျယ်လွန်းတာကြောင့် စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အထူး Effect တွေကို တစ်နာရီကျော် ပျံဝဲနေစေဖို့တောင် လုံလောက်သည်။
ဒီတစ်ခေါက်တော့ စုယန်ယန်တစ်ယောက်တည်းတင် မဟုတ်ဘဲ ခုနတုန်းကမှ အပြောင်အပျက်ပြောနေကြတဲ့ ကြည့်ရှုသူတွေပါ ကြက်သေ သေသွားကြကာ ဒီသူဌေးလက်သစ်ဟာ ပထမနေရာကို သိမ်းပိုက်နိုင်သည်ဟု ခံစားလိုက်ရသည်။
[ ငါ့လခွမ်း။ ]
[ အခြေအနေကို နားလည်သွားတဲ့ စတစ်ကာလေးဖြင့် ]
[ လတ်စသတ်တော့ ငါတို့သူဌေးကြီးကပဲ ပထမနေရာ ဖြစ်နေတုန်းပဲကိုး။ သူက အဆင့်သတ်မှတ်ခြင်းဇယားမှာ ပထမအဆင့်ကို ထပ်ရောက်သွားပြီ။ အမြဲတမ်း ပထမနေရာကို သိမ်းပိုက်လာတဲ့ လူတစ်ယောက်က နောက်လည်း ပထမနေရာကိုပဲ အမြဲတမ်း လိုချင်တာ မထူးဆန်းပါဘူး။ သူ့ကို ငါတို့ ဘာမှ စိုးရိမ်စရာ မလိုဘူး။ လုပ်ထား လုပ်ထား။ အားပေးတယ်။ ]
[ နေပါဦး ၊ အချစ်က ရွှေထက် ပိုခိုင်မာတယ်တဲ့လား။ ဝက်ဘ်ဆိုဒ်ထဲကို ဒီလို အထူးသီးသန့်ခေါင်းစဉ်မျိုး ဘယ်တုန်းက ရောက်လာတာလဲ။ ငါ ဒါကို အရင်က မမြင်ဖူးပါဘူး။ ]
[ ငါလည်း အရင်က မမြင်ဖူးဘူး။ ကြည့်ရတာ အတိုင်းအတာတစ်ခုထိ ပိုက်ဆံသုံးပြီးသွားတော့မှ ဒီအဆင့်ကို ရောက်နိုင်တာ ထင်တယ်။ ဒီလိုဆိုမှ ဝက်ဆိုဒ်ပေါ်က ဘယ်တင်ဆက်သူကမှ ငါတို့တင်ဆက်သူလောက် ချမ်းသာမယ် မထင်ဘူး။ ဒီလူရဲ့ ကြည့်ရှုသူအဆင့်ကို ကြည့်လိုက်ဦး။ ကျွတ် ကျွတ် ကျွတ် ၊ သူ တင်ဆက်သူအတွက် ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးထားတာပဲ။ အချစ်က ရွှေထက် ပိုခိုင်မာတယ် ဆိုတာ တကယ်ပါပဲလား။ ]
[ ဟားဟားဟား ၊ ငါ အူတက်သေတော့မယ်။ အချစ်က ရွှေထက် ပိုခိုင်မာတယ်တဲ့လား။ ဒါကို တရားဝင်ခေါင်းစဉ်လို့ သတ်မှတ်လို့ရော ရရဲ့လား။ လာ လာ လာ ၊ သရဖူကို မတရား လုယူချင်တဲ့ ကောင်မစုတ်တွေ ဘယ်လောက် ရှိလဲ ဆိုတာ ငါ ကြည့်ချင်တယ်။ ပထမနေရာက ကျဆင်းမလာရင်တြော နင်တို့ ဘယ်လောက်ပဲ ခုန်ပေါက်နေပါစေ နင်တို့က ခြေထောက်သုတ်ပေးရတဲ့ အစေခံတွေပဲ ဖြစ်မှာ။ နင်တို့ကို အပျော်မယားလို့တောင် သတ်မှတ်လို့ ရမှာ မဟုတ်ဘူး။ ]
စုယန်ယန်သည် ဗီလာ အခု ( ၅၂၀ ) ဆိုသော အရေအတွက်ကို မြင်ချိန်မှာ မျက်မှောင်ကုတ်သွားပြီး စိတ်ထဲကနေ “ ရှင်ကတော့ ပိုက်ဆံတွေ ဖြုန်းတီးနေတာပဲ။ ” ဆိုတဲ့ စကားကို အော်လိုက်မိသည်။
သူမ ထိုပိုက်ဆံတွေကို နှမြောတသဖြစ်လို့ မဆုံးသေးခင်မှာပဲ သို့ထျန်းယီကလည်း သူမကို ဗီလာ အခု ( ၅၂၀ ) လက်ဆောင်ပေးခဲ့သည်။
[ အမာခံကြည့်ရှုသူ ( တစ်ရက်စာတောင် မခံဘူး ) ဆီက ဇိမ်ခံဗီလာ အခု ( ၅၂၀ ) ကို ရသွားတဲ့အတွက် တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ ]
[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အက်ဒ်မင် ( တောင်တန်းပေါ်က ပိုးစာပင် ) ဆီက ဇိမ်ခံဗီလာ အခု ( ၅၂၀ ) ကို ရသွားတဲ့အတွက် တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ ]
[ အမာခံကြည့်ရှုသူ ( တစ်ရက်စာတောင် မခံဘူး ) ဆီက ဇိမ်ခံဗီလာ အခု ( ၁၃၁၄ ) ကို ရသွားတဲ့အတွက် တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ ]
[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အက်ဒ်မင် ( တောင်တန်းပေါ်က ပိုးစာပင် ) ဆီက ဇိမ်ခံဗီလာ အခု ( ၁၃၁၄ ) ကို ရသွားတဲ့အတွက် တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ ]
[ … ]
တန်ဖိုးကြီး ဆုလက်ဆောင်တွေဟာ စမ်းရေစီးသလိုပင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ ထိပ်ဆုံးကို ပျံတက်သွားခဲ့သည်။ သူဌေးကြီးနှစ်ယောက်ကြားက တိုက်ပွဲကို ကြည့်နေတဲ့ ကြည့်ရှုသူတွေဟာ အစပိုင်းတော့ စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း ထိတ်လန့်မှု ၊ ကြောက်ရွံ့မှုနှင့် နောက်ဆုံးတော့ စိတ်ထဲမှာ ထုံထိုင်းသွားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့ရဲ့ ကမ္ဘာကြီးပေါ်အမြင်တောင် အသစ်ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ထိုဆုလက်ဆောင်တွေအတွက် ပိုက်ဆံ ဘယ်လောက် ကုန်ကျမလဲ ဆိုတာကိုတောင် သူတို့ မရေတွက်နိုင်တော့ပါ။
833 02
စုယန်ယန်လည်း အတူတူပဲ ဖြစ်ကာ တစ်မိနစ်တောင် မပြည့်လိုက်ဘဲ ပိုက်ဆံတွေကို နှမြောတသဖြစ်မှု ၊ စိတ်ဓာတ်ကျမှုတို့ကနေ နောက်ဆုံးမှာတော့ စိတ်ထဲမှာ ဘာကိုမှ မခံစားရဘဲ ထုံထိုင်းသွားခဲ့သည်။
စုယန်ယန်သည် စိတ်ထဲမှာ ထုံထိုင်းသွားသော်လည်း ဖန်သားပြင်ပေါ်က မျက်စိကျိန်းစရာ တောက်တောက်ပပ အထူး Effect တွေကြောင့် သူမရဲ့ မျက်လုံးနာကျင်သွားတာကိုတော့ ခံစားလို့ ရနေဆဲ ဖြစ်သည်။ နောက်ဆုံးတော့ ကန်စွန်းဥလှီးဖို့ သုံးတဲ့ မီးဖိုချောင်သုံးဓားကို စဉ့်တီတုံးပေါ် ဒုန်းခနဲ ဆောင့်ချပစ်လိုက်မိသည်။
“ တော်လောက်သင့်ပြီ။ ”
စဉ့်တီတုံးပေါ်ကို ဒုန်းခနဲ ဆောင့်ချလိုက်တဲ့ မီးဖိုချောင်သုံးဓားအသံက အသိစိတ်လွတ်နေတဲ့ ငွေထုတ်စက် နှစ်လုံး အပါအဝင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
လူများစွာက စဉ့်တီတုံးရဲ့ ဘေးဘက်ခြမ်းလေးကို ထိုးစိုက်ခံထားရတဲ့ မီးဖိုချောင်သုံးဓားကို ကြည့်ပြီး ဖြည်းဖြည်းချင်း အသိစိတ်ကပ်သွားခဲ့ကြသည်။ အေးစက်စက် အလင်းတွေ ဖြာထွက်နေတဲ့ ဓားထိပ်ဖျားကို ကြည့်ကာ သူတို့ရဲ့ လည်ပင်းမှာ ကြက်သီးမွေးညှင်းထပြီး ချက်ချင်း ကြောက်လန့်တုန်လှုပ်သွားခဲ့ကြသည်။
“ ဒါက အစားအသောက်ကိုပဲ စိတ်ပါလက်ပါ ဂရုတစိုက် ချက်ပြတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုပါ။ ရှင်တို့ ဖန်သားပြင်ပေါ်မှာ ပွက်လောရိုက်နေချင်ရင် တခြားကို သွားပါ။ ဖန်သားပြင်ပေါ်မှာ ရှင်တို့နှစ်ယောက်ရဲ့ ကိစ္စတွေနဲ့ပဲ ပြည့်နေတာကို မမြင်ဘူးလား။ အဲ့ဒါနဲ့တောင် ရှင်တို့က ဇွတ်ရှေ့ဆက်တိုးနေတုန်းပဲ။ ဒါကို ရှင်တို့ရဲ့ ပိုင်နက်လို့ ထင်နေကြတာလား။ ”
တခြား တင်ဆက်သူတွေဟာ အဆင့်သတ်မှတ်ခြင်းဇယားပေါ်က သူဌေးကြီးတွေကို အပြုံးလေးဖြင့် ကြိုဆိုလေ့ရှိပြီး လက်ဆောင်တွေ ပိုများများရဖို့ တရွရွ ဖြစ်နေတတ်ပေမဲ့ တင်ဆက်သူကတော့ သူမဆီမှာ မျက်နှာသာပေးခံရဖို့ ယှဉ်ပြိုင်နေတဲ့ သူဌေးကြီး နှစ်ယောက်ကို ကျေးဇူးမတင်တဲ့အပြင် ဒေါသပါ ထွက်သွားခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေတဲ့ ကြည့်ရှုသူတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ သူတို့သည် စုယန်ယန်ရဲ့ တုံ့ပြန်မှုကြောင့် သူဌေးကြီးနှစ်ယောက် စိတ်ဆိုးပြီး ထွက်သွားမှာကို စိုးရိမ်ကာ ချွေးစေးတွေ ထွက်လာ၏။
သို့သော် အံ့ဩဖွယ်ကောင်းစွာဖြင့် ထိုကဲ့သို့ တုံ့ပြန်ခံရပြီးတဲ့နောက်မှာ သူဌေးကြီးနှစ်ယောက်က အမှန်တကယ်ပဲ လက်ဆောင်ပေးတာကို ရပ်လိုက်ပြီး စုယန်ယန်ရဲ့ အုပ်ချုပ်မှုကို လိလိမ္မာမ္မာ လက်သင့်ခံခဲ့သည်။
++++++