အခန်း ၈၃၇
Vol. 56 Ch. 837
837 01
အခန်း ( ၈၃၇ ) - ကိုယ်တို့ ထပ်တွေ့ပြန်ပြီနော်။
စုယန်ယန်က ထိုဟင်းလျာကို နားမလည်စွာ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ ဘာဖြစ်လို့လဲ။ ရှင် ဒီအရသာကို မကြိုက်လို့လား။ ”
“ မဟုတ်ပါဘူး။ ” ဟောက်ချန်ဟွမ်းက ခေါင်းခါယမ်းရင်း ပန်းကန်ထဲက ကြက်သွန်မြိတ်တွေကို အပြုံးလေးဖြင့် ခပ်ယူလိုက်သည်။ “ ဒီဟင်းလျာမှာ … တခြား နာမည်တူ တစ်ခု ရှိသေးတယ်လို့ မင်း ပြောဖူးတာကို ကိုယ် သတိရသွားလို့ပါ။ ”
စုယန်ယန် ဆွံ့အသွားကာ မျက်နှာလေးလည်း အနီရောင်သန်းသွားခဲ့သည်။ တရုတ်ကြက်သွန်မြိတ်တွေမှာ အမှန်တကယ်ပဲ တခြားနာမည် တစ်ခု ရှိပါသည်။ ထိုနာမည်ကဝောာ့ … ကာမအားတိုးဆေးပဲ ဖြစ်သည်။
နာမည်ကို ကြည့်ရုံနှင့် ထိုဆေးရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ သိနိုင်သည်။
“ လတ်စသတ်တော့ ဒါ့ကြောင့် မင်း အရမ်း စိတ်အားထက်သန်နေတာလား။ မင်း ဆေးရုံက ဆင်းတုန်းက ဆရာဝန်က မင်းရဲ့ မီးတွင်းကာလပြီးသွားပြီ ဆိုပေမဲ့ အပြည့်အဝ သက်သာဖို့ နောက်ထပ် နှစ်လ ၊ သုံးသလောက် နားရဦးမယ်လို့ ပြောထားခဲ့တာ။ ကိုယ်တို့ နည်းနည်းလောက် ဆက်ပြီး စိတ်ထိန်းထားရင် ပိုကောင်းမယ် ထင်တယ်။ ”
စုယန်ယန် : “ … ” ရှင်က ကျွန်မကို အဲ့ကိစ္စကို အရမ်း စိတ်မရှည်နိုင် ဖြစ်နေသလို ပုံစံပေါက်အောင် ပြောနေတာပဲ။ မကောင်းတဲ့ လူ ၊ ငရဲကို သွား။ ကျွန်မ ရှင့်ကို ထပ်စကားပြောရင် ကျွန်မက ခွေးပဲ။
ဉာဏ်ပြေးသော ဥက္ကဌဟောက်သည် သူ့ဇနီးကို သူ့မုန့်ဖိုးကနေ အောင်မြင်စွာ အာရုံပြောင်းနိုင်ခဲ့လေသည်။ သူ ပေးဆပ်လိုက်ရတဲ့ အဖိုးအခကတော့ သူတို့ရဲ့ အိပ်ရာခွဲအိပ်တဲ့ ကာလကို နောက်တစ်လ ထပ်အတိုးခံလိုက်ရတာပါပဲ။
စုယန်ယန်ရဲ့ အကြောင်းပြချက်ကတော့ ‘ ရှင်က ကျွန်မ မစောင့်နိုင်တော့ဘူးလို့ ထင်နေပေမဲ့ တကယ်တမ်းကျ ကျွန်မမှာ အဲ့လို ကိစ္စမျိုးတွေ လုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ အဲ့ဒါကြောင့် ကျွန်မ မစောင့်နိုင်တာပဲဖြစ်ဖြစ် ၊ ရှင် မစောင့်နိုင်တာပဲဖြစ်ဖြစ် ၊ အဲ့လို ကိစ္စတွေကို ကာကွယ်ရအောင်လို့ သက်သက်စီ ခွဲအိပ်ရအောင် ’ ဟု ဆိုသည်။
ဟောက်ချန်ဟွမ်း : “ … ” ငါ့မိန်းမက ငါ့ကို ရန်ငြိုးတွေနဲ့ ပစ်မှတ်ထားနေတယ်လို့ ငါ သံသယရှိတယ်။ အဲ့အတွက်လည်း ငါ့မှာ သက်သေတွေ ရှိတယ်။
စုယန်ယန်သည် သူမ ရှားကျွင်းရှန့်အား ဟေးရီရဲ့ ကမ်းလှမ်းကို ငြင်းပယ်ခိုင်းထားတာမို့ သူတို့လည်း သူမရဲ့ သဘောထားကို နားလည်ပြီး နောက်ဆုတ်သွားလိမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဒီလက်တွဲပူးပေါင်းမှုအပေါ် ထားတဲ့ သို့ထျန်းယီရဲ့ စိတ်အားထက်သန်မှုကို သူမ လျှော့တွက်မိခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နေတဲ့ ဒုတိယမြောက်နေ့မှာပဲ ရှားကျွင်းရှန့်က အရေးတကြီး အမူအရာဖြင့် ပြေးလာသည်။
“ အစ်ကို ဘာပြောမလို့လဲ။ ညီမတို့ရဲ့ ကုမ္ပဏီကို သို့ထျန်းယီ ရောက်လာလို့လား။ ”
“ ဟုတ်တယ် ညီမ။ အောက်ထပ်မှာ ဥက္ကဌသို့နဲ့ သူ့လက်ထောက် စောင့်နေတယ်။ ညီမ သူတို့နဲ့ တွေ့ချင်လား ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို သူတို့ကို မောင်းထုတ်ခိုင်းလိုက်ရမလား။ ”
“ သူတို့ကို မောင်းထုတ်ခိုင်းရမှာလား … ” စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။ “ သူတို့ကို မောင်းထုတ်လိုက်ရင် သူတို့က မီဒီယာတွေနဲ့ ဆက်သွယ်ပြီး ညီမတို့ရဲ့ ကုမ္ပဏီကို အပုပ်ချမှာ မကြောက်ဘူးလား။ ”
“ အစ်ကိုတို့ မောင်းမထုတ်ဘူး ဆိုရင်တောင် သူတို့ ဆန္ဒရှိရင် အစ်ကိုတို့ကို အပုပ်ချလို့ ရပါတယ်။ ” ဒီကိစ္စက သူတို့ကို မောင်းထုတ်ခြင်း ၊ မောင်းမထုတ်ခြင်းနှင့် ဘာမှ မဆိုင်ပါ။ သူတို့ရဲ့ ဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ ဆိုတာပဲ အဓိကကျသည်။
စုယန်ယန် : “ … ” အစ်ကို ပြောသွားတာ အချက်ကျလွန်းလို့ ညီမမှာ ဘာမှတောင် ပြောစရာ မရှိတော့ဘူး။
ဟေးရီအန်တာတိန်းမန့်ရဲ့ ဥက္ကဌသို့ကို တွေ့ချင်ပုံမပေါ်တဲ့ စုယန်ယန်ကို နားလည်သော ရှားကျွင်းရှန့်က အသင့်တော်ဆုံး စကားကို ပြောလိုက်သည်။ “ ညီမ သူတို့နဲ့ မတွေ့ချင်ရင် အစ်ကိုပဲ သူတို့ကို အကျိုးအကြောင်းပြောပြီး ပြန်လွှတ်လိုက်ရမလား။ စိတ်ချပါ ၊ အစ်ကို ပြေပြေလည်လည်ပဲ သွားပြောမှာပါ။ ”
ရှားကျွင်းရှန့်က စုယန်ယန်ဆီက ငြင်းပယ်စကား ထွက်မလာသောကြောင့် သူ့စကားကို သဘောတူသည်ဟု ယူဆကာ လှည့်ထွက်လာခဲ့လိုက်သည်။
“ နေဦး။ ”
837 02
ရှားကျွင်းရှန့်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး သူမကို အံ့ဩစွာ လှည့်ကြည့်လိုက်မိသည်။
“ ညီမတို့ အမြဲတမ်း ပုန်းနေလို့ မရဘူး။ သူတို့ကို အပေါ်ကို လွှတ်လိုက်ပါ။ သူနဲ့ ညီမကိုယ်တိုင် တွေ့မယ်။ ”
ရှားကျွင်းရှန့်သည် စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်၏။ “ ကောင်းပြီ။ အစ်ကို အခုချက်ချင်း စီစဉ်လိုက်မယ်။ ဒါပေမဲ့ ညီမ သူတို့နဲ့ တွေ့တဲ့ အချိန်မှာ အစ်ကိုလည်း ဘေးမှာ ရှိနေပါရစေ။ ”
စုယန်ယန်က ရှားကျွင်းရှန့်ဟာ သူမနှင့် သို့ထျန်းယီ စကားများမှာကို စိုးရိမ်သောကြောင့် ဘေးမှာ ရှိနေပေးချင်တာကို နားလည်၍ မငြင်းဆန်ခဲ့ပေ။
မိနစ်ပိုင်းလောက်အကြာမှာတော့ ရှားကျွင်းရှန့်က သူတို့နှစ်ယောက်ကို ခေါ်လာခဲ့သည်။
သူတို့နှစ်ခေါက် အရင်တစ်ခေါက် တွေ့ခဲ့တုန်းကလို မဟုတ်ဘဲ ဒီတစ်ခေါက်တော့ သို့ထျန်းယီက ဝှီးချဲပေါ်မှာ ထိုင်နေခဲ့ပြီး လီယွဲ့က သူ့ဝှီးချဲကို တစ်လျှောက်လုံး တွန်းလာခဲ့သည်။ ပိန်ပိန်ပါးပါး သူ့အသွင်က ဘာအန္တရာယ်မှ မရှိသည့်နှယ်။
သို့သော် စုယန်ယန်ကတော့ သူ့အသွင်အပြင်ကို ကြည့်ပြီး အရူးလုပ်ခံမှာ မဟုတ်ပါ။ ဒီလူ့ရဲ့ အန္တရာယ်မရှိသလို ထင်ရတဲ့ ပျော့ဖတ်ဖတ် အသွင်အပြင်အောက်မှာ သူမရဲ့ လည်မျိုကို အချိန်မရွေး ကိုက်ဖြဲပစ်နိုင်တဲ့ ဝံပုလွေတစ်ကောင် ရှိနေတယ် ဆိုတာကို ကောင်းကောင်း သိသည်။
သို့ထျန်းယီက စုယန်ယန်ကို မြင်တော့ နွေးထွေးစွာ ပြုံးပြသည်။ “ ကိုယ်တို့ ထပ်တွေ့ပြန်ပြီနော် မိန်းကလေးလီ။ ”
++++++