← Chapters

အခန်း ၈၃၈

Vol. 56 Ch. 838

အခန်း ၈၃၈

Vol. 56 Ch. 838

838 01

အခန်း ( ၈၃၈ ) - မတူညီသော စံချိန်စံနှုန်းများ။

စုယန်ယန်က မျက်လုံးတွေ ဝိုင်းစက်သွားပြီး အံ့ဩချင်ယောင်ဆောင်လိုက်သည်။ “ ရှင့်ကို ဟေးရီရဲ့ ဘော့စ် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ အရင်တစ်ခေါက်တုန်းက ရိုင်းပျမိသွားတဲ့အတွက် တောင်းပန်ပါတယ်။ ”

အလွန် ဝတ်ကျေတန်းကျေနိုင်သော ဆင်ခြေတစ်ခုနှင့် တူပါသည်။ ရုံးခန်းထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံး အမှန်တရားကို သိပေမဲ့လည်း ဘယ်သူကမှ ဘာမှ မပြောရဲကြ။

သို့ထျန်းယီက အပြုံးလေးဖြင့် “ ဒါဆို မိန်းကလေးစုက ဟေးရီရဲ့ ဘော့စ်ကို ဘယ်လို ပုံစံမျိုး ဖြစ်မယ်လို့ ထင်ထားတာလဲ။ ထက်မြတ်တဲ့ အသက် ၇၀ ၊ ၈၀ အရွယ် လူချမ်းသာအဘိုးကြီးတစ်ယောက်လား။ ”

စုယန်ယန် ဆွံ့အသွားရသည်။ ဟေးရီရဲ့ နောက်ကွယ်က လူက သို့ထျန်းယီမှန်း အစောကြီးကတည်းကသာ မသိခဲ့ရင် သူ ပြောသလိုပဲ သူမ ထင်ထားခဲ့မှာ ဖြစ်သည်။

သူမ တွေ့ဖူးသမျှ ဥက္ကဌကြီးတွေ အကုန်လုံးကို အခြေခံကြည့်ရင် ဒီပုံရိပ်က … မြင်တွေ့နေကျ ဘော့စ်တွေရဲ့ ပုံရိပ်ပါပဲ။

ပြီးတော့ ဟေးရီနှင့် တုန်ချမ်းဟာ ဒီကိစ္စမတိုင်ခင် အဆက်အဆံသိပ်မရှိပေမဲ့ တူညီတဲ့ နယ်ပယ်တစ်ခုထဲကပဲ ဖြစ်သည်။ ဟေးရီမှာ လိုအပ်ရင် လိုအပ်သလို ထုတ်သုံးနိုင်တဲ့ လျှို့ဝှက်အစီအစဉ်တွေ အများကြီး ရှိသည်။

တုန်ချမ်းကို စုယန်ယန် လက်လွှဲမယူခင်တုန်းက တုန်ချမ်းလို ကုမ္ပဏီလေးမှာ နာမည်ကြီး အနုပညာရှင်တစ်ယောက် ရှိတာ ကောင်းပေမဲ့ များစွာသော အနုပညာရှင်တွေကြားထဲမှာ နာမည်သိပ်မရှိတဲ့ ကုမ္ပဏီအသေးစားလေးတွေက အနုပညာရှင်တွေက ရုန်းကန်ရလေ့ရှိသည်။

ဒီကုမ္ပဏီရဲ့ ဘော့စ်ကို စုယန်ယန် အကောင်းမမြင်တာ မထူးဆန်းပါ။

“ ဥက္ကဌသို့ကိုယ်တိုင် ဒီကို ရောက်လာတာက ဟေးရီရဲ့ ဘော့စ်က ဘယ်လောက်တောင် ငယ်ရွယ်ပြီး အလားအလာကောင်းလဲ ဆိုတာကို ကျွန်မကို ပြချင်ရုံသက်သက်ပဲလား။ ”

“ ဘယ်ဟုတ်မလဲ။ ” သို့ထျန်းယီက စုယန်ယန်မှာ သူ့ကို ကြိုဆိုချင်စိတ် မရှိတာကို နားလည်သည်။ သူ့မျက်လုံးတွေထဲမှာ နားလည်ရခက်တဲ့ ခံစားချက်အရိပ်အယောင်တွေ ယှက်သန်းသွားပြီး လိုရင်းကိုပဲ တန်းပြောလိုက်သည်။ “ ကိုယ် မိန်းကလေးစုနဲ့ လက်တွဲပူးပေါင်းဖို့ ကမ်းလှမ်းချင်လို့ ဒီကို လာခဲ့တာပါ။ ”

“ လက်တွဲပူးပေါင်းဖို့ ကမ်းလှမ်းချင်တာ … ။ ကျွန်မ သေချာ မှတ်မိသလောက်တော့ ကမ်းလှမ်းချက်စာချုပ်ကို ကျွန်မ ပြန်ပို့ပြီးပါပြီ။ ”

“ မိန်းကလေးစုရဲ့ ငြင်းငယ်မှုက ဟေးရီဟာ စိတ်ရင်းကို လုံလုံလောက်လောက် မဖော်ပြခဲ့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲ့ဒါကြောင့် ကိုယ်,ကိုယ်တိုင် လာပြီး စိတ်ရင်းကို ပြတာပါ။ ”

သို့ထျန်းယီသည် ထိုစကားကို ပြောချိန်မှာ သူ့မျက်လုံးတွေက စုယန်ယန်တစ်ယောက်တည်းကိုပဲ စူးစိုက်ကြည့်နေခဲ့သည်။

ရုံးခန်းထဲက လေထုက ချက်ချင်းပဲ နူးညံ့သွားခဲ့သည်။ စုယန်ယန်ရဲ့ အမူအရာက မည်းမှောင်သွားသလို ဘေးမှာ ထိုင်နေတဲ့ ရှားကျွင်းရှန့်လည်း မျက်မှောင်ကြုတ်သွားရသည်။

စုယန်ယန်မှာ ယောက်ျားရှိရုံသာမက ကလေးလည်း ရှိသည်လေ။ ဥက္ကဌသို့က အနှောင့်အသွားမလွတ်တဲ့ စကားကို တမင်သက်သက် ပြောလိုက်တာလား … ။

ရှားကျွင်းရှန့်သည် သူ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးက ပိုလေးလံလာသလို ခံစားလိုက်ရသည်။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီလူကို စုယန်ယန်နှင့် နှစ်ယောက်တည်း မထားခဲ့နိုင်ပါ။ ဒီလူက သိပ်ကို … အန္တရာယ်များလွန်းသည်။

စုယန်ယန်ကတော့ ရှားကျွင်းရှန့်ရဲ့ မျက်လုံးထဲမှာ သို့ထျန်းယီက ငန်းသားစားချင်နေတဲ့ ဖားပြုပ်တစ်ကောင် ဖြစ်သွားပြီး သူမကတော့ ကံမကောင်းစွာဖြင့် စားချင်စရာကောင်းတဲ့ ငန်းမလေးဖြစ်သွားပြီမှန်း မသိရှာပေ။

သို့ထျန်းယီရဲ့ စကားကို ကြားတော့ စုယန်ယန်က တစ်လပြည့်မွေးနေ့ပွဲမှာ သို့ထျန်းယီနှင့် တွေ့ခဲ့တဲ့ အဖြစ်အပျက်ကို အလိုလို ပြန်သတိရသွားသည်။ ဒီလူ့ရဲ့ သူမအပေါ် ဆက်ဆံပုံက တစ်ခုခုပဲ။

“ ဒါက စိတ်ရင်းနဲ့ မဆိုင်ပါဘူး။ ဒီကမ်းလှမ်းချက်မှာ ဟေးရီရဲ့ စိတ်ရင်းကို ကျွန်မ တကယ် ခံစားမိပါတယ်။ ငြင်းရတဲ့ အကြောင်းအရင်းက … ”

“ ဘာများပါလဲ။ ”

“ ကျွန်မတို့ အလုပ် အတူတူ လုပ်လို့ မရလို့ပါ။ ကုမ္ပဏီနှစ်ခုမှာ မတူညီတဲ့ စံချိန်စံနှုန်းတွေ ရှိနေတဲ့အတွက် လက်တွဲပူးပေါင်းစရာ မလ်ုအပ်ဘူးလို့ ကျွန်မ ခံစားရလို့ပါ။ ”

“ မတူညီတဲ့ စံချိန်စံနှုန်းတွေတဲ့လား။ ” သို့ထျန်းယီ မျက်ခုံးပင့်လိုက်သည်။ “ မိန်းကလေးစုက ဘာကို ကြည့်ပြီး ကုမ္ပဏီနှစ်ခုမှာ မတူညီတဲ့ စံချိန်စံနှုန်းတွေ ရှိတယ်လို့ ဆုံးဖြတ်လိုက်တာလဲ။ ကိုယ့်ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အပြုအမူကြောင့်လား ၊ ဒါမှမဟုတ် ကိုယ့်ကုမ္ပဏီက အနုပညာရှင်တွေက တုန်ချမ်းက အနုပညာရှင်တွေကို အမှားကျူးလွန်မိထားတာ ရှိလို့လား။ ဒါမှမဟုတ် ဝမ်ကျင့်ဖျင်ကြောင့်ပဲလား။ ”

838 02

စုယန်ယန် မျက်မှောင်ကြုတ်သွားရသည်။ သို့ထျန်းယီကို ဒီလောက် တည့်တိုးဆန်လိမ့်မည်ဟု ထင်မထားခဲ့။ သူက ဟေးရီနှင့် တုန်ချမ်းကြားက ပဋိပက္ခတွေကို ထောက်ပြရုံသာမက ဝမ်ကျင့်ဖျင်အကြောင်းကိုပါ ထည့်ပြောလာသည်။

စုယန်ယန် ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ သူက ဆက်ပြောသည်။ “ မိန်းကလေးစု ပြောတဲ့ စံချိန်စံနှုန်း မတူညီဘူး ဆိုတာက ဒါတွေ ဆိုရင်တော့ ကျွန်တော်တို့ ဒီပူးပေါင်းမှုကို ဆွေးနွေးလို့ ရပါသေးတယ်။ ”

“ ဘာရယ်။ ”

သို့ထျန်းယီက သူမကို နက်ရှိုင်းစွာ ကြည့်ပြီး ပြုံးပြလိုက်သည်။ “ မင်း စိတ်ပူနေတဲ့ ပြဿနာတွေအကုန်လုံးကို ဖြေရှင်းပြီး မင်း ကျေနပ်လောက်မယ့် အဖြေကို ပေးပါ့မယ်။”

++++++

All Chapters