ဒါကို ဆေးဖော်စပ်ဖို့ ယူသွားလိုက် (၂)
Vol. 006 Ch. 257
စုန်ချင်က လေအေး တစ်ချက် ရှိုက်သွင်း လိုက်သည်။ သူက အကြီးအကဲ တစ်ယောက်ကို လက်ရမ်းပြ လိုက်သည်။ သည့်နောက် ထိုအကြီးအကဲက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ပစ်ရန် ကြံရွယ်လိုက်သည်။ ထိုစဉ်မှာပင် အဖြူရောင် ဆံပင်နှင့် လူငယ်က ထိုအကြီးအကဲနှင့် စုန်ချင်ကို ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။
စုန်ချင်နှလုံးသားက တုန်ခါလို့သွား၏။ သူက ဘိုးဘေး တစ်ယောက်နှင့် တွေ့ဆုံလိုက် ရသလို ခံစားလိုက်ရသည်။ သူက ထိန့်လန့်မှုကြောင့် နောက်သို့ ခြေလှမ်း အနည်းငယ် အလိုအလျောက် ဆုတ်မိသွားသည်။
အကြီးအကဲက ပို၍ပင် ဆိုးရွား သွားသေးသည်။ သူက ကျောက်စိမ်းပြားကို ချက်ချင်း အောက်ပြန်ချလိုက်ပြီး လှုပ်ပင် မလှုပ်ရဲတော့ချေ။
စုန်ချင်က အသက်ဝဝ ရှူလိုက်ပြီး ဆံပင်အဖြူရောင်နှင့် လူလက်ထဲရှိ လိုင်ဖန်ကို ကြည့်လိုက်သည်။ သူက သူ့ကိုယ်သူ မနည်း တည်ငြိမ်အောင် လုပ်ပြီး ပြောလိုက်သည်။
“ရောင်းရင်း ကျင့်ကြံသူ ... ဒီကိစ္စတစ်ခုလုံးက နားလည်မှု လွဲနေတာပါ။ နားလည်မှု လွဲတာလေးပါ ...”
သည်ဆံပင် အဖြူရောင်နှင့် လူငယ်မှာ ဝမ်လင်းဖြစ်လေ၏။ သူက လူအုပ်ကြီးကို သိမ်းကျုံး ကြည့်လိုက်သည်။ သူက လီမူဝမ်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးထဲ၌ ကြင်နာမှု အရိပ်အယောင်များ ဖြတ်သန်း သွားလေ၏။ ထို့နောက် သူက လက်မြှောက်၍ ပြောလိုက်သည်။
“လာခဲ့လေ ...”
လီမူဝမ်က လှပစွာ ပြုံး၍ ဝမ်လင်းထံသို့ လှမ်းလျှောက်လို့ သွားလိုက်သည်။ တိမ်ကောင်းကင် ကလန်ရှိ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ အားလုံးက အခုချိန်မှာ တိုက်ခိုက်ရဲခြင်း မရှိကြတော့ပေ။
စီမာယွမ်နန်၏ မျက်လုံးများက မြင့်တက် သွားသည်။ စီမာက အလွန် ရည်မှန်းချက်ကြီးသူ တစ်ယောက်လည်း ဖြစ်သည်။ သို့သော်သူ့ ဟိုရန် ကလန် အထက်တွင် တိမ်ကောင်းကင် ကလန်က အမြဲလို ရပ်တည် နေခဲ့သည်။ သူက စိတ်ထဲ၌ ထိုအရာကို ကြိတ်၍ မုန်းတီး နေမိသော်လည်း သူတက်နိုင်တာ ဘာမျှမရှိပေ။
ဆံပင် အဖြူရောင်နှင့်လူ ပေါ်လာသည့်အခိုက် သူက ရှုလီ ပြောပြခဲ့သော ပုံပန်းသဏ္ဌာန်ကို ပြန်သတိရ လိုက်မိသည်။ သူက သည်လူက နတ်ဆိုးပင်လယ်မှ လာသော ကပ်ဆိုး ဖြစ်ကြောင်း (၁၀၀) ရာခိုင်နှုန်း သေချာလို့နေပေပြီ။
သူက သည်လူ၏ ကျင့်ကြံမှုအဆင့်က လိုင်ဖန် အလွယ်တကူ ကိုင်တိုင်မနိုင်မှန်း မျှော်လင့် ထားသည့်ကြားက သူ့စိတ်နှလုံးက မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။
သူက လိုင်ဖန်၏ ကျင့်ကြံမှု အဆင့်ကို ဖောက်ထွင်း၍ မသိနိုင်ပေ။ သည့်အတွက်ကြောင့် အခုလူငယ်၏ ကျင့်ကြံမှုအဆင့် ဆိုသည်မှာ သူတွေးတောင် မတွေးဝံ့သောအရာ ဖြစ်သွားလေသည်။ သို့သော် တစ်ချိန်တည်းမှာ သူက ပျော်ရွှင်မိလေသည်။ လူငယ်က ပို၍ သန်မာလေလေ တိမ်ကောင်းကင် ကလန်က အမြစ်ပြတ် သုတ်သင်ခံရနိုင်ချေ ပိုမြင့်လေလေ ဖြစ်လေသည်။ လူငယ်၏ စဦးစိတ်ဝိညာဉ် အဆင့်ကို ယူချင်သော လိုင်ဖန်ကို လူငယ်က လွယ်ကူစွာ နင်းချေ ဖိနှိပ်ပြီး ဖြစ်နေလေသည်။ သည်နေ့တွင် တိမ်ကောင်းကင် ကလန်က ဆုံးရှုံးမှု များစွာဖြင့် ရင်ဆိုင်ရ ပေတော့မည်။
လီမူဝမ်က ဝမ်လင်းထံသို့ သွားသော လမ်းတစ်လျှောက်တွင် လူအားလုံးက လမ်းဖယ်ရှား ပေးရသည်။ စုန်ချင်တောင်မှ သူ့ ဖြူလျော့နေသော မျက်နှာကို ဟန်လုပ်၍ အားတင်းပြုံးကာ လမ်းဖယ် ပေးလိုက်ရ၏။
လီမူဝမ်က စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ များစွာကို ဖြတ်၍ အေးဆေးစွာ ဆက်လျှောက် လာခဲ့သည်။ ပုံမှန်အားဖြင့် သည်ကျင့်ကြံသူများက မောက်မာ ကြသော်လည်း သည်ကနေ့မှာတော့ ထိုလူများအားလုံးက ကြောက်ရွံ့နေမှုကိုသာ ထုတ်ဖော်မိနေကြ၏။
လီမူဝမ်က ထိုသို့သော အပြောင်းအလဲက လူတစ်ယောက်ကြောင့် ဆိုသည်ကို သိ၏။ထိုလူက သူတို့အားလုံးကို ကြောက်ရွံ့စေခဲ့သည်။သူက သူတို့အားလုံး ကြောက်ရွံ့ရသော လိုင်ဖန်ကိုပင် လွယ်ကူစွာ ဖိနှပ်ထားလေသည်။ သည်လူကတော့ သူမ၏လူ ဝမ်လင်းပင် ဖြစ်ပေသည်။
သူမက ဝမ်လေး ဘေးနားသို့ ရောက်လာပြီးနောက် ပန်းလေး တစ်ပွင့်အလား ပြုံး၍နေတော့သည်။ ထိုအခိုက်တွင် လီမူဝမ်က သူမနှလုံးသားထဲ၌ နက်ရှိုင်းသော ကျေနပ်မှုကို ခံစားမိနေသည်။
ဝမ်လင်းအကြည့်က စွန်ကျန်ဝေထံသို့ ရွေ့လိုက်သည်။ စွန်ကျန်ဝေ မျက်နှာက ဖျော့တော့သွား၏။
ဝမ်လင်းက ပြောလိုက်သည်။ “သေ ...”
သည့်နောက် ဝမ်လင်းက သူ့ဂျိနယ်ပယ်ဖြင့် သည်နေရာ တစ်ခုလုံးအား ဖုံးလွှမ်းလိုက်သည်။ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ အားလုံးက အသက်မနည်း ရှူလိုက်ရသည်။ သူတို့ စဦးစိတ်ဝိညာဉ်များက ထိန်းချုပ်မှု လွတ်ကင်း၍ တုန်ခါရလေသည်။
သည့်နောက် စွန်ကျန်ဝေ၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားပြီး ပြိုကျ သွားတော့သည်။ သူက မသေဆုံးခင် အနည်းငယ် တွန့်လိမ် သွားလိုက် ရသေးသည်။
မီးခိုးရောင်ဝတ်စုံနှင့် လူကြီးက စွန်ကျန်ဝေကို ကြည့်၍ ကျက်သေသေ မိသွားသည်။ သည့်နောက် သူ့မျက်လုံးများက နီရဲလို့လာတော့၏။ သူက စွန်ကျန်ဝေ အနားသို့ မြန်ဆန်စွာ သွားလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ ပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ သို့သော် သူလက်များက တုန်ခါသွားပြီး ပုလင်းက ပြုတ်ကျ သွားလေသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်၍ အော်ဟစ်လိုက်သည်။
“ဘာ့ကြောင့်လဲ ...”
ဝမ်လင်းက ညာလက်ကို လှုပ်လိုက်ရာ လိုင်ဖန် ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးပွင့် လာခဲ့၏။ သူ့မျက်နှာက ဖျော့တော့လို့နေပြီး သူ့ကျင့်ကြံမှု အဆင့်ကလည်း အားတစ်ခုနှင့် ဖိနှပ်ခြင်း ခံထားရလေသည်။ သူ့မျက်လုံးများထဲ၌ မကျေနပ်မှုများ ပြည့်လာခဲ့ပြီး အော်ဟစ်လိုက်သည်။
“မင်းငါ့ကို သတ်ချင်ရင် သတ်လိုက်ပါ။ ဘာကြောင့် ငါ့လို လူအိုကြီးကို အရှက်ခွဲ နေရတာလဲ”
စုန်ချင် စိတ်ထဲ၌ အလွန်စိုးရိပ်လို့ နေပြီ ဖြစ်သည်။ သူက ဘိုးဘေးများကို အကြောင်း မကြားခဲ့သော်လည်း သူတို့က တစ်ခုခု မှားနေသည်ကို သတိပြုမိလိမ့်မည် ဖြစ်သည်။
“သူတို့က ဘာကြောင့်များ ခုထိ မရောက်လာ ရသေးတာလဲ ...”
သူက အသက်မနည်း ရှူနေရသည်။ သူက မနည်း အားတင်း၍ ပြုံးကာ ပြောလိုက်သည်။ စီနီယာ ... တိမ်ကောင်းကင်ကလန်က အကြီးအကဲလီကို သင့်ရဲ့ သူငယ်ချင်းမှန်း မသိခဲ့ပါဘူး။ မင်းကို အခုလို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါက တိမ်ကောင်းကင်ကလန်ရဲ့ အမှားပါ။
ဝမ်လင်းက စုန်ချင်ကို လျစ်လျူရှုကာ မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲကို ကြည့်၍ ပြောလိုက်သည်။
“ဒီနေ့က ငါလုပ်စရာရှိတာက ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ တစ်စုံတစ်ယောက်က ငါ့ကို လာနှောင့်ယှက်မယ် ဆိုရင် ငါ့ ရက်စက်မှုကို အပြစ်လာမတင်နဲ့ ...”
မီးခိုရောင်ဝတ်စုံနှင့် လူကြီးက ရူးသွပ်စွာ ရယ်မောလိုက်ပြီး သိုလှောင်အိတ်ထဲမှ ခရမ်းရောင် ဓားခုနစ်ချောင်းကို ထုတ်ဖော်လိုက်သည်။ ထိုဓားများ ထွက်လာသည့် အခိုက်တွင် ၎င်းတို့ထံမှ မွန်းစတား ဓားစွမ်းအင်များ ထုတ်လွှတ်လို့ လာခဲ့သည်။ သူက ထိုဓားများကို ထိန်းချုပ်ရန်သူ့ စဦးစိတ်ဝိညာဉ် အဆင့်ကို အသုံးပြုပြီး ဝမ်လင်းကို တိုက်ခိုက်ရန် ဖြစ်သည်။
လိုင်ဖန် မျက်နှာပေါ်တွင် စိတ်ပျက်ဟန် ပေါ်လာခဲ့သည်။ သို့သော် သူက သက်ပြင်းချလိုက်ပြီး ဘာမျှ မပြောတော့ပေ။ သူက အက်ကွဲကြောင်းထဲ ဝင်လိုက်တုန်းက အားကောင်းသော အဖျက်အဆီး စွမ်းအားက သူ့ကို ဝန်းရံသွားပြီး သူ့စဦးစိတ်ဝိညာဉ် ကိုလည်း သူကိုယ်တိုင် မထိန်းချုပ်နိုင် ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူက ဝမ်လင်းအတွက် သူ့ကိုသတ်ရန် အတွေး တစ်ချက်သာ လိုကြောင်း သိလိုက်တော့သည်။
ဝမ်လင်း အမူအရာက တည်ငြိမ်စွာ ရှိနေသည်။ သူက ဓားခုနစ်ချောင်းက သူ့ထံကို ပျံသန်းလာသည်ကို လျစ်လျူရှု ထားလိုက်သည်။ သူက ဂျိနယ်ပယ်ကို အသုံးပြုလိုက်ရာ သူ့မျက်လုံးထဲမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
သည်အဖြစ်အပျက်များက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပွား သွားခဲ့ခြင်း ဖြစ်သည်။ မီးခိုးရောင် ဝတ်စုံနှင့် လူကြီးက သွေးအန်လိုက်ရသည်။ သူ့စဦးစိတ်ဝိညာဉ် ကလည်း သူ့ခေါင်းထဲမှ ထွက်ပေါ်လာခဲ့ပြီး လွတ်မြောက်ရန် ကြိုးစား လာတော့သည်။
ဝမ်လင်း မျက်လုံးများက မြင့်တက်သွားသည်။ သူက သိုလှောင်အိတ်ထဲက ကြေးမှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ သူက ချိပ်ပိတ်ဟန် ပြုလုပ်၍ ကြေးမှန်ကို ပစ်လွှတ်လိုက်သည်။ ကြေးမှန်က အစိမ်းရောင် တောက်ပသွားပြီး လွတ်မြောက်ရန် ကြိုးစားနေသော စဦးစိတ်ဝိညာဉ် အပေါ်သို့ ကျရောက် သွားတော့သည်။
ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကြေးမှန်ကို ပြန်သိမ်းလိုက်သည်။ သူက စဦးစိတ်ဝိညာဉ်ကို ကြမ်းကြုတ်စွာ ကိုင်ထားလိုက်ပြီး ၎င်းအသိစိတ်ကို ဖယ်ရှားလိုက်သည်။ သူက သည်စဦးစိတ်ဝိညာဉ်ကို လီမူဝမ်ထံသို့ လှမ်းပေး၍ ပြောလိုက်သည်။
“ဒါကို ဆေးလုံး သန့်စင်ဖို့ ယူသွားလိုက် ...”
လီမူဝမ်က ခေါင်းညိတ်ပြလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ကောင်းပြီ ... ဒါက အဆင့်မြင့် အရည်အသွေးရှိတဲ စိတ်ဝိညာဉ် ဆေးလုံး ပြုလုပ်ဖို့ ဖြစ်လာလိမ့်မယ်”
ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်လို့ နေသည်။ လူအားလုံးက မည်သို့ ဖြစ်ပျက်နေသည်ကို တွေ့မြင် နေကြရသည်။ သူတို့က အသက်ပင် ကျယ်ကျယ် မရှူရဲ ဖြစ်ရသည်။ ရှုလီကတော့ သူ့ခေါင်းကိုငုံ့၍ တုန်လှုပ်နေမှုကို ဖုံးကွယ်ထားသည်။
အခြားကလန်များရှိ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများကလည်း နောက်ဆုတ်လိုက်ပြီး ဝမ်လင်းကိစ္စတွင် ဝင်မရှုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
သည့်နောက် ဝမ်လင်းက လီမူဝမ် ခန္ဓာကိုယ်လေးကို သိမ်းဖက်၍ တိမ်ကောင်းကင် ကလန်၏ တံခါးဝသို့ တန်းသွား လိုက်တော့သည်။
ထိုအခါ အကြီးအကဲ၏ အသွင်က ချက်ချင်း ပြောင်းသွားပြီး သူက သတင်းပို့ရန် ရည်ရွယ်လိုက်သည်။ သို့ရာတွင် သူက သတင်းပို့မလို လုပ်နေစဉ်မှာ ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး သွေးအန်လိုက်ရသည်။ သူက သူ့ဝမ်းဗိုက်ပိုင်းတွင် အေးစက်စွာ ခံစားလိုက်ရသည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့စဦးစိတ်ဝိညာဉ် အဆင့်က ယူဆောင်သွားခြင်း ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
ထိုခဏတွင်ပင် ဝမ်လင်းက နောက်ထပ် အကြီးအကဲ တစ်ယောက်ထံသို့ ရွေ့လျားလိုက်သည်။ စဦးစိတ်ဝိညာဉ် အားလုံးက နောက်သို့ ဆုတ်၍ သူတို့၏ မျိုးစုံသော ရတနာများကို ဝမ်လင်းကို တိုက်ခိုက်ရန် ထုတ်ဖော်လိုက်ကြသည်။
တကယ်တော့ သူတို့အခုလို တိုက်ခိုက်ရဲ လာခြင်းမှာ သိပ်မကြာခင် ကလန်ဘိုးဘေးများ ရောက်လာမည်ကို သိရှိနေသောကြောင့်လည်း ဖြစ်သည်။
သို့ရာတွင် သူတို့က လိုင်ဖန်က ဝမ်လင်းအနားမှာ ရှိနေသောကြောင့် ရတနာများဖြင့် တိုက်ခိုက်ရန် အနည်းငယ် တုံ့ဆိုင်း သွားကြသည်။ ထို့ကြောင့် သူတို့ တိုက်ခိုက်မှုက အနည်းငယ် နှေးကွေးသွားရ၏။
ဤအခိုက်တွင် အားကောင်းလှသော နတ်ဘုရား စိတ်အာရုံ ငါးခုက တိမ်ကောင်းကင် ကလန် အတွင်းပိုင်းမှ ပျံ့နှံ့လို့ လာခဲ့တော့သည်။ ထိုငါးယောက်က တောင်ကြား အတွင်းမှ ကြယ်ပျံတစ်ခုအလား လာရောက် နေကြသည်။
ခဏလေး အတွင်းမှာ သူတို့ ငါးယောက်က အဓိကခန်းမ အပေါ်ရှိ ကောင်းကင်ထက်သို့ ရောက်လာခဲ့တော့သည်။
“ရပ်လိုက် ...”
ကောင်းကင်ထက်မှ လေထုပေါက်ကွဲသံ အလား ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ့တို့က အလွန် မြန်လှသော်လည်း ဝမ်လင်းက ပို၍ မြန်နေသေးသည်။ သူက လီမူဝမ်ကို ပွေ့ဖက်ထားပြီး တိမ်ကောင်းကင် ကလန်ရှိ အကြီးအကဲများကို တစ်စက္ကန်တောင် ရပ်တန့်ခြင်းမရှိ သတ်ဖြတ်ခဲ့ပြီး ဖြစ်နေသည်။ သူက စုန်ချင်နှင့် လိုင်ဖန် အပါအဝင် အကြီးအကဲ ကိုးယောက်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။သူက အစီအစဉ်ချ၍ သူတို့စုပေါင်း မတိုက်ခင် ကတည်းက အခွင့်အရေး ရအောင် သူ့ကို ကြောက်အောင်လုပ်၍ ဦးစွာ တိုက်ခိုက် သတ်ဖြတ်နိုင်ခဲ့ ပေသည်။ အခြားကလန်များရှိ စဦးစိတ်ဝိညာဉ် များမှာလည်း သူ့ကို ထိန့်လန့်၍ ဝင်ရောက် မသတ်အောင် သူက ပြုလုပ်နိုင်ခဲ့ပေသည်။ သူက နောက်ဆုံး သုံးယောက်ကို သတ်ပြီးနောက် ရပ်တန့်လိုက်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သည်အခါ ကောင်းကင်မှ သူ့ကို ဒေါသကြီးစွာ စိုက်ကြည့် နေကြသော ဆံပင်အဖြူနှင့် အကြီးအကဲ ငါးယောက်ကို တွေ့လိုက်ရလေသည်။
***