← Chapters

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း ၈၄၆

Vol. 57 Ch. 846

846 01

အခန်း ( ၈၄၆ ) ကမ္ဘာ့အဖျက်ပိုး။

စုယန်ယန်က ခဏလောက် စဉ်းစားနေပြီးမှ ဆက်မေးလိုက်သည်။ “ ကျွန်မမှာ အခု ရှိနေတဲ့ ပစ္စည်းတွေနဲ့ သူ့ကို ကုသပေးလို့ ရလား။ ”

[ မရပါဘူး။ ]

“ ဒါဆို သူ ဘယ်လို … ”

စနစ်က နှုတ်ဆိတ်သွားပြန်ပါသည်။

စုယန်ယန်က အဖြေကို စောင့်နေပေမဲ့ ဘာသံမှ ပြန်မကြားရသောကြောင့် “ စနစ် ” ဟု ခေါ်လိုက်သည်။

[ သို့ထျန်းယီက ဒီကမ္ဘာရဲ့ အမျိုးသားဇာတ်လိုက်လေ။ သူ့မှာလည်း အမျိုးသမီးဇာတ်လိုက်နဲ့ တူညီတဲ့ ကံကောင်းမှု ရှိတယ်။ ပြီးတော့ သူက အမျိုးသမီးဇာတ်လိုက်လို ရွှေရောင်အခွင့်အလမ်းတွေကို အများကြီး လုယူမခံရသေးတော့ သူ့ကံကောင်းမှုက အားကောင်းသေးတယ်။ ]

စနစ်သည် အကောင်းဆုံး ဖြစ်အောင် ဘယ်လို ရှင်းပြရင် ကောင်းမလဲ ဆိုတာ ဆုံးဖြတ်နေသကဲ့သို့ပင် တိတ်ဆိတ်သွားခဲ့သည်။

အဲ့ဒါကို သတိထားမိတဲ့ စုယန်ယန်ကတော့ မျက်မှောင်ကြုတ်လိုက်၏။ စနစ်က သူမကို အရာရာတိုင်းကိုတော့ ရှင်းပြနိုင်မှာ မဟုတ်ဘူး ဆိုတာကို အမှန်တကယ်ပင် ခံစားလို့ ရနေသည်။

များသောအားဖြင့် စနစ်သည် တစ်စုံတစ်ခုက ကန့်သတ်ခံထားရသလိုမျိုး သူမကို အရိပ်အမြွက်လောက်သာ ပြောပြလေ့ရှိသည်။

[ Host က အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင်အခွင့်အလမ်းကို ခိုးယူပြီး သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲလို့ ရသလို သူတို့အတွက်လည်း အတူတူပါပဲ။ ]

စုယန်ယန် မျက်မှောင်ကြုတ်မိသွားသည်။ စနစ် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားချိန်မှာတော့ သူမ ချက်ချင်းပဲ ကျိန်ဆဲလိုက်မိလေသည်။ ကိစ္စတွေက ထင်သလောက် မရိုးရှင်းမှန်း သူမ အစကတည်းက သိသည်။ အဲ့တော့ သူတို့က ဒါကို စောင့်နေကြတာပေါ့ … ။

စုယန်ယန်သည် ရွှေရောင်အခွင့်အလမ်းတွေကို လုယူရတဲ့ အဓိက အကြောင်းအရင်းက အမျိုးသမီးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ဆီမှာ ဂုတ်သွေးစုပ်ခံနေရတဲ့ အရံမင်းသား ၊ မင်းသမီးတွေကို အချိန်မီ ကယ်တင်ပြီး သူတို့ကို အသုံးချ၍ ဒီကမ္ဘာပေါ်က အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ရဲ့ ဒီကမ္ဘာပေါ်က လူတွေအပေါ် လွှမ်းမိုးမှုကို လျှော့ချပစ်ဖို့ ဆိုတာကိုတော့ အရင်ကတည်းက သိခဲ့ပြီးသားပင်။

ထိုအရံမင်းသား ၊ မင်းသမီးတွေမှာ ပျော်ရွှင်စရာ မိသားစုဘဝနှင့် အလားအလာကောင်းတဲ့ အနာဂတ် ရှိနိုင်သော်လည်း အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ဆီမှာ စက္ကူရုပ်လေးတွေအဖြစ် အသုံးချခံရရုံသာမက သူတို့ရဲ့ ခြေထောက်အောက်မှာ နင်းခြေခံရပြီး မိသားစုတွေပါ ပျက်စီးပြိုကွဲခဲ့ရသည်။

အခု စနစ် ပြောတဲ့ စကားကို ကြားတော့မှ ဒါက သာမန်လူတွေနှင့် မတူကြောင်း သိလိုက်ရသည်။

သို့ထျန်းယီနှင့် ဝမ်ကျင့်ဖျင်က ကံကောင်းမှုတွေကို ခိုးယူပြီး သူတို့အပိုင်အဖြစ် သိမ်းဆည်းကာ အဆုံးမရှိတဲ့ အကျိုးအမြတ်တွေကို ယူဆောင်နေခဲ့တာ ဖြစ်သည်။ သူတို့က သူတို့အတွက် အသုံးမဝင်တော့တဲ့ လူတွေကို သတ်ပစ်ဖို့လည်း လက်မနှေးပါ။ အကြောင်းအရင်းကတော့ ထိုလူတွေ ပြန်လည်ရပ်တည်နိုင်တဲ့ တစ်နေ့မှာ သူတို့ဆီက ကံကောင်းမှုကို ပြန်လုယူမှာ စိုး၍ ဖြစ်သည်။

စုယန်ယန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူမရဲ့ မျက်နှာကလည်း မည်းမှောင်နေခဲ့သည်။

“ ဒါကို ကမ္ဘာ့အဖျက်ပိုးလို့တောင် သတ်မှတ်လို့ ရတယ်။ သူ့ရောဂါက သေနိုင်လောက်တဲ့ ရောဂါ ဆိုတာ သိသာနေတာတောင် သူက အမျိုးသားဇာတ်လိုက် ဖြစ်နေတာနဲ့ပဲ ရောဂါပျောက်ဖို့ မျှော်လင့်ချက် ရှိနေတာတဲ့လား။ ဒါက … ”

[ မင်းက စာအုပ်ထဲက ကမ္ဘာကို ရောက်နေတယ် ဆိုတာ မမေ့ပါနဲ့။ ]

တချို့ ဒရာမာဇာတ်လမ်းတွဲရှည်ကြီးတွေမှာ နတ်သမီးပုံပြင်တွေလို ပြီးပြည့်စုံတဲ့ ဇာတ်လမ်းမျိုး ရှိလိမ့်မယ်လို့ အာမခံချက် မရှိပါ။ ဒီကမ္ဘာက အချစ်ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ အချက်ကိုတော့ ထည့်‌မပြောနဲ့ဦး။ သို့ထျန်းယီနှင့် စုယန်ယန်လို မကောင်းတဲ့ လူတွေ ၊ အဖျက်ပိုးတွေ မရှိဘဲ ကင်းစင်နေမှသာ ထူးဆန်းလိမ့်မည်။

846 02

[ ပြီးတော့ ကမ္ဘာကြီးက အဖျက်ပိုးတွေကို အလိုအလျောက် ပြုပြင်ပေးတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ ရောဂါကုသမှုက ကံကောင်းမှုရယ် ၊ ခွဲစိပ်မှုအောင်မြင်နိုင်ခြေနည်းတာရယ်နဲ့ ပတ်သက်နေလိမ့်မယ် ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ရုတ်တရက် စိတ်ကူးရသွားပြီး ဒီရောဂါအတွက် အထူးဆေးဝါးတစ်မျိုးကို တီထွင်လိုက်တာမျိုးပေါ့။ ဒါပေမဲ့ အဲ့ဒီ အထူးဆေးဝါးရဲ့ ကုန်ကြမ်းပစ္စည်းတွေက ရှားပါးလွန်းတဲ့အတွက် အဲ့ဒီဆေးဝါးကို ရောင်းတန်းဝင်အောင် ထုတ်လုပ်လို့ ရမှာ မဟုတ်ဘူး။ ]

စုယန်ယန်ရဲ့ အမူအရာက တည်ငြိမ်သွားသည်။ စနစ် ပေးတဲ့ အကြောင်းအပြချက်က အမှန်တကယ်ပဲ … ငြင်းဆန်ရခက်ပါသည်။

ဆေးပညာသမိုင်းမှာ ( ၁ ) နှစ် ၊ ( ၂ ) နှစ်ထက် ပိုခံမှာ မဟုတ်တဲ့ ၊ သေနိုင်လောက်တဲ့ ရောဂါပိုင်ရှင်တွေဟာ စိတ်ဓာတ်ခိုင်မာမှုကြောင့် ( ၅ ) နှစ် ၊ ( ၁၀ ) နှစ်အထိ အသက်ရှင်သွားခဲ့သည့် ဆန်းကြယ်ဖြစ်ရပ်တွေ မနည်းမနော ရှိသည်။

ဟောက်ချန်ဟွန်းရဲ့ ခြေထောက်တွေကလည်း မူလတုန်းက ပြန်ကောင်းဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိခဲ့ဖူးသည်။ ဒါပေမဲ့ သူ မတ်တပ်ပြန်ရပ်နိုင်တာကို ကြည့်ကာ အကြောင်းအရင်းက ဘာများလဲဟာ အတွေးနယ်ချဲ့တဲ့ လူတွေ သိပ်ရှိမည် မထင်ပါ။

လူတွေက သူဟာ ဆရာဝန်ကောင်းတစ်ယောက်နှင့် တွေ့ပြီး ဆန်းကြယ်ဖြစ်ရပ်ကို ကံကောင်းစွာ ကြုံတွေ့ခဲ့ရသည် ဟူ၍သာ တအံ့တဩ ရေရွတ်ကြလိမ့်မည်။ တချို့ဆိုလျှင် ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေက ဘယ်တုန်းကမှ ကောလဟာလတွေထဲကလောက် အခြေအနေမဆိုးခဲ့ဘူးလို့တောင် သံသယဝင်နိုင်သည်။ အရာအားလုံးက သူ့ကို မီးခိုးငွေ့တွေလို ဖုံးကွယ်ထားတာသာ ဖြစ်လိမ့်မည်။

လူတွေက သူတို့မျက်စိနှင့် မျက်မြင် တွေ့ရတာကိုပဲ ယုံကြည်ချင်ကြပြီး ထိုအရာအတွက်လည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေကို လိုက်ရှာတတ်ကြသည်။

သို့ထျန်းယီကို သူမလို အကြောင်းသိနေသူတစ်ယောက်ရဲ့ မျက်လုံးထဲမှာသာ အဖျက်ပိုးတစ်ကောင်လို့ မြင်မှာ ဖြစ်ပြီး တခြားလူတွေရဲ့ အမြင်မှာတော့ ဒါက သာမန်စကားလုံးတွေနှင့် ရှင်းပြလို့ မရတဲ့ ဆန်းကြယ်ဖြစ်ရပ်တစ်ခုပဲ ဖြစ်လေသည်။

+++++

All Chapters