← Chapters

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း ၈၅၀

Vol. 57 Ch. 850

850 01

အခန်း ( ၈၅၀ ) ရှင် ဘာလို့ ကျွန်မရဲ့ ကလေးကို ပြန်ပေးဆွဲတာလဲ။

စုယန်ယန်သည် စိုးရိမ်တာရော ၊ ဝမ်းသာတဲ့ စိတ်ရော နှစ်မျိုး ရောပြွမ်းနေခဲ့သည်။ ကြမ်းပြင်ပေါ်က အမျိုးသမီးကို အေးစက်စွာ တစ်ချက် ကြည့်ပြီး သူမကလေးရဲ့ မျက်နှာဖောင်းဖောင်းအိအိလေးနှင့် မျက်နှာချင်း အပ်၍ ပွတ်သပ်လိုက်သည်။

ကလေးကို တခစ်ခစ် ရယ်သံလေးတွေ ထွက်လာအောင် ချော့မြှူပြီးနောက် သူလေးကို ရိုလီပိုလီရဲ့ လက်ထဲ တွန့်ဆုတ်စွာ ထည့်ပေးကာ “ သူ့ကို သေချာ ဂရုစိုက်ပေးနော် ရိုလီပိုလီ။ နင့်မောင်လေးကို သွမ်းသွမ်းနဲ့ တခြားလူတွေနဲ့ အတူတူ အပေါ်ထပ်ကို ခေါ်သွားလိုက်။ ဒီပြဿနာကို သခင်မနဲ့ ဖေဖေ ဖြေရှင်းပြီးရင် နင့်ဆီ လိုက်လာခဲ့မယ်။ ” ဟု ညွှန်ကြားလိုက်သည်။

ရိုလီပိုလီက အမိန့်ကို နာခံစွာပဲ ကလေးကို အပေါ်ထပ်သို့ ချက်ချင်း ခေါ်သွား၏။

စုယန်ယန်က သူတို့လေးတွေ မြင်ကွင်းထဲက ပျောက်ကွယ်သွားတဲ့ထိ စောင့်ကြည့်နေခဲ့ပြီး သူမတို့ ပြောတဲ့ စကားတွေကို သူတို့ မကြားနိုင်တော့တာ သေချာမှ ကြမ်းပြင်ပေါ်က တရားခံဆီ အကြည့်ပို့လိုက်လေသည်။

“ ရှင့်မှာ တခြား ရှင်းပြချင်တာ ရှိသေးလား။ ”

“ ကျွန်မ … ကျွန်မ … ” အမျိုးသမီးရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး သူမပုံစံက အပြစ်မကင်းသလို ခံစားနေရတာ သိသာစွာ။

“ ရှင် ဘာလို့ ဒီလို လုပ်ရတာလဲ။ ”

လျှပ်တစ်ပြက် အော်လိုက်သော ဒေါသသံက အမျိုးသမီးကို ထိတ်လန့်သွားစေကာ သူမဆီက တုန်ရီရီ အသံလေး ထွက်လာသည်။ “ ကျွန်မက ဒီတိုင်း … သခင်လေး အိမ်ထဲမှာ ပျင်းနေတာကို တွေ့လို့ သူ့ကို နေပူဆာလှုံရင်း လေကောင်းလေသန့်လေးတွေ ရှုးရအောင် ခေါ်ထုတ်သွားပေးချင်ခဲ့တာပါ။ ကျွန်မမှာ သူ့ကို ပြန်ပေးဆွဲချင်တဲ့ ရည်ရွယ်ချက် တကယ် မရှိပါဘူးရှင်။ ကျွန်မ မှားယွင်းစွပ်စွဲခံရတာပါ။ ”

“ သခင်လေးက အရမ်း ပျင်းနေလို့ နင်က သူ့ကို လေကောင်းလေသန့်ရှုရအောင် ခေါ်ထုတ်ပေးချင်တာ … ဟုတ်လား။ ” စုယန်ယန် သရော်ပြုံး ပြုံးလိုက်ပါသည်။ “ ဒီမှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို အရူးတွေလို့ နင် ထင်နေတာလား။ အိပ်ပျော်နေတဲ့ ကလေးကို နေပူဆာလှုံခိုင်းဖို့ ခေါ်သွားတယ် ဆိုတော့ နင်က သူ့ကို လေကောင်းလေသန့်ရှူစေချင်တာလား ၊ အသေသတ်ချင်နေတာလား။ တကယ်လို့ အိမ်ထဲမှာ လေကောင်းလေသန့်မရဘူး ဆိုရင်တောင် နင် ဦးလေးကျန်းနဲ့ ကလေးထိန်းကို ကလေးကို ခြံထဲ ခဏ ခေါ်ထုတ်သွားဖို့ ပြောလို့ ရတာပဲ။ ”

“ ကလေးထိန်း အလစ်မှာ ကလေးကို ခိုးယူသွားလို့ ရတယ်လို့ ရှင့်ကို ဘယ်သူက ခွင့်ပြုထားလို့လဲ။ ပြီးတော့ ရှင့်ဆုံးဖြတ်ချက်နဲ့ရှင် သူ့ကို ခေါ်ထုတ်သွားခွင့်ကို ဘယ်သူက ပေးထားလို့လဲ။ ”

စုယန်ယန်က စကားတစ်ခွန်း ပြောတိုင်း ရှေ့ကို ခြေတစ်လှမ်း တိုးသွားကာ ထိုအမျိုးသမီးကတော့ ကြိုးတုပ်ခံထားရတဲ့ အနေအထားဖြင့်ပင် တရွေ့ရွေ့ နောက်ဆုတ်သွားခဲ့သည်။

အဆုံးသတ်မှာတော့ သူမမှာ နောက်ဆုတ်စရာ နေရာလွတ် မကျန်တော့ပါ။ သူမရဲ့ နောက်ဘက်မှာ ဆိုဖာအစွန်းကို ထိတိုက်မိသွားခဲ့ပြီး ထိတ်လန့်ကြောက်ရွံ့စွာ ပြောလာခဲ့သည်။ “ ကျွန်မ အမှန်အတိုင်း ပြောနေတာပါရှင်။ ကျွန်မမှာ တကယ် တခြားအတွေးတွေ မရှိပါဘူး။ သခင်လေးကို လေကောင်းလေသန့်ရအောင် ခေါ်သွားချင်ရုံလေးပါ။ ဒါပေမဲ့ ကျွန်မ အများကြီး မတွေးမိခဲ့ဘူး။ အဲ့ဒါက နည်းနည်းလေး အတွေးခေါင်သွားတာ ဆိုပေမဲ့ ကျွန်မမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ တကယ် မရှိတာပါ။ ကျွန်မ မှားသွားပါတယ် သခင်မလေးရယ်။ ကျွန်မကိုယ်ကျွန်မလည်း မှားမှန်း သိပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ခေါက်တော့ ကျွန်မကို သက်ညှာပေးပါရှင်။ ကျွန်မ ဒါမျိုး နောက်တစ်ခေါက် ထပ်မလုပ်ဘူးလို့ ကတိပေးပါတယ်။ ”

“ နောက်တစ်ခေါက်တဲ့လား။ ဒီလို ကိစ္စမျိုး တစ်ကြိမ် ကြုံရတာနဲ့တင် ကြောက်စရာကောင်းလှပြီ။ ရှင်က နောက်တစ်ခေါက် ဆိုတာမျိုး ထပ်ရှိစေချင်သေးတာလား။ ” စုယန်ယန်သည် သူမနှင့် အချိန်ကုန်ခံပြီး စကားပြောချင်စိတ်တောင် မရှိတော့ပေ။ “ ရဲခေါ်လိုက်ပါ ဦးလေးကျန်း။ သူက အမှန်တရားကို ဒီမှာတင် မပြောချင်ဘူး ဆိုတော့ ရဲစခန်းကို သွားကြတာပေါ့။ ”

ဦးလေးကျန်းက “ ဟုတ်ကဲ့ပါ သခင်မလေး။ ” ဟု ပြောကာ ရဲစခန်းကို ဖုန်းဆက်ဖို့ လှည့်လိုက်လျှင် အမျိုးသမီးရဲ့ မျက်နှာအမူအရာက ပြောင်းလဲတုန်လှုပ်သွားလေသည်။

“ မလုပ်ပါနဲ့။ ရဲမခေါ်ပါနဲ့ရှင်။ ရဲမခေါ်ပါနဲ့။ ”

“ ရှင် မကောင်းတာ ဘာတစ်ခုမှ လုပ်မထားဘူး ဆိုရင် ဘာလို့ ရဲခေါ်မှာကို ကြောက်နေတာလဲ။ ” စုယန်ယန်က သူမရဲ့ တုန်လှုပ်နေတဲ့ အမူအရာကို ကြည့်လိုက်သည်။ “ ရှင်က ကလေးကို နေပူဆာလှုံဖို့ ခေါ်ထုတ်သွားချင်ရုံပါလို့ ပြောတယ်နော်။ ဒီအိမ်မှာ ရှင်က မသင်္ကာစရာကောင်းတဲ့ အပြုအမူနဲ့ ကလေးကို ပြန်ပေးဆွဲချင်နေပါတယ် ဆိုတာကို သက်သေပြပေးနိုင်တဲ့ လုံခြုံရေးကင်မရာတွေရော ၊ မျက်လုံးတွေရော အများကြီး ရှိတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ရဲခေါ်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိတစ်ယောက်ကို စစ်ဆေးဆုံးဖြတ်ခိုင်းတာပဲ။ ရဲခေါ်လိုက်ပါ ဦးလေးကျန်း။ ”

“ မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ရှင်။ ” အမျိုးသမီးက ကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပြတ်လဲကျသွားပြီး ကြိုးတုပ်ခံထားရလျက်သားဖြင့် စုယန်ယန်ဆီကို တရွေ့ရွေ့ တိုးလာခဲ့သည်။

850 02

စုယန်ယန်က သူမကို ငုံ့ကြည့်လိုက်သော်လည်း နည်းနည်းလေးတောင် သနားစိတ်မဝင်မိပါ။ သူမရဲ့ လေသံက ပိုလို့တောင် အေးစက်သွားသည်။ “ ကျွန်မ ရှင့်ကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ ကျွန်မကို အမှန်အတိုင်း ပြော။ ရှင် ဘာလို့ ကျွန်မရဲ့ ကလေးကို ပြန်ပေးဆွဲတာလဲ။ ”

အမျိုးသမီးရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာပြီး ခေါင်းငိုက်စိုက်ချသွားခဲ့သည်။

စုယန်ယန်က သူမကြောင့် အချိန်ကုန်ခံနေဖို့ စိတ်ကူးမရှိပါ။ “ ဦးလေးကျန်း။ ”

“ ကျွန်မ ပြောပါ့မယ်ရှင်။ ကျွန်မ ပြောပါ့မယ်။ ” အမျိုးသမီးဆီက အလျင်စလို အသံလေး ထွက်လာခဲ့ပြီး သူမသည် သူမကို အေးစက်စက် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသူတွေကို မော့ကြည့်လိုက်မိသည်။

ဒီနေ့တော့ လွတ်လမ်း မရှိတော့ဘူး ဆိုတာကို နားလည်သွားတဲ့ အမျိုးသမီးက အံကြိတ်လိုက်သည်။ “ တကယ်တော့ ကျွန်မလည်း ကလေးကို ပြန်ပေးဆွဲချင်လို့ မဟုတ်ပါဘူး။ လူတစ်ယောက် … လူတစ်ယောက်က ကျွန်မကို ကလေးကို ခေါ်ထုတ်လာပေးဖို့ အကူအညီတောင်းလို့ပါ။ သူက ပြောတယ် ၊ ကျွန်မသာ ကလေးကို သူ့ဆီ ယူလာပေးရင် ကျွန်မကို ငွေပမာဏတစ်ခု ပေးမယ်တဲ့။ ”

++++++

All Chapters