← Chapters

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း ၈၅၂

Vol. 57 Ch. 852

852 01

အခန်း ( ၈၅၂ ) မျက်နှာပြောင်တိုက်ခြင်း။

အမျိုးသမီးက စုယန်ယန်ရဲ့ ကန်ချက်မှာ အသိစိတ်ကင်းလွတ်သွားခဲ့ပြီး သူမ စိတ်နှင့်ကိုယ်ပြန်ကပ်ချိန်မှာတော့ ရုန်းကန်ဖို့ ကြိုးစားလိုက်ပေမဲ့ စုယန်ယန်က သူမကို မလှုပ်ရှားနိုင်အောင် အပေါ်က ဖိနင်းထားခဲ့သည်။

“ လိုရင်းကိုပဲ ပြောကြတာပေါ့။ ကျွန်မရဲ့ မိသားစုက ကျွန်မတို့ရဲ့ သားကို ရှင့်လက်ထဲက ပြန်လုယူနိုင်တဲ့ အစွမ်းအစရှိလို့ သူ အခု ဘေးကင်းနေတာ ၊ ရှင်က စိတ်ကောင်းပြန်ဝင်ပြီး သူ့ကို ခလုတ်မထိဆူးမငြိ ပြန်ပို့ပေးခဲ့တာ မဟုတ်ဘူး။ အဲ့ဒါနဲ့တောင် ရှင်က ဘယ်လို မျက်နှာနဲ့ ကျွန်မကို ရှင့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနိုင်သေးတာလဲ။ ‘ တချို့လူတွေက ဩချရလောက်အောင် မျက်နှာပြောင်တိုက်တယ် ’ ဆိုတဲ့ စကားပုံထဲကလိုလား။ ”

စုယန်ယန်ရဲ့ အခုလို ပုံစံကို ဟောက်ချန်ဟွမ်းတို့မိသားစု မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။ သူမ ဟောက်ချန်ဟွမ်းနှင့် လက်ထပ်ကာ ဟောက်မိသားစုထဲကို ဝင်လာကတည်းကနေ အခုချိန်ထိ မိသားစုဝင်တွေအပေါ် အမြဲတမ်း နူးညံ့နွေးထွေးခဲ့တာပါ။ အိမ်ရှင်နှင့် ဝန်ထမ်း ဆိုပြီး စည်းခြားထားတာမျိုးလည်း မရှိဘဲ စားဖိုမှူးတွေနှင့်အတူ သူမကိုယ်တိုင်ပါ မကြာခဏ ဝင်ပြီး ဟင်းချက်လေ့ ရှိသည်။

သူမရဲ့ အဆင့်အတန်းခွဲခြားလိုစိတ် မရှိတဲ့ ဖြူစင်သော စိတ်ဓာတ်ကြောင့်ပဲ ဟောက်ချန်ဟွမ်းတို့မိသားစုထဲက လူတွေအကုန်လုံးက သူမနှင့် ခပ်မြန်မြန် ရင်းနှီးသွားပြီး သူမကို ဒေါသမထွက်တတ်ဘဲ စိတ်သဘောထားနူးညံ့အေးဆေးတဲ့ လူတစ်ယောက်အဖြစ် သဘောထားခဲ့ကြသည်။

စုယန်ယန်ကို ဒီနေ့မှာ ဒီလို ပုံစံမျိုးနှင့် မြင်တွေ့လိုက်ရတော့မှ သူမလည်း ဒေါသထွက်တတ်တယ် ဆိုတာကို သူတို့အားလုံး နားလည်သွား၏။ ဒေါသထွက်နေတဲ့ အချိန်မှာ သူမက ဟောက်ချန်ဟွမ်းနှင့် တော်တော်လေး တူတယ်လို့တောင် ပြောလို့ ရသည်။

ဟောက်ချန်ဟွမ်းက ဒီမြင်ကွင်းကို မြင်တော့ ဟောက်ရှောက်ဖုန်း သူ့အပေါ် ရိုင်းပျနေတဲ့ အချိန်တုန်းကလည်း စုယန်ယန် ဒေါသထွက်သွားပြီး သူ့ကို လက်တုံ့ပြန်ဖို့ ပြေးထွက်သွားခဲ့တာကို ခပ်ရေးရေး ပြန်မှတ်မိသွားသည်။

ဒီလို တွေးမိတော့ ဟောက်ချန်ဟွမ်း နည်းနည်းလေး ဝမ်းနည်းသွားမိပါသည်။ အရင်က သူမဆီမှာ ‌ဒီလိုမျိုး ဆက်ဆံခံရတဲ့ လူက သူတစ်ယောက်တည်းသာ ရှိခဲ့တာ ဖြစ်သည်။

သူမရဲ့ ယောက်ျားဟာ သားဖြစ်သူကိုတောင် သဝန်တိုနေတယ် ဆိုတာကို မသိတဲ့ စုယန်ယန်ကတော့ သူမဘေးက လူတွေရဲ့ အတွေးတွေကို ဂရုစိုက်မနေပါ။ ဒီပြန်ပေးဆွဲသမားကို နေရာမှာတင် သတ်ပစ်ချင်စိတ်ကသာ သူမကို ကြီးစိုးနေသည်။

သူမရဲ့ အမြင်မှာတော့ သူမရှေ့က လူမှာ အလိမ်အညာတွေသာ ပြည့်နှက်နေပါသည်။ ထိုအမျိုးသမီး ပြောတဲ့ စကားတစ်ခွန်းကိုတောင် စုယန်ယန် မယုံကြည်တော့။

အလိမ်အညာပဲဖြစ်ဖြစ် ၊ အမှန်တရားပဲဖြစ်ဖြစ် ငါနဲ့ ဘာမှ မဆိုင်ဘူး။ ငါ့သားကလည်း ငါ့ဝမ်းနဲ့ လွယ်မွေးထားရတဲ့ သားပဲ။ သူ့သား မဟုတ်တာနဲ့ပဲ ငါ့သားကို ဝမ် ( ၅ ) သန်းနဲ့ ရောင်းလို့ ရတယ် ဆိုတဲ့ အဓိပ္ပာယ်မှ မဟုတ်တာ … ။

ဒီမိန်းမက သူ့သားမှာ အကြွေးဆပ်စရာ ပိုက်ဆံမရှိရင် လက်ချောင်းတွေ ဖြတ်ပစ်ခံရတော့မယ် ဆိုတဲ့ အတွေးတစ်ခုပဲ ခေါင်းထဲ ရောက်နေတာ။ သူမရဲ့ ကလေးသာ အခိုးခံလိုက်ရပြီး တခြားသူရဲ့ လက်ထဲ ရောက်သွားရင် ဘယ်လိုတွေ ဖြစ်လာမှာလဲ ဆိုတာကိုကျ ဘာလို့ မတွေးရတာလဲ … ။

ဟောက်ချီဟန်နှင့် ဟောက်ချန်ဟွမ်းက ညီအစ်ကိုတွေ ဆိုပေမဲ့ အစောပိုင်းနှစ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ရန်သူတော်တွေအဖြစ် ပြောင်းလဲသွားတာ ကြာခဲ့ပါပြီ။ ဟောက်ချီဟန်က ညီအစ်ကို ဆိုတဲ့ သွေးသားတော်စပ်မှုကိုတောင် မေ့ထားပြီး ဟောက်ချန်ဟွမ်းကို သတ်ပစ်ချင်နေခဲ့တာ … ။

အထူးသဖြင့် ဟောက်ကော်ပိုရေးရှင်းရဲ့ စီအီးအို ပြောင်းလဲသွားတဲ့ ကိစ္စကို ကြည့်ခြင်းအားဖြင့် ညီအစ်ကိုနှစ်‌ယောက်ကြားက ဆက်ဆံရေးက အဆင်မပြေဘူး ဆိုတာ အပြင်လူတိုင်း သိသည်။ တစ်ယောက်နှင့် တစ်ယောက် အသက်ဆုံးရှုံးတဲ့အထိ တိုက်ခိုက်မယ့် အနေအထားကိုတောင် ရောက်သွားတာ ဖြစ်သည်။

852 02

အပြင်လူတွေတောင် ကောင်းကောင်း သိတဲ့ ကိစ္စမှာ ဒီညီအစ်ကိုနှစ်ယောက်ကို ဟိုးအစကတည်းကနေ လက်ရှိအချိန်ထိ အရိပ်လို ကြည့်နေခဲ့တဲ့ ဟောက်မိသားစုရဲ့ အိမ်အကူတွေက မသိစရာအကြောင်းမရှိပါ။

ဒါပေမဲ့ ဒီအမျိုးသမီးကတော့ ဟောက်ချီဟန်ဟာ ကလေးရဲ့ ဦးလေးဖြစ်နေတဲ့အတွက် သူ့ကို သေချာပေါက် ထိခိုက်အောင် မလုပ်လောက်ပါဘူးဟု အလွယ်တကူ ပြောထွက်နိုင်သည်။ သူမ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်လဲ ဆိုတာ သိသိသာသာ။

“ ရဲခေါ်လိုက်ပါ ဦးလေးကျန်း။ ကျွန်မ ဘယ်လောက်ပဲ လူသတ်ချင်နေပါစေ ၊ နိုင်ငံသားကောင်းတွေ ဆိုတာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အရာတွေကို လုပ်လို့ မရဘူး။ ဒီအမှုကို ရဲတွေလက်ထဲ အပ်လိုက်တာ ပိုကောင်းတယ်။ တရားဥပဒေက ကျွန်မနဲ့ ကျွန်မရဲ့ ကလေးအတွက် ကျေနပ်စရာ အဖြေ ပေးလိမ့်မယ်လို့ ယုံတယ်။ ”

“ ဟုတ်ကဲ့ပါ သခင်မလေး။ ကျွန်တော် ဆက်ဆောင်ရွက်လိုက်ပါ့မယ်။ ”

စုယန်ယန် ဆုံးဖြတ်ချက်ချပြီးတာကို မြင်တဲ့ ဦးလေးကျန်းက နောက်ကို ပြန်လှည့်မကြည့်ဘဲ ချာခနဲ လှည့်ထွက်သွားခဲ့သည်။

အမျိုးသမီးကတော့ ဒီကိစ္စကို သူမဘက်က သေချာ ရှင်းပြပြီးတာတောင် စုယန်ယန်က သူမကို ရဲလက်အပ်ချင်နေလိမ့်ဦးမည်ဟု ထင်မထားခဲ့ပါ။ သူမရဲ့ အမူအရာက ထပ်မံ ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ငိုခဲ့လေသည်။ “ သခင်မလေး … သခင်မလေး … ကျေးဇူးပြုပြီး ကျွန်မကို သက်ညှာပေးပါရှင်။ ကျွန်မမှာ သားတစ်ယောက် ရှိပါသေးတယ်။ သူက အခုမှ အရွယ်ရောက်ခါစမို့လို့ ဘာကိုမှ နားလည်သေးတာ မဟုတ်ပါဘူး။ အခုလည်း သူက အကြွေးရှင်တွေ လိုက်တာ ခံနေရတာ။ ကျွန်မ မရှိဘဲနဲ့ သူ ဘယ်လို ရှင်သန်နိုင်မှာလဲ။ သခင်မလေးရယ် ၊ ကျေးဇူးပြုပြီး ကျွန်မကို ဒီတစ်ခေါက်တော့ သက်ညှာပေးပါရှင်။ သခင်မလေး ကျွန်မကို သက်ညှာပေးရင် အနာဂတ်မှာ ကျွန်မတို့သားအမိက သခင်မလေးကို နွားတွေ ၊ မြင်းတွေလို ကျေးဇူးကြွေး ပြန်ပေးဆပ်သွားပါ့မယ်။ ”

+++++

All Chapters