အခန်း ၈၆၁
Vol. 58 Ch. 861
861 01
အခန်း ( ၈၆၁ ) ကလေးကို လမ်းမှားရောက်အောင် သင်ပြခြင်း။
“ မဟုတ်ပါဘူး။ နင်က အသက်ငယ်တော့ ကလေးတွေနဲ့ မျိုးဆက် သိပ်မကွာလို့ပါ။ ”
အသေးအမွှား ကိစ္စလေး တစ်ခုကြောင့် လူကြီးနှစ်ယောက်ဟာ ဘာပြောလို့ ပြောရမှန်း မသိလောက်အောင်ပင် ပြောစရာစကား ပျောက်ဆုံးသွားခဲ့ကြသည်။
အခုဆို ကလေးတွေက လူစိမ်းတွေကို မကြောက်တတ်တော့ပါ။ လူစိမ်းတွေ ဖက်တာ ခံရတဲ့ အချိန်မှာတောင် အော်ငိုတာမျိုး ၊ ဝူးဝူးဝါးဝါး သောင်းကျန်းတာမျိုး မလုပ်။
လိမ္မာရေးခြားရှိတဲ့ ကလေးတွေက အမြဲတမ်း အချစ်ခံရသည်။ ပထမတော့ ယို့ယွီရှစ်နှင့် ကျန်လူတွေက အနည်းငယ် အင်တင်တင် ဖြစ်နေပေမဲ့ ခဏအကြာမှာပဲ လက်တွန်းလှည်းထဲက ကလေးကို အရုပ်မျိုးစုံနှင့် စတင်ချော့မြှူခဲ့ကြ၏။
မိန်းကလေးတွေ ချော့မြှူတာ ခံရတဲ့အခါ ၊ အထူးသဖြင့် ယွင်လော့ရှန်းလို မိန်းကလေးတစ်ယောက် ချော့မြှူတာ ခံရချိန်မှာ ကောင်ကလေးသည် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက်ပင် တခစ်ခစ် ရယ်မောနေခဲ့သည်။
သူ့ကို ချော့မြှူတဲ့ လူပြောင်းသွားပြီး နျဉ်ချီလွေ့နှင့် ရှားကျွင်းရှန့်တို့ ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ကောင်ကလေးက အရယ်ရပ်သွားပြီး သူတို့နှစ်ယောက်ကို အပြစ်ကင်းစင်သော အမူအရာဖြင့် ၊ မျက်လုံးဝိုင်းကြီးတွေနှင့်သာ စိုက်ကြည့်နေခဲ့သည်။
နျဉ်ချီလွေ့က အဲ့ဒါကို မယုံနိုင်ဘဲ ခေါင်းလောင်းလေးကို ထပ်တီးလိုက်သည်။ သူ လက်တွန်းလှည်းထဲက အရုပ်တွေ အကုန်လုံးကို စမ်းသပ်ပြီးသည့်တိုင် ကလေးဆီက အပြုံးတစ်ပွင့်ကိုတောင် မရခဲ့ပေ။
ယွင်ယို့ရှစ်က ပလုတ်တုတ်လေး တစ်ခုကို ယူပြီး လှုပ်ယမ်းပြလိုက်တော့ တချွင်ချွင်မြည်သံက ကလေးရဲ့ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ကလေးက ဗုံလေးကို အကြာကြီး စိုက်ကြည့်နေပြီးမှ သူ့နှုတ်ခမ်းလေးတွေပေါ်မှာ အပြုံးတစ်ပွင့် ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။
“ အိုး ၊ သူ ပြုံးလိုက်တာပဲ။ သူ ပြုံးသွားတယ်။ အရမ်း ချစ်စရကောင်းတာပဲ။ သူ့မှာ သွားလေးတွေတောင် မပေါက်သေးဘူး။ သူ့သွားဖုံးလေးက ပန်းရောင်သမ်းပြီး နူးညံ့နေလိုက်တာ ဆိုတာလေ။ ဟားဟားဟား … ”
နျဉ်ချီလွေ့က ယို့ယွီရှစ် ပျော်ရွှင်နေတာကို ကြည့်ပြီး မကျေမနပ် ဖြစ်သွားသည်။ နောက်ဆုံးမှာတော့ သူ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ မတ်တပ်ထရပ်ပြီး “ ဒီကလေးက ကျား-မ တန်းတူညီမျှမှုကို လက်မခံတဲ့ ကလေးလို့ ငါ ထင်တယ်။ ”ဟု ဒေါသတကြီး ပြောလိုက်၏။
စုယန်ယန်သည် သူမရဲ့ သားကို ဒီလောက် ငယ်ငယ်လေးကတည်းက မိန်းကလေးတွေ ၊ အထူးသဖြင့် မိန်းမလှလေးတွေကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာကို နားလည်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။
သူ အရွယ်ရောက်လာတဲ့အခါ နေရာတိုင်းမှာ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ချုပ်ကိုင်ယူနိုင်တဲ့ လူရှုပ်လူပွေလေးတစ်ယောက် ဖြစ်လာနိုင်လောက်သည်။
ဒီကိစ္စရဲ့ တရားခံက သူမ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ မျက်နှာပြောင်စွာဖြင့် ကယုကယင် စကားတွေကို အဆက်မပြတ် ပြောပြီး ကလေးကို လမ်းမှားရောက်အောင် သင်ပြတဲ့ သူ့အဖေပါပဲ။
“ ဟပ်ချိုး။ ” ဟောက်ချန်ဟွမ်း အနီးစပ်ဆုံး ဘယ်မှာ ရှိနေလဲ ဆိုတာကို ကုရှောက်ယန်နှင့် ကျန်လူတွေနှင့်အတူ ဆွေးနွေးရင်း အလုပ်ရှုပ်နေတဲ့ ဟောက်ချန်ဟွမ်းသည် သူ့တပည့်တွေရှေ့မှာ ရုတ်တရက်ကြီး နှာချေမိသွားခဲ့သည်။
ရုတ်တရက်ဆန်သော အပြောင်းအလဲက မူလတုန်းက တည်ငြိမ်လေးနက်နေခဲ့တဲ့ အစည်းအဝေးခန်းမထဲက လေထုကို ချက်ချင်းပဲ ပေါ့ပါးသွားစေခဲ့လေသည်။
ကျိုးယန်ပိုင်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ “ ဘော့စ် အအေးမိထားတာလး။ ” ဟု စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“ မမိထားပါဘူး။ ” ဟောက်ချန်ဟွမ်းက သူ့နှာခေါင်းကို ပွတ်ရင်း ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်သည်။ “ ယန်ယန်နဲ့ ကလေးက ငါ့အကြောင်း တွေးနေတာ ဖြစ်လိမ့်မယ်။ ”
ကျိုးယန်ပိုင်တို့သုံးယောက် : “ … ” တစ်ချက်လေး သတိလွတ်သွားတာနဲ့ ခွေးစာတွေကို ပါးစပ်အပြည့် ထိုးသွပ်ခံလိုက်ရတော့တာပဲ။ တစ်ကိုယ်တည်းသမားတွေအတွက် လူ့အခွင့်အရေး ဆိုတာ မရှိတော့ဘူးလား။
“ ဟောက်ချီဟန် ဘယ်မှာလဲ ဆိုတာ မင်းတို့ စုံစမ်းလို့ ရပြီလား။ ”
ယုကျစ်ယန်က အနည်းငယ် မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ရက်စက်သော အပြုံးတစ်ပွင့် ထင်ဟပ်လာခဲ့သည်။ “ သူ ဘယ်မှာ ရှိနေလဲ ဆိုတာကို ရှာရတာ သိပ်လွယ်လွန်းတယ် မဟုတ်ဘူးလား။ သူနဲ့အတူ ချိန်ကိုက်ဗုံးတစ်လုံး ကပ်ပါနေတာနဲ့ တူတယ်။ ဘော့စ် သူ့ကို ပေါက်ကွဲစေချင်ရင် အချိန်မရွေး ဖောက်ခွဲပစ်လိုက်လို့ ရတယ်။ ”
861 02
ကုရှောက်ယန်က ထိုစကားကို ကြားတော့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ထေ့ငေါ့ပြောလိုက်သည်။ “ သူက ထွက်ပြေးတဲ့ အချိန် သူမကိုတောင် ခေါ်သွားလိုက်သေးတယ်။ ကြည့်ရတာ သူ တကယ် ချစ်မိနေတာ ထင်တယ်။ ”
“ လင်မယား ဆိုတာ တောအုပ် တစ်ခုထဲမှာ အတူတူ နေတဲ့ ငှက်တွေနဲ့ တူတယ်။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာရင် အတူတူ ပျံပြေးကြတယ်။ အိမ်ထောင်သက်ရင့်နေတဲ့ စုံတွဲတွေတောင် ဒီလို ဆိုရင် သူတို့လို လက်ထပ်ပြီးခါစ စုံတွဲတွေကိုတော့ ပြောမနေနဲ့တော့။ သူက သူမကို အချစ်စစ်နဲ့ ချစ်တာ ဖြစ်လောက်ပေမဲ့ သူမကတော့ သူ့ကို သတ်ပစ်ချင်နေလောက်တယ်။ ”
ကျိုးယန်ပိုင်က ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်သည်။ “ ကျွန်တော်တို့ အခု ရဲစခန်းကို သတင်းပေးသင့်လား သခင်လေး။ ”
ဟောက်ချီဟန်ဟာ သူတို့ရဲ့ အိမ်ရှေ့စံမင်းသားလေးကို ခိုးယူဖို့ အိမ်တော်ထဲက လူတွေကို လာဘ်ထိုးထားတယ် ဆိုတာကို သူတို့ သိပြီးကတည်းက ဟောက်ချီဟန်ကို လက်တုံ့ပြန်ဖို့ ပြင်ဆင်နေခဲ့ကြတာပင်။ သူတို့ ဟောက်ချီဟန်ဆီ ပြေးသွားပြီး သူ့ကို မြေကြီးပေါ် ဖိနင်းသွားဖို့ မစောင့်နိုင်တော့ပါ။
ဟောက်ချန်ဟွမ်းက ခဏလောက် စဉ်းစားနေပြီးမှ ရယ်မောလိုက်သည်။ “ လူလွှတ်ပြီး သူတို့ကို မျက်ခြည်မပြတ်အောင် စောင့်ကြည့်ခိုင်းထားလိုက်ပါ ၊ ပြီးရင် ရဲကို သူတို့ ရှိနေတဲ့ နေရာကို သတင်းပေးထားလိုက်။ တစ်ချိန်တည်းမှာပဲ ဟောက်ချီဟန်ကို သူ ရှိနေတဲ့ နေရာကို ရဲတွေ သိသွားပြီလို့ အသိပေးလိုက်။ ”
++++++