← Chapters

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း ၈၆၅

Vol. 58 Ch. 865

865 01

အခန်း ( ၈၆၅ ) ကောလဟာလများ။

စုယန်ယန်က သူမအား ဒီဓာတ်ပုံကို အွန်လိုင်းပေါ် တက်လို့ ရတယ်လို့ ပြောနေပြီမို့ ယို့ယွင်ရှစ်ကလည်း သဘာဝကျစွာပင် ကြွားဝါနိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ပါ။

ပုံကို နည်းနည်းပါးပါး ပြင်ပြီးသွားတော့ ကလေးရဲ့ မျက်နှာဖောင်းဖောင်းလေးကို အဝါရောင်နေလုံး စတစ်ကာလေးနှင့် အုပ်ကာ “ ဘော့စ်က အိမ်ရှေ့စံမင်းသားလေးကို ဒီနေ့ ကုမ္ပဏီကို ခေါ်လာခဲ့တယ်။ အိမ်ရှေ့မင်းသားလေးက အရမ်း ချစ်စရာကောင်းပြီး မျက်နှာဖောင်းဖောင်းလေးနဲ့ ပါးချိုင့်လေးတွေ ရှိတယ်။ ငါ သူ့ကို မြှူလိုက်တိုင်းလည်း ပြုံးတယ်။ သူ့ကို ကြည့်ရတာ နတ်သားလေး တစ်ပါးနဲ့ တူတယ်။ ”

ယို့ယွီရှစ်သည် ဓာတ်ပုံကို သူမတစ်ယောက်တည်း တင်ရုံသာမကဘဲ ယွင်လော့ရှန်းကိုလည်း သူမနှင့်အတူ အဖော်လုပ်ပေးစေချင်ခဲ့သည်။ ယွင်လော့ရှန်းကလည်း သူမရဲ့ ကမ်းလှမ်းချက်ကို မငြင်းဆန်ဘဲ ခပ်ဆင်ဆင် Post တစ်ခုကို တင်ခဲ့သည်။ သို့သော် သူမရဲ့ Post ထဲက ဓာတ်ပုံကတော့ ကလေးရဲ့ မျက်နှာကို နေကြာပန်းပွင့်ကြီးနှင့် အုပ်ထားတဲ့ အဖွဲ့လိုက်ဓာတ်ပုံ ဖြစ်သည်။

သူတို့နှစ်ယောက်က တခြားကလေးတွေကို ကြွားဝါခြင်းနှင့်လည်း ကျင့်သားရနေတာမို့ ဒီကိစ္စကို လျင်လျင်မြန်မြန်ပဲ မေ့လျော့သွားခဲ့ကြကာ ဒီဓာတ်ပုံတွေက လူတွေကြားမှာ ပွက်လောရိုက်စေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

ယွင်လော့ရှန်း ထို Post ကို တင်ပြီး သိပ်မကြာခင်မှာပဲ နျဉ်ချီလွေ့ကလည်း တူညီတဲ့ Post တစ်ခုကို တင်ခဲ့သည်။ Post ထဲက ဓာတ်ပုံမှာတော့ ကလေးရဲ့ မျက်နှာကို ပန်းရောင် အသည်းပုံကြီး တစ်ခုနှင့် ဖုံးအုပ်ထားခဲ့သည်။

ထိုအသည်းပုံကြောင့်ပဲ နျဉ်ချီလွေ့ကို ဆန့်ကျင်မုန်းတီးသူတွေက သူ့ Post ကို မြင်သည်နှင့် ချက်ချင်းပဲ တခြား အတွေးတွေ ဝင်သွားခဲ့ကြသည်။

ထို့ကြောင့် နာရီဝက်အကြာမှာ နျဉ်ချီလွေ့နှင့် ယွင်လော့ရှန်းရဲ့ မန်နေဂျာတွေက သူတို့ကို တစ်ချိန်တည်းမှာ ပြိုင်တူ ဖုန်းဆက်ပြီး အင်တာနက်ပေါ်က Post မှာ ဘာတွေ ဖြစ်နေတာလဲဟု မေးလာခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲ ဆိုတာက ဘာအဓိပ္ပာယ်လဲ။ လိုရင်းကို ပြောစမ်းပါ။ ဘော့စ်က ဒီနေ့ မင်းသားလေးကို ရုံးကို ခေါ်လာတယ်။ ကျွန်တော့်မှလည်း လုပ်စရာ မရှိတာနဲ့ လမ်းလျှောက်ရင်း အပေါ်ထပ်ကို တက်သွားတာ။ ကလေးကို မြှူရင်းနဲ့ ဓာတ်ပုံတွေလည်း ရိုက်ခဲ့သေးတယ်။ အဲ့ဓာတ်ပုံတွေထဲက တစ်ပုံက်ု ကျွန်တော့်ပရိသတ်တွေအတွက် တင်ပေးလိုက်တာလေ။ အဲ့ဒါ ဘာဖြစ်လို့လဲ။ ”

“ တခြား အကြောင်းပြချက် မရှိဘူးလား။ ”

“ ဘယ်လို အကြောင်းပြချက် ရှိရဦးမှာလဲ။ ”

“ မင်းကိုယ်တိုင် သွားရှာကြည့်လိုက်တာ ပိုကောင်းတယ်။ လူတွေက မင်းရဲ့ ဓာတ်ပုံကို တော်တော်လေး စိတ်ဝင်စားပြီး ကောလဟာလတွေ ဖန်တီးနေကြတယ်။ ”

“ ကောလဟာလတွေ .. ဟုတ်လား။ ”

နျဉ်ချီလွေ့ အလွန် ထိတ်လန့်သွားမိသည်။ သူက ဒီတိုင်း Post လေး တစ်ခု တင်လိုက်တာကို ဘာလို့ ကောလဟာလတွေ ထွက်လာတာလဲ ဆိုတာလည်း နားမလည်နိုင်ပေ။ ကောလဟာလတွေကို စုံစမ်းအပြီးမှာတော့ နျဉ်ချီလွေ့တစ်ယောက် ဆွံ့အသွားရလေသည်။ လူတွေက သူနဲ့ … ယွင်လော့ရှန်းနဲ့ တွဲနေတယ်လို့ ပြောနေကြတာလား။

“ မင်း မြင်ပြီးပြီလား။ ”

“ … ကျွန်တော်နဲ့ ယွင်လော့ရှန်းနဲ့က ဘယ်လိုလုပ် ကောလဟာလထွက်ရတာလဲ။ သူနဲ့ ကျွန်တော်နဲ့က ကုမ္ပဏီ တစ်ခုတည်းက ဆိုတာ မှန်ပေမဲ့ သူနဲ့ စကားငါးခွန်းအထက်တောင် တစ်ခါမှ ‌မပြောဖူးဘူး။ ဘယ်လိုလုပ်ပြီး ကောလဟာလထွက်လာရတာလဲ။ ”

“ မင်း ဆိုရှယ်မီဒီယာမှာ တင်လိုက်တဲ့ ပုံကြောင့်လေ။ မင်း တခြား စတစ်ကာတွေ ဘာလို့ မသုံးခဲ့တာလဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် အသည်းပုံစတစ်ကာက ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်း မသိဘူးလား။ ”

နျဉ်ချီလွေ့ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဘာရယ်မဟုတ် ဒီတိုင်း တင်လိုက်မိတဲ့ Post လေးက အင်တာနက်ပေါ်မှာ လူတွေကို ထင်ချင်ရာတွေ လျှောက်ထင်စေလိမ့်မည်ဟု ဘယ်သိခဲ့ပါ့မလဲ။ ဒီလူတွေ အဲ့လောက်တောင် အားယားနေတာလား။

“ … ကျွန်တော်က ဘာမှ သိပ်မတွေးဘဲနဲ့ ဒီတိုင်း တင်လိုက်တာပါ။ ဘော့စ်ရဲ့ ကလေးလေးက ချစ်စရာကောင်းလွန်းတော့ ကျွန်တော်လည်း သူ့ကို ချစ်တာနဲ့ အသည်းပုံစတစ်ကာလေး အုပ်ပြီး တင်လိုက်တာ။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ”

နျဉ်ချီလွေ့ရဲ့ မန်နေဂျာက ထိုစကားကို ကြားသောအခါ စိတ်အေးသက်သာ ဖြစ်မသွားရုံသာမက ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။ “ မင်း တစ်ခုခု မလုပ်ခင် ဦးနှောက်သုံးလို့ မရဘူးလား။ မင်းက မင်းသားလေးကို ချစ်လို့ Post တင်တာလို့ ကိုယ့်ဘာသာ ထင်နေပေမဲ့ တခြားလူတွေရဲ့ အမြင်မှာတော့ ဒါက ကလေးအမေကို မင်း ချစ်ကြောင်း ဝန်ခံနေတာပဲ။ ”

“ ကလေးအမေကို … ဟုတ်လား။ ယွင်လော့ရှန်းနဲ့ ကျွန်တော်နဲ့ ကောလဟာလထွက်နေတာ မဟုတ်ဘူးလား။ ဘော့စ်က ဘယ်က ဘယ်လို ပါလာရပြန်တာလဲ။ ”

865 02

“ မင်းက ဘော့စ်ရဲ့ ကလေးကို ဓာတ်ပုံရိုက်ပြီး Post တင်လိုက်မှတော့ ဘော့စ်နဲ့ မပတ်သက်ဘဲ နေမလား။ မင်းရဲ့ ဖန်တွေက မင်းကို ကူညီပေးလို့ တော်သေးတယ်။ သူတို့က လူတွေရဲ့ အာလုံးကို ယွင်လော့ရှန်းဘက် ရောက်အောင် ဆွဲခေါ်ပေးသွားတာ။ မဟုတ်ရင် မင်းနဲ့ ယွင်လော့ရှန်းရဲ့ ကောလဟာလအစား အိမ်ထောင်သည် ဘော့စ်နဲ့ မင်းနဲ့ ဖောက်ပြန်နေပါတယ် ဆိုပြီး ကျော်မကောင်းကြားမကောင်း သတင်းတွေ တက်လာလိမ့်မယ်။ ”

နျဉ်ချီလွေ့ : “ !!! ” လခွမ်း။ ငါ ဘာမှ လုပ်မထားဘူးလေ။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ ငါက အပြစ်ကင်းတယ်။

++++++

All Chapters