← Chapters

အခန်း ၈၇၂

Vol. 59 Ch. 872

အခန်း ၈၇၂

Vol. 59 Ch. 872

အခန်း ( ၈၇၂ ) ကလေးကို အလွှတ်ပေးပြီး ငါ့အတွက် လမ်းဖယ်ပေးစမ်းပါ။

[ သူက မင်းအစ်ကို မဟုတ်ဘူး။ မင်းသားလေးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ အစ်ကိုတွေ ၊ အစ်မတွေ အကုန်လုံးက တကယ့်ကို နူးညံ့ပြီး အချစ်စိတ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အကြည့်တွေနဲ့ ကလေးကို ကြည့်နေကြတာ။ ဟမ့် ၊ ထူးဆန်းလိုက်တဲ့ ဦးလေးကြီးတွေ .. အဒေါ်ကြီးတွေပဲ။ ကလေးကို အလွတ်ပေးပြီး ငါ့အတွက် လမ်းဖယ်ပေးစမ်းပါ။ ]

[ ဟားဟားဟားဟား ၊ ဥက္ကဌစုရဲ့ ကလေးကို ဝဝကစ်ကစ်နဲ့ ချစ်စရာလေး။ ငါ ငါ့အိုင်ဒေါကို ဒီလောက် နှစ်တွေ အကြာကြီး လိုက်နေတာတောင် မအောင်မြင်သေးတာ ဒါ့ကြောင့်ပဲ ဖြစ်မယ် ထင်တယ်။ ငါ့မှာ ချစ်စရာကောင်းတဲ့ ကလေးလေး မရှိလို့လား။ ]

အချိန်ခဏအတွင်းမှာပဲ #မင်းသားလေးနဲ့ တွဲရိုက်ထားတဲ့ တုန်ချမ်းအုပ်စု အနုပညာရှင်တွေရဲ့ ဓာတ်ပုံ ၊ #အိုင်ဒေါတွေကို လိုက်နေတဲ့ မိန်းကလေးတွေရဲ့ အားကျမှု ၊ #သမိုင်းတစ်လျှောက် အငယ်ဆုံး C အဆင့် ၊ #ငါက ငါ့အိုင်ဒေါနဲ့ နီးစပ်ဖို့ ကလေးတစ်ယောက်ပဲ လိုအပ်နေတာပါ စသည်ဖြင့် ထူးဆန်းတဲ့ တခြား သတင်းတွေဟာ ထိပ်တန်း ရေပန်းစားမှုစာရင်းထဲကို အလျင်အမြန် တက်လှမ်းဝင်ရောက်လာခဲ့လေသည်။

အချစ်ရေး ကောလဟာလတွေ အကုန်လုံးကို သူတို့ ဖုံးကွယ်လိုက်နိုင်ရုံသာမက အကြောင်းပြချက် အမျိုးမျိုးဖြင့် လူကြားထဲကို ထွက်ပေါ်လာတာ ရှားတဲ့ တုန်ချမ်းက အနုပညာရှင် တချို့ကိုလည်း လူကြားထဲ ထွက်ပြီး လူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်အောင် လုပ်ခဲ့သည်။ တခြားလူတွေဆီမှာ ဝေဖန် အပြစ်တင်ခံရမှာကို သူတို့ စိုးရိမ်စရာ မလိုပေ။ ခဲ တစ်လုံးတည်းနှင့် ငှက် သုံးကောင်ကို သတ်ပစ်လိုက်နိုင်သည် ဟူ၍ပင် ပြောလို့ ရသည်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တုန်ချမ်းရဲ့ မျက်နှာသစ် အနုပညာရှင်လေးတွေကို နာမည်ဖျက်ဖို့ ပြင်ဆင်နေတဲ့ ပြိုင်ဖက်ကုမ္ပဏီတွေက မတုံးအပါ။ သူတို့က အခြေအနေမဟန်တော့မှန်း သိသည်နှင့် ချက်ချင်းပဲ ရပ်တန့်လိုက်ကြသည်။

သူတို့ အချိန်မီ ရပ်တန့်လိုက်လို့ပဲ သိပ်အထိနာမသွားခဲ့တာ ဖြစ်သည်။ လူအား ၊ ငွေအားတွေ အများကြီး သုံးပြီး သူတစ်ပါးကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမဲ့ အုဆံးသတ်မှာတော့ သူတို့ရဲ့ အကြံအစည် အထမမြောက်ခဲ့တဲ့အပြင် ပြိုင်ဖက်ကုမ္ပဏီကိုပါ အကျိုးဖြစ်ထွန်းသွားစေခဲ့သည်။ ဒီဒေါသကို မျိုသိပ်ထားဖို့ သိပ်မလွယ်ပေမဲ့ တိတ်ဆိတ်စွာ ချုပ်တည်းထားဖို့သာ သူတို့ တတ်နိုင်သည်။

နျဉ်ချီလွေ့နှင့် တခြား မျက်နှာသစ်လေးတွေကို ခဏ ဖယ်ထားလိုက်ပါဦး။ လော့ဝေပင်း ၊ ရွှယ်ခိုင်ဝေနှင့် ဟုန်ဟွေ့က အတော်လေး အရေးပါပြီး မကြာခဏလည်း လူပြောများ ရေပန်းစားတတ်တဲ့ အနုပညာရှင်တွေ ဖြစ်သည်။

ပရိသတ်ပေါင်းစုံ စုဝေးသွားတဲ့အခါ အင်တာနက်အသုံးပြုသူ တစ်ဝက်နီးပါးရဲ့ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူတို့က ထိပ်တန်း ရေပန်းစားမှုစာရင်းရဲ့ တစ်ဝက်လောက်ကို နေရာယူထားတာကြောင့် လူတိုင်း အလွယ်တကူ သတိထားမိသွားခဲ့သည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပလက်ဖောင်းကို တာဝန်ယူထားတဲ့ ယုကျစ်ယန်က ထိုကိစ္စတွေကို အမြဲတမ်း စေ့စေ့စပ်စပ် ဂရုစိုက်တတ်တဲ့ လူပင်။ သူ အစည်းအဝေးတစ်ခု လုပ်ပြီးသွားချိန်မှာပဲ လူပြောများနေတဲ့ ထိုသတင်းတွေကို မြင်လိုက်ရတာ ဖြစ်သည်။ သဲလွန်စတွေကို ပေါင်းစပ်လိုက်တော့ ‌ဇာတ်လမ်းတစ်ပုဒ်လုံးကို အကြမ်းဖျင်း နားလည်သွားကာ သတင်းတွေကို အတိအကျ စုံစမ်းပြီး ဟောက်ချန်ဟွမ်းထံ တင်ပြလိုက်၏။

ဟောက်ချန်ဟွမ်းက ယုကျစ်ယန်ရဲ့ မက်ဆေ့ခ်ျကို မြင်တော့ သူ တစ်စုံတစ်ခုကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။ သတင်းတစ်ပုဒ်ကို နှိပ်ကြည့်လိုက်တော့ သူ့ရဲ့ ချစ်လှစွာသော ဇနီးလေးရဲ့ ရုံးခန်းဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ အလုပ်တက်ရာ နေရာလေး ဖြစ်နေပြီး သူ့ကလေးလေးဟာလည်း ထိုအနုပညာရှင်တွေအတွက် ဓာတ်ပုံတွဲရိုက်စရာလေး ဖြစ်လာပြီ ဆိုတာ မြင်လိုက်ရသည်။

ဟောက်ချန်ဟွမ်း : “ ??? ” မင်းတို့ ငါ့မိန်းမနဲ့ ငါ့ကလေးကို ဘာလုပ်လိုက်ကြတာလဲ။

“ ဒါတွေက ဘာတွေလဲ။ ”

ယုကျစ်ယန်သည် ဟောက်ချန်ဟွမ်း သူ့ကို ဗီဒီယိုကောလ် ချက်ချင်း ခေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ နှာခေါင်းကို မလုံမလဲ ပွတ်သပ်ပြီး တဟဲဟဲ ရယ်လိုက်မိသည်။ “ သခင်မလေးက ဒီနေ့ အိမ်ရှေ့မင်းသားလေးကို ကုမ္ပဏီကို ခေါ်လာတယ်။ ကုမ္ပဏီထဲက အနုပညာရှင်တွေက အိမ်ရှေ့မင်းသားလေးအကြောင်း အရမ်း သိချင်နေတယ်လို့ ပြောလို့ ရတယ်။ သူတို့က သခင်မလေးရဲ့ ရုံးခန်းထဲကို ပြေးလာပြီး အိမ်ရှေ့မင်းသားကို ဝိုင်းကြည့်ခဲ့ကြတယ်။ နောက်ဆုံးတော့ အိမ်ရှေ့မင်းသားလေးရဲ့ ဆွဲဆောင်မှုအောက်မှာ တစ်ယောက်မကျန် ကျရှုံးသွားပြီး ဓာတ်ပုံတွေ တွဲရိုက်ပြီး Post တင်ကြတယ်။ အဲ့လိုကနေ နာမည်ကြီးသွားတာပါ။ ”

ဟောက်ချန်ဟွမ်း မျက်ခုံးပင့်သွားရသည်။ “ ဒါက တိုက်ဆိုင်မှုလား ၊ ကြိုတင် ပြင်ဆင်ထားတာလား။ ”

“ အစပိုင်းမှာတော့ တိုက်ဆိုင်မှုပဲ နေမှာပါ။ သူက ဆိုးဝါးတဲ့ ကိစ္စလေးတွေ လုပ်ပြီး ပြဿနာရှာခဲ့တယ်လေ။ နောက်ကွယ်က လူတွေက သခင်မလေးရဲ့ ကုမ္ပဏီက လူထုဆက်ဆံရေးဌာနက လူတွေပဲ နေမှာပါ။ ဒါပေမဲ့ မင်းသားလေးနဲ့ တွဲရိုက်ထားတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကို ကြည့်ရသလောက် ရိုးသားတဲ့ လူတွေချည်းပါပဲ။ ပြောရရင် မင်းသားလေးက အရမ်း ချစ်စရာကောင်းပြီး ခဏ ခဏ ပြုံးတတ်တော့ သူ့ကို လူတိုင်း သဘောမကျတာ မဆန်းပါဘူး။ ”

မှန်ပါသည်။ ဟောက်ချန်ဟွမ်းရဲ့ အမူအရာက နည်းနည်းလေးတော့ ကြည်လင်သွား၏။

ကိုယ့်ကလေးကို ချီးကျူးတာ မကြိုက်တဲ့ မိဘရယ်လို့ မရှိပါ။ ဟောက်ချန်ဟွမ်းလည်း ထိုမိဘတွေထဲက တစ်ယောက်ပါပဲ။

သို့သော်လည်း ယုကျစ်ယန်ရဲ့ ပထမစကားတစ်ဝက်က သူ့စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ “ ပြဿနာရှာတယ် … ဟုတ်လား။ ဘာပြဿနာလဲ။ ”

All Chapters