← Chapters

အခန်း ၈၈၃

Vol. 59 Ch. 883

အခန်း ၈၈၃

Vol. 59 Ch. 883

အခန်း ( ၈၈၃ ) ငရုတ်သီးရဲ့ နာမည်ကျော်ကြားမှု။

စုယန်ယန်ဘက်က သူမရဲ့ ခင်ပွန်းဟာ အစပ်စားရတာ ကြိုက်တယ်လို့ တစ်ခါမှ လူသိရှင်ကြား ထုတ်မပြောဖူးပေမဲ့ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို အကြာကြီး ကြည့်လာခဲ့တဲ့ ကြည့်ရှုသူတွေက မတုံးပါ။

သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တဲ့ အချိန်တိုင်းမှာ ဟောက်ချန်ဟွမ်းကလည်း တခြား ကြည့်ရှုသူတွေနှင့် တပြေးညီ ကြည့်နေမယ် ဆိုတာကို စုယန်ယန် သိသောကြောင့် သူ့အတွက် အရသာရှိတဲ့ အစားအသောက်တွေ ချက်ပေးတိုင်း “ ဒါက ကျွန်မရဲ့ ယောက်ျားအတွက်ပါ ” ဟု ချိုသာသော လေသံလေးဖြင့် ပြောလေ့ ရှိသည်။

အဲ့ဒါကြောင့်ပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက တစ်ကိုယ်တည်းသမားလေးတွေက အချိန်နှင့်အမျှ ခွေးစာတွေ စားနေရပြီး သူတို့ကို ချဉ်တူးနေတဲ့ သံပုရာသီးတွေအဖြစ် အသွင်ပြောင်းသွားအောင် နှိပ်စက်ခံနေရသည်ဟု အော်ပြော‌ကြတာပါ။

ခွေးစာတွေကို မစားချင်လည်း လေး ၊ ငါးကြိမ်လောက် အတင်း ထိုးသွပ် အကျွေးခံခဲ့ရတဲ့ ကြည့်ရှုသူတွေထဲက အာရုံစူးရှသော တချို့ဟာ စုယန်ယန်ရဲ့ ပုံမှန် ပြောဆိုနေကျ စကားလုံးတွေထဲကပင် ဟောက်ချန်ဟွမ်းရဲ့ အကြိုက်တွေကို ရိပ်စားလာမိကြသည်။

ဒီဟင်းလျာ သုံးမျိုးကို ကြည့်ပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေ အရည်ပျော်ကျသွားခဲ့သည်။ ဘယ်လိုလုပ် ဒီလောက်တောင် အရသာရှိနေရတာလဲ။ ဒါက တကယ့်ကို ခွေးစာအိုးကြီးပဲ … ။

ဒီကိစ္စ မတိုင်ခင်တုန်းကတော့ စုယန်ယန်သည် သူမရဲ့ ကြည့်ရှုသူတွေဟာ ဉာဏ်ကောင်းတဲ့ လူတွေချည်းပဲ ဆိုတာကို နားမလည်ခဲ့ပေ။ သူမရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ကော့တက်သွားပေမဲ့ ဘာကိုမှ တကူးတက မရှင်းပြဖြစ်ပါ။

“ ထုံးစံအတိုင်း ဟင်းလျာတွေထဲက တစ်ယောက်စာလေးတွေကို ကံကောင်းတဲ့ ကြည်ရှုသူလေးတွေဆီ လက်ဆောင်ပေးသွားမှာပါ။ မနက်ဖြန်ကျရင် ငရုတ်သီးလို ဟင်းခတ်အမွှေးအကြိုင်တွေကို တရားဝင် ရောင်းချတော့မှာ ဆိုတော့ လက်ဆောင်မရလည်း ဘာမှ စိတ်ပျက်စရာတော့ မလိုပါဘူး။ ရောင်းမယ့်ထဲမှာ တခြား ပစ္စည်းတွေထက် ငရုတ်သီးတွေက ပိုများလိမ့်မယ်။ အရင်ဆုံး ဝယ်တဲ့ လူကတော့ အရင်ဆုံး ရမှာပါ။

ဒီနေ့ စုယန်ယန်က အစပ်ဟင်းလျာ သုံးမျိုးကို တစ်ပြိုင်တည်း ချက်ပြုတ်ထားခဲ့သည်။ ထိုဟင်းလျာ သုံးမျိုးထဲက တစ်မျိုးကတော့ ဟောက်ချန်ဟွမ်းက အခုနောက်ပိုင်း သူမရဲ့ မီးဖွားကာလမှာ သူမ စားတဲ့ အစားအသောက်တွေကိုပဲ အတူတူ အဖော်ပြုပြီး လိုက်စားပေးနေခဲ့၍ သူ့အကြိုက် အစားအသောက်တွေကို မစားရတာ အချိန်အတော် ကြာခဲ့ပြီမို့ သူ့အကြိုက်ကို ချက်ကျွေးတာပင်။

အခြားတစ်ဖက်၌ ငရုတ်သီး ၊ ငရုတ်ကောင်းနှင့် တခြား ဟင်းခတ်အမွှေးအကြိုင်တွေဟာ များသေုအားဖြင့် တစ်နှစ်သက်တမ်း ရှိနေပြီး အခြား တရုတ်တေးပင်တွေထက် ပိုတာရှည်ခံတာကြောင့်လည်း ပါသည်။ ပြီးတော့ ကုန်ထုတ်လုပ်ရေးကလည်း ကြီးမားသည်။

မနက်ဖြန် ပထမအသုတ် ရောင်းချမှုအတွက် ထိုပစ္စည်း တစ်မျိုးတည်းရဲ့ စုစုပေါင်း ရောင်းချမှု ပမာဏက အကြီးဆုံး ဖြစ်ကာ အနာဂတ်မှာ ရောင်းချဖို့ အသင့်တော်ဆုံးလည်း ဖြစ်နိုင်သည်။

ပြောရရင် ဒီကမ္ဘာပေါ်မှာ အစပ်ကြိုက်တဲ့ လူတွေ အများကြီး ရှိသည်။ ဟောက်ချန်ဟွမ်းနှင့် စုမိသားစုကလည်း အစပ်ကြိုက်တယ် ဆိုတာကိုတော့ ထည့်ပြောမနေပါနဲ့တော့။ သူတို့ လူထုရဲ့ အကြိုက်ကို အာရုံစိုက်ဖို့ လိုသည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေက စုယန်ယန်‌ရဲ့ စကားကို ကြားတော့ မျက်လုံးတွေ အရောင်တောက်သွားကြသည်။ သူမ ပြောသလိုပဲ အစပ်ကြိုက်တဲ့ လူတွေ အများကြီး ရှိတာပါ။

သို့သော်လည်း သုတေသနဌာနအပြင် စုယန်ယန်တစ်ယောက်တည်းမှာပဲ ငရုတ်သီး ရှိပြီး သူတို့က ဒီအစပ်ဟင်းလျာကိုလည်း စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာပဲ မြည်းစမ်းကြည့်ဖူးတာ ဖြစ်သည်။ သူတို့ အထက်တန်းလွှာ စားသောက်ဆိုင်တစ်ဆိုင်ကို သွားပြီး အစပ်ဆုံး အစားအသောက်တွေကို မှာယူခဲ့လျှင်တောင် တစ်ခုခု လစ်ဟာနေသလို ခံစားရလိမ့်မည်။

အခု စုယန်ယန်က လက်ဆောင်ပေးမည်ဟု ပြောလိုက်တော့ အစပ်ဟင်းလျာတွေကို လုယူချင်နေတဲ့ လူတွေ အများကြီး ‌ရှိနေတယ် ဆိုတဲ့ လူတိုင်းရဲ့ ရှင်းမပြနိုင်တဲ့ အဆိုးမြင်ဝါဒသည် ချက်ချင်းပဲ မီးတောက်လောင်သွားခဲ့သည်။

အားကောင်းတဲ့ ရန်သူတွေ အများကြီး ရှိသော်လည်း သူတို့အတွက် အပြိုင်လုယူဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းသမား ဖြစ်လာခဲ့တဲ့ သူတို့ရဲ့ လက်တွေကို အသုံးချဖို့ အချိန်ကျပါပြီ။

စုယန်ယန်က ကံစမ်းမဲနှိုက်ပြီးသွားသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပိတ်လိုက်၏။ သူမသည် တရုတ်စားဖားဟင်းအိုးကို သယ်လျက် မီးဖိုချောင်ထဲက ထွက်လာချိန်မှာပဲ အပြင်ကနေ အလောတကြီး ပြန်လာတဲ့ ဟောက်ချန်ဟွမ်းနှင့် ဝင်တိုက်မိသွားသည်။

“ ရှင် ပြန်လာပြီပဲ။ အချိန်ကွက်တိပဲ။ ဟင်းတွေလည်း ကျက်ပြီ။ ပူတုန်း စားလိုက်နော်။ အေးသွားရင် စားမကောင်းတော့ဘူး။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ လက်ထဲက တရုတ်စားဖားဟင်းအိုးကို ကြည့်ပြီး ခေါင်းသာ ညိတ်ပြလိုက်သည်။ သူ ခုနတုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေကတည်းက ဒီဟင်းလျာတွေ အကုန်လုံးက သူ့အတွက် ချက်ပြုတ်ပေးထားတွေမှန်း သိတာမို့ နွားခြေရာခွက်ထဲက ဖားသူငယ်လို ကြည့်ရှုသူတွေနှင့် ရန်ဖြစ်စရာ မလိုခဲ့ပေ။

ဟောက်ချန်ဟွမ်းသည် အိုးထဲက ပျံ့လွင့်လာတဲ့ အမွှေးနံ့ကို ရချိန်မှာ အခုမှ ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ကြည့်ရှုသူတွေရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကိုလည်း တွေးမိသွားသည်။

အစားအသောက်တွေ အကုန်လုံး တည်ခင်းပြီးချိန်မှာတော့ ဦးလေးကျန်းက ကောင်ကလေးနှင့်အတူ ပြန်ရောက်လာပါသည်။

ကောင်ကလေးက အခုမှ နို့သောက်ထားခါစ ဆိုသော်လည်း တအဲ့အဲ့ အော်ငိုရင်း ထမင်းစားပွဲနားကို ချဉ်းကပ်လာခဲ့သည်။ ဒီကောင်လေး ထမင်းအနံ့ကို ရသွားလို့ စားချင်နေတယ် ဆိုတာ သိသာသည်။

စုယန်ယန်က အဲ့ဒါကို မြင်တော့ စိတ်ဝင်စားသွားကာ သူမကလေးရဲ့ ပါးဖောင်းဖောင်းလေးကို ဖျစ်ညှစ်၍ ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ သားက ဒါတွေ စားချင်လို့လား။ ပြောပါဦးကွယ် ၊ သား စားချင်နေတာလား။ ”

“ အဲ့ … အဲ့ … ” ကြယ်လေးရဲ့ အရည်စိုလဲ့သော မျက်လုံးကြီးတွေက တူနှင့် ညှပ်ယူထားတဲ့ အသားပိုင်မုန့်လေးကို စူးစိုက်ကြည့်နေ၏။ သူ့ပါးစပ်လေးကလည်း တံထွေးမျိုချနေသလိုမျိုး အကြိမ်ပေါင်းများစွာ အနည်းငယ် လှုပ်တုပ်လှုပ်တုပ် ဖြစ်နေခဲ့သည်။

All Chapters