← Chapters

အခန်း ၈၈၉

Vol. 60 Ch. 889

အခန်း ၈၈၉

Vol. 60 Ch. 889

အခန်း ( ၈၈၉ ) အမည်ခံ ရိုးသားသူ။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားသောအခါ အန္တရာယ်များစွာ မျက်မှောင်ကြုတ်၍ အေးစက်စက် ပြောလိုက်သည်။ “ ရှင် လုပ်ချင်တဲ့အတိုင်းသာ လုပ်ပါ။ သူ့ကို ဘာမှ ညှာတာနေစရာ မလိုဘူး။ ”

ထိုဖြစ်ရပ်အပြီးမှာ စုယန်ယန်သည် အိမ်ရဲ့ လုံခြုံရေးကင်မရာတွေကို ရိုလီပိုလီဆီက တောင်းကြည့်လိုက်သောအခါ တကယ်တော့ ထိုအမျိုးသမီးသာ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ကလေး ကစားတဲ့ အခန်းနားမှာ ယောင်ပေပေ လုပ်နေတာကို တွေ့သွားခဲ့သည်။

သူမက ထိုအချိန်တုန်းက ကလေး ကစားတဲ့ အခန်းနားကို အမှန်တကယ် ချဉ်းကပ်မသွားဘဲ ကလေးအပေါ် မသမာတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့တာကြောင့်သာ ရိုလီပိုလီရဲ့ ခန္ဓာကိုယ်ထဲက သူမကို ဖမ်းဆီးအပြစ်ဒစ်ပေးမယ့် လုံခြုံရေးစနစ် ချစ်ပ်ပြားကို မလှုံ့ဆော်ခဲ့မိတာ ဖြစ်သည်။

အဲ့ဒါက ရိုလီပိုလီကို ပြီးပြည့်စုံမှုမရှိတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်သွားစေတဲ့ အားနည်းချက်ပါပဲ။ သူ့တုံ့ပြန်မှုက သူမတို့ မျှော်လင့်ထားသလောက် မလျင်မြန်ပေ။

ထို့ကြောင့် မနက်စောစော စုယန်ယန် ကုမ္ပဏီကို ထွက်သွားသည်နှင့် ဟောက်ချန်ဟွမ်းသည် ကျိုးယန်ပိုင်ကို ခေါ်ပြီး ရိုလီပိုလီကို အဆင့်မြှင့်ခိုင်ကာ စောစောစီးစီး သတိပေးသည့် စနစ်ကို ထည့်သွင်းခိုင်းခဲ့သည်။

သူတို့ မထိန်းချုပ်နိုင်တဲ့ အားနည်းချက်တွေအကြောင်း သူတို့ဆရာကို တင်ပြပြီးသွားတော့ ဆရာက တစ်ဖက်လူရဲ့ အဓိက ရည်ရွယ်ချက်ကို ခွဲခြမ်းစိပ်ဖြာပြီး အန္တရာယ် တချို့ကို ထိထိရောက်ရောက် ရှောင်ရှားခဲ့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား ထိုအမျိုးသမီးရဲ့ သားအကြောင်းကို စုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေနှင့် လုံခြုံရေးကင်မရာတွေကို ပေါင်းစပ်ကာ မူမမှန်သော တစ်စုံတစ်ခုကို လျင်လျင်မြန်မြန်ပဲ သတိထားမိသွားခဲ့သည်။

ထိုအမျိုးသမီးဟာ သူမရဲ့ သား လောင်းကစားအကြွေးပုံထဲ နစ်နေတဲ့ အချိန်ရောက်မှ ကလေး ကစားတဲ့ အခန်းနားမှာ ရစ်သီရစ်သီ လုပ်မိတာပါဟု ပြောထားပေမဲ့ ဟောက်ချီဟန်ကတော့ သူမကို လွန်ခဲ့တဲ့ သုံးရက်တုန်းကမှ ဆက်သွယ်ခဲ့တာ ဖြစ်သည်။

အဲ့ဒါက ဘာသဘောလဲ ဆိုရင် ထိုမိန်းမဟာ ဟောက်ချီဟန်နှင့် အဆက်အသွယ်မရှိခင်ကတည်းက သူမရဲ့ သားကို မကောင်းကြံဖို့ တွေးနေတယ် ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ ထိုအချိန်တုန်းက သူမက တုံ့ဆိုင်းနေတာ ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင်လည်း သူမရဲ့ သားကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ သတ္တိမရှိသေးလို့ပဲ ဖြစ်လိမ့်မည်။ ဟောက်ချီဟန် ပေါ်ပေါက်လာခြင်းကတော့ သူမကို မကောင်းမှုအား လက်ဆုပ်လက်ကိုင် ကျူးလွန်မိစေခဲ့သည်။

ကလေးကို ပြန်ပေးဆွဲဖို့အတွက်သာ ပိုက်ဆံယူထားပြီး ဦးလေးဖြစ်သူလက်ထဲ လွှဲပေးရမယ့် ကြံရာပါကတော့ ဒီမသမာမှုတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူလောက် အပြစ်မရှိဘူးပေါ့လေ … ။

ပိုက်ဆံရလာသည်နှင့် အကြွေးနွံနစ်နေတဲ့ သူမရဲ့ သားကို ကယ်ပြီး အဝေးကို ထွက်ပြေးသွားလို့ ရသည်။ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ကို ရင်းပြီး သူမရဲ့ ဘော့စ်ဆီကနေ ပိုက်ဆံချေးစရာ မလိုတော့ပါ။ ကြိုးကိုင်သူ ဟောက်ချီဟန်က လမ်းကြောင်းတွေကို ပိတ်ဆို့ထားရင် ဟောက်ချီဟန်နှင့် ကျန်လူတွေကလည်း အမုန်းတရားတွေနှင့် ပြည့်နှက်နေတဲ့ ရန်သူတွေကြားက တိုက်ပွဲအစွန်းမှာ ကြားညှပ်နေတဲ့ ဒီပုစွန်လေးကို လိုက်ရှာနိုင်မှာ မဟုတ်ပါ။

သူမ ခိုးလာတဲ့ ကလေးကို ဟောက်ချီဟန်လက်ထဲ ထည့်ပေးလိုက်ပြီးတဲ့နောက်ပိုင်း ထိုကလေး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ပိုက်ဆံကိစ္စ ပြေလည်သွားသည်နှင့် သူမနှင့် ဘာမှ မဆိုင်တော့။

အခြေအနေ အရပ်ရပ်ကို နားလည်သွားတဲ့ စုယန်ယန်အတွက် ထိုအမျိုးသမီးကို သနားစိတ်ဝင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပေ။

အခံရခက်စရာအကောင်းဆုံးကတော့ ထိုကိစ္စ ပြီးတဲ့နောက်မှာ ကလေးထိန်းနှင့် ဦးလေးကျန်းက စုယန်ယန်ကို အပြစ်မကင်းစိတ်နှင့် လာရောက် တောင်းပန်ကြတာပဲ ဖြစ်သည်။ သူတို့ရဲ့ ပေါ့ဆမှုကြောင့် ဒီလို အဖြစ်အပျက်မျိုး ဖြစ်သွားတာလို့ ခံစားရလို့ပါဟု ဆိုသည်။

သူမ အလွန် ဩချမိပါသည်။ အဲ့ဒီလို ရိုးသားတဲ့ လူတစ်‌ယောက်က ဒီလိုမျိုး လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

မှန်ပါသည်။ ဟောက်မိသားစုအိမ်တော်မှာ ရှိတဲ့ လူတိုင်းဟာ ထိုအမျိုးသမီးကို ရိုးသားသူတစ်ယောက်လို့သာ ထင်ထားကြသူတွေချည်းပင်။ ဒါပေမဲ့ အဲ့ဒီလို ရိုးသားတဲ့ လူကပဲ မျက်လုံးပြူးချင်စရာအကောင်းဆုံး လုပ်ရပ်ကို ကျူးလွန်ခဲ့သည်လေ။

အပွင့်လင်းဆုံး ပြောရလျှင်တော့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ချိုသာကောင်းမွန်နေပါစေ ၊ ထိုအရေခွံရဲ့ အောက်မှာ ဖုံးကွယ်ထားတဲ့ သူတို့ရဲ့ အတွင်းကျကျ စိတ်ဆန္ဒတွေကို မထိတွေ့ကြည့်ဘဲ ထိုလူက လူကောင်းလား ၊ လူဆိုးလား ဆိုတာ မသိနိုင်ပါ။ အဲ့ဒါက လူ့သဘာဝပဲ ဖြစ်သည်။

“ သူ့သားရော အခြေအနေ ဘယ်လိုလဲ။ ”

“ ဘယ်လို နေဦးမလဲ။ ”‌ ဟောက်ချန်ဟွမ်းသည် အရေးမကြီးတဲ့ ပုရွက်ဆိတ်လေးအကြောင်း ပြောနေသလိုပင် အမူအရာပြောင်းလဲမသွားခဲ့။

“ သူ့မှာ အကြွေးတွေ တစ်ပုံကြီး တင်နေတာ။ ပြီးတော့ သူ့ကို အကြွေးကူဆပ်ပေးနေတဲ့ သူ့အမေကလည်း အခု ထောင်ကျသွားပြီ ဆိုတော့ အကြွေးရှင်တွေနဲ့တင် သူ့အတွက် လုံလောက်နေပြီ။ ”

ထိုအမျိုးသမီးရဲ့ သားဟာ ဟောက်ချီဟန်ရဲ့ ဖြားယောင်းသွေးဆောင်မှုအောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်တာ မှန်သော်လည်း အဆုံးသတ်မှာတော့ သူ့ရဲ့ စိတ်ဓာတ်ယုတ်မာခြင်းနှင့်ပဲ အများဆုံး သက်ဆိုင်ပါလိမ့်မည်။

အရွယ်ရောက်ပြီးသား လူကြီးတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူတတ်ရသည်။ ဟောက်ချီဟန်ကတော့ သူရော ၊ သူ့အမေရော သနားဖို့ ထိုက်တန်သည်ဟု မထင်ပါ။

All Chapters