← Chapters

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း ၈၉၆

Vol. 60 Ch. 896

896 01

အခန်း ( ၈၉၆ ) လျှို့ဝှက်ပရိသတ်။

“ ခွီး … ” စုယန်ယန်သည် Group Chat ထဲကို ရုတ်တရက် ရောက်လာတဲ့ ဓာတ်ပုံကြောင့် ထိတ်လန့်သွားပြီး သုံး ၊ လေးကြိမ်လောက် ချောင်းဆိုးပြီးမှ စိတ်ထိန်းချုပ်နိုင်ခဲ့သည်။

ပုံမှန် သခင်မလေး : ဒါ ဘာလဲ။

မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : ဥက္ကဌစုက ကုမ္ပဏီကို ရောက်လာပြီး သခင်လေးကို လာရှာတာပါ။

ပုံမှန် သခင်မလေး : ကျွန်မရဲ့ အစ်ကိုက ရှင်တို့ကုမ္ပဏီကို ရောက်လာတာလား။

စုယန်ယန် ထိတ်လန့်သွားရ၏။ ဒီနေ့မနက် ၊ ဒါမှမဟုတ် နေ့လယ်လောက်ကျ ကလေးကို လာတွေ့မည်ဟု မနေ့ညတုန်းက သူမရဲ့ အစ်ကို ပြောသွားတာ အံ့ဩစရာမရှိပေ။ နောက်ပိုင်းမှာ ဟောက်ချန်ဟွမ်းက ဒီ‌နေ့ ကလေးကို ကုမ္ပဏီကို ခေါ်သွားတယ် ဆိုတဲ့ သတင်းကို ကြားတော့ သူမ ချက်ချင်းပဲ စကားလမ်းကြောင်းပြောင်းခဲ့သည်။ လတ်စသတ်တော့ သူက အဲ့ဒီကို ရောက်နေတာကိုး။

ပုံမှန် သခင်မလေး : သူတို့ ရန်ဖြစ်သေးလား။

ယန်ယန်လေး : မဖြစ်ပါဘူး မဖြစ်ပါဘူး။ ဥက္ကဌစုနဲ့ ကျွန်တော်တို့ရဲ့ သခင်လေးက တော်တော်လေး ပြေလည်နေကြတာ။ ကလေးကို ဘယ်လို နို့တိုက်ရမလဲ ဆိုတာ သူတို့ ဆွေးနွေးနေတဲ့ ပုံပဲ။

စုယန်ယန် ဆွံ့အသွားရသည်။ လူကြီးနှစ်ယောက်ကြားမှာ ဆွေးနွေးတဲ့ ခေါင်းစဉ်က ဘယ်လို ဖြစ်နေတာလဲ … ။ သူတို့ ကလေးကို ဘယ်လို နို့တိုက်မှာပါလိမ့်။ မဖြစ်ဘူး ၊ ငါ ဒီအကြောင်းကို ဆက်တွေးလို့ မဖြစ်ဘူး။ တွေးလေ တွေးလေ .. သူတို့ကို မိသားစုသုံးယောက်လို့ ခံစားလာရလေပဲ … ။

စုယန်ယန်သည် ပေါက်တက်ကရ အတွေးတွေကို သူမရဲ့ စိတ်ထဲက မောင်းထုတ်လိုက်ရသည်။

ပုံမှန် သခင်မလေး : ကျေးဇူးပြုပြီး သူတို့ကို စောင့်ကြည့်ပေးနေပါနော် ၊ ရန်မဖြစ်စေနဲ့။ ငါ ဒီတစ်ပတ် ပိတ်ရက်ကျရင် ဘာဘီကျူး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု လုပ်မှာ။ နင်တို့တွေ ရောက်လာကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ငါ ကိုယ်ဝန်ရှိနေတဲ့ အတောအတွင်း ချန်ဟွမ်းကို ဂရုစိုက်ပေးခဲ့တဲ့ နင်တို့အားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြတာပါ။

ကျိုးယန်ပိုင်နှင့် ကျန်နှစ်ယောက်သည် အဲ့ဒီလို အကျိုးအမြတ်မျိုး ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့် ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ ကံကောင်းမှုကြီးကြောင့် ကြောင်အသွားခဲ့ရလေသည်။ သူတို့အားလုံး ခဏကြာမှ သတိဝင်လာကာ သူ့ထက်ငါ အပြိုင်အဆိုင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : တကယ်လား။ ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်။

ယန်ယန်လေး : ကျွန်တော်လည်း အဲ့နေ့ကျ ဆက်ဆက် လာခဲ့ပါ့မယ်။ ကျေးဇူးတင်ပါတယ် သခင်မလေး။

လုံ့လဝီရိယရှိတဲ့ ကျိုး : သခင်မလေးက တကူးတက ဖိတ်ခေါ်နေတာကို မသွားဘဲလည်း မနေသင့်ဘူးလေ။ ဒါနဲ့ ဘာဘီကျူး ဆိုတာ ဘာကြီးလဲ။

မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : ဘာဘီးကျုးက ဘာကြီးဖြစ်ဖြစ် ဘာအရေးလဲ။ သခင်မလေးကိုယ်တိုင် ချက်ထားတဲ့ဟာ ဆိုရင် စားကောင်းမှာ သေချာတယ်။

ယုကျစ်ယန်သည် အရည်အချင်း အပြည့် ရှိတဲ့ သခင်မလေးရဲ့ လက်နှင့် ထိလိုက်သမျှ အစားအသောက်တိုင်းဟာ သေချာပေါက် အရသာရှိလိမ့်မည်ဟု တထစ်ချ ယုံကြည်သည်။

ပုံမှန် သခင်မလေး : ဘာဘီကျူး ဆိုတာ အစားအသောက်တွေကို သံချောင်းတွေနဲ့ လုပ်ထားတဲ့ အကင်မီးဖိုပေါ် တင်ပြီး ကင်တဲ့ ချက်ပြုတ်နည်းကို ပြောတာပါ။ ဘယ်လို အစာစအသောက်တွေကို ကင်ရမလဲ ဆိုတာကတော့ နည်းနည်း ရှုပ်ထွေးတယ်။ ရှင်တို့ အသားတွေ ၊ အသီးအရွက်တွေကို ကင်စားလို့ ရတယ်။ အသေးစိတ်တော့ ပြောမပြနိုင်သေးဘူး။ အချိန်ကျလာရင် ရှင်တို့ သိမှာပါ။

သူမရဲ့ စကားက ကျိုးယန်ပိုင်နှင့် ကျန်နှစ်ယောက်ကို ပိုလို့တောင် သွေးဆောင်သွားခဲ့ကာ သူတို့ မနက်ဖြန် ဆိုရင်ပဲ ဟောက်မိသားစုအိမ်တော်ဆီ ပြေးသွားချင်စိတ်တွေ တဖွားဖွား ဝင်ရောက်လာခဲ့သည်။

စုယန်ယန်ကတော့ သူတို့ရည်မှန်းချက်တွေကို မသိပါ။ ဘာဘီကျူးအကြောင်း ဘာနကန်းတစ်လုံးမှလည်း မသိပါဘဲ ပိတ်ရက်မှာ စားရမှာကို အာသာငမ်းငမ်း ဆွေးနွေးနေကြတဲ့ ထိုသုံးယောက်ကို ကြည့်ကာ သူမရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ကော့တက်သွားပြီး သူတို့ကြားကို ဘာမှ ထပ်ဝင်ပြောမနေတော့ပေ။

ထိုအချိန်မှာပဲ Page ပေါ်မှာ သတင်းလေးတစ်ခု တက်လာသည်။ “ တင်းကြွယ်စစ်ဟာ ထိပါးနှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးအနုပညာရှင်တစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ သူက လျှို့ဝှက်ပရိသတ်တွေ လိုက်တာ ခံနေရတဲ့ အမျိုးသမီးအနုပညာရှင်လေးကို ကယ်ခဲ့တယ်။ ”

896 02

တကယ်တော့ ထိုသတင်းက အပေါ်ယံ ဖျတ်ခနဲ ကြည့်ရုံနှင့် စိတ်ဝင်စားစရာကောင်းတဲ့ သတင်း မဟုတ်သော်လည်း ထိုသို့ ဖျတ်ခနဲ ကြည့်လိုက်ခြင်းကပဲ သတင်းထဲမှာ ယှဉ်တွဲပါလာတဲ့ ဓာတ်ပုံထဲက မိန်းကလေးဟာ … ဝမ်ကျင့်ဖျင်နှင့် တူနေတာကို စုယန်ယန် သတိထားမိသွားခဲ့သည်။

စုယန်ယန်က ထိုဓာတ်ပုံကို သေချာ ထပ်ကြည့်လိုက်တော့ သတင်းထဲမှာ ပါတဲ့ အမျိုးသမီးအနုပညာရှင် ဆိုတာ တကယ်ပဲ ဝမ်ကျင့်ဖျင် ဖြစ်နေတာကို နားလည်သွားသည်။

စိတ်ဝင်စားစရာကောင်းလိုက်တဲ့ သတင်းပါလား။ အခု ဝမ်ကျင့်ဖျင်က သူမရဲ့ ကိုယ်ပိုင် လျှို့ဝှက်ပရိသတ်တွေ ရှိလာတဲ့အထိ နာမည်ကြီးနေပြီလား … ။

သို့သော်လည်း အဲ့ဒါက အဓိကမကျဘူးလို့ စုယန်ယန် ခံစားရသည်။ သတင်းစာခေါင်းစီးကို ကြည့်ခြင်းအားဖြင့် အကျပ်အတည်း အခြေအနေထဲ ရောက်နေတဲ့ မိန်းမပျိုလေးကို ကယ်တင်ခဲ့တဲ့ အမျိုးသားသရုပ်ဆောင်ကပဲ သူမကို လူသိစေခဲ့တာပင်။

သတင်းထဲမှာ နစ်နာသူ ဝမ်ကျင့်ဖျင်ကို အမျိုးသမီးအနုပညာရှင်တစ်ယောက် ဟူ၍သာ ဖော်ပြထားကာ ဓာတ်ပုံတွေကြောင့်သာ မဟုတ်ရင် ဒီအမျိုးသမီးအနုပညာရှင်က ဘယ်သူလဲ ဆိုတာ တော်တော်များများ အဖြေရှာနိုင်မှာ မဟုတ်ပါ။

ဒါကို ကြည့်ရသလောက် သတင်းမီဒီယာတွေအတွက် ဝမ်ကျင့်ဖျင် ဆိုတဲ့ နာမည်က တခြား အမျိုးသမီး အနုပညာရှင်တွေလောက် နာမည်မကြီးတာကို သိနိုင်သည်။ သူမသည် သနားစဖွယ်ကောင်းလောက်အောင် လူသိနည်း၏။

++++++

All Chapters