← Chapters

အခန်း ၉၀၅

Vol. 61 Ch. 905

အခန်း ၉၀၅

Vol. 61 Ch. 905

905 01

အခန်း ( ၉၀၅ ) သူ့ကို အသည်းအသန် ကာကွယ်ပေးနေတာလား။

နောက်ဆုံးတော့ ဟောက်ချီဟန်ကို ဖမ်းမိသွားပြီမို့ စုယန်ယန်တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။

စုယန်ယန်သည် ထိုအမှိုက်ကောင် ပြဿနာထပ်မရှာနိုင်တော့တာကို အောင်ပွဲခံသည့်အနေဖြင့်ရော ၊ သူမ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဂရုစိုက်ပေး စိုးရိမ်ပူပန်းပေးခဲ့ကြတဲ့ ဆွေမျိုး သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့်ရော အိမ်မှာ ဘာဘီကျူးပါတီကျင်းပဖို့ ဆုံးဖြတ်ခဲ့သည်။

ပါဝင်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားရင် ဘာဘီကျူး လုပ်ရတာ မခက်ပါ။ ပြီးတော့ ဘာဘီကျူးက ဆွေမျိုး ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ တွေ့ဆုံပွဲအတွက်လည်း အလွန် သင့်တော်သည်။

စုယန်ယန်က ကုရှောက်ယန်တို့သုံးယောက်အပြင် လင်းရှောင်ချီးနှင့် လန်မိသားစုကိုလည်း ဖိတ်ကြားထားခဲ့သည်။ သဘာကျစွာပင် စုမိသားစုကိုလည်း ချန်လှပ်မထားခဲ့ပါ။

ချန်ရှို့ချင်က သူမရဲ့ မြေးလေး ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်သွားတယ် ဆိုတဲ့ သတင်းကို ကြားသည်နှင့် ဟောက်အိမ်တော်ကို စိုးရိမ်တကြီး ပြေးလာချင်ခဲ့သည်။ နောက်ပိုင်းမှာ ဟောက်ချန်ဟွမ်းက ကလေးကို ကုမ္ပဏီကို ခေါ်သွားပြီး သူမရဲ့ အကြီးဆုံးသားက ထိုကုမ္ပဏီကို လိုက်သွားကာ ကလေး အိပ်ပျော်နေတဲ့ ဗီဒီယိုလေးတွေကို သူမထံ ပို့ပေးတော့မှ ချန်ရှို့ချင်တစ်ယောက် စိတ်အေးသွားခဲ့ရသည်။

ဟောက်အိမ်တော်မှာ စုယန်ယန်က ဘာဘီကျူးပါတီ ကျင်းပတော့မယ် ဆိုတဲ့ သတင်းကို ကြားသောအခါ သူတို့သုံးယောက်လုံး မိုးမလင်ခင်ကတည်းက ပြေးလာခဲ့ကြသည်။ သူတို့က ကောင်ကလေးကို တောက်လျှောက် ပွေ့ချီထားခဲ့ပြီး ဘယ်သူ့ကိုမှ လက်လွှဲမပေးချင်ပေ။

စုယန်ယန်က သူမရဲ့ အမှားလည်း မကင်းဘူး ဆိုတာ သိနေသောကြောင့် ကြယ်လေး ပြန်ပေးဆွဲခံရမလို ဖြစ်သွားတဲ့ ကိစ္စအား သူတို့ကို အရင်တုန်းက ပြောမပြခဲ့တာ ဖြစ်သည်။ ထို့ကြောင့် မလုံမလဲ ခံစားချက်ဖြင့် နှာခေါင်းပွတ်ပြီး သူတို့ကို ဒီတိုင်း ထိုင်ကြည့်နေရုံသာ တတ်နိုင်သည်။

ကံကောင်းစွာဖြင့် သိပ်မကြာလိုက်ဘဲ ကျန်တဲ့ လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြေးလာခဲ့ကြသည်။

ပတ်ဝန်းကျင်မှာ အပြင်လူတွေ ရောက်လာတာကို မြင်တော့ ချန်ရှို့ချင်တို့ သုံးယောက်သည် ဒီအကြောင်းကို လူတွေ ရှေ့မှာ မပြောနိုင်တော့။ စုယန်ယန်ကို မျက်စောင်းသာ ထိုးပြီး ဘာမှ ထပ်မပြောကြတော့ပါ။

စုယန်ယန်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောလေး မှုတ်ထုတ်လိုက်ပြီး ကယ်တင်ရှင်တွေကို သူမရဲ့ နှလုံးသားထဲကနေ တိတ်တိတ်လေး ကျေးဇူးတင်လိုက်မိသာ်။ သို့သော်လည်း စုံတွဲခုတ်လာတဲ့ လင်းရှောင်ချီးနှင့် နျဉ်စစ်ယွမ်ကို မြင်ချိန်မှာတော့ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ခပ်တင်းတင်း စေ့ပိတ်သွားရလေသည်။

“ … လင်းရှောင်ချီး … နင်ကတော့လေ … ”

စုယန်ယန်က သူမရဲ့ ပါတီပွဲကို ရောက်လာတဲ့ လူစုကြီးတွေ ၊ လူစုလေးတွေကို ခါးထောက်ပြီး ကြည့်နေခဲ့သည်။ ဒေါသထွက်လွန်းလို့ သူမ အော်ရယ်မိတော့မလိုပဲ ဖြစ်သည်။

“ နင် အရင်တုန်းက ငါ့ကလေးရဲ့ တစ်လပြည့်မွေးနေ့ပွဲကို တက်တုန်းကလည်း နင် လူပိုတစ်ယောက် ခေါ်လာတာနဲ့ ပတ်သက်ပြီး ငါ ဘာမှ မပြောခဲ့ဘူးနော်။ ဒါပေမဲ့ ဒီနေ့တော့ နင်က နင်နဲ့အတူ ခွေးအုပ်ကိုပါ ခေါ်လာခဲ့တာပဲ။ ”

……

905 02

မှန်ပါသည်။ လင်းရှောင်ချီးက ဟွားဟွားကိုလည်း ခေါ်လာခဲ့သည်။ ဟွားဟွားအပြင် ဟွားဟွား မွေးထားတဲ့ ခွေးပေါက်လေး နှစ်ကောင်နှင့် စုယန်ယန် အရင်တုန်းက မျက်စိကျခဲ့ပေမဲ့ သူများကို ပေးပစ်တာ ခံလိုက်ရတဲ့ အမွေးကောက်ကောက်ကွေးကွေးလေးတွေနှင့် ခွေးမလေးတစ်ကောင်လည်း ပါလာသည်။

စုယန်ယန်က ကောက်ကွေးလေးကို မြင်သည်နှင့် “ ဒီကောက်ကွေးလေးက ငါတို့ရဲ့ သွမ်းသွမ်းနဲ့ ဘယ်လောက်တောင် တူလဲ ကြည့်ပါဦး။ ” ဟု တွေးလိုက်မိသည်။ အရင်တုန်းက သူမ ဒီခွေးလေးကို သဘောအကျဆုံး ဖြစ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ လင်းရှောင်ချီးက သူ့ကို အချစ်တိုကင်လက်မှတ်လေးအဖြစ် နျဉ်စစ်ယွမ်ထံ ပေးပစ်ခဲ့သည်။

အခု မိသားစုငါးယောက်လိုပင် ခွေးသုံးကောင်နှင့် ဘေးချင်း ယှဉ်လျက် လျှောက်လှမ်းလာတဲ့ သူတို့နှစ်ယောက်ကို မြင်ချိန်မှာ စုယန်ယန်တစ်ယောက် ဘယ်လိုမှ စိတ်ကောင်းမမွေးနိုင်တော့ပါ။

“ ခွေးတွေက ဘာဖြစ်နေလို့လဲ။ ” လင်းရှောင်ချီးက သူမရဲ့ စကားကြောင့် မကျေမနပ် ဖြစ်သွားသည်။ “ ငါတို့ဟွားဟွားကို ဘယ်သူက ကိုယ်ဝန်ရှိအောင် လုပ်ခဲ့တာလဲ ဆိုတာ မမေ့နဲ့ဦး။ သနားစရာ ဟွားဟွားလေးက တစ်နှစ်သမီးအရွယ်ပဲ ရှိသေးတာ။ သူ့ခမျာ အရွယ်မတိုင်ခင် ကိုယ်ဝန်ရှိသွားတဲ့အပြင် အခုဆို သူ့ကလေးကိုပါ အမုန်းခံနေရပြီ။ ကမ္ဘာကြီးက တကယ့်ကို တစ်နေ့တခြား ပိုဆိုးလာပြီပဲ ၊ လူတွေရဲ့ နှလုံးသားတွေကလည်း အရင်တုန်းကလို မဟုတ်တော့ဘူး။ နင့်မှာ နှလုံးသားရော ရှိသေးရဲ့လား။ ”

စုယန်ယန်သည် လင်းရှောင်ချီးရဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေကြောင့် နှုတ်ခမ်းတွေကို ပိုလို့တောင် ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။ သူမဘက်က စကားတစ်ခွန်း ၊ နှစ်ခွန်းပဲ ပြောရသေးတာကို သည်းသည်းလှုပ် ကာကွယ်နေလိုက်တာ … ။ ဒီကောင်မလေးက ဒရာမာကွင်းမှန်း သူမ အရင်ကတည်းက သိပေမဲ့ ဒီလောက် ဒရာမာခင်းတတ်လိမ့်မည်လို့တော့ မထင်ခဲ့။

အရေးကြီး‌ဆုံးကတော့ နျဉ်စစ်ယွမ်အပေါ် ထားတဲ့ လင်းရှောင်ချီးရဲ့ ခံစားချက်တွေကို သူမ မေ့လျော့သွားလို့ မရပါ။

စုယန်ယန်က တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေချိန်မှာပဲ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတစ်ခု ပြေးထွက်လာကာ လင်းရှောင်ချီးရှေ့မှာ ပျင်းရိပျင်းတွဲ အိပ်နေတဲ့ ဟွားဟွားပေါ်ကို ခုန်တက်သွားခဲ့သည်။

“ ဝုတ် ဝုတ် ဝုတ် … ဝုတ် ဝုတ် ဝုတ် … ”

“ … ”

သူတို့နှစ်ယောက်ကြားက ‌လေထုက ခဏတော့ ကိုးရိုးကားရားနိုင်သွားပါသည်။ လင်းရှောင်ချီးက စုယန်ယန်ဘက်ကို လှည့်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ပခုံးတွန့်ပြသည်။ သူမရဲ့ မျက်နှာပေါ်မှာတော့ “ မြင်လား ၊ ငါက ဟွားဟွားကို ငါ့တစ်ယောက်တည်းအတွက်ကို ဒီကို ခေါ်လာတာ မဟုတ်ဘူး။ နင့်ရဲ့ နှာဘူးလေးအတွက် ခေါ်လာတာ။ အဲ့ဒါနဲ့တောင် နင်က ငါ့ကို ဝေဖန်ရဲသေးတယ်နော်။ နင် လိပ်ပြာရော လုံရဲ့လား။ ” ဟူသော အကြည့်က ထင်ထင်ရှားရှား။

+++++++

All Chapters