← Chapters

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း ၉၀၆

Vol. 61 Ch. 906

906 01

အခန်း ( ၉၀၆ ) ထုတ်ဖော်ခံလိုက်ရသော သရုပ်မှန်။

သွမ်းသွမ်းက ဟွားဟွားကို ကောက်ညှင်းမုန့်လေးလို ပွတ်သပ်နေခဲ့သည်။ စုယန်ယန်က သူ့ကို အားနှင့် အတင်း ချုပ်ကိုင်ထားတာတောင် သူက နည်းနည်းလေးတောင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်ဘဲ ဟွားဟွားရဲ့ အမွေးလေးတွေကို မျက်နှာပြောင်တိုင်စွာ ငုံ့လျက်နေခဲ့လေသည်။

စုယန်ယန် အရှက်အခွဲခံလိုက်ရသလို ခံစားလိုက်ရ၏။ ‘ နင် နင့်သခင်ကို နည်းနည်းပါးပါး သိက္ခာဆယ်ပေးလို့ မရဘူးလားဟဲ့။ ’

စုယန်ယန်သည် ဒေါသထွက်ထွက်နှင့် သွမ်းသွမ်းကို ပိတ်ရိုက်ပစ်ချင်နေတုန်းမှာပဲ လန်မိသားစု ရောက်လာခဲ့သည်။ ယန်ရှောင်ရန် ၊ လန်ကျားယီနှင့် လန်မိသားစုရဲ့ ကလေးလေးသာ ရောက်လာတာ ဖြစ်သည်။ ထိုကလေးလေးက ကြယ်လေးထက် လပိုင်းလောက် ပိုအသက်ကြီးပြီး ဆန်မုန့်လုံးလေးလို နူးနူးညံ့ညံ့ ၊ ဖြူဖြူဖွေးဖွေးနှင့် အလွန် ချစ်စရာကောင်းသည်။

“ ရှင်တို့ ရောက်လာပြီပဲ။ နှစ်ယောက်တည်းပဲလ လာတာာလား။ ”

ကလေးချီထားတဲ့ ယန်ရှောင်ရန်က အပြုံးယဲ့ယဲ့ဖြင့် ရှင်းပြသည်။ “ အဘိုးနဲ့ တခြားလူတွေက အသက်ကြီးနေပြီ ဆိုတော့ လှုပ်ရ ရှားရတာ မကြိုက်တော့ဘူး ၊ အဲ့ဒါကြောင့် သူတို့ လိုက်မလာတာပါ။ အဖေနဲ့ အမေကတော့ လူငယ်တွေ ကျင်းပတဲ့ ပါတီပွဲတွေက လူငယ်တွေအတွက်ပဲလို့ ပြောတယ်။ သူတို့ လိုက်လာရင် အကုန်လုံး ပေါ့ပေါ့ပါးပါး နေနိုင်မှာ မဟုတ်ဘူး ဆိုပြီး လိုက်မလာကြတာ။ ”

သခင်ကြီးလန်နှင့် သခင်မကြီးလန်က ဟောက်ချန်ဟွမ်းနှင့် မျိုးဆက် တူတူပဲ ဖြစ်သော်လည်း ဟောက်ချန်ဟွမ်းထက် ဆယ်စုနှစ် နှစ်ခုစာလောက် ပိုအသက်ကြီးသည်။

ယန်ရှောင်ရန် ပြောသလိုပဲ ဒီမှာ ရှိနေတဲ့ လူငယ်တွေနှင့် သူတို့လို သက်လတ်ပိုင်းအရွယ် လူကြီးတွေကြားမှာ မျိုးဆက်ကွာဟနေသည်။ သခင်ကြီးလန်နှင့် သခင်မကြီးလန် လိုက်လာရင်လည်း ဒီလူငယ်တွေနှင့် စကားပြောနိုင်မှာ မဟုတ်သလို ဂိမ်းတွေ ဘာတွေလည်း အတူတူ ဆော့နိုင်မှာ မဟုတ်ပါ။ လူကြီးတွေ ရှိနေတဲ့အတွက် အကုန်လုံးကလည်း စိတ်လက်ပေါ့ပါးတော့မှာ မဟုတ်။

“ မင်ဟန်ကတော့ ရုံးမှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ သွားဖြေရှင်းနေတယ်။ သူ တော်တော်နဲ့ ရောက်လာနိုင်ဦးမယ် မထင်ဘူး။ ”

“ ရပါတယ် ရပါတယ်။ အခုမှ အစောကြီးပဲ ရှိသေးတာ။ သူ ဒီကို ရောက်လာရင် ကျွန်မလည်း သန့်ရှင်းရေးလုပ်ပြီးကုံလောက်ပဲ ရှိဦးမှာ။ အရင်ဆုံး အိမ်ထဲ ဝင်ပြီး ထိုင်လိုက်ကြဦးနော်။ ကျွန်မ စွပ်ပြုတ်နည်းနည်း သွားချက်လိုက်ဦးမယ်။ ရှင် ဘာဘီကျူးစားရတာ အီလာရင် အဲ့စွပ်ပြုတ်ကို အအီပြေ သောက်လို့ ရတယ်။ ”

“ ဟုတ်ပြီ။ ” ‌ယန်ရှောင်ရန်က ခေါင်းညိတ်ပြပြီး ကလေးကို အိမ်ထဲ ခေါ်သွားခဲ့သည်။

ယန်ရှောင်ရန်နောက်က လိုက်သွားတဲ့ လန်ကျားယီကတော့ သူမ ( စုယန်ယန် ) ကို နားလည်ရခက်သော အကြည့်နှင့် ကြည့်နေခဲ့သည်။ သူ့ရဲ့ တွန့်ဆုတ်ဆုတ် အမူအရာထဲမှာ ဝမ်းနည်းမှု အရိပ်အယောင်လေးတွေတောင် စွက်နေပါသည်။

စုယန်ယန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြက်သီးမွေးညှင်းတွေ ထသွားမိသည်။ “ နင် … ”

......

သို့သော် သူမရဲ့ စကားမဆုံးသေးခင်မှာပဲ လန်ကျားယီရဲ့ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားကာ ချာခနဲ လှည့်ထွက်၍ ထွက်ပြေးသွားခဲ့လေသည်။

906 02

စုယန်ယန် ဆွံ့အသွားရ၏။ ဘာတွေ ဖြစ်ကုန်တာလဲ … ။ သူမက မကောင်းဆိုးဝါးလား။ သူမ စကားတောင် ဆုံးအောင် မပြောရသေးဘဲနဲ့ သူက ဘာလို့ ထွက်ပြေးသွားတာလဲ။ သူ ဘာကို အဲ့လောက်တောင် ကြောက်နေတာလဲ … ။

ထိုအတွေးက ကြာကြာတော့ မခံလိုက်ပါ။ စုယန်ယန်မှာ ခဏနေရင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအတွက် တရတ်ရိုးရာဆေးပင်တွေ ၊ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ဖို့ ရှိသေးသည်။ လောလောဆယ်မှာ တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲက အတွေးတွေကို လိုက်ဂရုစိုက်တဲ့ အခြေအနေ မဟုတ်သေးပါ။ သူမ ဒီနေ့ လုပ်စရာရှိတာတွေ အကုန်လုံးကို လက်စသတ်ပြီးမှပဲ သူနှင့် စကားထပ်ပြောရမည်။

မျှော်လင့်မထားစွာဖြင့် စုယန်ယန်သည် မီးဖိုချောင်ထဲမှာ ငါးမိနစ်လောက်နှင့် စွပ်ပြုတ်ချက်ဖို့ လိုအပ်တာတွေ အကုန်လုံးကို ပြင်ဆင်ပြီးသွားခဲ့သည်။ သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စတင်ဖို့ ဟန်ပြင်နေစဉ်မှာပဲ သူမနောက်ကို လူတစ်ယောက် လိုက်လာခဲ့ပါသည်။

“ နင် ဘာလို့ ဒီကို လာတာလဲ။ ငါ့ကို လန့်အောင် လာလုပ်နေတယ်။ ” စုယန်ယန်က တစ်ဖက်ကို လှည့်လိုက်ချိန်တွင် မီးဖိုချောင်တံခါးဝမှာ ရပ်ပြီး သူမကို စိုက်ကြည့်နေတဲ့ လန်ကျားယီကို မြင်သွားသည်။ သူ့ရဲ့ လျှို့ဝှက်သော အမူအရာက သရဲတစ်ကောင်နှင့်တောင် တူနေပြီး သူမရဲ့ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေတဲ့အထိ အကြောက်ကြီး ကြောက်သွားစေခဲ့သည်။

လန်ကျားယီက စုယန်ယန်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ စိတ်လှုပ်ရှားစွာ မေးလာခဲ့သည်။ “ အန်တီလေးက တင်ဆက်သူ မဟုတ်လား။ ”

စုယန်ယန် ဆွံ့အသွားရသည်။ သူမရဲ့ သရုပ်မှန်ကို သူမကိုယ်တိုင် မတော်တဆ ထုတ်ဖော်မိသွားတာလား … ။ သူမ သတိလက်လွတ် ဖြစ်သွားမိတာပဲ … ။

လန်ကျားယီက စုယန်ယန် နှုတ်ဆိတ်နေတာကို ကြည့်ပြီး အဖြေရသွားပုံပေါ်သည်။

“ အန်တီလေးက တင်ဆက်သူ ဟုတ်တယ်မို့လား။ ကျွန်တော် အရင်ကတည်းက သိခဲ့သင့်တာ။ ဟိုးအရင်ကတည်းက သိခဲ့သင့်တာ။ ကျွန်တော့်အစ်ကိုနဲ့ မရီးတောင် သိနေတဲ့ ကိစ္စကို ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် တင်ဆက်သူရဲ့ အမာခံပရိသတ်လို့ ခေါ်ပြီး လုံးဝ မရိပ်မိခဲ့ဘူး။ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို ဖွင့်တဲ့‌ နေ့ ၊ ပြီးတော့ အဘိုးရဲ့ မွေးနေ့မှာ အန်တီလေး ပေးတဲ့ လက်ဆောင် … အန်တီလေးတို့က တရားလွန်တယ်ဗျာ။ ကျွန်တော့်အစ်ကိုနဲ့ မရီးလည်း သိနေတာကို အန်တီလေး သိရက်သားနဲ့ ကျွန်တော့်ကို ပြောမပြခဲ့ဘူး။ ”

++++++

All Chapters