← Chapters

အခန်း ၉၀၇

Vol. 61 Ch. 907

အခန်း ၉၀၇

Vol. 61 Ch. 907

907 01

အခန်း ( ၉၀၇ ) နင် ဘယ်လို သိသွားတာလဲ။

သူက ငယ်ရွယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရတဲ့ သခင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကို မခံရသေးခင်မှာပဲ မိသားစုဆီမှာ ထိုးနှက်ခံလိုက်ရကာ လူ့နှလုံးသားရဲ့ အကြင်နာတရားကင်းမဲ့မှုကို နားလည်သွားခဲ့သည်။

လူတိုင်းက စုယန်ယန်ရဲ့ သရုပ်မှန်ကို သိသလို သူ့ကိုလည်း တင်ဆက်သူရဲ့ အမာခံ ပရိသတ်တစ်ယောက်မှန်း သိသည်။ သူက တစ်နေ့မှာ တင်ဆက်သူနှင့် လူကိုယ်တိုင် တွေ့နိုင်ဖို့ မျှော်လင့်စောင့်စားနေခဲ့သော်လည်း ဘယ်သူကမှ သူ့ကို အရိပ်အမြွက်လေးတောင် မပေးသလို ထိုအကြောင်းကို ပြောလည်း ပြောမပြခဲ့ဘဲ သူ အရူးလုပ်ခံရနေတာကိုသာ ကြည့်နေခဲ့ကြသည်။

လန်ကျားယီသည် ကီလိုဂရမ် ရျာီ၍ အလေးချိန်ရှိတဲ့ ခွေးကလေးတစ်ကောင်လိုပင် နှိပ်စက်ညှင်းပန်းခံနေရသည်ဟု ခံစားလိုက်ရသည်။ စုယန်ယန်ကို ကြည့်ရင်း သူ့စိတ်ထဲမှာ ဝမ်းနည်းမှုတွေ လျှံတက်လာသည်။ စုယန်ယန်အား မိန်းကလေးတစ်ယောက်နှင့် တစ်ညတာ အတူဖြတ်သန်းပြီးတဲ့နောက်မှာ သူ့ကို စွန့်ပစ်သွားသော အသည်းနှလုံးမရှိတဲ့ ယောက်ျားတစ်ယောက်လို ခံစားရသည်။

ထိုအချိန်မှာ စုယန်ယန်ကတော့ နှုတ်ခမ်းတွေကိုသာ ခပ်တင်းတင်း စေ့ပိတ်ထားခဲ့သည်။ ဒီအခြေအနေကြီးက … ဒါကြီးက မဟုတ်သေးဘူးလေ။ ပုံမှန် အခြေအနေမှာ ဆိုရင် သူ အရမ်း တွေ့ချင်နေခဲ့တဲ့ လူက အခု သူ့ဘေးမှာ ရှိနေတာကို ပျော်ရမှာ မဟုတ်ဘူးလား။ ဒီလူက ဘာလို့ အရမ်း ဒေါသထွက်တဲ့ပုံပေါက်နေတာလဲ။

“ အဟမ်း … အရင်ဆုံး စိတ်အေးအေး ထားပါ။ ”

စုယန်ယန်ရဲ့ စကားမဆုံးသေးခင်မှာပဲ လန်ကျားယီက ဖြတ်ပြောခဲ့သည်။ “ ဒါဆို အန်တီလေးက တင်ဆက်သူလား။ ”

“ … ဟုတ်တယ်။ ”

“ အား။ ” အချိန်အကြာကြီး ထိန်းချုပ်ထားခဲ့ရသော လန်ကျားယီ၏ မျက်ရည်များသည် ပျက်ယွင်းနေသော ရေပိုက်ခေါင်းကဲ့သို့ပင် ဒ‌လဟော ကျဆင်းလာခဲ့သည်။ သူ့ရဲ့ ကျယ်လောင်လွန်းလှသော ဆွဲဆွဲငင်ငင် ငိုကြွေးသံက ကမ္ဘာမြေကြီးကိုပင် ထိတ်လန့်သွားစေခဲ့ပါသည်။

မူလတုန်းက ဟွားဟွားကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်နေသော သွမ်းသွမ်းပင်လျှင် ထိုငိုသံကို ကြားတော့ ပြေးလာကာ ‘ ဒီခြေနှစ်ချောင်းနဲ့ သတ္ဆဝါက ဘယ်လိုလုပ်ပြီး သူတို့လို အသံမျိုး လုပ်နိုင်တာလဲ ’ ဆိုတာကို အံ့ဩနေသလိုမျိုး လန်ကျားယီကို လှည့်ပတ်နေခဲ့သည်။ သူတို့ရဲ့ ခွေးဝိညာဉ်က ဒီလူ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာများလား … ။

သွမ်းသွမ်းရဲ့ တုံးအတဲ့ ပုံစံကို ခပ်လှမ်းလှမ်းက လှမ်းကြည့်နေတဲ့ ဟွားဟွားရဲ့ ခွေးမျက်နှာလေးပေါ်မှာတော့ “ အရူး ” ဆိုတဲ့ စကားလုံးကို အတိုချုံ့၍ ရေးထားခဲ့လေသည်။

လန်ကျားယီကလည်း ဘယ်ကမှန်းမသိ ရုတ်တရက် ရောက်လာတဲ့ ခွေးဝတုတ်လေးကြောင့် အံ့ဩထိတ်လန့်သွား၏။ အနည်းဆုံးတော့ သူ အငိုရပ်သွားပါသည်။

......

စုယန်ယန်က အဲ့ဒါကို မြင်တော့ ခပ်တိုးတိုး ချောင်းဟန့်ပြီး အရင်ဆုံး မေးလိုက်သည်။ “ နင် ဘယ်လို သိသွားတာလဲ။ နင့်အစ်ကိုနဲ့ မရီးကိ နင့်ကို ပြောပြလိုက်တာလား။ ”

လန်ကျားယီက ထိုမေးခွန်းကို ကြားတော့ မျက်နှာလေး အိုကျသွားပြီး စုယန်ယန်ကို ပိုလို့တောင် ဝမ်းနည်းသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ “ သူတို့ ပြောလို့ သိသွားရင် ကျွန်တော် ဒီလောက် ဝမ်းနည်းရမှာ မဟုတ်ဘူး။ ”

“ ဒါဆို နင် ဘယ်လို သိသွားတာလဲ။ ”

ပထမတော့ လန်ကျားယီက စုယန်ယန်ဟာ တင်ဆက်သူ ဖြစ်နိုင်တယ်လို့ မထင်ခဲ့ပါ။ ပြီးခဲ့တဲ့ နောက်ဆုံး တိုက်ရိုက်ထုတ်လွှင်တင့်ဆက်မှုထဲာ ချိန်ထားတဲ့ ကင်မရာရှုထောင့်က စုယန်ယန်ရဲ့ လက်ချောင်းပေါ်က လက်ထပ်လက်စွပ်ပေါ် ရောက်မသွားခင် အချိန်ထိ သူ အဲ့လို မထင်ခဲ့။

907 02

ထိုလက်ထပ်လက်စွပ်ကို မြင်ဖူးနေသည်ဟု လန်ကျားယီ ခံစားရသော်လည်း သူ သေချာ ထပ်ကြည့်လိုက်ချိန်မှာတော့ ကင်မရာရှုထောင့်က တခြားနေရာကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တခြား အချိန်မျိုးမှာသာ ဆိုရင်တော့ သူ အသေးစိတ် အချက်အလက်လေးတွေကို လွတ်သွားနိုင်သည်။ အလွန်ဆုံးမှ သူ အမြင်မှားတာပါလို့သာ ထင်ပြီး ထိုအကြောင်းကို ဆက်တွေးနေတော့မှာ မဟုတ်။

ဒါပေမဲ့ သူ စုယန်ယန်ကို အရမ်း ရှာတွေ့ချင်နေတာကြောင့်လား မပြောတတ်ဘဲ ထိုနေ့က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြီးဆုံးသွားတော့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးကို လန်ကျားယီ ဆယ်ကြိမ်မက ထပ်ခါတလဲလဲ ကြည့်ခဲ့ပြီး နောက်ဆုံးတော့ ထိုလက်စွပ်ကို သူ အရင်တုန်းက မြင်ဖူးတယ် ဆိုတာကို အတည်ပြုနိုင်သွားခဲ့သည်။

သို့သော်လည်း ထိုလက်စွပ်ကို သူ မြင်ဖူးတယ် ဆိုရင်တောင် ဘယ်နေရာမှာ မြင်ဖူးတာလဲ ဆိုတာကိုတော့ မမှတ်မိပါ။ အဲ့လိုနှင့် တစ်နေ့ကျတော့ သူမရီးက စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းရဲ့ လက်ထပ်လက်စွပ်ဟာ သီးသန့် ဖန်တီးထားတဲ့ ဒီဇိုင်း ဖြစ်တယ်လို့ ပြောနေတာကို သူ အမှတ်မထင် ကြားခဲ့ရသည်။ ထိုလက်စွပ်က လှလည်း လှသလို တစ်မူထူးခြားတဲ့ အဓိပ္ပာယ်လည်း ရှိသည်။

သူ့အစ်ကိုနှင့် မရီးလိုမျိုး လက်ထပ်ချိန်မှာ ပုံတုံးတုံး ဗြောင်သက်သက် လက်စွပ်တွေကိုပဲ ဝယ်ခဲ့တာ မဟုတ်။ သူ့အစ်ကိုနှင့် မရီးကို ရိုးရှင်းပြီး သဘောထားကြီးတယ်လို့ပဲ ပြောရမလား။ သေချာတာကတော့ သူတို့မှာ ရိုမန်တစ်ဆန်တဲ့ အတွေးလေးတွေ တစ်ခုမှ မရှိပါ။

ထိုမတော်တဆ စကားလေးကပဲ လန်ကျားယီကို စိတ်ကူးရသွားစေခဲ့တာပင်။ နောက်ဆုံးမှာတော့ ထိုလက်စွပ်ကို ဘယ်သူ ဝတ်ထားတာကို သူ မြင်ဖူးတာလဲ ဆိုတာကို မှတ်မိသွားခဲ့သည်။

ကိစ္စ အများစုကို သတိမမူတဲ့ လူတွေကတော့ သတိထားမိမှာ မဟုတ်ပေ။ လူတစ်ယောက်က ကိုယ့်ထင်မြင်ယူဆချက်နှင့် မကိုက်ညီတဲ့ ကိစ္စတစ်ခုအကြောင်း အများကြီး တွေးနေမှာ မဟုတ်ပါ။ သို့သော် ပန်ဒိုရာသေတ္တာကို ဖွင့်နိုင်တဲ့ သော့ကို ရှာတွေ့သွားနှင့် တစ်ပြိုင်နက် အတိတ်တုန်းက သတိမထားမိခဲ့တဲ့ ကိစ္စတွေကို တစ်ခုချင်း သတိထားမိလာပါလိမ့်မည်။

“ အရင်တုန်းကတော့ ကျွန်တော့်အထင်သက်သက်ပဲ ရှိတာပါ။ ကျွန်တော့်အစ်ကိုနဲ့ မရီးကို သွားမေးခဲ့ပေမဲ့ သူတို့ကို ကျွန်တော့်ကို အရှက်မရှိတဲ့ မျက်နှာနဲ့ ပြုံးပြကြတယ်။ ဟုတ်လား ၊ မဟုတ်ဘူးလား ဆိုတာကို မပြောဘူး။ ”

++++++

All Chapters