အခန်း ၉၀၉
Vol. 61 Ch. 909
909 01
အခန်း ( ၉၀၉ ) သတင်းကောင်း။
ဖန်သားပြင်ပေါ်မှာ ဖျတ်ခနဲ လင်းသွားကာ ရင်းနှီးနေတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု နောက်ခံလေး ပေါ်လာသည်။ နောက်ကျမှ ရောက်လာတဲ့ စုယန်ယန်ကြောင့် ပျင်းရိနေတဲ့ ကြည့်ရှုသူတွေက ချက်ချင်းပဲ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
[ နောက်ဆုံးတော့ တင်ဆက်သူ ရောက်လာပြီ။ ငါတို့တွေ အကြာကြီး စောင့်နေခဲ့ရတာ။ ]
[ တင်ဆက်သူ နောက်ကျတယ်။ ငါတို့ သူ့ကို အပြစ်ပေးသင့်လား။ ]
[ ဟုတ်တယ် ဟုတ်တယ်။ ကိုးနာရီမှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု စတင်မယ်လို့ ငါတို့ သဘောတူထားတာ။ ဒါပေမဲ့ မင်းက ဆယ်မိနစ် နောက်ကျတယ်။ ဆယ်မိနစ်ကို လျှော့မတွက်နဲ့နော်။ ကိုယ့်အတွက် အရေးပါတဲ့ လူတစ်ယောက်ကို တစ်ရက် မမြင်ရတာက သုံးနှစ်ကြာသလို ခံစားရတယ် ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လား။ တစ်ရက်က သုံးနှစ် ဆိုရင် ဆယ်မိနစ်က တစ်ပတ်ပဲ။ မင်းက ငါတို့ကို အကြာကြီး စောင့်ခိုင်းခဲ့တာပဲ တင်ဆက်သူ။ မင်း ငါတို့ကို တောင်းပန်တဲ့အနေနဲ့ တစ်ခုခု လုပ်မပေးချင်ဘူးလား။ ( တရားမျှတမှုကို တောင်းခံနေသော စတစ်ကာလေးဖြင့် ) ]
စုယန်ယန်သည် အကျိုးအမြတ်ကို တောင်းခံနေသော မက်ဆေ့ခ်ျများဖြင့် ပြည့်နေတဲ့ ဖန်သားပြင်ကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်၏။ “ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စတင်ခါနီးမှ ကိစ္စလေးတစ်ခု ပေါ်လာလို့ ရှင်တို့ကို စောင့်ရအောင် လုပ်မိသွားတယ်။ ဒါ ကျွန်မရဲ့ အမှားပါ။ ဒါပေမဲ့ ဒီနေ့ အားလုံးအတွက် သတင်းကောင်း ရှိတယ်။ အဲ့ဒီသတင်းကောင်းကို ထောက်ထားငဲ့ညှာသောအားဖြင့် ရှင်တို့ ကျွန်မကို ခွင့်လွှတ်မပေးချင်ဘူးလား။ ”
[ သတင်းကောင်း … ဟုတ်လား။ ဘာသတင်းကောင်းလဲ။ ဆေးပင် ဒုတိယအသုတ်ကို ရောင်းချတော့မှာလား။ ]
[ တကယ်လား တကယ်လား။ ဆေးပင် ပထမအသုတ်က အရမ်း ဝယ်ရခက်ခဲ့တာ။ ငါ့အိမ်မှာ အသက်အရွယ်ပေါင်းစုံ ရှိတဲ့ လူ ( ၁၀ ) ယောက်ကနေ အယောက် ( ၂၀ ) ကို စုဝေးခိုင်းခဲ့တာတောင် ကြာစေ့ တစ်ယောက်စာကိုပဲ ဝယ်နိုင်ခဲ့တယ်။ ဟူး။ ]
[ အပေါ်က Post တင်သူရေ ၊ ရတာလေးနဲ့ ရောင့်ရဲတင်းတိမ်တတ်စမ်းပါ။ အနည်းဆုံးတော့ မင်းကမှ တစ်ယောက်စာကို ရအောင် လုနိုင်ခဲ့သေးတယ်။ အသက်အရွယ်ပေါင်းစုံက လူ ( ၁၂ ) ယောက်ကျော် ရှိတဲ့ ငါတို့မိသားစုလိုမျိုး ဘာကိုမှ မလုနိုင်ခဲ့တာ မဟုတ်ဘူး။ ( မီးခိုးငွေ့ စတစ်ကာလေးဖြင့် ) ]
[ ဆေးပင်တွေကို လုဝယ်တဲ့ နေရာမှာ လက်မြန်ဖို့ အရမ်း အရေးကြီးတယ်။ ငါက နှစ် ( ၁၀ ) ကျော် တစ်ကိုယ်တည်းသမား ဖြစ်လာတော့ ငါ့လူငယ်ဘဝရဲ့ အချိန်အများစုကို E-Sports ဆော့ရင်း အချိန်ကုန်ခဲ့တာ။ အရင်တုန်းက ကမ္ဘာလုံးဆိုင်ရာ E-Sports ပြိုင်ပွဲမှာ ငါ ချန်ပီယံ ဖြစ်သွားတုန်းကတောင် ငါ့မိသားစုရဲ့ ထောက်ခံမှုကို မရခဲ့ဘးး။ ဒီတစ်ခေါက်တော့ ငါ့မိသားစုက အဒေါ် ( ၁၄ ) ယောက်အတွက် ဆေးပင် ကြိုတင်ရောင်းချမှုတွေကို ဘယ်သူ့အကူအညီမှ မပါဘဲ ငါတစ်ယောက်တည်း ဝယ်ယူနိုင်ခဲ့တယ်။ အခုဆို ငါက မိသားစုထဲမှာ ရုပ်အချောဆုံး ကလေးပဲလို့တောင် ချီးကျူးခံနေရပြီ။ ]
[ ကြီးမြတ်တဲ့ ဒီလူ့ရဲ့ ဘောင်းဘီစတွေကို ဆုပ်ကိုင်ပြီး သူ့ကို ကိုးကွယ်ကြ။ ငါတို့ဆို တစ်ခုမှ မဝယ်လိုက်ရတာကို သူက တစ်ယောက်တည်းနဲ့ အများကြီး ဝယ်နိုင်ခဲ့တယ်တဲ့။ မင်းက မနာလိုစရာကောင်းလိုက်တာ။ ]
[ ဟဲဟဲဟဲ။ ငါလည်း တစ်ယောက်စာ ဝယ်နိုင်ခဲ့တယ်။ ငါ အိမ်ပြန်ရောက်တာနဲ့ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအတိုင်း စွပ်ပြုတ်ချက်ခဲ့တယ်။ တင်ဆက်သူရဲ့ လက်ရာလောက် အရသာမရှိပေမဲ့ အဲ့ဒါက ငါ ပထမဆုံးအကြိမ် ဟင်းချက်ဖူးတာပဲ။ အနည်းဆုံးတော့ ငါ အဲ့စွပ်ပြုတ်ကို စားနိုင်တာနဲ့တင် ကျေနပ်တယ်။ အရေးကြီးဆုံးကတော့ စွပ်ပြုတ်အရည်ကို သောက်ပြီးတော့ ငါ အများကြီး သက်သောင့်သက်သာရှိလာခဲ့တယ်။ ငါ နေမြင့်တဲ့အထိ အိပ်မပျော်တာ ( ၁ ) နှစ် ၊ ( ၂ ) နှစ်လောက် ရှိပြီ။ အဲ့စွပ်ပြုတ်ကို သောက်ပြီးတာနဲ့ ငါ တစ်ချိုးတည်း အိပ်ပျော်သွားတာ ကြားထဲမှာ နိုးတောင် မနိုးဘူး။ ငါ့အမေကတောင် ရက်ပိုင်းလောက်နဲ့ ငါ့မျက်ကွင်းညိုနေတာတွေ အများကြီး သက်သာသွားတယ်လို့ ပြောတယ်။ ]
ဒါက အိပ်မပျော်ရောဂါ စွဲကပ်နေတဲ့ သနားစရာ လူနာတစ်ယောက်ဟု ပြောလို့ ရသည်။ သူလည်းပဲ ရောင်းချလိုက်တဲ့ တရုတ် တိုင်းရင်းဆေးပင် ပထမအသုတ်ကြောင့် ရောဂါသက်သာသွားခဲ့၏။
သူ့လို လူတွေ အများကြီး ရှိပါသည်။ တကယ်တော့ ဆေးပင် ပထမအသုတ်ကို ဈေးကွက်ထဲ ဖြန့်ချီလိုက်သည်နှင့် တစ်ပြိုင်နက် ဆိုရှယ်မီဒီယာ ၊ ဆွေမျိုးအသိုင်းအဝိုင်း ၊ ပညာရေးလောကနှင့် ဆေးပညာအသိုင်းအဝိုင်းမှာ ဟုန်းဟုန်းတောက် နာမည်ကြီးသွားခဲ့သည်။
……
909 02
အရင်တုန်းက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကံစမ်းမဲမှာ ကံထူးရှင် အရေအတွက် အကန့်အသတ်ရှိခဲ့ပေမဲ့ နောက်ပိုင်းကျ သူမက စားသောက်ဆိုင်ဖွင့်ခဲ့သည်။ သို့သော်လည်း နေ့စဉ်နေ့တိုင်း စားသုံးသူတွေ အများကြီးကိုတော့ လက်မခံနိုင်ပါ။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေရဲ့ ကျော်ကြားမှုက စုယန်ယန်ရဲ့ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်အတွက် နာမည်ဂုဏ်သတင်း ယူဆောင်လာပေးခဲ့သော်လည်း သူမ အရင်တုန်းက တစ်ခါမှ မစားဖူး ၊ အသုံးမပြုဖူးတဲ့ ပစ္စည်းတချို့တော့ ရှိသည်။ တခြားသူတွေက ဘယ်လောက်ပဲ ကောင်းကောင်း ပြောပြော ၊ သူမရဲ့ နှလုံးသားထဲမှာ မေးခွန်းသင်္ကေတလေး အမြဲတမ်း ရှိခဲ့သည်။
တရုတ် ဆေးဝါးပါဝင်ပစ္စည်း ပထမအသုတ်က ဝယ်လိုအားနှင့် ရောင်းလိုအား မမျှပေမဲ့ တကယ်တော့ ဆေးပင်တွေ အများကြီး ရှိပါသည်။ အရမ်း ဝယ်လိုအားကောင်းနေတဲ့အတွက်ကြောင့်သာ “ ဝယ်ယူသူတွေရဲ့ စိတ်ခံစားချက်ကို ခြယ်လှယ်တဲ့ မားကတ်တင်းစနစ် ” လို့ အထင်မှားစေတာပါ။
အွန်လိုင်းပေါ်ကို ကုန်ပစ္စည်းတွေ ရောက်ဖို့ စောင့်ရချိန်ကလည်း မကြာပါ။ လူတွေက သူတို့လက်ထဲ ကုန်ပစ္စည်းတွေ ရောက်သည်နှင့် စတင် လက်စွမ်းပြခဲ့ကြသည်။
ထို့ကြောင့် နာမည်ကြီးသော ကြင်ဖက်တွေ့သည့် အဖွဲ့တချို့နှင့် စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအောက်က ကွန်းမန့်ဆက်ရှင်ထဲမှာ “ အမြင်မလှသော်လည်း အရသာရှိတဲ့ ဟင်းလျာ ” ဒီဇိုင်း အမျိုးမျိုးက နေရာယူသွားခဲ့လေသည်။
+++++