← Chapters

အခန်း ၉၁၁

Vol. 61 Ch. 911

အခန်း ၉၁၁

Vol. 61 Ch. 911

911 01

အခန်း ( ၉၁၁ ) ရတနာရှစ်ပါး စွပ်ပြုတ်။

လူတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ဘဝက ဘယ်လောက်တောင် ခက်ခဲတယ် ဆိုတာကို နားလည်သွားချိန်မှာ စတင် ပင့်သက်ရှိုက်ခဲ့ကြသည်။ သူတို့အဖို့ ဆယ်လကြာ ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ကလေးမွေးရတာ မလွယ်ကူပါ။ ကလေးကို နို့တိုက်ရတဲ့အပြင် အစားလည်း ရှောင်ရသေးသည်။

စုယန်ယန်က ထိုမက်ဆေ့ခ်ျတွေကို မြင်သောအခါ ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ “ ဟုတ်တယ်။ မိန်းမတစ်ယောက်က ခန္ဓာကိုယ်ပုံပျက်တဲ့ အန္တရာယ်ကို ရင်းရတယ် ၊ ခန္ဓာကိုယ်အလှကို ဆုံးရှုံးရတယ် ၊ ဗိုက်ကြီး ပူထွက်လာတယ် ၊ ကလေးမွေးပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း အများကြီး ကျန်ခဲ့တယ်။ မိန်းမတွေက ဒါတွေကို စွန့်လွှတ်ပြီး ရှင်တို့အတွက် ကိုယ်ဝန်လွယ်ပြီး ကလေးမွေးပေးရတာ ၊ ရှင်တို့အချစ်ရဲ့ အသီးအပွင့်လေးကို မွေးပေးရတာ။ အစကတည်းက သူတို့ဘက်က အများကြီး စွန့်လွှတ်ခဲ့ရပြီးသား။ ကလေးမွေးပြီးတော့လည်း မိခင်နဲ့ ကလေးကို ဂရုစိုက်ဖို့ လူတွေရဲ့ အကူအညီကို လိုတယ် ဆိုတာကိုတော့ ထည့်ပြောနေစရာတောင် မလိုဘူး။ ”

“ မင်းရဲ့ လက်တွဲဖော်က ကလေးမချစ်တတ်ရင် ၊ မင်းကိုလည်း အချစ်စစ်နဲ့ မချစ်ရင် မင်းက ဘာအတွက် အလကားသက်သက် အပင်ပန်းခံနေမှာလဲ။ မင်းတို့လည်း ဂရုစိုက်သင့်တယ်။ အနာဂတ် ဖခင်လောင်းတို့ရေ ၊ ရှင်တို့မိန်းမက ကိုယ်ဝန်ရှိနေတဲ့ အချိန်အတွင်း စိတ်ဆတ်လွယ်နေပြီး ကလေးမွေးပြီးသွားတော့ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ယောက် ဖြစ်သွားရင် သူမရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပြန်တွေးကြည့်ပါ။ ရှင်တို့ဇနီးရဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ခင်ပွန်းဝတ္တရားရော ကျေခဲ့ရဲ့လား ... ရှင်တို့ဇနီးကိုရော သေချာ ဂရုစိုက်ပေးခဲ့လား ၊ စောင့်ရှောက်ပေးခဲ့လား။ ”

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ဖန်သားပြင်ပေါ်မှာ မက်ဆေ့ခ်ျတစ်စောင် တက်လာခဲ့သည်။

[ တင်ဆက်သူမှာ ကိုယ်ဝန်ရှိတုန်းကရော တင်ဆက်သူရဲ့ ယောက်ျားက ခင်ပွန်းဝတ္တရားကျေပွန်ခဲ့လား။ ]

စုယန်ယန်က ခဏလောက် ငြိမ်ကျသွားပြီးမှ ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ “ သူ အောင်မှတ်ရတယ် ဆိုရုံလေး ရခဲ့တာပါ။ ”

ဧည့်ခန်း ထောင့်တစ်နေရာမှာ ထိုင်ပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေခဲ့တဲ့ ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ စကားကို ကြားသောအခါ မျက်ခုံးပင့်သွား၏။ သူ့ရဲ့ နက်ရှိုင်းသော မျက်ဝန်းတွေထဲမှာလည်း လှိုင်းဂယက်လေးတွေ အနည်းငယ် ထသွားခဲ့သည်။

[ တင်ဆက်သူက ထေ့ငေါ့ပြော‌နေတာလို့ ငါတော့ ထင်တာပဲ။ သူက အဲ့စကားကို ပြောတဲ့ အချိန်မှာ သကြားဓာတ်တွေ အရမ်း မြင့်တက်နေသလိုမျိုး ချိုမြိန်တဲ့ အသံနဲ့ ပြောနေခဲ့တာ။ ]

[ အိုက်ယား ၊ တင်ဆက်သူက အတည်ပေါက် ပေ့ာနေတာ မဟုတ်ဘူးနော်။ ဒီနေ့ လူတိုင်း ကြားလိုက်ရတဲ့ စကားကို အတည် မယုံနဲ့။ တင်ဆက်သူ ကိုယ်ဝန်ရှိနေတဲ့ အချိန်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တဲ့ အကြိမ်ရေက သိသိသာသာ လျော့ကျသွားခဲ့တာ။ တင်ဆက်သူရဲ့ ယောက်ျားက တင်ဆက်သူက ဂရုမစိုက်ဘူးလို့ မင်းတို့ ထင်နေတာလား။ မှားသွားမယ် မှားသွားမယ် ၊ အဲ့ဒါတွေ အကုန်လုံးက တင်ဆက်သူအပေါ် ထားတဲ့ သူ့ယောက်ျားရဲ့ အချစ်တွေပဲ။ ]

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကွန်းမန့်တွေက ဆုလက်ဆောင်ကို တောင်းခံနေရာကနေ တင်ဆက်သူကို စနောက်ခြင်းသို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ စုယန်ယန်ရဲ့ မျက်နှာက နီရဲသွားပြီး ထိုကွန်းမန့်တွေကို ဆက်မဖတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ ဒါတွေကို အသုံးပြုပြုပြီး ဒီနေ့ ကြက်စွပ်ပြုတ် ချက်လိုက်ကြမယ်နော်။ ကျွန်မဘက်မှာ ကျွန်မ ချက်ထားတာတွေကို စားမယ့် လူ အများကြီး မရှိဘူး။ ကျန်တဲ့ ဟင်းလျာတွေကို ကံစမ်းမဲအတွက် သုံးသွားမှာပါ။ အင်း … လူ ငါးယောက်စာအတွက် ကံစမ်းမဲနှိုက်လိုက်မယ်။ ရှင်တို့ ဓမ္မတာမလာတဲ့ အချိန်မှာပဲ ဒီစွပ်ပြုတ်ကို သောက်လို့ ရတယ်နော်။ ကလေးနို့တိုက်နေရသေးတဲ့ မိခင်တွေနဲ့ ‌ဓမ္မာတာလာနေတဲ့ မိန်းကလေးတွေက ကံစမ်းမဲမနှိုက်ပါနဲ့။ ဒီနေ့ ပြသွားတဲ့ ဆေးအိတ်တွေကို စားသောက်ဆိုင်မှာလည်း မကြာခင် ရောင်းချပေးသွားမှာပါ။ ရှင်တို့ ဒီစွပ်ပြုတ်ကို သောက်ဖို့ သင့်တော်တဲ့ အချိန်ရောက်တော့မှ ဝယ်သောက်ရင်လည်း အရမ်းကြီးတော့ နောက်မကျသေးပါဘူး။ ”

နို့တိုက်မိခင်တွေနှင့် ဓမ္မတာလာပြီး ကိုက်ခဲနာကျင်နေတဲ့ အမျိုးသမီးတွေက တားမြစ်ထားတဲ့ လူစာရင်းထဲမှာ ပါသွားခဲ့သည်။ သူတို့က အစပိုင်းမှာ နည်းနည်းလေး စိတ်ပျက်သွားကြပေမဲ့ စုယန်ယန်ရဲ့ နောက်ဆက်တွဲ စကားကို ကြားတော့ ရုတ်တရက် စိတ်သက်သာရာရသွားခဲ့ကြလေသည်။

......

911 02

ဝယ်မယ် ဝယ်မယ် ဝယ်မယ်။ သူတို့ ဒီစွပ်ပြုတ်ကို ဝယ်ကို ဝယ်မယ်။ လောလောဆယ် သောက်လို့ မရသေးရင်တောင် နည်းနည်းပါးပါး ဝယ်ပြီး သိမ်းထားလို့ ရသည်။ အနာဂတ်မှာ အကန့်အသတ်နှင့် ရောင်းချတာမျိုး ရှိလာနိုင်တာမို့ သူတို့ လိုရမယ်ရ ဝယ်ထားဖို့ လိုသည်။

စုယန်ယန်က ကြက်တစ်ကောင်လုံးရဲ့ ခေါင်းနှင့် ဖင်ဆီဗူးကို လှီးဖြတ်ပြီး အတုံးသေးသေးလေးတွေ ဖြစ်အောင် ခုတ်ထစ်လိုက်ပါသည်။ ထို့နောက် ထိုခုတ်ထစ်ထားတဲ့ အသားတုံးလေးတွေကို ပါဝင်ပစ္စည်း လေးမျိုး ၊ တရုတ်ဆီးသီးအနီတို့နှင့် ရောနှော၍ မြေအိုးထဲ ထည့်ကာ ရေဖြည့်လိုက်သည်။ ပြီးရင်တော့ နှပ်ချက်ထားတဲ့ အသားတွေ ကျက်မှာကို စောင့်ဖို့ပဲ လိုသည်။

“ နောက်ထပ် ဟင်းလျာကတော့ ရတနာရှစ်ပါး စွပ်ပြုတ်ပါ။ တကယ်တော့ ရတနာရှစ်ပါး စွပ်ပြုတ် ဆိုတာ ခုနတုန်းက ပါဝင်ပစ္စည်းလေးမျိုးနဲ့ လူကြီးလူကောင်းလေးယောက်ကို ပေါင်းစပ်ထားတာပါ။ ဆေးပင် ရှစ်မျိုးကို ပေါင်းစပ်လိုက်တဲ့အခါ ဆေးဖက်ဝင်မှုကလည်း နှစ်ဆဖြစ်သွားတယ်။ ချီစွမ်းအင်ကို အားကောင်းစေပြီး သွေးကိုလည်း အသစ်လည်ပတ်စေတယ်။ ရတနာရှစ်ပါး စွပ်ပြုတ်က နာတာရှည်ရောဂါနဲ့ ရောဂါဖြစ်ပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ရောဂါလက္ခဏာတွေကြောင့် ချီစွမ်းအင်နဲ့ သွေးအား အားနည်းတဲ့ လူနာတွေအတွက် သင့်တော်တယ်။ ချက်ပြုတ်နည်းကလည်း အရှေ့က နှစ်ခုနဲ့ တူတယ်။ ကြက်သားနဲ့ ဝက်နံရိုးတွေကို စတူးချက်တဲ့ နေရာမှာ အသုံးပြုလို့ ရပါတယ်။ ”

[ ငါ့အဖေက သရက်ရွက်နဲ့ အစာအိမ် မကောင်းဘူး ၊ ငါ့အမေကတော့ ဓမ္မတာလာတိုင်း ရောဂါအသေးစားလေးတွေနဲ့ ကိုက်ခဲနာကျင်မှုတွေကို အမြဲ ခံစားနေရတာ။ ငါ့အဖေနဲ့ အမေရဲ့ ဝေဒနာတွေကို တစ်ပြိုင်တည်း ပျောက်ကင်းစေဖို့ ဆိုရင် ဒီတစ်မျိုးတည်းကိုပဲ ငါ ဝယ်စရာလိုတာလား။ ]

ထိုမက်ဆေ့ခ်ျက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ရှိနေတဲ့ လူများစွာရဲ့ အတွေးတွေရဲ့ စကားသံပဲ ဖြစ်သည်။

စုယန်ယန်ကတော့ မအံ့ဩမိပါ။

++++++

All Chapters