← Chapters

အခန်း ၉၁၂

Vol. 61 Ch. 912

အခန်း ၉၁၂

Vol. 61 Ch. 912

912 01

အခန်း ( ၉၁၂ ) အစိုဓာတ် ဖယ်ရှားခြင်း။

“ ကျွန်မ အကြံပေးရမယ် ဆိုရင်တော့ အဲ့လို မလုပ်တာ အကောင်းဆုံးပဲ။ ဒါက ဆေးနည်းနှစ်မျိုးရဲ့ အကျိုးအာနိသင်တွေကို ပေါင်းစပ်ထားတာ ဆိုပေမဲ့လည်း ဆေးဖက်ဝင်ဟင်းလျာ ဆိုတာ ပုံမှန် အစားအသောက်တွေနဲ့ မတူဘူး။ ထမင်းကို အများကြီး စားလို့ ရပေမဲ့ ဆေးကိုတော့ အများကြီး သောက်လို့ မရဘူးလေ။ ”

“ ကြည့်ရှုသူတွေထဲက ဒီမေးခွန်းကို မေးတဲ့ သူငယ်ချင်းက ဒါကို မဝယ်ခင် ရှင့်မိဘတွေရဲ့ ကျန်းမာရေး အခြေအနေကို အရင် စစ်ဆေးကြည့်ပါ။ ရှင် ပြဿနာကို ဖြေရှင်းလို့ ရပါတယ်။ ရှင့်မှာ မေးခွန်းနှစ်ခုလုံး ရှိနေရင်တော့ ဒါကို ရောပြီး နှပ်ချက်တာ ပိုကောင်းတယ် ၊ ဒါပေမဲ့ မေးခွန်းတစ်ခုပဲ ရှိတယ် ဆိုရင်တော့ သက်သက်စီ ခွဲပြီး ချက်တာ အကောင်းဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်သက်သာအောင်လို့ မလုပ်နဲ့။ အဲ့ဒါကမှ ပိုအလုပ်ရှုပ်စေလိမ့်မယ်။ များလွန်းတာလည်း နည်းလွန်းတာလိုပဲ မကောင်းဘူး။ ”

လူတချို့က စုယန်ယန်ရဲ့ စကားကို ကြားသောအခါ သူတို့ ဆေးဖက်ဝင်ဟ်ုးလျာတွေကို ပေါ့ပေါ့တန်တန် သဘောထားမိနေတယ် ဆိုတာကို နားလည်သွားခဲ့ကြသည်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ဆေးဖက်ဝင်ဟင်းလျာတွေက တော်တော်လေး အရသာရှိတာမို့ လူတွေက ဆေးဖက်ဝင်ဟင်းလျာတွေကို အစားအသောက်အဖြစ်သာ သဘောထားပြီး ဆေးလို့ မသတ်မှတ်ခဲ့ပေ။

ဆေးဖက်ဝင်ဟင်းလျာတွေကို ဘယ်လောက်ပဲ စားစား ၊ သူတို့ခန္ဓာကိုယ်အတွက် အကျိုးရှိမှာပဲလို့သာ ထင်ခဲ့ကြသည်။ စုယန်ယန်ကလည်း အဲ့ဒါကို အစိုးရိမ်ဆုံးပင်။

အခု စုယန်ယန်က သူတို့ကို ကြိုတင် ပြောပြလာသောကြောင့် လူတိုင်း စိတ်အေးသွားပြီး ဆေးဖက်ဝင်ဟင်းလျာတွေရဲ့ သဘောတရားကို နားလည်သွားခဲ့ကြသည်။ သူတို့ ထိုအကြောင်းကို ဆက်ပြောမနေတော့ပါ။

စုယန်ယန်က ဖန်သားပြင်ရဲ့ ထိပ်ဆုံးက အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ “ ဟုတ်ပြီ။ ကျွန်မတို့ ခဏနေရင် ဘာဘီကျူး လုပ်ရဦးမှာ ဆိုတော့ ဒီနေ့ရဲ့ နောက်ဆုံးဆေးအိတ်ကို မြန်မြန်လေး မိတ်ဆက်လိုက်ကြတာပေါ့ … ‘ နတ်ဘုရားလေးပါး စွပ်ပြုတ် ’ လို့ ခေါ်ပါတယ်။ နတ်ဘုရားလေးပါး စွပ်ပြုတ်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေက ပိုင်ကျူးဆေးပင် ၊ ဟွားရှန်းတောင်တန်းဆေးပင် ၊ ကြာစေ့နဲ့ ဂေါ်ဂွန်အသီးတို့ ဖြစ်ပါတယ်။ ဒီဆေးပင်လေးမျိုးမှာ အစိုဓာတ်ကို ဖယ်ရှားနိုင်တဲ့ အာနိသင်ရှိတဲ့အတွက်ကြောင့် နတ်ဘုရားလေးပါးစွပ်ပြတ်ဟာ အစိုဓာတ်ကို ဖယ်ရှားပေးတဲ့ နည်းလမ်းကောင်းတစ်ခုလို့လည်း လူသိများပါတယ်။ ”

“ ကျွန်မ အရင်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ခီဏွားစေ့နဲ့ သစ်ကြံပိုးခေါက် ဝက်ဗိုက်သားဟင်း ချက်ပြဖူးပါတယ်။ ခီဏွားစေ့မှာလည်း အစိုဓာတ် ဖယ်ရှားတဲ့ အာနိသင် ရှိပါတယ် ၊ အဲ့တော့ ဒီအစိုဓာတ်ကို ဖယ်ရှားပေးတယ် ဆိုတာက ဘာကို ရည်ညွှန်းတာလဲ။ တကယ်တော့ လူ့ခန္ဓာကိုယ်မှာ အစိုဓာတ် နှစ်မျိုး ရှိတာပါ။ အတွင်းအစိုဓာတ်နဲ့ ပြင်ပအစိုဓာတ်လို့ ခေါ်ပါတယ်။ သူ့နာမည်အတိုင်း ခန္ဓာကိုယ်ထဲက အစိုဓာတ်နဲ့ ခန္ဓာကိုယ်ပြင်ပက အစိုဓာတ်ကို ပြောတာပါ။ ”

“ ခန္ဓာကိုယ်ပြင်ပ အစိုဓာတ် ဆိုတာ များသောအားဖြင့် နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်နေတာပါ။ ရာသီဥတုက ပူပြီး အေးတယ်။ ရှင်တို့ လေထုစိုထိုင်းတဲ့ နေရာတွေမှာ အကြာကြီး နေရင် ရှင်တို့ရဲ့ ခန္ဓာကိုယ်ထဲကို အစိုဓာတ်တွေက အလွယ်တကူ ဝင်ရောက်လာနိုင်တယ်။ အဆစ်ရောင်ရောဂါ ဆိုရင် ရှင်တို့ရဲ့ နေ့စဉ် နေထိုင်မှုဘဝနဲ့လည်း ဆက်စပ်နေတာ။ အိပ်ရာဝင်နောက်ကျတယ် ၊ ခဏ ခဏ အအေးမိတယ် ၊ ပြီးတော့ အိမ်မှာ နေရတာကို ကြိုက်တဲ့ လူမျိုး ဆိုရင်ပေါ့။ လေ့ကျင့်ခန်း လုပ်လေ့လုပ်ထမရှိတဲ့ လူတွေက သရက်ရွက်နဲ့ အစာအိမ် အားနည်းတဲ့အတွက် အစိုဓာတ်ထုတ်လုပ်ဖို့ လွယ်ကူပါတယ်။ ”

912 02

“ အေးတဲ့ အစားအသောက်တွေကို စားရတာ ကြိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တဲ့ လူတွေ ၊ မှောင်ပြီး စိုထိုင်းတဲ့ နေရာတွေမှာ နေရတဲ့ လူတွေလို နေထိုင်မှုပုံစံ ပရမ်းပတာ ဖြစ်နေတဲ့ လူတွေ ဆိုရင် ခန္ဓာကိုယ်တွင်း အစိုဓာတ်နဲ့ ခန္ဓာကိုယ်ပြင်ပက အစိုဓာတ်တွေ ပေါင်းစပ်သွားတဲ့အခါ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်လိမ့်မယ် ၊ အစာစားချင်စိတ်မရှိ ဖြစ်လိမ့်မယ် ၊ အမြဲတမ်းလည်း အိပ်ချင်နေလိမ့်မယ်။ တစ်ခါတလေ သူတို့ရဲ့ အသားအရေက အဖုအပိမ့်တွေ အများကြီး ထပြီး ယားယံလာလိမ့်မယ်။ ”

စုယန်ယန် ရှင်းပြသော စကားက လူများစွာကို ဆွံ့အသွားစေခဲ့ပြီး လူတွေကလည်း ထိုစကားကို နှလုံးသားထဲမှာ မှတ်သွင်းယူခဲ့ကြလေသည်။

[ နွေဦးနဲ့ ဆောင်းဦး ရောက်တိုင်း မိုးတွေ အများကြီး ရွာတတ်တယ်။ နေရာတိုင်းမှာ စိုစွတ်နေတော့ ငါ့အိမ်နံရံတွေဆို သူ့ဘာသာသူ ရေတွေ စိမ့်ထွက်နေတော့တာ။ အဲ့အချိန်ဆို ငါကလည်း ပျင်းရိပြီး ဘာမှ စားချင်စိတ် မရှိတော့ဘူး ၊ အမြဲတမ်း အိပ်ပဲ အိပ်ချင်နေတော့တာ။ ငါက ရာသီဥတု အကူးအပြောင်းကြောင့် အဲ့လို ဖြစ်တာလို့ပဲ ထင်နေခဲ့တာ။ တင်ဆက်သူ ပြောတဲ့အတိုင်းဆို အဲ့ဒီ အစိုဓာတ်ကြောင့်လား။ ]

[ အဖုအပိမ့် … ဟုတ်လား။ အနီစက်လေးတွေနဲ့ ပြည့်နေတဲ့ အဖုအပိမ့် အကြီးကြီးတွေကို ပြောတာလား။ အဲ့ဒီ အဖုအပိမ့်တွေက ကြောက်စရာကောင်းပေမဲ့ ပျောက်သွားတာနဲ့ အသားအရေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာလေ။ ရာသီဥတု အကူးအပြောင်းကြောင့် အဲ့လို အဖုအပိမ့်တွေ ပေါက်တာလို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီအစိုဓာတ်ကြောင့်‌ ပေါက်တာလား။ ]

……

[ အဲ့ဒါကို ဘယ်လို ကုသမှာလဲ။ ခန္ဓာကိုယ်မှာရော ပြဿနာတွေ ရှိလာနိုင်လား။ ]

စုယန်ယန်က ဖန်သားပြင်ပေါ်မှာ ပျံဝဲနေတဲ့ ကွန်းမန့်တွေကို ကြည့်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ “ အစိုဓာတ်က နည်းနည်းလေးပဲ ရှိရင်တော့ ခန္ဓာကိုယ်ကို မအီမသာ ဖြစ်စေရုံလောက်ပဲ ရှိမှာပါ။ ဒါပေမဲ့ အဲ့ဒါကို မကုသဘူး ဆိုရင်တော့ ရောဂါလက္ခဏာတွေက ပိုဆိုးဝါးလာပြီး ရေဂါအသစ်တွေပါ ထပ်တိုးလာပါလိမ့်မယ်။ အကောင်းဆုံး ကုသမှုကတော့ အိပ်ရေးဝဝအိပ် ၊ လေ့ကျင့်ခန်း များများ လုပ်ပြီး အရသာရှိတဲ့ အစားအသောက်တွေ များများ စားတာပါ။ ဥပမာ - နတ်ဘုရားလေးပါး စွပ်ပြုတ်နဲ့ ဆန်ပြုတ်တွေကို သောက်တာမျိုးပေါ့ … ”

စုယန်ယန်က ပြောရင်း သူမ ခုနတုန်းက ရေထဲမှာ ပြင်ဆင်ထားတဲ့ အမဲအူကြမ်းကို ပြုတ်လိုက်သည်။ မာဆတ်ဆတ်လေး ဖြစ်သွားချိန်မှာတော့ ရေထဲက ဆယ်ယူပြီး အမြှောင်းလေးတွေ လှီးလိုက်၏။ ထို့နောက် တခြားဆေးပင်တွေနှင့်အတူ ထိုအမဲအူကြမ်းအမြှောင်းလေးတွေကို အိုးထဲ ထည့်လိုက်ပါသည်။

+++++

All Chapters