← Chapters

အခန်း ၉၁၃

Vol. 61 Ch. 913

အခန်း ၉၁၃

Vol. 61 Ch. 913

913 01

အခန်း ( ၉၁၃ ) ဒါ ကောင်းတဲ့ ကိစ္စပါ။

စုယန်ယန်သည် ပစ္စည်းတွေ အကုန်လုံးကို စားပွဲပေါ်က ဖယ်ပြီးချိန်မှာပဲ ဖန်သားပြင်ပေါ်မှာ တက်လာတဲ့ မက်ဆေ့ခ်ျတစ်စောင်ကို မြင်လိုက်၏။

[ ပြီးခဲ့တဲ့ စွပ်ပြုတ်နာမည်တွေကို နားလည်ပေမဲ့ ဒီတစ်ခုက ဘာလို့ နတ်ဘုရားလေးပါး စွပ်ပြုတ်လို့ ခေါ်တာလဲ။ ]

“ ဘာလို့ အဲ့ဒီလို ခေါ်တာလဲလို့ မေးတာလား။ ” စုယန်ယန်က ပြုံးလိုက်သည်။ “ ဒီနာမည်မှာ သွက်ဝိုက်တဲ့ အဓိပ္ပာယ် ရှိပါတယ်။ သမိုင်းကြောင်းထဲမှာ ပါတာတော့ ရှေးခေတ်တုန်းက ဘုရင်တစ်ပါးက ခရီးသွားရင်း လိုရာခရီးကို မရောက်သေးခင်မှာပဲ သူ့ဝန်ကြီးလေးယောက်က ခရီးပန်းပြီး နေမကောင်းဖြစ်ခဲ့ကြတယ်တဲ့။ အဲ့လိုနဲ့ သမားတော်တစ်ပါးကို ဖိတ်ကြားပြီး နေမကောင်းဖြစ်နေတဲ့ ဝန်ကြီးတွေကို ကြည့်ရှုခိုင်းခဲ့တယ်။ သမားတော် ပေးသွားတဲ့ ဆေးညွှန်းကတော့ ဒီနတ်ဘုရားလေးပါး စွပ်ပြုတ်ပဲ။ ဝန်ကြီးလေးပါးအတွက် ပေးခဲ့တဲ့ ဆေးညွှန်းမို့လို့ နတ်ဘုရားလေးပါး စွပ်ပြုတ်လို့ ခေါ်တာလို့ ပြောထားတယ်။ ”

“ လမ်းခရီးကြမ်းတမ်းတာကြောင့် သူတို့ အရင်ဆုံး ခြေကုန်လက်ပန်းကျလာခဲ့တယ် ၊ ပြီးတော့ သူတို့ မူလတုန်းက နေထိုင်ခဲ့တဲ့ ဒေသက ပူပြင်းခြောက်သွေ့နေတဲ့ မြောက်အရပ်။ သူတို့ ခရီးသွားတဲ့ ဒေသ‌ကတော့ စိုစွတ်ချမ်းစီးနေတဲ့ တောင်အရပ်။ အချိန်တိုအတွင်း ရာသီဥတု အပြောင်းအလဲနဲ့ ကျင့်သားမရတဲ့အတွက် အစိုဓာတ်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပြီး ခန္ဓာကိုယ်ကို အတွင်းနဲ့ အပြင်ကနေ လှုံ့ဆော်ခဲ့တယ်။ သူတို့ ချက်ချင်းပဲ နေမကောင်းဖြစ်သွားခဲ့ကြတယ်။ အဲ့လိုနဲ့ ပတ်ဝန်းကျင် အပြောင်းအလဲကလည်း လူသားတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိလို့ ဂရုမစိုက်ဘဲ နေလို့ မရဘူး ဆိုတာကို နားလည်သွားခဲ့ကြတယ်။ အလုပ်ကိစ္စနဲ့ မကြာခဏ ခရီးသွားရတဲ့ လူတွေက သူတို့ကိုယ်သူတို့ ဂရုစိုက်လာခဲ့ကြတယ်။ ”

“ ဪ ၊ ပြီးတော့ တချို့တွေက ဂေါ်ဂွန်အသီးရဲ့ အရသာကို မကြိုက်ရင် မုယောစပါးနဲ့ အစားထိုးလို့ ရတယ်နော်။ အာနိသင်က အတူတူပဲ။ ”

စုယန်ယန်က အိုးကို အဖုံးအုပ်ပြီး လက်ကိုင်ပဝါလေးနှင့် လက်သုတ်လိုက်သည်။ ခဏလောက် နှပ်ချက်ထားဖို့ လိုသေးတဲ့ စွပ်ပြုတ်အိုး လေးအိုးကို ကြည့်ပြီး သူမ ပြုံးလိုက်မိသည်။ “ ကဲ ၊ စွပ်ပြုတ်လည်း အဆင်သင့် ဖြစ်သွားပြီ ဆိုတော့ ကျွန်မ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို အရင်ဆုံး ပိတ်လိုက်ပါ့မယ်။ ဒါဆို ကင်မရာကို ဖယ်ပြီး ဘာဘီကျူး သွားစားကြမယ်နော်။ ”

စုယန်ယန်က သူမ ဒီနေ့ သောက်သုံးမယ့် စွပ်ပြုတ်နှင့် စားသောက်ဆိုင်က ဟင်းလျာအသစ်တွေကို အရင်ဆုံး ကြေညာပြီးမှ အဓိကဇာတ်ကောင် ဖြစ်တဲ့ ဘာဘီကျူးပါတီကို စတင်လိုက်သည်။

အခြားတစ်ဖက်၌ သူ့ထင်မြင်ချက် မှန်ကန်တာကို အတည်ပြုပြီးသွားတော့ မကျေမချမ်းဖြစ်နေတဲ့ လန်ကျားယီက သူ့မရီးဘက်ကို ပြန်ရောက်သွားခဲ့သည်။

ယန်ရှောင်ရန်က သူမရဲ့ ကလေးကို ပွေ့ချီထားရင်း ကြယ်လေးကို နှုတ်ဆက်နေ၏။ ခြောက်လကွာတဲ့ ကလေးနှစ်ယောက်က တအဲ့အဲ့နှင့် အသံလေးတွေ ထွက်နေကြပြီး အပြန်အလှန် စကားပြောနေတာနှင့် အမှန်တကယ်ပင် တူသည်။ ထိုအချိန်မှာပဲ ခပ်လှမ်းလှမ်းက ခေါ်သံကို သူမ ကြားလိုက်ရသည်။

လန်ကျားယီ ရောက်လာတာကို သိလိုက်တဲ့ ယန်ရှောင်ယန်က လှည့်တောင် လှည့်မကြည့်ဘဲ “ နင် ပြန်လာပြီလား။ ခုနတုန်းက နင် ဘယ်သွားတာလဲ။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။

အချိန်ခဏကြာသွားသည်ထိ လန်ကျားယီဘက်က ပြန်ဖြေသံကို မကြားရတော့မှ ယန်ရှောင်ရန်က တစ်ခုခု မှားယွင်းနေကြောင်း နားလည်သွားပြီး သူ့ကို နားမလည်နိုင်စွာ လှည့်ကြည့်လိုက်လျှင် ထိတ်လန့်သွားရလေသည်။ လန်ကျားယီရဲ့ မျက်လုံးတွေက လောလောလတ်လတ် ငိုထားတာ သိသာစွာပင် နီရဲနေပါသည်။

......

ယန်ရှောင်ရန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ လန်ကျားယီထံ အမြန် သွားပြီး “ ဘာဖြစ်တာလဲ။ နင့်ကို ဘယ်သူ အနိုင်ကျင့်တာလဲ။ ” ဟု စိုးရိမ်တကြီး မေးလိုက်သည်။

“ မရီးလေ။ ”

913 02

ယန်ရှောင်ရန်တစ်ယောက် ဆွံ့အသွားရသည်။ “ ငါ … ဟုတ်လား။ ငါ နင့်ကို ဘယ်တုန်းက အနိုင်ကျင့်မိလို့လဲ။ ”

“ မရီးနဲ့ မရီးယောက်ျား ကျွန်တော့်အစ်ကို အနိုင်ကျင့်တာ။ ” လန်ကျားယီ ပြောရင်း ပြောရင်း ပိုမကျေမနပ်ဖြစ်လာကာ ထပ်ငိုချင်လာမိသည်။ “ အဲ့ဒီ အန်တီလေးက တင်ဆက်သူ ဆိုတာ မရီးတို့ သိနေပေမဲ့ ကျွန်တော့်ကို မပြောပြခဲ့ဘူးလေ။ ကျွန်တော်က တင်ဆက်သူအကြောင်း ဘာမှ မသိဘဲ နေ့တိုင်း တခြားလူတွေရှေ့မှာ သူအကြောင်း ချီးကျူးတာကို ရယ်စရာလို့ ထင်နေတာလား။ ”

“ အဲ့လို မဟုတ်ဘူး။ ” ယန်ရှောင်ရန်က ထိုစကားကို ကြားသည်နှင့် သူတို့ တစ်စုံတစ်ရာကို ဖုံးကွယ်ထားတယ် ဆိုတာ နားလည်သွားသည်။ ဒီအဖြစ်အပျက်က လန်ကျားယီရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်သောကြောင့် သူမ အမြန် ရှင်းပြလိုက်သည်။ “ ဒီကိစ္စက နင် ထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ ငါတို့မှာ နင် မသိအောင် ဖုံးကွယ်ထားချင်တဲ့ ရည်ရွယ်ချက် မရှိသလို နင့်ကို အရူးလုပ်ချင်ခဲ့တာလည်း မဟုတ်ဘူး။ ”

ယန်ရှောင်ရန်က အတွေးတစ်ခုကို ရုတ်တရက် တွေးမိသွားကာ လန်ကျားယီကို မော့ကြည့်လိုက်သည်။ “ နေပါဦး။ သူက တင်ဆက်သူ ဆိုတာ နင်က ဘာလို့ ဒီလောက် သေချာနေရတာလဲ။ နင် သူ့ကို မေးလိုက်တာလား။ ”

သူ ဒီကို မလာခင်တုန်းပဲ စိတ်တွေ ရှုပ်ထွေးကာ လမ်းပျောက်နေခဲ့သော်လည်း စုယန်ယန်ဆီမှာ လူကိုယ်တိုင် အတည်ပြုပြီးချိန်မှာတော့ သူ့ကိုယ်သူ အလွန် သေချာသွားခဲ့တာ ဖြစ်သည်။

“ … အင်း။ ”

“ သူ ဝန်ခံလိုက်တာလား။ ”

“ … အင်း။ ”

ယန်ရှောင်ရန်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးတစ်ချက် မှုတ်ထုတ်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ “ အဲ့ဒါ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလား။ နင် ဘာလို့ ငိုနေတာလဲ။ ”

“ ကောင်းတဲ့ ကိစ္စ … ဟုတ်လား။ ” လန်ကျားယီ မျက်လုံးပြူးသွားရပါသည်။ “ ဒါကို ကောင်းတဲ့ ကိစ္စတဲ့လား။ ”

++++++

All Chapters