အခန်း ၉၁၇
Vol. 62 Ch. 917
917 01
အခန်း ( ၉၁၇ ) မင်းရဲ့ ဓားကို ထုတ်လိုက်စမ်းပါ အချစ်ပြိုင်ဖက်။
[ အပေါ်က လူချမ်းသာကို အသက်ရှင်လျက် ဖမ်းထားလိုက်ကြပါ။ ငါလည်း တင်ဆက်သူကို သူနဲ့ သူငယ်ချင်းဖွဲ့ဖို့ ဘာတွေ လိုအပ်လဲ ဆိုတာ မေးချင်တယ်။ ငါ့လို အသားဖြူဖြူနဲ့ ရုပ်ချောတဲ့ လူတစ်ယောက်က မင်းရဲ့ အကူ ဖြစ်နိုင်မလား။ ]
လန်ကျားယီက ဖန်သားပြင်ပေါ်က သူငယ်ချင်းဖွဲ့ဖို့ တောင်းဆိုနေတဲ့ မက်ဆေ့ခ်ျ အများအပြားက်ု ကြည့်ကာ ကြင်ဖက်တွေ့ပွဲ အကြီးစားကြီးလို ခံစားလိုက်ရသည်။ အရင်တုန်းက သူ့မရီး ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်ကိုလည်း သူ ရုတ်တရက် နားလည်သွားသည်။
လွန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်တုန်းကအထိ သူ ဖန်သားပြင်ပေါ်မှာ ရှိနေဆဲ ဖြစ်ပြီး တင်ဆက်သူရဲ့ အစားအသောက်တွေကို မြည်းစမ်းနိုင်ဖို့အတွက် တင်ဆက်သူရဲ့ စိတ်အာရုံကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ဖမ်းစားနိုင်ဖို့ အော်ဟစ်ပြောဆိုနေခဲ့ပါသေးသည်။
အခုတော့ သူကိုယ်တိုင်က တင်ဆက်သူဘက်က အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပြီမို့ သူမရဲ့ ပရိသတ်တွေရဲ့ အားကျမှု ၊ မနာလိုမှုတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါပြီ။
ဒီခံစားချက်က … သောက်ရမ်း မိုက်တယ်။
ရုတ်တရက်ပဲ အများကြီး စိတ်သက်သာရာရသွားတဲ့ လန်ကျားယီသည် သူ့မရီးအတိုင်း အသီးအရွက်တွေကို ပျော်ရွှင်စွာ သွားယူလိုက်၏။
သို့သော်လည်း ဟောက်ချန်ဟွမ်းက စုယန်ယန်နောက်ကို လျှောက်သွားပြီး သူမရဲ့ ခါးကို နူးညံ့စွာ ပွေ့ဖက်၍ “ မင်း ပူနေလား။ ” ဟု တိုးတိုးလေး မေးလိုက်သည်။
“ ကျွန်မ မပူပါဘူး။ ရှင်ရော ပူနေလို့လား။ ” စုယန်ယန်က ဘေးဘီဝဲယာ ပတ်ဝန်းပျင်ကို ကြည့်ပြီး လူတိုင်းရဲ့ စိတ်အာရုံက သူတို့ဆီမှာ မရှိတာ သေချာတော့မှ လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ ကင်းမွန်ကင်တွေကို ထုတ်ပြီး ဟောက်ချန်ဟွမ်းလက်ထဲ ထည့်ပေးလိုက်ပါသည်။
“ ကျွန်မ ရှင့်အတွက် သက်သက် ဖယ်ထားတာ။ စားလိုက်။ ”
ဒါပေမဲ့ လင်းရှောင်ချီးနှင့် ကျန်လူတွေက အမှန်တကယ်ပင် သူမတို့ဘေးမှာ ရှိမနေတော့သော်လည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေတဲ့ ပရိသတ်ကတော့ ရှိနေဆဲပဲ ဆိုတာကို မေ့လျော့သွားခဲ့သည်။
[ သတင်းပို့ကြ သတင်းပို့ကြ။ တင်ဆက်သူက အများပိုင်ပစ္စည်းတွေကို တစ်ကိုယ်ရေအကျိုးအတွက် သုံးပြီး ကင်းမွန်ကင်ကို သူ့ယောက်ျားအတွက် တိတ်တိတ်လေး ဝှက်ထားတယ်။ မင်းကို ထောက်ခံယုံကြည်ပေးရတဲ့ သူငယ်ချင်းတွေက ယုံကြည်ပေးရကျိုးရော နပ်သေးရဲ့လား။ ကြည့်ရုံပဲ ကြည့်ပြီး မစားနိုင်တဲ့ ငါတို့လို သနားစရာ ကြည့်ရှုသူလေးတွေကရော ကြည့်ရကျိုးနပ်သေးရဲ့လား။ ]
[ ဒါ မဟုတ်သေးဘူးလေ တင်ဆက်သူ။ လူတိုင်းကို သာတူညီမျှ ဆက်ဆံနေရာကနေ ဘယ်လို ဖြစ်သွားတာလဲ။ သူ့မှာ ဘာလို့ အထူး အခွင့်အရေးတွေ ရှိနေရတာလဲ။ အူးဟူး ၊ ငါ မကျေနပ်ဘူး။ ]
စုယန်ယန်သည် သူမဟာ ခင်ပွန်းဖြစ်သူအပေါ် မျက်နှာလိုက်တယ်လို့ မကျေမနပ်ပြောနေကြတဲ့ သနားဖွယ်ရာ တစ်ကိုယ်တည်းသမားလေးတွေရဲ့ ကွန်းမန့်တွေနှင့် ပြည့်နေတဲ့ ဖန်သားပြင်ကို ကြည့်ကာ သူတို့ကို နှစ်သိမ့်ပေးရန်အတွက် တစ်ခုခု ပြောဖို့ ပြင်နေစဉ်မှာပဲ သူမဘေးက လူရဲ့ စကားသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ “ မင်းတို့ မကျေနပ်လည်း အလကားပဲ။ ”
......
ဟောက်ချန်ဟွမ်းက စုပုံနေတဲ့ ကွန်းမန့်တွေကို ကြည့်ပြီး အချုပ်အချာအာဏာကို ယုံကြည်ချက်ရှိရှိ ကြေညာလိုက်သည်။ “ ဘာလို့လဲ ဆိုတော့ ငါက သူ့ယောက်ျား ဖြစ်နေလို့ပေါ့။ ”
သူ့စကားဆုံးသည်နှင့် မူလတုန်းက ကွန်းမန့်တွေနှင့် ပြည့်နေတဲ့ ဖန်သားပြင်ဟာ ရုတ်တရက်ပဲ ရှင်းလင်းသွားခဲ့သည်။ ကျန်တဲ့ ကွန်းမန့်တွေထက် နောက်ကျနေတဲ့ ပြတ်တောင်းပြတ်တောင်း ကွန်းမန့်တွေကြောင့်သာ မဟုတ်ရင် သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အဘက်ဘက်က ဖိသိပ်ပြည့်ကျပ်နေသည်ဟု စုယန်ယန် ထင်သွားမိတော့မှာပါ။
ခဏကြာတော့ ကွန်းမန့်အသစ်တွေ ဝေါခနဲ လျှံတက်လာသည်။
[ အိုး ၊ သဘောထားဆိုးလိုက်တာ။ ငါ့ကို ပြောစမ်း ပြောစမ်း။ မင်း ရန်ဖြစ်ချင်နေတာလား။ ]
917 02
[ မင်း ပြောတဲ့ စကားက အမှန်တရား ဆိုပေမဲ့ ဘာလို့ ဒီလောက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေရတာလဲ။ ( တိတ်တဆိတ် အံကြိတ်နေသည့် စတစ်ကာလေးဖြင့် ) ]
[ မင်းရဲ့ ဓားကို ဆွဲထုတ်လိုက်စမ်းပါ အချစ်ပြိုင်ဖက်ကြီးရေ။ လာလေ ၊ တိုက်ခိုက်ကြမယ်။ အနိုင်ရတဲ့ လူက တင်ဆင်သူကို ရမယ် ၊ ရှုံးတဲ့ လူကတော့ ပျောက်ကွယ်သွားရမယ်။ ( မီတာ ( ၄၀ ) ရှည်လျားတဲ့ တောခုတ်ဓါးကြီးကို ဓါးအိမ်ထဲက တိတ်တိတ်လေး ဆွဲထုတ်နေသည့် စတစ်ကာလေးဖြင့် ) ]
တိတိကျကျ ပြောရလျှင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ဟောက်ချန်ဟွမ်း ဝင်စကားပြောဖူးတာ ဒါ ပထမဆုံးအကြိမ် ဆိုပေမဲ့ ကြည့်ရှုသူအဟောင်းတွေကတော့ သူနှင့် နည်းနည်းလေးတောင် စိမ်းသက်နေပုံမပေါ်ပါ။
တစ်စုံတစ်ယောက်ရဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုက ဘော့စ်ဆီက အမုန်းတရားလှိုင်းတွေကို သွားဆွသလို ဖြစ်သွားတာလေးက လွဲလို့ပေါ့ … ။
မရေမတွက်နိုင်သော ကြည့်ရှုသူတွေက ဟောက်ချန်ဟွမ်းရဲ့ ရုတ်တရက် ရိုက်ချက်ကြောင့် ဆွံ့အသွားခဲ့ကြသည်။ သူတို့အားလုံး သတိပြန်ဝင်လာချိန်မှာတော့ ဒီလူကြီးလူကောင်းနှင့် ရန်ဖြစ်ဖို့အတွက် အင်္ကျီလက်တွေကို မကျေမနပ်နှင့် ပင့်တင်ပြီးနေပါပြီ။
“ ရန်ဖြစ်ရမှာတဲ့လား။ ငါက မင်းတို့နဲ့ ဘာလို့ ရန်ဖြစ်ရမှာလဲ။ ယန်ယန်က ငါ့အပိုင်ပဲ။ မင်းတို့နဲ့ ရန်မဖြစ်ရင်တောင် သူက ငါ့အပိုင်ပဲ။ အဲ့ဒါကို ငါက ဘာလို့ မင်းတို့နဲ့ ရန်ဖြစ်နေရမှာလဲ။ ငါက အဲ့လောက်တောင် အားယားနေလို့လား။ ”
ဟောက်ချန်ဟွမ်းသည် လူတိုင်းကို လှောင်ပြောင်သရော်ပြီးသော်လည်း ဒီလောက်နှင့် မလုံလောင်သေးဘူးလို့ ခံစားရတာမို့ သူ့အတွက် စုယန်ယန် သက်သက် ဖယ်ပေးထားတဲ့ ကင်းမွန်ကင်ကို ယူပြီး အားရပါးရ စားကာ “ မွှေးလိုက်တာ။ ” ဟု ပြောလိုက်၏။
ဒီခေတ်မှာ ကြက်တွေ ၊ ဘဲတွေလိုပဲ ကင်းမွန်တွေဟာလည်း အကောင်ကြီးသည်။ ပါးစပ်ထဲမှာ ပြည့်သိပ်နေတဲ့အထိ ထိုးသွပ်စားရင်တောင် ကင်းမွန်ခြေထောက်တစ်ချောင်းကိုပဲ စားနိုင်သည်။
မာဆတ်ဆတ်လေးနှင့် ဝါးလို့ ကောင်းသော ကင်းမွန်အသားပေါ်ကို ငရုတ်ကောင်းမှုန့်ဖြူးထားတာကြောင့် ပူပူစပ်စပ် မွှေးမွှေးကြိုင်ကြိုင်လေးနှင့် အရသာက ခုနတုန်းက ဝက်သားကင်တွေထက် မနိမ့်ကျပါ။
++++++