အခန်း ၉၁၈
Vol. 62 Ch. 918
918 01
အခန်း ( ၉၁၈ ) PDA တင်ဆက်သူ။
ကြည့်ရှုသူများသည် ဟောက်ချန်ဟွမ်းရဲ့ သရော်စကား ၊ ပေါ်ပေါ်ထင်ထင် ကြွားဝါမှုတို့ဖြင့် ရန်စခံလိုက်ရအပြီးမှာ အရာရာတိုင်းကို မျက်နှာပြောင်တိုက်စွာ လက်ဝါးကြီးအုပ်ချင်နေသော သူ့အမူအရာကြောင့်လည်း ရန်စခံလိုက်ရသည်။ သနားစရာ တစ်ကိုယ်တည်းသမားလေးတွေထဲက တချို့ဟာ နေရာမှာ ချက်ချင်း အော်ငိုတဲ့အထိ ဒေါသပေါက်ကွဲသွားခဲ့ကြသည်။
[ မင်းယောက်ျားက ငါတို့ကို အနိုင်ကျင့်နေတာကို ဒီတိုင်း ကြည့်နေတော့မှာလား တင်ဆက်သူ။ မင်း ဒီတိုင်း လက်ပိုက်ကြည့်နေတော့မှာလား။ ]
[ ဟုတ်တယ် ဟုတ်တယ်။ မင်းယောက်ျား ငါတို့ကို အနိုင်ကျင့်နေတာကို ဒီတိုင်း ရပ်ကြည့်နေတော့မလို့လား တင်ဆက်သူ။ ငါတို့က အချင်းချင်းရဲ့ အဆုံးမဲ့ အသည်းနှလုံးလေးတွေ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ]
စုယန်ယန်က တိုက်ပွဲမီးတောက်တွေဟာ သူမရဲ့ ခေါင်းပေါ်မှာပါ တောက်လောင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမယောက်ျားရဲ့ အဓိပ္ပာယ်ပါသော အကြည့်အောက်မှာ သူမကိုယ်သူမ ကာကွယ်မယ့် စကားတွေကိုပါ ပြတ်ပြတ်သားသား စွန့်ပစ်လိုက်ရသည်။
သူမ ခပ်တိုးတိုး ချောင်းဟန့်ပြီး ပြောလိုက်၏။ “ ဘာကို အဆုံးမဲ့ အသည်းနှလုံးလေးလဲ။ ပေါက်ကရ စကားတွေ လျှောက်ပြောမနေနဲ့။ ဒါကမှ ကျွန်မရဲ့ အသည်းနှလုံးလေးပဲ။ သူ့ကို အနိုင်မကျင့်ပါနဲ့။ ”
[ … ]
[ … ]
[ … ]
တစ်ဖက်သတ်ဆန်တဲ့ စကားတွေ တစ်ခွန်းပြီး တစ်ခွန်း ပျံဝဲလာသလို ကြည့်ရှုသူတွေရဲ့ နှလုံးသားဟာလည်း အေးစက်သွားခဲ့သည်။
[ ငါ … ငါ … ငါ … ငါ ဒီမကျေနပ်ချက်ကို သည်းမခံနိုင်တော့ဘူး။ ငါ တစ်မိနစ်တိတိ ဆန့်ကျင်မုန်းတီးသူ လုပ်မယ်။ ]
[ မင်း ပြောင်းလဲသွားပြီပဲ တင်ဆက်သူ။ မင်းက အရင်လို စိတ်ထားနူးညံ့တဲ့ ၊ ထောက်ထားညှာတာတတ်တဲ့ ၊ ဖြောင့်မတ်မှန်ကန်တဲ့ ၊ ကြင်နာတဲ့ တင်ဆက်သူ မဟုတ်တော့ဘူး။ ဒါတွေ အကုန်လုံးက မင်းကို လမ်းမှားရောက်အောင် လုပ်တဲ့ ဒီခွေးကောင်ရဲ့ အမှားပဲ။ ဒီခွေးကောင်ရဲ့ အမှားတွေပဲ။ ]
[ မင်း လူတစ်ယောက်ကို ချစ်တဲ့အခါ သူ့ကို ချိုသာပြီး ချစ်စရာကောင်းတယ်လို့ မြင်လိမ့်မယ်။ မချစ်တော့တဲ့ အချိန်ကျရင်တော့ သူ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ပြေးဝင်သွားလိမ့်မယ်။ တကယ်တော့ ဒီကမ္ဘာပေါ်က နှလုံးသားမရှိတဲ့ လူတွေ အကုန်လုံးက အတူတူနဲ့ အနူနူပဲ။ ]
......
[ အချစ်က တင်ဆက်သူကို သူ့အသိတရားနဲ့ ဆန့်ကျင်ပြီး နစ်နာသူကို တစ်ပြန်ကြီး သူများတွေကို အနိုင်မကျင့်ဖို့ ၊ ဒုက္ခမပေးဖို့ တောင်းဆိုအောင် လုပ်လိုက်တာ။ ငါ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံလာတာကလည်း တင်ဆက်သူဆီမှာ စွန့်ပစ်ခံလိုက်ရတဲ့ နှလုံးသားလေးကြောင့်ပဲ။ ]
အသက်ဝင်နေသော ကွန်းမန့်ဆက်ရှင်သည် ချက်ချင်းလက်ငင်းပဲ ရှိုးပွဲကြီးတစ်ပွဲအဖြစ် ပြောင်းလဲသွားကာ စုယန်ယန်သည် ရှက်လည်း ရှက် ၊ ရယ်လည်း ရယ်ချင်သွားမိပါသည်။ သူမ နောက်ကို လှည့်ကြည့်လိုက်တော့ ခင်ပွန်းဖြစ်သူရဲ့ တစ်ဝက်တစ်ပျက် အပြုံးနှင့် အကြည့်ချင်း ဆုံသွားသည်။ “ အသည်းနှလုံးလေး။ ”
စုယန်ယန်ရဲ့ အမူအရာက အေးခဲသွားသော်လည်း သူမ တိုက်ရိုက် ထုတ်လွှင့်နေတယ် ဆိုတာကို အမြန် ပြန်သတိရသွား၏။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ သူမကို စိုက်ကြည့်နေတဲ့ ကြည့်ရှုသူ ခုနှစ်ယောက် ၊ ရှစ်ယောက်လောက် ရှိသည်။ သူမ အရှုံးပေးလိုက်လို့ မရပေ။
“ ကျွန်မက အစကတည်းက ရှင့်အသည်းနှလုံးလေးပဲလေ။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ပြောင်းလဲသွားတဲ့ အမူအရာကို သတိထားမိသွားသည်။ သူမရဲ့ စိတ်ထဲကို သူ ဖောက်ထွင်းမမြင်ဘဲ နေမတဲ့လား။
“ ဒါပေါ့။ ဒါဆိုရင် … ” ဟောက်ချန်ဟွမ်းက သူ့ပါးလေးကို အဓိပ္ပာယ်ပါပါ တို့ထိပြလိုက်သည်။ “ ကိုယ့်ရဲ့ ချစ်ဇနီးလေးက ကိုယ့်ကို ဆုလေး ဘာလေးများ မချချင်ဘူးလား။ ”
918 02
စုယန်ယန် ဆွံ့အသွားကာ သူမရဲ့ နားရွက်ကနေ လည်ပင်းတစ်လျှောက် ရဲတက်လာမိသည်။ အဆုံးသတ်မှာတော့ စုယန်ယန်သည် သူမယောက်ျားရဲ့ စိတ်အားထက်သန်နေသော အကြည့်ကို မလွန်ဆန်နိုင်ဘဲ သူ့ပါးကို ရှက်ရွံ့စွာပင် ငုံ့နမ်းလိုက်ရပါတော့သည်။
သူမကိုယ်သူမတော့ ဒါကို ဘယ်သူမှ မရိပ်မိအောင် တကယ့်ကို ဆင်ဆင်ခြင်ခြင် လုပ်လိုက်တာဟု ထင်ထားခဲ့သော်လည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ အသံစနစ်ကို သူမ လျှော့တွက်မိခဲ့ပါသည်။
[ ဒါ ဘာဖြစ်သွားတာလဲ။ မင်းတို့ ကြားလိုက်လား။ ဒါမှမဟုတ် ငါ့ရဲ့ စိတ်ကူးသက်သက်ပဲလား။ ]
[ အဲ့လောက် ပါးချင်း ထိတဲ့ အသံအကျယ်ကြီး မြည်သွားတာကို မင်းက ငါ့ကို ထင်ယောင်ထင်မှားဖြစ်နေတာလို့ ပြောချင်သေးတာလား။ ( ခံစားချက်မဲ့သော မျက်လုံးများ စတစ်ကာလေးဖြင့် ) ]
[ ဒါဆို တင်ဆက်သူ သူ့ကို နမ်းလိုက်တာ မဟုတ်လား။ ဟုတ်တယ်မို့လား။ ပြီးတော့လည်း တင်ဆက်သူဘက်က အရင် စနမ်းလိုက်တာလေ။ ငါ့ဂေါ်ဖီထုပ်လေး ဝက်ကြီးဆီက ထွက်ပြေးသွားသလိုမျိုး ဒီမွန်းကြပ်စရာကောင်းတဲ့ ခံစားချက်က ဘယ်လိုကြီးလဲ။ သောက်ကျိုးနည်း ၊ ငါ ဒေါသထွက်လိုက်တာ။ ]
[ နာမည်ကျော်ကြားတဲ့ အမျိုးသမီးတင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ တကယ်ကြီး ဒီလို လုပ်ရပ် လုပ်သွားတာလား။ ဒါ လူ့ကျင့်ဝတ်ကို ဖောက်ပြားတာလား ၊ ကိုယ်ကျင့်သိက္ခာတွေ နိမ့်ကျလာတာလား။ ]
[ အစားအသောက်တွေ ချက်ပြုတ်ပြတဲ့ တင်ဆက်သူကို ဖောလိုးလုပ်ထားတာလို့ ငါ့ကိုယ်ငါ ထင်နေတာ။ လတ်စသတ်တော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်တာတွေကို မျှဝေပေးနေတဲ့ တင်ဆက်သူကို ဖောလိုးလုပ်ထားမိတာပဲ။ အဲ့ဒီအချက်ကို ငါ လက်ခံလိုက်တာနဲ့တစ်ပြိုင်နက် ဒီ PDA တင်ဆက်သူက ရူးသွပ်နေတာပဲ ဆိုတာ ငါ နားလည်သွားတယ်။ ]
[ ကမ္ဘာပေါ်မှာ အပြစ်ကင်းစင်ပြီး ဖြူစင်ရိုးသားတဲ့ စုံတွဲ ဆိုတာ မရှိဘူး။ ]
++++++