အခန်း ၉၂၂
Vol. 62 Ch. 922
922 01
အခန်း ( ၉၂၂ ) အချုပ်အခြာအာဏာကို ကြေညာခြင်း။
[ ကျွတ် ၊ တင်ဆက်သူရဲ့ ယောက်ျားက ဒီလို အချိန်မျိုးမှာတောင် မနမ်းဘူးလို့ ပြောရဲရင် သူ အိမ်ပြန်ရောက်ရင် အဝတ်ဖွပ်တဲ့ သစ်သားခုံပေါ်မှာ ဒူးထောက်ရတော့မှာပဲ။ ငါ ဘယ်လို သိလဲလို့ လာမမေးနဲ့နော်။ ဒါက သွေးနဲ့ ရင်းပြီး သိခဲ့ရတဲ့ သင်ခန်းစာပဲ။ ( အတင်းပြောနေသည့် စတစ်ကာလေးဖြင့် ) ]
[ တင်ဆက်သူ : ကျွန်မကို နမ်းဖို့က တခြားလူတွေရဲ့ သဘောထားအပေါ် မူတည်နေတာလား။ ရှင်က ကျွန်မကို နမ်းချင်တာလား ၊ ဒါမှမဟုတ် ကြည့်ရှုသူတွေက ကျွန်မကို နမ်းချင်တာလား။ ]
[ အပေါ်က တစ်ယောက်ရေ။ ငါတို့အားလုံး တင်ဆက်သူကို နမ်းချင်ပေမဲ့ နမ်းလို့ မရဘူး မဟုတ်လား။ တင်ဆက်သူရဲ့ ခင်ပွန်းကို ငါတို့အတွက် တင်ဆက်သူကို နမ်းပေးဖို့ နှမြောတသနဲ့ ခွင့်ပြုပေးဖို့ပဲ တတ်နိုင်တာလေ။ ]
[ အိုက်ယား။ မင်းတို့ အခုထိ ဘာလို့ မနမ်းကြသေးတာလဲ။ ငါက အာဟာရဖြည့်စွက်စာ ဖျော်ရည်တောင် ဖျော်ပြီး မင်းတို့နှစ်ယောက် နမ်းတာကို ကြည့်ဖို့ စောင့်နေတာ။ ]
ဖန်သားပြင်ပေါ်က ကွန်းမန့်တွေက ဟောက်ချန်ဟွမ်းကို တိုက်တွန်းအားပေးနေသော်လည်း လူတိုင်းကို အံ့ဩသွားစေတာကတော့ ဟောက်ချန်ဟွမ်းသည် ထိုကွန်းမန့်တွေကို ဖတ်ပြီးတဲ့နောက် တစ်ယောက်သောသူကို လူတွေ အများကြီးရှေ့မှာ နမ်းဖို့ စိတ်မပါတော့ပေ။ ဟောက်ချန်ဟွမ်းက မျက်လုံးတွေကို ကျဉ်းမြောင်းကာ လှောင်ပြုံး ပြုံးပြီး “ ငါတို့ နမ်းတာကို မင်းတို့ကို အမြင်မခံနိုင်ဘူး။ ” ဟု ပြောလိုက်သည်။
ယန်ယန်က သူ အချိန်မရွေး နမ်းလို့ ရတဲ့ သူ့ဇနီးလေ။ ဒီလူတွေ ကြည့်ဖို့အတွက် သူမကို အခုအချိန်မှာ မဖြစ်မနေ နမ်းပေးရမှာတဲ့လား။ သူ မလုပ်နိုင်ပါ။ လူတွေရဲ့ မျက်ကွယ်ရာကို ရောက်တော့မှ သူမကို သူ့စိတ်တိုင်းကျ အနမ်းခြွေနိုင်သည်။ ထိုအချိန်က သူတို့နှစ်ယောက်တည်းရဲ့ အချိန်သာ ဖြစ်ကာ ဘယ်သူ့ကိုမှ အမြင်မခံနိုင်ပါ။
ဟောက်ချန်ဟွမ်းရဲ့ စကားလုံးတွေက အနမ်းပြပွဲကို ကြည့်ချင်နေတဲ့ ကြည့်ရှုသူတွေအား ဒေါသထွက်သွားစေခဲ့သည်။
[ အား ၊ မင်းက ငါတို့ကို လှောင်တယ်ပေါ့လေ။ ငါတို့က အစကတည်းက မင်းမျက်နှာကို မြင်ရတာ မဟုတ်ဘူး။ အခုတော့ မင်းရဲ့ အသံကိုပါ မကြားချင်တော့ဘူး။ ]
[ အဟင့် အဟင့် အဟင့် ၊ တင်ဆက်သူရဲ့ ခင်ပွန်းက အရမ်း စိတ်ထားပြည့်ဝတယ်လို့ ငါ ထင်ထားတာ။ သူက ချမ်းသာပြီး သူ့ဇနီးလေးကိုလည်း တုန်နေအောင် ချစ်တယ်လို့ နာမည်ကြီးတယ်လေ။ ဒါပေမဲ့ ဒီစကားကို ကြားလိုက်ရတော့မှ ငါ အထင်မှားနေတာပါလား ဆိုပြီး နားလည်သွားတယ်။ သူက ဘာကောင်းနေလို့လဲ။ သဘောထားသေးသိမ်လွန်းတဲ့ လူ။ ]
[ ဒါကို သဘောထားသေးသိမ်တာလို့ မခေါ်ဘူး။ ပိုင်ဆိုင်လိုစိတ်ကြီးတာလို့ ခေါ်တယ်။ တင်ဆက်သူရဲ့ ယောက်ျားက ငါတို့ကို သူ့ရဲ့ အချုပ်အခြာအာဏာကို ကြေညာလိုက်တာပဲ။ ( ခွေးခေါင်း စတစ်ကာလေးဖြင့် ) ]
[ ဘာလို့ ငါ ဒီမှာ ကိုယ့်ဒုက္ခကိုယ်ရှာနေမိတာပါလိမ့်။ တခြား တင်ဆက်သူတွေက အရမ်း သဘောကောင်းတယ်။ ငါတို့ ပိုက်ဆံ များများ သုံးလိုက်တာနဲ့ သူတို့မျက်နှာကို ပြတယ်။ သူတို့ကို ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ လုပ်ပြခိုင်းရင်လည်း လုပ်ပြတယ်။ ဒီတင်ဆက်သူကတော့ ဘာသဘောလဲ။ သူတို့မျက်နှာကို မမြင်ကလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ငါ ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်။ ]
[ ဒီကိစ္စက ချမ်းသာနေတဲ့ ငါတို့တင်ဆက်သူရဲ့ အမှားပဲ။ တင်ဆက်သူကသာ ဆင်းရဲရင် ငါတို့ သူ့ကို ပိုက်ဆံတွေ အများကြီး ပေးလိုက်ရုံနဲ့ ဟိုဟာလုပ်ခိုင်း ၊ ဒီဟာလုပ်ခိုင်းလို့ ရတယ်။ အဲ့လိုသာဆို တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်တက်မှုထဲမှာ လက်ဆောင်မျိုးစုံနဲ့ ပြည့်လျှံနေခဲ့တာ ကြာရောပေါ့။ ပထမအဆင့် သကြားဖေဖေနဲ့ သူဌေးလက်သစ်လေးက တင်ဆက်သူအတွက် ပိုက်ဆံတွေ အများကြီး သုံးလိုက်တုန်းက တင်ဆက်သူ သူတို့ကို သတိပေးခဲ့တာကို မင်းတို့ မေ့သွားပြီလား။ ]
စုယန်ယန်သည် ထိုမက်ဆေ့ခ်ျကို မြင်သောအခါ နှလုံးခုန်သံစည်းချက် တစ်ချက် လွတ်သွားပြီး တစ်စုံတစ်ခုကို သတိထားမိသွားသကဲ့သို့ ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်မိသည်။
......
922 02
တစ်စုံတစ်ယောက် သူမကို ဒီနေ့ အရမ်း တွယ်ကပ်နေတာ အံ့ဩစရာမရှိပါ။ ဒါက သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ သူ ပါဝင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ အရင်တုန်းက သူ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ သို့ထျန်းယီနှင့် ယှဉ်ပြိုင်ပြီး သူမကို လက်ဆောင်တွေ အများကြီး ပေးတာလောက်ပဲ လုပ်ဖူးတာပင်။
နောက်ဆုံးတော့ တစ်ယောက်အပေါ် တစ်ယောက် ထားတဲ့ သူတို့ရဲ့ အချစ်တွေကို နောက်ဆုံးမှာ လွတ်လွတ်လပ်လပ် ထုတ်ပြနိုင်သွားသောအခါ ဟောက်ချန်ဟွမ်းသည် ခံစားချက် အစစ်အမှန်တွေကို ထုတ်ပြရင်း သို့ထျန်းယီအပါအဝင် ဖန်သားပြင်နောက်ကွယ်က လူမသမာတွေကိုလည်း သတိပေးချင်သည်။
စုယန်ယန်က သူ့အပိုင်ပဲ … ။ သူမကို အတင့်ရဲစွာ လက်လှမ်းဖို့ ကြိုးစားတဲ့ လူမှန်သမျှရဲ့ လက်ချောင်းတွေကို သူ ဖြတ်ပစ်မယ် … ။
ထိုအတွေးကြောင့် စုယန်ယန်ရဲ့ နှုတ်ခမ်းပေါ်မှာ ချိုမြိန်သော အပြုံးလေးတစ်ပွင့် တွဲလွဲခိုသွားသည်။
အဲ့ဒီအချိန်မှာပဲ အလုပ်ကိစ္စတချို့ကြောင့် ကုမ္ပဏီကို ကတိုက်ကရိုက် ပြန်သွားရတဲ့ လန်မင်ဟန် ပြန်ရောက်လာသည်။ သူ ရောက်,ရောက်ချင်းပဲ သူတို့နှစ်ယောက်ကို မြင်သွားကာ ခပ်တိုးတိုး ချောင်းဟန့်၍ သူ ရောက်နေကြောင်း အသိပေးလိုက်၏။
“ ရှင် ပြန်ရောက်လာပြီပဲ။ ” ခင်ပွန်းဖြစ်သူကို မြင်လိုက်ရတဲ့ ယန်ရှောင်ရန်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး သူ့ကို အပြေးလေး သွားကြိုဆိုလိုက်သည်။
“ ကလေး ဘယ်မှာလဲ။ ”
“ အိမ်ထဲမှာ ဒေါ်လေးရဲ့ ကလေးနဲ့ ဆော့နေတယ်။ ရှင် ကုမ္ပဏီမှာ အလုပ်တွေ အကုန်လုံး လက်စသတ်ခဲ့ပြီးလား။ ဗိုက်ရော ဆာပြီလား။ ”
လန်မင်ဟန်ရဲ့ မျက်လုံးတွေက စုယန်ယန်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ မွှေးပျံ့နေသော အကင်တံလေးဆီ အလိုလို အကြည့်ရောက်သွားသည်။ ထိုအကြည့်ရဲ့ နောက်ကွယ်က အဓိပ္ပာယ်က သိသာထင်ရှားပါသည်။
လန်မင်ဟန်ရဲ့ အကြည့်ကို အလွတ်ရနေတဲ့ စုယန်ယန်က သူမလက်ထဲက အကင်တံတွေကို ဟောက်ချန်ဟွမ်းဆီ ပေးပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ရှင် ရောက်လာတာ အချိန်ကိုက်ပဲ။ ဒီ့ထက် နည်းနည်းလေး နောက်ကျသွားရင် အရသာရှိတဲ့ အစားအသောက်တွေ ကျန်တော့မှာ မဟုတ်ဘူး။ ”
စုယန်ယန်သည် ချက်ချင်း ဆိုသလိုပဲ လူတိုင်းရဲ့ မျက်စိရှေ့မှာ ဒယ်အိုးလေးကို ငုံ့ဖွင့်ပြီး မီးကျွမ်းနေသည်ဟု ထင်ရသော အမည်းရောင် အလုံးကြီးကို ပလာယာနှင့် ညှပ်၍ ထုတ်ယူလိုက်ပါသည်။
+++++