← Chapters

အခန်း ၉၂၅

Vol. 62 Ch. 925

အခန်း ၉၂၅

Vol. 62 Ch. 925

925 01

အခန်း ( ၉၂၅ ) ကံထူးရှင်ကြည့်ရှုသူ။

“ ကျွန်မတို့ ခဏနေရင် ကံစမ်းမဲနှိုက်ကြမယ်နော်။ ”

[ တင်ဆက်သူ … တင်ဆက်သူ … မင်း ငါ့ကိုလည်း ဘာဘီကျူးလေး နည်းနည်းပါးပါး ပေးလို့ မရဘူးလား။ ငါ တကယ် စားချင်လို့ပါ။ ]

[ ပြီးတော့ ‘ သူဖုန်းစားကြက်ကင် ’ ရောပဲ။ ငါ သူဖုန်းစားကြက်ကင် စားချင်တယ်။ ( ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်ပြောဆိုနေသော စတစ်ကာလေးဖြင့် ) ]

“ ကျွန်မ အားနာပေမဲ့ ဒီနေ့ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို သုံးလိုက်ပြီမို့လို့ တကယ် ပို့ပေးလို့ မရတော့လို့ပါ။ ”

ကြည့်ရှုသူတွေ အကုန်လုံး ပြောစရာစကားပျောက်ဆုံးသွားကြသည်။ ဒီလူတွေက ဝက်တွေလား။ ဘာလို့ ဒီလောက် အများကြီး စားနိုင်ရတာလဲ … ။

သို့သော်လည်း တကယ်လို့ သူတို့သာ ထိုလူတွေလို တင်ဆက်သူရဲ့ အိမ်ကို သွားပြီး တင်ဆက်သူကိုယ်တိုင် ချက်ကျွေးတဲ့ အစားအသောက်တွေကို စားဖို့ ဖိတ်ကြားခံထားရတယ် ဆိုရင် … ဗိုက်ပေါက်ထွက်ရလျှင်တောင် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို လက်လွှတ်ဆုံးရှုံးခံချင်လောက်မှာ မဟုတ်ဘူးလို့ ပြန်တွေးမိသွားသည်။

“ ကျွန်မ သူဖုန်းစားကြက်ကင်တစ်ကောင်တော့ မဲဖောက်ပေးလို့ ရပါတယ်။ ခုနတုန်းက နှစ်ကောင် ၊ သုံးကောင်လောက် ထုတ်ပေးခဲ့ပေမဲ့ ကျွန်မ အများကြီး မစားခဲ့ဘူး။ တစ်ကောင်လောက်တော့ ကျန်ဦးမှာပါ။ ကျွန်မ ခဏနေရင် ကံထူးရှင်ကြည့်ရှုသူတစ်ယောက်ကို ရွေးပြီး ကြက်ကင် မဲဖောက်ပေးပါ့မယ်။ ”

လူတစ်ယောက်ရဲ့ အစာစားချင်စိတ်က ဘယ်လောက်ပဲ ကြီးမားနေပါစေ ၊ အစာအိမ် ဆိုတာ အကန့်အသတ်ရှိသည်။ လင်းရှောင်ချီးနှင့် ကျန်လူတွေက ဘာဘီကျူးတွေ ၊ ဆန်ပြုတ်တွေ အများကြီး စားထားတာမို့ ကြက်သားက အရသာရှိတယ် ဆိုရင်တောင် သုံးကောင်လုံး ကုန်အောင် စားဖို့တော့ မဖြစ်နိုင်ပါ။ အနည်းဆုံး တစ်ကောင်လောက်တော့ ကျန်လိမ့်ဦးမည်။

[ တစ်ကောင် … ဟုတ်လား။ ဘုရား‌ရေ ၊ ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်။ အသားတစ်တုံးတို့ ၊ ခြေထောက်တစ်ချောင်းတို့ မဟုတ်ဘဲ ကြက်တစ်ကောင်လုံးတဲ့လား။ ]

[ ငါ့ကို ကြည့်ပါဦး တင်ဆက်သူ။ ငါ့ကို ကြည့်ပါဦး။ ငါက တင်ဆက်သူရဲ့ အမာခံပရိသတ်နော်။ ငါ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေကို ဟိုးအရင်ကတည်းက နေ့တိုင်း ကြည့်လာတာ။ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတိုင်းကိုလည်း ငါ လက်ဆောင်တွေ အမြဲတမ်း ပေးတယ် ။ ငါ မင်းကို ဘယ်လောက် အားပေးလဲ ဆိုတဲ့ သက်သေတွေပါ။ အဲ့ဒါကြောင့် ငါ့ကို ရွေးချယ်ပေးပါနော်။ ]

[ သွားစမ်းပါ အပေါ်က တစ်ယောက်ရေ။ မင်းက ဒီလို အချိန်မျိုးမှာ ဘာလို့ ကလေးအထာတွေ ဘာလုပ်နေတာလဲ။ မင်းက အမာခံပရိသတ် ဆိုရင်ရော ဘာလုပ်ရမှာလဲ။ ငါတို့ကလည်း တင်ဆက်သူရဲ့ အမာခံပရိသတ်တွေပဲကွ။ ငါတို့လည်း တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတိုင်းကို ကြည့်တယ်။ ဆုလက်ဆောင်တွေအတွက် ဆိုရင်တော့ မင်းကိုယ်မင်း ရက်ရောလှပြီလို့ ထင်နေရင် ပထမအဆင့် သကြားဖေဖေနဲ့ သွားပြိုင်လေ။ ဟိုက မင်းကို အမှုန့်ကြိတ်ပစ်လိမ့်မယ်။ ]

[ ကျောက်စိမ်းဇကရာဇ် ၊ ဧကရီမေမေ ၊ ဘုရားသခင် ၊ ဇူးစ် ၊ အပိုလို … ကမ္ဘာပေါ်မှာ ရှိသမျှ နတ်ဘုရားတွေအကုန်လုံး ကူညီမစပေးကြပါ။ သစ္စာရှိတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ တစ်ဘဝစာနဲ့ ညီမျှတဲ့ အဆီတွေကို ဒီကြက်ကင်နဲ့ လဲချင်နေပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ကံစမ်းမဲပေါက်အောင် ကူညီစောင်မပေးပါ။ ]

......

ခါတိုင်းလိုသာဆို ကံစမ်းမဲနှိုက်သည့် အပိုင်းအခြားကို ရောက်လာတိုင်း လူတွေ အများကြီး ဒူးထောက်ကာ မဲပေါက်ဖို့အတွက် နတ်ဘုရားတွေ ၊ ဘုရားရှင်တွေဆီမှာ ဆုတောင်းလေ့ရှိသော်လည်း ပေါက်ကရကွန်းမန့်တွေ အများကြီး လျှောက်မန့်နေကြတာကိုတော့ စုယန်ယန် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။

သူဖုန်းစားကြက်ကင်က ဘယ်လောက်တောင် စားချင်စရာကောင်းလဲ ဆိုတာ ထင်ရှားပါသည်။

ဒါပေမဲ့လည်း ဒီလူတွေ ဘယ်လောက်ပဲ အသေအလဲ တောင်းပန်ပါစေ ၊ ကံထူးရှင်ကတော့ တစ်ယောက်သာ ရှိလိမ့်မည်။

925 02

“ ကံထူးရှင်ကြည့်ရှုသူ [ ယွဲ့ယွဲ့ရဲ့ မွေးရပ်မြေ ] ကို သူဖုန်းစားကြက်ကင် ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို နေရပ်လိပ်စာ အမြန်ဆုံး ပို့ပေးထားနော်။ ဆုလက်ဆောင်ကို မိနစ်ပိုင်းအတွင်း ပို့ပေးသွားပါ့မယ်။ တစ်ချက် မှတ်ထားပေးပါ။ ”

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ရုံးကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ အမျိုးသားတစ်ယောက်သည် စိတ်လှုပ်ရှားစွာ ထခုန်ခဲ့သည်။ “ ငါ ရသွားပြီ။ ငါ ရသွားပြီကွ ၊ ဟုတ်တယ် … ငါ ရသွားပြီ။ ဟဲဟဲဟဲ … ”

“ အဲ့ဒီ ကံထူးရှင်ကြည့်ရှုသူက မင်းလား။ ”

သူ့နောက်ကျောဘက်ကနေ ဘော့စ်ရဲ့ အသံထွက်ပေါ်လာတော့မှပဲ လီယွဲ့သည် သူ စိတ်အလှုပ်ရှားလွန်ပြီး ဘော့စ်ရှေ့မှာ အော်ဟစ်မိသွားတယ် ဆိုတာကို နားလည်သွားကာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေတဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

သူ ဘာမှ ပြန်မဖြေဘဲ အကြာကြီး နှုတ်ဆိတ်နေတာကို ကြည့်ပြီး သို့ထျန်းယီက ကြောက်စရာကောင်းစွာ မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။ “ ငါ့ကို နောက်တစ်ခေါက် ထပ်မေးရအောင် မလုပ်နဲ့။ ”

လီယွဲ့တစ်ယောက် တုန်လှုပ်သွားပြီး “ ဒါ ကျွန်တော့်ညီမရဲ့ အကောင့်ပါ ဘော့စ်။ ကျွန်တော်က ခဏ ငှားသုံးနေတာပါ။ ” ဟု အမြန် ပြန်ပြောလိုက်ရသည်။

“ မင်းညီမရဲ့ အကောင့်လား … ” သို့ထျန်းယီရဲ့ စိတ်ထဲမှာ အတွေးတစ်ခု လင်းလက်သွားကာ သူ့မျက်နှာထဲမှာ တစ်စုံတစ်ရာကို နားလည်သွားတဲ့ အရိပ်အယောင်လေး ထင်ဟပ်လာသည်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကံထူးရှင်ကြည့်ရှုသူ အများစုဟာ မိန်းကလေးတွေလို့ လူတစ်ယောက်က သူ့ကို ဟိုးတုန်းက ပြောပြဖူးသည်။ မရှိသလောက် နည်းတဲ့ ယောက်ျားလေးအကောင့်တွေကပဲ ကံကောင်းမှုနတ်ဘုရားမရဲ့ မျက်နှာသာပေးမှုကို ရနိုင်သည်ဟု ဆိုသည်။

ထိုကိစ္စကြောင့်ပဲ စုယန်ယန်အား ယောက်ျားလေးကြည့်ရှုသူနှင့် မိန်းကလေးကြည့်ရှုသူတွေ ကံစမ်းမဲပေါက်နိုင်တဲ့ ရာခိုင်နှုန်းကို ချိန်ညှိထားတာလား ၊ ယောက်ျားလေးကြည့်ရှုသူတွေကို ခွဲခြားဆက်ဆံတာလား စသည်ဖြင့် မေးခွန်းထုတ်တဲ့ လူတချို့တောင် ရှိခဲ့သည်။

သို့သော်လည်း ထိုမေးခွန်းကို Post တင်ပြီး သိပ်မကြာလိုက်ဘဲ ဝက်ဘ်ဆိုဒ်သည် Post ကို ထိုမေးခွန်းဟာ လူတွေကို အထင်အမြင်မှားအောင် သွေးထိုးလှုံ့ဆော်ကာ တင်ဆက်သူကို အသရေဖျက်နေတယ် ဟူသော အကြောင်းပြချက်ဖြင့် ဘန်းသွားခဲ့သည်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေကတော့ ထိုကိစ္စကို စိတ်ထဲမှာ ထွေထွေထူးထူး မခံစားရပေ။ ဘာပဲပြောပြော ကံစမ်းမဲပေါက်တယ် ၊ မပေါက်ဘူး ဆိုတာကလည်း ကံအပေါ် မူတည်နေတာပဲ မဟုတ်လား … ။

++++++

All Chapters