← Chapters

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း ၉၂၆

Vol. 62 Ch. 926

926 01

အခန်း ( ၉၂၆ ) အိုင်ဒေါထံမှ ခွင့်ပြုချက်တံဆိပ်ခေါင်းကို ရရှိသွားခြင်း။

စုယန်ယန် နာမည်ကြီးလာပြီးနောက်ပိုင်းမှာ သူမကို မနာလိုတဲ့ လူတွေ အများကြီး ရှိလာခဲ့တာမို့ ထူးဆန်းတဲ့ အသေရေဖျက်ခြင်းတွေ အကုန်လုံးနှင့် ကျင့်သားရနေပြီ ဖြစ်သည်။

တစ်ဖက်လူက ဘန်းခံလိုက်ရတာကြောင့် ထိုမေးခွန်းကို သိပ်အာရုံမစိုက်မိပေမဲ့ သို့ထျန်းယီကတော့ အဲ့ဒီလို မတွေးပါ။ ဒီသတင်းအချက်အလက်ကြီးက သူ ထင်ထားသလောက် မရိုးရှင်းဘူးလို့ ခံစားရသည်။ ပြီးတော့ ယောက်ျားလေးကြည့်ရှုသူတွေကို ကံစမ်းမဲမပေါက်အောင် လုပ်တဲ့ လူကလည်း စုယန်ယန်ကိုယ်တိုင် မဖြစ်နိုင်ပါ။ အဲ့ဒီလူက …

“ ငါ့အကောင့်ထဲကနေ လေလံဈေးနှုန်းနဲ့ မင်းဆီကို ပိုက်ဆံလွှဲပေးဖို့ ဘဏ္ဍာရေးဌာနကို အကြောင်းကြားလိုက်ပါ။ ”

လီယွဲ့တစ်ယောက် ထိတ်ခနဲ ရင်တုန်သွားရသည်။ သူဖုန်းစားကြက်ကင်ကို သို့ထျန်းယီ သူ့ဆီကနေ ပိုက်ဆံနှင့် ပြန်ဝယ်ဖို့ ပြင်နေတယ် ဆိုတာ သူ သိသည်။ ပိုက်ဆံရတယ် ဆိုပေမဲ့လည်း တကယ်လို့ သူ့မှာသာ ရွေးချယ်ခွင့်ရှိရင် ဒီကြက်ကင်ကို မစွန့်လွှတ်လိုက်ချင်ပါ။

အဟင့် အဟင့် အဟင့်။ ကံကောင်းဖို့က လွယ်တာ မဟုတ်ဘူး။ သူ ဒီကြက်ကင်ကို တကယ် စားချင်နေတာ … ။

သို့ထျန်းယီကတော့ သူ့အတွင်းရေးမှူးရဲ့ နှလုံးသားထဲက ခါးသီးမှုတွေကို မသိဘဲ ဖန်သားပြင်ပေါ်မှာ အလုပ်ရှုပ်နေတဲ့ ပုံရိပ်လေးကို စိုက်ကြည့်ကာ သူမကို ချက်ချင်း လုယူပစ်ချင်စိတ်တွေကို မနည်း ထိန်းချုပ်ထားရသည်။ သူ ကိုယ့်ကိုယ်ကိုယ် လေသံတိုးတိုးလေးနှင့် ပြောလိုက်၏။ “ နည်းနည်း ထပ်စောင့်ဦး။ နည်းနည်း ထပ်စောင့်လိုက်ဦး။ ”

မုဆိုးဟာ သူ့ထောင်ချောက်ထဲကို သားကောင် ဝင်မယ့် အချိန်ထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရလေ့ရှိသည်။

စုယန်ယန်က ဆုလက်ဆောင်တွေကို ယူပြီး ခြံထဲကို ပြန်ဆင်းလာဖို့ ခြေလှမ်းလိုက်သည်။ သို့သော် သူမ မီးဖိုချောင်တံခါးကို ဖွင့်,ဖွင့်ချင်းမှာပဲ လူတစ်ယောက်နှင့် ဝင်တိုက်မိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“ တင်ဆက်သူ ဒေါ်လေး … ”

စုယန်ယန်က လန်ကျားယီ တွန့်ဆုတ်နေတာကို ကြည့်ပြီး ရယ်ချင်သွားသည်။ “ ဘာလဲ။ နင် ငါနဲ့ ပြဿနာထပ်ရှင်းချင်သေးတာလား။ ”

……

“ မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဒေါ်လေးနဲ့ စာရင်းရှင်းမယ် ဆိုတဲ့ အတွေးမျိုး လုံးဝ မရှိပါဘူး။ ဒေါ်လေး ခုနတုန်းက ပြောခဲ့တဲ့ စကားတွေက အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်ကမှ ဘာကိုမှ မမေးမစမ်းနဲ့ ဒေါ်လေးကို ကျွန်တော့်လိုပဲ တင်ဆက်သူရဲ့ ပရိသတ်တစ်ယောက် ဖြစ်လိမ့်မယ်လို့ မှတ်ချက်ချခဲ့မိတာ။ တစ်ခုခုဆို ကျွန်တော်က ပိုဆိုးတဲ့ ပြဿနာပါ။ ”

“ ငါလည်း တစ်စိတ်တစ်ပိုင်းတော့ အပြစ်တင်ခံရသင့်ပါတယ်။ ငါကလည်း ငါက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ တင်ဆက်သူပါ ဆိုတာ ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် နင် ငါ့ကို မေးခဲ့ရင်တောင် ငါက ဘာမှ ပြန်မဖြေဘဲ အသံတိတ်နေခဲ့မှာ။ နင်နဲ့ တွေ့တဲ့ အချိန်မှာ နင့်ကို သတင်းအမှားတွေ ပေးပြီး နားလည်မှုလွဲသွားအောင် လုပ်ခဲ့မိတယ်။ ”

“ ဒေါ်လေးက တင်ဆက်သူ ဆိုတာ လူတွေကို ဘာလို့ မသိစေချင်တာလဲ။ အွန်လိုင်းပေါ်မှာ ဒေါ်လေးကို သဘောကျတဲ့ လူတွေ အများကြီး ရှိတယ် … ”

“ သူတို့က တင်ဆက်သူယန်ယန်ကိုပဲ သဘောကျတာ။ နင့်ဒေါ်လေး စုယန်ယန်ကို သဘောကျတာမှ မဟုတ်တာ။ ”

926 02

လန်ကျားယီ ကြောင်အမ်းအမ်းဖြစ်သွားပုံရသည်။ “ အဲ့ဒါ ဘာကွာလို့လဲ။ ဒေါ်လေးက လူတစ်ယောက်တည်းပဲလေ။ ”

“ လူတစ်ယောက်တည်းပဲ ဆိုပေမဲ့ ငါ လက်ခံထားတာကတော့ တင်ဆက်သူက တင်ဆက်သူ ၊ စုယန်ယန်က စုယန်ယန်ပဲ။ အရင်တုန်းက ငါ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက လူတွေဆီမှာ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ အရာတွေကို ပြန်ချပြချင်လို့ပဲ။ ”

တစ်ချိန်တည်းမှာပဲ မျက်နှာသာပေးမှုအမှတ်တွေကိုလည်း စုဆောင်းပြီး ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေကို ကုသပေးနိုင်မယ့် တရုတ်တိုင်းရင်းဆေးကို သူမ မြန်မြန် ဖော်စပ်လို့ ရသည်။

“ ရည်ရွယ်ချက်ကောင်းတယ် ဆိုပေမဲ့လည်း ငါ့ရဲ့ အစစ်အမှန် တကယ့်ဘဝကိုပါ ရင်းဖို့ မလိုဘူးလေ။ နင်ပဲ ခုနတုန်းက ပြောသွားတယ် မဟုတ်လား။ အွန်လိုင်းပေါ်မှာ ငါ့ကို သဘောကျတဲ့ လူတွေ အများကြီး ရှိပေမဲ့ ငါ့ကို သဘောမကျတဲ့ လူတွေလည်း အများကြီး ရှိတယ်။ ”

“ ငါက တင်ဆက်သူပါလို့ ချမပြထားရင် သူတို့ ငါ့ကို ဘယ်လောက်ပဲ မုန်းမုန်း ၊ အွန်လိုင်းပေါ်ကပဲ စကားနဲ့ ဝေဖန်တိုက်ခိုက်လို့ ရမယ်။ ဒါပေမဲ့ သူတို့ကို ငါ့ကို သိသွားရင်တော့ လက်တွေ့ဘဝက ငါနဲ့ ငါ့မိသားစုကိုပါ လာအနှောင့်အယှက်ပေးလို့ ရသွားပြီ။ ငါ့ရဲ့ လက်ရှိဘဝနဲ့ ငါ့မိသားစုကို ဒီကိစ္စကြောင့် အထိခိုက်မခံနိုင်ဘူး။ ”

လန်ကျားယီသည် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ “ ဒါဆို ဒေါ်လေး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ နောက်ပိုင်းလည်း မျက်နှာထုတ်ပြဦးမှာ မဟုတ်ဘူးပေါ့။ ”

“ အင်း။ ”

“ ဒါဆို ဒေါ်လေး ဒီနေ့ ဘာလို့ ကျွန်တော့်ကို အစ်ကိုနဲ့ တခြားလူတွေနဲ့ စကားပြောဖို့ ခေါ်လိုက်တာလဲ။ ”

“ နင်က မတူဘူး။ ”

“ ဟမ်။ ”

“ နင်က ငါ့ပရိသတ်လေ ၊ ချန်ဟွမ်းနဲ့လည်း ရင်းနှီးတယ်။ သူ နင့်ကို ယုံရင် ငါလည်း နင့်ကို မယုံကြည်နိုင်စရာ အကြောင်းမရှိပါဘူး။ ”

လန်ကျားယီသည် ထိုစကားကို ကြားသောအခါ သူ့နှလုံးသားထဲမှာ ပန်းတွေ ပွင့်သွားသလို ခံစားလိုက်ရပြီး နာမည်ကြီး အနုပညာရှင်တွေနောက်ကို အသည်းအသန် လိုက်နေတဲ့ မိန်းကလေးပရိသတ်တွေရဲ့ ပျော်ရွှင်မှုကိုလည်း နားလည်သွားသည်။

ဒါဆို သူ့အိုင်ဒေါဆီက ခွင့်ပြုချက်တံဆိပ်ခေါင်းကို ဒီလိုမျိုး ရသွားတာလား … ။ သူ ဆက်ပြီး တင်ဆက်သူရဲ့ ပရိသတ်လုပ်လို့ ရသေးတာပေါ့။

++++++

All Chapters