← Chapters

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ၉၂၇

Vol. 62 Ch. 927

927 01

အခန်း ( ၉၂၇ ) ပရိသတ်အဖြစ်မှ ရပ်စဲခြင်း။

လန်ကျားယီသည် စုယန်ယန်ကို စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသော အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူ့ရဲ့ ပရိသတ်တစ်ယောက်အဖြစ် စိတ်ဓာတ်ကြံ့ခိုင်မှုကို ဖော်ပြဖို့အတွက် စကားတစ်ခုခု ပြောဖို့ ပြင်နေစဉ်မှာပဲ စုယန်ယန်က ဆက်ပြောသည်။ “ ဒါပေါ့ ၊ အဓိက အကြောင်းပြချက်ကတော့ ငါတို့ရဲ့ ချန်ဟွမ်းက အားကိုးရပြီး ကာကွယ်ပေးတတ်လို့ပဲ။ နင် ဒီအကြောင်းကို လျှောက်ဖွရဲရင်တော့ … ”

လန်ကျားယီတစ်ယောက် ကြက်သေ,သေသွားပြီး မော့ကြည့်လိုက်သောအခါ စုယန်ယန်ရဲ့ မျက်နှာပေါ်က လူယုတ်မာအပြုံးလေးကို မြင်လိုက်ရလေသည်။ “ ငါ သူ့ကို နင့်ကို ရိုက်နှက်ခိုင်းလိုက်မယ်။ ”

လန်ကျားယီ ဆွံ့အသွားရပါသည်။ ပရိသတ်အဖြစ်က ရပ်စဲဖို့ နောက်ကျလွန်းသွားပြီလား … ။

“ နင့်အစ်ကိုနဲ့ မရီးကို အပြစ်မတင်နဲ့။ ငါ သူတို့ကို ဒီကိစ္စက ဖုံးဖိထား‌ပေးဖို့ အကူအညီတောင်းထားတာ။ ပထမအချက်က တင်ဆက်သူက ငါပါ ဆိုတာကို ဘယ်သူ့ကိုမှ အရမ်း အစောကြီး သိမသွားစေချင်ဘူး။ ဒုတိယအချက်က နင် အမှန်တရားကို သိသွားရင် ရှက်သွားမှာကို ငါ စိုးရိမ်တယ်။ နင် အပြစ်တင်ချင်ရင် ငါ့ကိုပဲ အပြစ်တင်ပါ။ သူတို့ကို အပြစ်မတင်ပါနဲ့။ ”

စုယန်ယန်က စိတ်ရှုပ်ထွေးနေဆဲဖြစ်တဲ့ လန်ကျားယီကို ကြည့်ပြီး သူမရဲ့ မျက်လုံးတွေက လခြမ်းကွေးလေးတွေအဖြစ် ကွေးညွှတ်သွားကာ သူ့ကို တမင် စနောက်လိုက်သည်။ “ နင် သူတို့ကို အပြစ်တင်လည်း ကိစ္စတော့ မရှိပါဘူး။ နင် သူတို့ကိုလည်း မနိုင်မှန်း ငါ သိသားပဲ။ အနည်းဆုံးတော့ ငါ့ဘက်က အရင်ဆုံး ချန်ဟွမ်းကို နင့်ကို ရိုက်ခိုင်းလိုက်လို့ ရတယ်။ နင်က ငါတို့ချန်ဟွန်းကိုတော့ မနိုင်မှာ သေချာတယ်။ ”

လန်ကျားယီမှာ ပြောစရာစကားတွေ ပျောက်ဆုံးသွားရပါပြီ။ သူ ပရိသတ်အဖြစ်က ရပ်စဲချင်ရုံသာမက အခုချက်ချင်း အိမ်ပြန်ချင်စိတ်တောင် ပေါက်သွားသည်။

သူတို့နှစ်ယောက် အိမ်ထဲက ပြန်ထွက်လာချိန်မှာတော့ နှစ်ယောက်သားရဲ့ အမူအရာတွေက သိသိသာသာ ကွဲပြားနေ၏။ စုယန်ယန်ရဲ့ မျက်နှာပေါ်မှာ စစ်ပွဲအနိုင်ရလာသလို အပြုံးတွေ ဝေဆာနေပေမဲ့ လန်ကျားယီကတော့ ထိုးနှက်ချက်ကြီးကို ခံလာရသလို သနားစရာကောင်းသော ပုံစံပေါက်နေခဲ့သည်။

သူတို့နှစ်ယောက်ကြားက မူမမှန်မှုကို သတိထားမိတဲ့ ဟောက်ချန်ဟွမ်းက စုယန်ယန် ရောက်လာသည်နှင့် “ အဲ့ကလေးက ဘာဖြစ်ထားတာလဲ။ ” ဟု ခပ်တိုးတိုး မေးခဲ့သည်။

စုယန်ယန်သည် တိုးတိုးရယ်မောရင်း ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။ “ ဘာမှ မဟုတ်ပါဘူး။ ကျွန်မ ရှင့်အတွက် အကြီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပုံဖော်ပေးခဲ့တာပါ။ ”

ဟောက်ချန်ဟွမ်း အနည်းငယ် မျက်မှောင်ကြုတ်သွားမိသော်လည်း ဘာမှ ဆက်မမေးဖြစ်ပါ။ ပြီးတော့မှ လုံချြုံရကင်မရာမှတ်တမ်းကို သွားကြည့်လိုက်တော့မှ ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားလျှင် အောင့်သက်သက် ပြုံးမိသည်။

ထိုညမှာ ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ လူလိမ်မလေးနှင့်အတူ ပင်ပန်းစရာကောင်းတဲ့ ကိစ္စဝိစ္စလေးတွေ အများကြီး လုပ်ခဲ့ကြသည်။

......

နောက်တစ်နေ့မနက်ရောက်တော့ ဟောက်ချန်ဟွမ်းသည် ဟောက်ကော်ပိုရေးရှင်းကို မသွားဘဲ ထိုအစား ဒရိုင်ဘာကို ဝေးလံချောင်ကျတဲ့ ဆင်ခြေဖုံးရပ်ကွက် တစ်နေရာသို့ မောင်းလာခိုင်းလိုက်သည်။

“ ဘယ်သူလဲ။ ” ငှားရမ်းထားတဲ့ အိမ်ထဲက အမျိုးသမီးက တံခါးခေါက်သံကြောင့် အပြင်ထွက်လာသည်။ လုံခြုံရေးတံခါးရဲ့ အပေါက်လေးကနေတစ်ဆင့် ချောင်းကြည့်လိုက်မှာတော့ အပြင်က လူကို ကြည့်ပြီး သူမ အေးခဲသွားရသည်။ “ ရှင် … ရှင် ဘယ်လိုလုပ် … ”

ဟောက်ချန်ဟွမ်းက သူမကို ခံစားချက်မဲ့မျက်နှာဖြင့် ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ အိမ်ထဲမှာ စကားပြောလို့ အဆင်ပြေမလား။ ”

ဟောက်ချီဟန်ကို လှည့်စားခဲ့ကာ အခုတော့ တစ်ယောက်တည်း နေ,နေတဲ့ အမျိုးသမီးက ဟောက်ချန်ဟွမ်းကို ခဏ စိုက်ကြည့်နေပြီးမှ အပြင်က တံခါးကို ဖွင့်ပေးပြီး သူ့ကို ဝင်ခွင့်ပြုခဲ့သည်။

ရွှယ်ပိုင်လီ နေ,နေတဲ့ အခန်းက ဟိုးအရင်တုန်းက သူမတို့မိသားစု နေဖူးတဲ့ အိမ်အဟောင်းလေး ဖြစ်ပြီး ရွှယ်ပိုင်လီရဲ့ အဖေ ဟိုးအောက်ခြေက စခဲ့ရတဲ့ နေရာ ဆိုရင်လည်း မမှားပါ။

သူ့စီးပွားရေးလုပ်ငန်းနှင့် ပိုက်ဆံရှာနိုင်ခဲ့ချိန်မှာတောင် သူတို့လင်မယား ခြိုးခြံချွေတာပြီး စုတောင်းခဲ့ရတဲ့ ပိုက်ဆံနှင့် ဝယ်ယူထားသော အိမ်ဟောင်းလေးကို မစွန့်ပစ်ခဲ့ပေ။

ရွှယ်ပိုင်လီ ဒီနေရာမှာ နှစ် ( ၂၀ ) ကျော်ကြာ နေဖူးတာမို့ ဒီအိမ်ထဲမှာ အမှတ်တရတွေ အများကြီး ခိုအောင်းနေသည်ဟု ပြောလို့ ရသည်။ ဒါပေမဲ့ ကံမကောင်းစွာဖြင့် ရွှယ်မိသားစုဟာ စီးပွားပျက်သွားပြီး အကြွေးတွေ အများကြီး တင်ခဲ့ရသည်။ လင်မယားနှစ်ယောက်ရဲ့ မျှဝေပိုင်ဆိုင်မှု ဖြစ်တဲ့ ဒီအိမ်ကိုလည်း အကြွေးဆပ်ဖို့ လေလံတင်ခဲ့ရသည်။

927 02

ရွှယ်ပိုင်လီရဲ့ မိဘတွေနှင့် အစ်မ သေဆုံးသွားတဲ့နောက်ပိုင်း သူမသည် အချိန်တစ်ခုအထိ စိတ်ကျရောဂါစွဲကပ်ခဲ့ရသော်လည်း ကိုယ့်ကိုယ်ကိုယ် သတိစုစည်းပြီးနောက်ပိုင်းမှာတော့ ဒီအိမ်ကို ပြန်ဝယ်ဖို့အတွက် အလုပ်တွေ မနားမနေ ကြိုးစားခဲ့သည်။

သို့သော်လည်း သူမရဲ့ အရည်အချင်းက အကန့်အသတ်ရှိတဲ့အပြင် ထိုအချိန်တုန်းက သူမမှာ ဟောက်ချီဟန်ကို လက်စားချေချင်တဲ့ ရည်ရွယ်ချက်လည်း ရှိနေခဲ့သည်။ သူမရဲ့ နာမည်အောက်မှာ ဒီအိမ်ကို မှတ်ပုံတင်ထားရင် ဟောက်ချီဟန်ရဲ့ သံသယတွေကို ဆွဲဆောင်ပြီး သူမရဲ့ သရုပ်မှန်ကို ထုတ်ဖော််လိုက်မှာကို ရွှယ်ပိုင်လီ စိုးရိမ်ခဲ့မိသည်။

နောက်ဆုံးမှာတော့ ဟောက်ချန်ဟွမ်းကပဲ သူမအတွက် ပြဿနာကို ကူညီဖြေရှင်းပေးခဲ့ပြီး ဒီအိမ်ကို … မူလပိုင်ရှင်ဆီ ပြန်အပ်ခဲ့သည်။

ဟောက်ချန်ဟွမ်း အိမ်ထဲကို ရောက်သည်နှင့် အိမ်အပြင်အဆင်ကို ဝေ့ဝဲကြည့်လိုက်လျှင် မျက်လုံးတွေ အရောင်တောက်သွားရပါသည်။

အခန်း သုံးခန်းပဲ ရှိတဲ့ အိမ်က မကြီးပေမဲ့ နွေးထွေးဖွယ်ကောင်းစွာ အလှဆင်ထားသည်။ အိမ်ကို ပြန်ယူပြီးတဲ့နောက်ပိုင်း ရွှယ်ပိုင်လီ ဒီအပိုင်းမှာ အများကြီး အားစိုက်ထုတ်ထားတယ် ဆိုတာကို မြင်နိုင်သည်။

+++++++

All Chapters