အခန်း ၉၂၈
Vol. 62 Ch. 928
928 01
အခန်း ( ၉၂၈ ) ကျွန်မ နောင်တမရပါဘူး။
ရွှယ်ပိုင်လီက ဟောက်ချန်ဟွမ်းရှေ့မှာ ရေတစ်ခွက် ချပေးပြီး သူငယ်ချင်းဟောင်းတစ်ယောက်လိုမျိုး သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ဟောက်ချီဟန် အဖမ်းခံလိုက်ရတော့ ရှင် ကျွန်မကို ထပ်လာမရှာတော့ဘူးလို့ ထင်နေတာ။ ”
“ ဆန့်ကျင်ဘက်အနေနဲ့ ငါကတော့ မင်း ငါ လာမယ်လို့ မျှော်လင့်နေတယ်လို့ ထင်ထားတာ။ ”
ရွှယ်ပိုင်လီရဲ့ အမူအရာက အနည်းငယ် တောင့်တင်းသွားပြီး ဘာမှ မပြောတော့ဘဲ ခေါင်းငုံ့ချလိုက်သည်။
ဟောက်ချန်ဟွမ်းမှာ သူမနှင့် ကွေ့ဝိုက်ပြောနေဖို့ ရည်ရွယ်ချက် မရှိသောကြောင့် လိုရင်းကိုပဲ တန်းပြောလိုက်သည်။ “ ဟောက်ချီဟန်က ငါ့ကလေးကို ပြန်ပေးဆွဲချင်ခဲ့တဲ့ ကိစ္စကို မင်း ဘာလို့ ငါ့ကို ကြိုတင် ပြောမထားတာလဲ။ ”
“ ကျွန်မ ရှင့်ကို ကြိုမပြောတာ မဟုတ်ပါဘူး။ ဟောက်ချီဟန်က ကျွန်မကို သူနဲ့အတူ ခေါ်သွားတယ် ဆိုပေမဲ့ အဲ့ဒီလို ကိစ္စတွေကိုတော့ ကျွန်မကို ပေးမသိဘူး။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းစွာ ကျဉ်းမြောင်းသွားသည်။ “ မင်း လိမ်ပြောနေတာ။ ”
“ ကျွန်မ လိမ်နေတာ မဟုတ်ဘူး။ ” ရွှယ်ပိုင်လီက ဟောက်ချန်ဟွမ်းကို လုံးဝ မကြောက်ပါ။ သူမရဲ့ အပြုံးထဲမှာ ထေ့ငေါ့ပြောဆိုဟန်တွေ ထင်ဟပ်နေပြီး တခြားခံစားချက်ကင်းမဲ့နေသည်။ “ ဟောက်ချီဟန် အဲ့ဒီအမျိုးသမီးနဲ့ ဆက်သွယ်တဲ့ အချိန်မှာ ကျွန်မကို တကယ် ရှောင်နေခဲ့တာပါ။ သူ့အမြင်မှာ ကျွန်မက သူ့ကို မှီခိုနေတဲ့ လူတစ်ယောက်အနေနဲ့ပဲ ရှိတယ် ထင်ပါတယ်။ သူ့ကို လူတိုင်း စွန့်ပစ်သွားတဲ့ အချိန်မှာ ကျွန်မက သူ့ကို ချစ်ပြပြီး သူ့ယောက်ျားမာနကို ချွေးသိပ်ပေးခဲ့တာကြောင့်သာ မဟုတ်ရင် ကျွန်မကို စွန့်ပစ်သွားတာ ကြာလောက်ပြီ။ ”
“ ဒါပေမဲ့ သူ ဘယ်လောက်ပဲ သတိထားပါစေ ၊ ကျွန်မ သူ ဖုန်းပြောနေတာကို အမှတ်မထင် ကြားခဲ့တယ်။ ”
ရွှယ်ပိုင်လီသည် ထိုသို့ ပြောနေချိန်မှာ သူမရဲ့ မျက်လုံးတွေက ဟောက်ချန်ဟွမ်းကို စိုက်ကြည့်နေခဲ့သည်။ သူမရဲ့ ပုံစံက တည်ငြိမ်ကာ ခံစားချက်တို့ ထုံထိုင်းနေပုံပေါ်သည်။
သူမရဲ့ စကားကို ဟောက်ချန်ဟွမ်း ကြားပြီး ဒေါသထွက်မှာကို ဂရုမစိုက်တာလား ၊ ဒါမှမဟုတ် သူမကို လက်စားချေမှာကို ဂရုမစိုက်တာလားတော့ မပြောတတ်ပါ။ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွား၏။ သူလည်း ရွှယ်ပိုင်လီရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို နားလည်ထားတာ ကြာလှပါပြီ။
“ မင်းက ငါ့ကို ဟောက်ချီဟန်ကို မင်းအတွက် သတ်ပေးစေချင်တာပဲ။ ”
“ ကျွန်မ ရှင်နဲ့ ရှင့်ဇနီးကို မကူညီနိုင်ခဲ့ပေမဲ့ အဲ့ဒါကို နောင်တမရပါဘူး။ ”
……
မူလတုန်းက ရွှယ်ပိုင်လီသည် ဟောက်ချီဟန်ဘေးမှာ နေဖို့ ဟောက်ချန်ဟွမ်း စေလွှတ်ထားတဲ့ စပိုင် ဖြစ်သည်။ သူမက ဟောက်ချန်ဟွမ်းကို ကူညီကာ ဟောက်မိသားစုရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး ဟောက်ချီဟန် သူ့မိသားစုကို သစ္စာဖောက်စေရန်အတွက် ပြဿနာတွေလည်း မွှေပေးခဲ့သည်။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ ရွှယ်ပိုင်လီဟာ ဟောက်ချီဟန်တစ်ယောက် အိမ်တော်ဟောင်းက အိမ်အကူတွေနှင့် ပူးပေါင်းပြီး ဟောက်ချန်ဟွမ်းရဲ့ ကလေးကို ခိုးယူဖို့ ကြံနေတယ် ဆိုတဲ့ သတင်းကို သိထားပေမဲ့ အစကနေ အဆုံးထိ ရေငုံနှုတ်ပိတ်နေခဲ့တာပင်။
“ ရှင်က ဟောက်ချီဟန် ပုန်းနေတဲ့ နေရာကို သိရက်သားနဲ့ ကြောင်က ကြွက်ကို ဆော့သလိုမျိုး သူ့ကို ဆော့ပြီး မျှော်လင့်ချက်ပေးလိုက် ၊ ဖျက်ဆီးလိုက် လုပ်နေတာ။ ဒါပေမဲ့ အဲ့ဒါက ကျွန်မအတွက်တော့ အဲ့ဒါက လုံလောက်တဲ့ အတိုင်းအတာကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ ”
ရွှယ်ပိုင်လီက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ “ ဒီကိစ္စ မဖြစ်ဘဲနဲ့ သူ အဖမ်းခံလိုက်ရရင် ဘာဆက်ဖြစ်မှာလဲ။ ”
အလွန်ဆုံးမှ သူ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျရုံလောက်သာ ရှိလိမ့်မည်။ ရွှယ်ပိုင်လီက ဟောက်ချီဟန်ကို သေစေချင်တာ ဖြစ်သည်။ ဟောက်ချန်ဟွမ်းရဲ့ ဇနီးနှင့် ကလေးက ဟောက်ချန်ဟွမ်းရဲ့ အားနည်းချက် ဆိုတာ သူမ သိသည်။ သူ့မိသားစုကို ထိခိုက်လာရင် ဟောက်ချီဟန်မှာ အသက်ဆက်ရှင်စရာ အကြောင်းပြချက် ရှိတော့မှာ မဟုတ်ပေ။
928 02
တစ်ချိန်တုန်းက ဟောက်ချီဟန်က သူမရဲ့ မိသားစုကို ဖျက်ဆီးပြီး အသက်သုံးချောင်းကို နှုတ်ယူသွားခဲ့တာပါ။ အခု သူမက သူ့အသက် တစ်ချောင်းတည်းကိုပဲ နှုတ်ယူလိုက်ရင်တောင် အရှုံးကြီး ရှုံးသည်ဟု ခံစားရသည်။
ဟောက်ချန်ဟွမ်းသည် တစ်စုံတစ်ခုကို ရိပ်စားမိသွားသကဲ့သို့ ရွှယ်ပိုင်လီကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ “ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာလား။ ”
ဒီလို လုပ်တာက ဟောက်ချန်ဟွမ်းကို ဒေါသထွက်စေမယ်မှန်း ရွှယ်ပိုင်လီ သိသော်လည်း သူမ ဒီကိစ္စထဲက ရုန်းထွက်ချင်ရင် ဟောက်ချီဟန် အဖမ်းခံရပြီ ဆိုကတည်းက ထွက်သွားခဲ့ပြီပင်။ ဒါပေမဲ့ ထွက်မသွားဘဲ ဒီနေရာမှာ နေပြီး ဟောက်ချန်ဟွမ်း သူမကို လာရှာမှာကို စောင့်နေခဲ့သည်။ သူမအတွက်ကတော့ မထူးဇာတ်ကို ရှေ့တက်တိုးလေ ၊ ပိုကောင်းလေ။
တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ သူမက အစကတည်းက လူ့လောကထဲမှာ ရှင်သန်ချင်စိတ် မရှိပါ။ လက်စားချေလိုစိတ်ကသာ သူမကို ဒီအချိန်ထိ ရှင်သန်နိုင်စေခဲ့တာ ဖြစ်သည်။ ဟောက်ချီဟန်ကို လက်စားချေပြီးသွားရင် သူမနှင့် ရင်းနှီးနေတဲ့ ဒီနေရာမှာ ချစ်ရတဲ့ လူတွေကို လာရှာချင်သည်။
ဟောက်ချန်ဟွမ်းက အကြာကြီး နှုတ်ဆိတ်နေပြီးမှ ရုတ်တရက် ထရပ်လိုက်သည်။ “ ဟောက်ချီဟန်ရဲ့ အမှုရလဒ်တွေက တစ်လအတွင်း ထွက်လာလိမ့်မယ်။ ”
ရွှယ်ပိုင်လီ အံ့အားသင့်သွားကာ ပြုံးလိုက်သည်။ “ တကယ်လား။ ကောင်းလိုက်တာ။ ”
ဟောက်ချန်ဟွမ်းက သူမကို တစ်ချက် စောင်းငဲ့ကြည့်ပြီးမှ အိမ်ထဲက ထွက်လာခဲ့လိုက်သည်။ သို့သော် သူ တံခါးဝကို ရောက်တော့ ခပ်တိုးတိုး ပြောလိုက်မိပါသည်။ “ ဒီနေရာကို ထားခဲ့လိုက်တော့။ မင်းကို ဘယ်သူမှ မသိတဲ့ နေရာသစ်တစ်ခုကို ရှာပြီး ဘဝသစ်ကို ပြန်စတင်ပါ။ ”
+++++