← Chapters

အခန်း ၉၃၂

Vol. 63 Ch. 932

အခန်း ၉၃၂

Vol. 63 Ch. 932

932 01

အခန်း ( ၉၃၂ ) ရုတ်တရက် ကပ်ဘေးဖြစ်ပွားခြင်း။

စုယန်ယန်ကို ဝိုင်းထားတဲ့ လူတွေက သူမရဲ့ သက်တော်စောင့်တွေလောက်တော့ အရည်အချင်းမရှိသော်လည်း လူတစ်ယောက်နှင့် နှစ်ယောက် ၊ သုံးယောက် ယှဉ်ချလျှင်တော့ လူများတဲ့ဘက်က အသာစီးရပါလိမ့်မည်။ ပြီးတော့ ထိုလူတွေရဲ့ နှောင့်ယှက်မှုကြောင့် သက်တော်စောင့်တွေရဲ့ ကာကွယ်မှုမှာ ဟာကွက်တွေ ရှိလာမှာလည်း မလွဲဧကန်ပင်။

ပိုက်ကွန်ထဲက လွတ်ထွက်သွားတဲ့ ငါးတချို့သည် စုယန်ယန်ကို ကာကွယ်ပေးထားတဲ့ သက်တော်စောင့်တွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနှင့် တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး စုယန်ယန် ကားထဲ မဝင်နိုင်သေးခင်မှာပဲ သူမကို ဆွဲခေါ်ဖို့ ပြေးလာခဲ့သည်။

ထိုအချိန်မှာ စုယန်ယန်ကို ကာကွယ်ပေးနေတဲ့ သက်တော်စောင့်က နှစ်ယောက်သာ ရှိပေမဲ့ ပြေးလာတဲ့ လူကတော့ ငါးယောက် ဖြစ်သည်။

သူတို့ငါးယောက်က တာဝန်အသီးသီးလည်း ခွဲဝေထားပြီးသား။ ငါးယောက်ထဲက လေးယောက်က အဖွဲ့နှစ်ဖွဲ့ ခွဲပြီး သက်တော်စောင့်နှစ်ယောက်ကို ညှပ်ပူးညှပ်တိုက် တိုက်ခိုက်ဖို့ ကြိုးစားနေချိန်မှာ ကျန်တဲ့ တစ်ယောက်ကတော့ စုယန်ယန်ကို ဖမ်းဖို့အတွက် ပြေးလာသည်။

သူတို့အမြင်မှာ စုယန်ယန်က ခြေမွေးမီးမလောင် လက်မွေးမီးမလောက်ဘဝမှာ နေလာခဲ့တဲ့ ခပ်ပျော့ပျော့ အမျိုးသမီးတစ်ယောက်မို့ တစ်ချက်လောက် ထိလိုက်ရုံဖြင့် ပြိုလဲကျသွားမည် ဖြစ်ပြီး သူတို့ကို ပြန်တိုက်ခိုက်ဖို့ ခွန်အားလုံးဝရှိမည် မဟုတ်ပါ။ သူမကို လူတစ်ယောက်တည်းနှင့် ဖမ်းရင်တောင် လုံလောက်တာထက် ပိုသေးသည်။

အာရုံပြောင်းခံထားရတဲ့ သက်တော်စောင့်နှစ်ယောက်က သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အမြန် သဘောပေါက်သွားပြီး သူတို့ကို တားဆီးဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုလူတွေက သိပ်ကို ဉာဏ်များကောက်ကျစ်လွန်းပါသည်။ သူတို့ကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင် အနည်းငယ်မျှ လှုပ်ရှားလို့ မရအောင် သူတို့ရဲ့ လည်ပင်းတွေ ၊ ခြေထောက်တွေကို ဆွဲထားခဲ့ကြလေသည်။

စုယန်ယန်အနားကို လူတစ်ယောက် တရွေ့ရွေ့ တိုးကပ်သွားတာကို မြင်တော့ လူတိုင်းရဲ့ ရင်ထဲမှာ ဒိန်းခနဲ အသံအကျယ်ကြီး မြည်သွား၏။

ဒါပေမဲ့ သူတို့ မျှော်လင့်ထားတဲ့ မြင်ကွင်းမျိုး ဖြစ်မလာဘဲ ကိစ္စတွေက လူတိုင်းရဲ့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ ထိုလူက စုယန်ယန်ကို ထိရုံပဲရှိသေး ၊ စုယန်ယန်က ထိုလူရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ကိုင်ပေါက်ပစ်လိုက်သည်။

အလွယ်တကူ လက်မလျှော့တတ်တဲ့ ထိုလူကလည်း သူ့ပြိုင်ဖက်ကို လျှော့တွက်မိကြောင်း နားလည်သွားချိန်မှာ မြေပြင်ပေါ်က အမြန် ပြန်ထပြီး စုယန်ယန်ကို နောက်တစ်ကြိမ် ခုန်အုပ်ဖို့ ကြိုးစားလိုက်သည်။

သို့သော် သူ့အတွေးကို ကြိုသိနေတဲ့ စုယန်ယန်သည် သူ မတ်တပ်မရပ်နိုင်သေးခင်မှာပဲ သူ့ဒူးခေါင်းကို ဖြတ်ကန်ပြီး ဒူးထောက်လျက်သား လဲကျသွားအောင် လုပ်ကာ သူမရဲ့ အိတ်နှင့် သူ့မျက်နှာကို ပစ်ပေါက်လိုက်တော့ ထိူလူ နောက်ပြန်လဲကျသွားသည်။

......

ပြင်းထန်သော ထိုးနှက်ချက်နှစ်ခုကို တစ်ဆက်တည်း ခံစားရအပြီးမှာ ထိုလူသည် ရင်ဘတ်ရော ၊ ခြေထောက်ရော နာကျင်နေပြီး မျက်နှာမှာ လောင်ကျွမ်းမတတ် ပူထူနေခဲ့သည်။ သူ့နှာခေါင်းကနေ သွေးတွေလည်း မရပ်မနား ကျဆင်းလာပြီး သူ့နှာနုရိုး ကျိုးသွားပြီလား ဟူ၍တောင် အံ့ဩနေမိသည်။

သူ မတ်တပ်ပြန်ထဖို့ ကြိုးစားနေချိန်မှာပဲ သူ့ဆီ လျှောက်လာတဲ့ စုယန်ယန်ကို မြင်လိုက်ရ၏။ သူမက သူ့ကို ပြုံးပြီး စီးမိုး ငုံ့ကြည့်နေပါသည်။

ဘာ့ကြောင့်ရယ်မသိဘဲ သူ့ကျောရိုးတစ်လျှောက် စိမ့်အေးသွားကာ နိမိတ်မကောင်းတဲ့ ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ လျှပ်တစ်ပြက် ဆိုသလိုပဲ စုယန်ယန် ခြေထောက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တာကို သူ မြင်လိုက်ရလေသည်။

ပွတ်တိုက်ထိခိုက်မှု အသံခပ်အုပ်အုပ် ထွက်ပေါ်လာပြီးနောက် တစ်ယောက်သော သူရဲ့ စူးစူးရှရှ အော်သံဟာ ရှိနေတဲ့ အမျိုးသားတွေ အကုန်လုံးကို တညီတညွှတ်တည်း ခြေထောက်တွေ ပူးကပ်သွားစေခဲ့သည်။ သူတို့ စုယန်ယန်ကို ထိတ်လန့်တုပ်လှုပ်စွာ ကြည့်လိုက်မိကြသည်။

စုယန်ယန်က မြေပြင်ပေါ်မှာ နာကျင်စွာ လူးလှိမ့်နေတဲ့ လူကို ကြည့်ပြီး အကြော‌ဆန့်၍ အိတ်ကို ပခုံးပေါ်မှာ ချိတ်ကာ နောင်တရသလို ပြောလိုက်သည်။ “ ကျွန်မ ဒီနေ့ ဒီလိုမျိုး ကံမကောင်းတဲ့ ကိစ္စနဲ့ ကြုံရမယ် ဆိုတာကို ကြိုသိထားရင် ဂါဝန် ဝတ်လာခဲ့မှာ မဟုတ်ဘူး။ အခုတော့ ကျွန်မရဲ့ တင်ဆက်မှုကို တကယ် ထိခိုက်သွားတယ်။ ”

လူတိုင်း ပြောစရာစကား ပျောက်ဆုံးသွားကြသည်။ ဂါဝန်ဝတ်ထားလို့ မင်းရဲ့ တင်ဆက်မှုက အကန့်အသတ်ရှိသွားတယ်တဲ့လား … ။ မင်း ဂါဝန်ဝတ်မထားရင် ကပ်ဘေးတွေ ဖြစ်သွားအောင် လုပ်လိုက်မှာကိုတောင် ငါတို့ ကြောက်တယ် … ။

932 02

သူတို့သည် အနုနည်းသုံးလို့ မရရင် အကြမ်းနည်းသုံးမည်ဟု ဒီကို မလာခင်ကတည်းက အစီအစဉ်ဆွဲထားခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ အခုတော့ စုယန်ယန်က သူတို့ အလွယ်တကူ အနိုင်ကျင့်လို့ မရတဲ့ အားနွဲ့သူတစ်ယောက် မဟုတ်တာကို သူတို့ သဘောပေါက်သွားသည်။

သူတို့ ဒီမှာ ဆက်နေရင် ကောင်းမလား ၊ ထွက်ပြေးရင် ကောင်းမလားဟု ဝေခွဲမရဖြစ်နေစဉ်မှာပဲ မလှမ်းမကမ်းကနေ ဒေါသတကြီးအော်သံ ထွက်ပေါ်လာခဲ့သည်။

“ မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။ ”

အကုန်လုံး နောက်လှည့်ကြည့်လိုက်သောအခါ မျက်နှာမည်းမှောင်နေတဲ့ ရှားကျွင်းရှန့်ကို မြင်လိုက်ရသည်။ သူက လုံခြုံရေးအစောင့် တစ်ဖွဲ့နှင့်အတူ စုယန်ယန်ဆီ ပြေးလာသည်။

ခေါင်းဆောင်က တိုက်ပွဲ ပြီးဆုံးသွားပြီ ဆိုတာ နားလည်သောကြောင့် အံကြိတ်ပြီး စုယန်ယန်ကို ဆက်နှောင့်ယှက်မယ့် အစီအစဉ်ကို လက်လျှော့လိုက်သည်။ ထို့ကြောင့် သူ သူ့လူတွေနှင့်အတူ ပြန်ဆုတ်ခွာလာခဲ့သည်။

စုယန်ယန်ရဲ့ လူတွေက သူတို့နောက်ကို ပြေးလိုက်သွားချင်နေသော်လည်း စုယန်ယန်က သူတို့ကို တားလိုက်သည်။ “ သူတို့နောက်ကို လိုက်စရာ မလိုဘူး။ မတရားမှုတိုင်းမှာ ပြစ်မှုကျူးလွန်သူ ရှိသလို အကြွေးတိုင်းမှာလည်း အကြွေးရှင် ဆိုတာ ရှိတယ်။ သူတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ ဆိုတာ ကျွန်မတို့ သိတာပဲ။ လက်စားချေဖို့ အခွင့်အရေးမရမှာကို စိုးရိမ်စရာမလိုပါဘူး။ ”

++++++

All Chapters