← Chapters

အခန်း ၉၃၇

Vol. 63 Ch. 937

အခန်း ၉၃၇

Vol. 63 Ch. 937

937 01

အခန်း ( ၉၃၇ ) ကောင်းမွန်သော အကွက်ရွေ့မှု။

ဟောက်ချန်ဟွမ်းကတော့ သူမရဲ့ စကားကို ကြားချိန်မှာ နည်းနည်းလေးမှ မအံ့ဩမိပါ။ ပြောရရင် အရင်တုန်းကလည်း စုယန်ယန်ဟာ ဟောက်ရှောက်ဖုန်းကို ဆေးရုံရောက်သွားအောင် လုပ်ခဲ့ဖူးသည်လေ။ သူမရဲ့ ဂုဏ်ကျက်သရေရှိသော အတိတ်ဟာ သူ့မျက်စိရှေ့မှာပဲမို့ ပရော်ဖက်ရှင်နယ်တစ်ယောက်ကိုတောင် သူမ အနိုင်ယူနိုင်တဲ့အပေါ် အံ့ဩမိသော်လည်း ထိတ်လန့်သွားတဲ့ အတိုင်းအတာထိတော့ မဟုတ်။

အခြားတစ်ဖက်၌ ကျန်းချန့်ယန်ကတော့ စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ သူမအား ‘ ဒီလို လူကောင်သေးသေးလေးက ယောကျ်ားရင့်မာကြီးတစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်တာလဲ ’ ဟူသော အကြည့်ဖြင့် အံ့အားသင့်စွာ ၊ နားမလည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

သူမကို ဖမ်းဖို့ ရောက်လာတဲ့ ပြန်ပေးဆွဲသမားတွေက မိန်းကလေးတစ်ယောက်ကိုတောင် အနိုင်မယူနိုင်တဲ့အထိ အားနည်းတာလား … ။

ကျန်းချန့်ယန်သည် ထိုစိတ်ကူးကို တွေးမိသည်နှင့် ချက်ချင်း ပယ်ဖျက်လိုက်သည်။ အဲ့လို ဆိုရင်လည်း စုယန်ယန်ဘေးမှာ သက်တော်စောင့်တွေ အများကြီး ရှိနေပါလျက်နှင့် အဲ့ဒီ ပုဇွန်လိုကောင်တွေဟာ စုယန်ယန်အနားကို ကပ်နိုင်မှာ မဟုတ်ပေ။

“ ယန်ယန် … နင့်ကို ဖမ်းဖို့ လုပ်နေတဲ့ လူရဲ့ နှာခေါင်းရိုးကို ချိုးပြီး သူ့ကို တက်နင်းခဲ့တယ်လို့ ပြောနေတာလား။ ”

“ … ဟုတ်ကဲ့။ ”

“ အဲ့ဒါကို နင်တစ်ယောက်တည်း လုပ်ခဲ့တာလား။ ”

“ ဟုတ်ကဲ့။ ” စုယန်ယန် ရှက်သွားမိပေမဲ့ သူမကို အစွမ်းကုန် ကာကွယ်ပေးခဲ့တဲ့ သက်တော်စောင့်တွေကို ကျန်းချန့်ယန် အပြစ်တင်မှာ စိုးရိမ်သောကြောင့် အမြန် ရှင်းပြလိုက်သည်။ “ အဲ့အချိန်မှာ လူတွေ အရမ်း များနေခဲ့တာပါ။ ရန်သူတွေက ကျွန်မတို့ရဲ့ နှစ်ဆ ၊ သုံးဆလောက် ရှိတယ်။ သူတို့ အဲ့လောက် လူတွေ အများကြီးကို ရပ်တန့်နိုင်တာနဲ့တင် ကျေးဇူးတင်စရာကောင်းနေပြီ။ အဲ့လူတွေထဲက တစ်‌ယောက်ပဲ လွတ်ထွက်လာတာပါ။ မဟုတ်ရင် ကျွန်မက သိုင်းတတ်တယ် ဆိုရင်တောင် အခုလိုမျိုး ဘာမှ မထိခိုက်ဘဲနဲ့ မလွတ်မြောက်နိုင်မှာ သေချာတယ်။ ”

ကျန်းချန့်ယန်သည် မြေခွေးအိုကြီးတစ်ကောင်လို့ သတ်မှတ်လို့ ရသည်။ သူက စုယန်ယန်ရဲ့ စကားထဲက‌နေ သတင်းအချက်အလက်တွေ အများကြီး အစဆွဲထုတ်ကာ ပြုံးပြီး မေးလာခဲ့သည်။ “ နင် တခြားသူတွေနဲ့ သိုင်းလေ့ကျင့်ဖူးတာလား။ ငါ မသိခဲ့ဘူးပဲ။ ”

“ ကျွန်မ ငယ်ငယ်တုန်းက အရမ်း ဆော့တော့ ဒုက္ခရောက်မလို ဖြစ်ဖူးတယ်။ ကျွန်မရဲ့ မိသားစုကလည်း ကျွန်မကို စိုးရိမ်တော့ သိုင်းဆရာကြီးတွေ ငှားရမ်းပြီး ကျွန်မကို သိုင်းပညာသင်ပေးခဲ့တယ်။ လူတွေကို ရိုက်နှက်ဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို သန်မာစေဖို့ပါပဲ။ သင်ထားတဲ့ သိုင်းပညာတွေကို နှစ်တွေ အများကြီး ကြာတဲ့အထိ မသုံးဖြစ်လို့ ကျွန်မ အများကြီး မကူညီနိုင်တာပါ။ ”

စုယန်ယန်က အမှန်အတိုင်း ပြောနေတာ ဖြစ်သည်။ သူမ ဒီပညာတွေကို သင်ယူထားခဲ့တာ နှစ်အနည်းငယ် ကြာခဲ့ပါပြီ။ အရင်တုန်းက ကိစ္စက အန္တရာယ်မများသလို သူမကိုလည်း အမှန်တကယ် မနာကျင်စေနိုင်ပေမဲ့ သူမရဲ့ မိသားစုကိုတော့ သူမအပေါ် အစိုးရိမ်ကြီးစေခဲ့သည်။

ထိုနောက်ပိုင်းမှာ စုယန်ယန်သည် ပုံမှန်အားဖြင့် သူမ ဘယ်သွားသွား သူမနောက်ကို လိုက်တဲ့ လူတွေ ရှိလာခဲ့သည်။ သူမ ဒီပညာတွေကို သင်ယူရတဲ့ အဓိက ရည်ရွယ်ချက်က သူမ တစ်ယောက်တည်း ရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့ပဲမို့ သူမဘေးမှာ သက်တော်စောင့်တွေ ရှိနေရင် သင်ယူထားတဲ့ ပညာတွေကလည်း သဘာဝကျစွာပင် အသုံးမဝင်ပါ။

အထူးသဖြင့် ဟောက်ချန်ဟွမ်းနှင့် လက်ထပ်ပြီးတဲ့နောက်ပိုင်း သူမနောက်ကို လိုက်တဲ့ လူအရေအတွက်ဟာ ပိုလို့တောင် တိုးလာခဲ့သည်။ ပြဿနာတစ်ခုခု ရှိလာရင် သူမအတွက် ထိုပြဿနာကို ဖြေရှင်းပေးမယ့် ဟောက်ချန်ဟွမ်းကလည်း အဆင်သင့် ရှိသည်။

စုယန်ယန်သည် ပိတ်ကားနောက်ကွယ်မှာ နေရတာကိုပဲ သဘောကျသူပီပီ ဟောက်ချန်ဟွမ်းရဲ့ နောက်မှာ ပုန်းပြီး ယုန်သူငယ်လေးလို ပြုမူနေထိုင်ခဲ့သည်။ သူမရဲ့ ပုံစံက အန္တရာယ်မရှိတဲ့ ပျော့ညံ့ညံ့ မိန်းကလေးတစ်ယောက်သဖွယ် ရှိ၏။

သို့သော်လည်း အန္တရာယ်မရှိတဲ့ ပုံစံပေါက်တိုင်း တကယ် အန္တရာယ်မရှိတာတော့ မဟုတ်ပါ။ သူမကို ဖမ်းဖို့ အားရဝမ်းသာ ပြေးလာတဲ့ လူက အကောင်းဆုံး ဥပမာဖြစ်သည်။ ထိုလူက သူမကို အလွယ်တကူ ဝါးလို့ ရမယ့် အရိုးလို့ ထင်ထားခဲ့ပေမဲ့ တကယ်တမ်းမှာ သူ့သွားပဲ ကျိုးသွားခဲ့ရလေသည်။

937 02

“ ချန်ဟွမ်းရဲ့ လူတွေကို ထိန်းထားနိုင်တယ် ဆိုတာနဲ့တင် သူတို့ရဲ့ အရည်အချင်းကလည်း မနည်းလောက်ဘူး။ မင်း သူတို့ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်ခဲ့တာ မဟုတ်လောက်ဘူး ထင်တယ်။ ”

အထူးသဖြင့် စုယန်ယန် ပြောတဲ့ စကားအရဆို တစ်ဖက်လူမှာ အကြီးအကျယ် ထိခိုက်ဒဏ်ရာရသွားပြီး သူမကတော့ ဒဏ်ရာသေးသေးလေး တစ်ခုတောင် မရခဲ့ပေ။

တစ်ဖက်လူက စုယန်ယန်ကို မိန်းကလေးတစ်ယောက် ဆိုပြီး ရန်သူကို လျှော့တွက်မိခဲ့သော်လည်း ကျန်းချန့်ယန်ကတော့ စုယန်ယန်ဟာ အမှန်တကယ်ပဲ အရည်အချင်းရှိတာကို မြင်နိုင်ပါသေးသည်။

“ နင့်မိသားစုက နင့်ကို သိုင်းပညာသင်ပေးဖို့ သိုင်းဆရာကြီးတွေ ငှားရမ်းခဲ့တယ်လို့ နင် ပြောတယ်နော်။ အဲ့သိုင်းဆရာကြီးတွေရဲ့ နာမည်က ဘာလဲ။ တစ်မျိုး မထင်ပါနဲ့ ၊ ငါက ဒီတိုင်း နည်းနည်းပါးပါး သိချင်လို့ပါ။ အဲ့သိုင်းဆရာကြီးတွေထဲမှာ ငါ သိတဲ့ လူတစ်ယောက်ယောက်များ ပါမလားလို့‌။ ” သူမကို သင်ပေးခဲ့တဲ့ သိုင်းဆရာတွေက လုံလုံလောက်လောက် သန်မာပြီး နာမည်ကျော်ကြားလား ဆိုတာ သူ သိချင်သည်။

+++++

All Chapters