← Chapters

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း ၉၃၉

Vol. 63 Ch. 939

939 01

အခန်း ( ၉၃၉ ) ကောလဟာလတွေက အမှန်ပဲ။

စုယန်ယန်ကတော့ တူဝရီးနှစ်ယောက်ရဲ့ မျက်လုံးထဲမှာ သူမက အနိုင်ကျင့် အကြမ်းဖက်ရတာကို ကြိုက်တဲ့ ဂေါ်ဇီလာတစ်ကောင် ဖြစ်နေပြီမှန်း မသိရှာ။ သူမသာ သိရင်တော့ ချက်ချင်းပဲ မီးမှုတ်ထုတ်တဲ့ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ထိုနှစ်ယောက်ကို ဉာဏ်အလင်းပွင့်သွားအောင် လုပ်လိုက်မှာ ဖြစ်သည်။

ကျန်းချန့်ယန်သည် တူဖြစ်သူကို ကရုဏာသက်ပြီးတဲ့နောက် ဒီကိစ္စကို ‌ဘေးဖယ်ကာ မူလအ‌ကြောင်းအရာကို စကားပြန်ဆက်လိုက်သည်။ “ ချန်ဟွမ်း ပြောတာ မှန်တယ်။ အဲ့ဒီ သို့မိသားစုက ကောင်လေးက အရမ်း အတင့်ရဲနေတာ။ သူက မင်းကို လူမြင်ကွင်းမှာတောင် ပြန်ပေးဆွဲရဲတယ် ဆိုတော့ ငါတို့ကို ဂရုမစိုက်တာ သိသာတယ်။ အရင်တစ်ခေါက်တုန်းက ငါတို့ သူ့ကို သတိပေးခဲ့တာ မလုံလောက်တဲ့ပုံပဲ။ ”

“ သတိပေးခဲ့တာ … ဟုတ်လား။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို ကြည့်လိုက်သည်။ “ ရှင်လည်း သူ့ကို သတိပေးခဲ့တာလား။ ”

“ အဟမ်း ၊ သူ မင်းကို လာရှာပြီး ထူးထူးဆန်းဆန်း စကားတွေ ပြောသွားတယ် ဆိုလို့ သို့မိသားစုရဲ့ စီးပွားရေးလုပ်ငန်း တချို့ကို ဖြတ်ခုတ်လိုက်ရုံပါပဲ။ အဲ့ကိစ္စကြောင့် သို့ထျန်းယီရဲ့ ကုမ္ပဏီက ရှယ်ယာရှင်တွေက သူ့ကို တော်တော်လေး မကျေမနပ် ဖြစ်သွားကြတယ်။ အနည်းဆုံးတော့ သူ သင်ခန်းစာရသွားလောက်ပြီလို့ ကိုယ် ထင်ထားတာ။ ဒါပေမဲ့ သူက ပိုတောင် ဆိုးလာသေးတယ်။ ”

စုယန်ယန်က ခဏ နှုတ်ဆိတ်သွားပြီးမှ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ သူက လုံးဝ ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်။ ”

“ ဘာကိုလဲ။ ”

“ ကျွန်မ ရှင့်ကို အရင်တစ်ခေါက်တုန်းက ပြောခဲ့တယ် မဟုတ်လား။ သူ့ရောဂါက တော်တော်လေး ဆိုးနေတယ် ၊ ‌ကုသနိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူးလို့လေ။ ”

ဟောက်ချန်ဟွမ်းသည် ထိုစကားကို မှတ်မိသွားကာ မျက်နှာမည်းမှောင်သွား၏။

ကျန်းချန့်ယန်ကတော့ သူတို့နှစ်ယောက် ပြောနေတဲ့ အကြောင်းကို မသိသော်လည်း စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ တခြားတစ်ခုကို သတိရသွားလေသည်။ “ ဒီလို ဆိုတော့မှ ငါလည်း ကောလဟာလတွေ ကြားဖူးတယ်။ ”

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။ “ ဘယ်လို ကောလဟာလတွေလဲ။ ”

“ သို့မိသားစုက ကောင်လေးရဲ့ ရောဂါအကြောင်း။ ကြာခဲ့ပါပြီ။ ခုနတုန်းက ယန်ယန်သာ မပြောရင် ငါလည်း အဲ့အကြောင်းကို မှတ်မိမှာ မဟုတ်ဘူး။ အဲ့ကလေးရဲ့ ရောဂါက မွေးရာပါလို့ ပြောတယ်။ သူ မွေးတုန်းက အရမ်း အားနည်းပြီး သေမလိုတောင် ဖြစ်ခဲ့တယ်တဲ့။ အဲ့အချိန်တုန်းက သို့မိသားစုရဲ့ ဦးဆောင်သူဖြစ်ခဲ့တဲ့ အဲ့ကလေးရဲ့ အဖေက နိုင်ငံခြားကို လူတွေ လွှတ်ပြီး နာမည်ကျော် ဆရာဝန်တစ်ယောက်ကို ငှားရမ်းခဲ့တယ်လို့ ပြောတယ်။ ဆေးပြင်းပြင်းတွေကို သုံးပြီး သူ့အသက်ကို လက်မတင်လေး ကယ်ခဲ့ရတာတဲ့။ ”

ကျန်းချန့်ယန်က ခဏ စကားရပ်လိုက်သည်။ “ ဒါပေမဲ့ ဆရာဝန်က သူ့ခန္ဓာကိုယ်ထဲက သွေးတွေ အကုန်လုံးကို အသစ် မလဲမချင်း သူ့ရောဂါကို ကုသဖို့ မဖြစ်နိုင်ဘူးလို့ မပြန်ခင် ပြောသွားခဲ့တယ်။ ပြီးတော့ သူ အရွယ်ရောက်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုအားနည်းလာလိမ့်မယ်။ သူ့ကို ဘယ်လောက်ပဲ ဂရုစိုက်ပါစေ ၊ အသက် သုံးဆယ်ကျော်တဲ့အထိ နေနိုင်မှာ မဟုတ်ဘူးတဲ့။ ”

“ အသက်သုံးဆယ် …… ” စုယန်ယန်ရဲ့ နှလုံးခုန်နှုန်းသည် ထိတ်ခနဲ အသံမြည်ကာ စိတ်ထဲမှာ တစ်စုံတစ်ခု ပြိုးပြက်သွားသော်လည်း မြန်ဆန်းလွန်းသောကြောင့် ထိုအရာကို အချိန်မီ မဖမ်းဆုပ်လိုက်နိုင်ပေ။

“ အခု သူ့အသက် ဘယ်လောက် ရှိပြီလဲ။ ”

“ ( ၂၈ ) လောက်တော့ ရှိပြီ ထင်တယ်။ ”

တစ်နည်းအားဖြင့် ပြောရလျှင်တော့ ဆရာဝန် သူ့ကို သတ်မှတ်ပေးထားတဲ့ “ သေနေ့ ” ကို ရောက်ဖို့ တစ်နှစ်ကျော် လိုသေးသည်ပေါ့လေ။

တစ်နှစ်ကျော် … ။ စုယန်ယန် ခုနတုန်းက မဖမ်းဆုပ်လိုက်နိုင်သော အရိပ်အမြွက်လေးသည် ဒီတစ်ခေါက်တော့ သဲလွန်စတချို့ကို ထုတ်ဖော်ပေးခဲ့သည်။

သို့ထျန်းယီဟာ ဝတ္ထုရဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ဇာတ်ကောင်တစ်ယောက်ပင်။ သူမ သေချာ မှတ်မိသလောက်ဆို မူရင်းဝတ္ထုရဲ့ ဒီအချိန် ၊ ဒါမှမဟုတ် မကြာခင်အချိန်လောက်မှာ ဝမ်ကျင့်ဖျင်နှင့် တွေ့ဆုံပြီး သူမကို စွဲလမ်း သိမ်းပိုက်ချင်ရမှာ ဖြစ်သည်။

သို့သော်လည်း ထိုအချိန်မှာ ဝမ်ကျင့်ဖျင်က ဟောက်ရှောက်ဖုန်းနှင့် ဆက်ဆံရေးအသစ်ကို စတင်နေခဲ့သည်။ ထိုဗီလိန်ကြောင့် သူမ နည်းနည်းလေး စိတ်လှုပ်ရှားမိသော်လည်း သူက သူမရဲ့ တကယ့်ချစ်သူလောက်တော့ ဆွဲဆောင်မှု မရှိပါ။ ဒါ့ကြောင့်ပဲ ဝမ်ကျင့်ဖျင်က သို့ထျန်းယီရဲ့ သွယ်ဝိုက်သော ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပြီး ထိုအချက်က ဟောက်ရှောက်ဖုန်းနှင့် သို့ထျန်းယီကြားမှာ ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့သည်။

939 02

လက်တွေ့ကျကျ ပြောရလျှင် သို့ထျန်းယီဟာ ကာကွယ်ပေးခံထားရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ဟောက်ရှောက်ဖုန်းလို လူမျိုးထက် အများကြီး ပိုအရည်အချင်းရှိသည်။ ဟောက်ရှောက်ဖုန်းလို ရင့်ကျက်မှုမရှိ ၊ အရည်အချင်းမရှိတဲ့ လူက သို့ထျန်းယီကို မျက်နှာလိုမျက်နှာရ ကပ်ဖားရပ်ဖားလုပ်ပြီးမှ ချနင်းသွားခဲ့တာ ဖြစ်သည်။

အခုတော့ သို့ထျန်းယီသည် ဒီဝတ္ထုကမ္ဘာရဲ့ သူရဲကောင်းနှစ်ယောက်ကို မရှုံးသော်လည်း ဝတ္ထုကမ္ဘာက သူ့အတွက် စီရင်ပေးထားတဲ့ ကံကြမ္မာကိုတော့ ရှုံးနိမ့်သွားပုံပေါ်သည်။

+++++

All Chapters