အခန်း ၉၄၂
Vol. 63 Ch. 942
942 01
အခန်း ( ၉၄၂ ) ကြောင်ပေါက်လေးတစ်ကောင် ဆိုရင်တောင် ရန်စခံရရင် ပြန်ကိုက်မှာပဲ။
သူတို့ကို ထပ်မတွေ့ချင်ဘူးလို့ပဲ ပြောသွားတာလား … ။ လီယွဲ့ရဲ့ စိတ်ထဲမှာ အတွေးတွေ ဖျတ်ခနဲ လင်းလက်သွားကာ သို့ထျန်းယီ ပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ချက်ချင်းဆိုသလို နားလည်သွားသည်။ သူ့ရဲ့ သနားကြင်နာမှုကိုလည်း နည်းနည်းလေး အံ့အားသင့်မိသည်။
ပုံမှန်အခြေအနေတွေမှာဆို ဘော့စ်က စကားပြောရဆိုရလွယ်ကူတဲ့ လူမျိုး မဟုတ်ပါ။ ရှင်းပြဖို့ ဆိုရင် ပိုလို့တောင် ဝေးသည်။ မိန်းကလေးစုကြောင့် ဒီလို ပြောင်းလဲသွားတာလား။
သို့ထျန်းယီရဲ့ စိတ်ထဲမှာ ခံစားချက်တွေ ရောပြွမ်းနေသည်။ ဘော့စ်ရဲ့ ပြောင်းလဲမှုက ကောင်းတာလား ၊ ဆိုးတာလား ဆိုတာကို သူ မပြောတတ်ပါ။ သူ ဝေခွဲရခက်နေတုန်းမှာပဲ ရုတ်တရက် ဖုန်းသံမြည်လာကာ သူ့ကို အတွေးထဲ နစ်မျောနေရာကနေ သတိပြန်ဝင်လာစေခဲ့သည်။
သို့ထျန်းယီက သူ့ကို ကြည့်ပြီး “ မင်း လုပ်စရာရှိတာကို သွားလုပ်တော့။ ” ဟု သဘောကောင်းစွာ ပြောသည်။
လီယွဲ့သည် ဖုန်းကိုင်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။ ဒါပေမဲ့ သူ တံခါးနားကို ရောက်ချိန်မှာပဲ ခြေလှမ်းရပ်သွားကာ သို့ထျန်းယီကို အဓိပ္ပာယ်ဖော်ရခက်သော အမူအရာတစ်မျိုးဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
“ ဘော့စ် … ”
သို့ထျန်းယီကလည်း တစ်ခုခုကို အာရုံခံမိသွားပုံဖြင့် သူ့ကို မော့ကြည့်သည်။ “ ဘာဖြစ်လို့လဲ။ ”
“ ဒီ … ဒီဖုန်းကောလ်က မိန်းကလေးဝမ်နဲ့ ပတ်သက်နေတယ်။ ”
“ ဝမ်ကျင့်ဖျင်လား … ” သို့ထျန်းယီ ထိုအမျိုးသမီးကို လုံးဝ မေ့လျော့လုနီးပါးတောင် ဖြစ်နေတာပါ။ အခု လီယွဲ့က သူမရဲ့ နာမည်ကို ပြောလိုက်တော့ သူ့မျက်နှာ မည်းမှောင်သွားကာ အေးစက်စက် ပြောလိုက်သည်။ “ အခု သူက ဘာဖြစ်နေလို့လဲ။ ”
“ ဒီလိုပါ ၊ သူက … ”
လွန်ခဲ့တဲ့ နာရီဝက်တုန်းက “ အိမ်ထောင်သည်ယောက်ျားတစ်ယောက်နဲ့ ပတ်သက်ပြီး မယားငယ် ဖြစ်လာခဲ့တဲ့ ဝမ်ကျင့်ဖျင် ” ၊ “ အမြတ်တနိုး ချစ်ရတဲ့ ဇနီးသည်အပေါ် ဖောက်ပြန်ပြီး ထုတ်လုပ်ရေးအဖွဲ့ထဲက မင်းသမီးတစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတဲ့ အနုပညာနယ်ပယ်ထဲမှ ဝါရင့် အမျိုးသားသရုပ်ဆောင် ” စသည်ဖြင့် လူထုကို အုံကြွစေတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
......
အများယုံကြည်နိုင်စွမ်းတိုးဖို့အတွက် သတင်းအဖွဲ့အစည်းတွေ အများကြီးကလည်း ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်ရဲ့ အနေနီးကပ်နေတဲ့ ဓာတ်ပုံတွေကို သက်သေအဖြစ် ထုတ်ပေးခဲ့သည်။ အင်တာနက်ပေါ်မှာ လူပြောများတဲ့ စကားဝိုင်းတစ်ခုကို ဖန်တီးဖို့ သူတို့အတွက် သိပ်မကြာလိုက်ဘဲ အုတ်အော်သောင်းတင်း အခြေအနေတွေကို လူတိုင်း သိသွားခဲ့သည်။
ထိုနှစ်ယောက်လုံးက ဟေးရီအန်တာတိန်းမန့်လက်အောက်က အနုပညာရှင်တွေ ဖြစ်တဲ့အပြင် တင်းကြွယ်စစ် သူ့ဇနီးရဲ့ အဆက်အသွယ်တွေအပေါ် မှီခိုပြီး သူ့ပုံရိပ်အား ဇနီးဖြစ်သူကို သည်းသည်းလှုပ် ချစ်တဲ့ ခင်ပွန်းတစ်ယောက်အဖြစ် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ တည်ဆောက်လာခဲ့တာပင်။ အနုပညာနယ်ပယ်ထဲမှာ အတော်လေး နာမည်ရထားတဲ့ သူဟာ ကျော်ကြားမှုရော ၊ ကံကောင်းမှုရော ပိုင်ဆိုင်ထားသူဟု ပြောနိုင်သည်။
အခုအချိန်မှာ သူ့ကို ဟေးရီအန်တာတိန်းမန့်ရဲ့ ထောက်တိုင်တွေထဲက တစ်ခုအဖြစ်တောင် သတ်မှတ်လို့ ရနေပါပြီ။ ဒီလို ကောလဟာလကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတာက ဟေးရီအပေါ်လည်း သက်ရောက်မှုကြီးသည်။
တင်းကြွယ်စစ်ရဲ့ မန်နေဂျာဟာ အင်တာနက်ပေါ်က သတင်းတွေကို မြင်သည်နှင့် လူထုဆက်ဆံရေးဌာနကို လူကိုယ်တိုင် ပြေးသွားခဲ့သည်။ သို့သော်လည်း လူထုဆက်ဆံရေးဌာနက ထိုသတင်းကို စုံစမ်းလိုက်တဲ့အခါ ပြဿနာရှာတဲ့ လူတွေက တင်းကြွယ်စစ်နှင့် ဝမ်ကျင့်ဖျင် ဖြစ်နေပါသည်။
ကုမ္ပဏီရဲ့ ဝမ်ကျင့်ဖျင်အပေါ် အရေးပေးဆက်ဆံမှုက ဒွိဟဖြစ်စရာကောင်းတာမို့ လူထုဆက်ဆံရေးဌာနကလည်း ခဏ တွန့်ဆုတ်နေပြီးမှ လီယွဲ့ကို ဖုန်းဆက်ကာ အကျိုးအကြောင်း အသိပေးခဲ့တာ ဖြစ်သည်။
လီယွဲ့တစ်ယောက် ထိုသတင်းကို ကြားတော့ သူ့ဘော့စ်မှာ “ အချစ်သစ် ” ရှိနေလို့ ဝမ်ကျင့်ဖျင်အပေါ် အရင်တုန်းကလောက် ကောင်းကောင်း မဆက်ဆံတော့တာက ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
942 02
သို့ထျန်းယီက လွီယွဲ့စကားကို နားထောင်ကာ လူပြောများနေတဲ့ နောက်ဆုံးရသတင်းတွေကို ရှာကြည့်လိုက်လျှင် ထင်တဲ့အတိုင်း ထိုနှစ်ယောက်ရဲ့ ကောလဟာက ထိပ်တန်းရေပန်းစားမှု သတင်းတွေရဲ့ အမြင့်ပိုင်းကို နေရာယူထားခဲ့လေသည်။
သို့ထျန်းယီ မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ဒေါသထွက်သွားမိသည်။ သို့သော် ထိုနှစ်ယောက်အကြောင်းကို သိလိုက်ရလို့ ဒေါသထွက်တာ မဟုတ်ဘဲ ရာရာစစ သူ့ကုမ္ပဏီကို ဒီလိုမျိုး ပြဿနာရှာရဲပြီး သူ့ကုမ္ပဏီက လူတွေကို အမှိုက်ရှင်းရအောင် လုပ်လို့ ဒေါသထွက်တာပါ။
“ ဒီသတင်းကို ဖုံးဖိဖို့ လုပ်ပြီးပြီလား။ ”
“ ဟုတ်ကဲ့။ ဒါပေမဲ့ … ” လီယွဲ့ရဲ့ ပုံစံက အကြပ်ရိုက်နေပုံပေါ်သည်။
“ ဒါပေမဲ့ ဘာဖြစ်လဲ။ ”
“ တာဝန်ရှိတဲ့ လူတွေ ပြောတာတော့ လူတစ်ယောက်က ဒီကိစ္စကို နောက်ကွယ်က ကြိုးကိုင်နေလို့ ဖုံးဖိလို့ မရဘူးတဲ့။ ”
“ လူတစ်ယောက်က နောက်ကွယ်က ကြိုးကိုင်နေတယ်တဲ့လား … ” သို့ထျန်းယီသည် ခဏလောက် စဉ်းစားခန်းဖွင့်ပြီးမှ တစ်ခုခု မူမမှန်တာကို သဘောပေါက်သွား၏။
လီယွဲ့က သို့ထျန်းယီဘေးမှာ ရပ်လိုက်ပြီး တကယ်လို့ သူသာ ဒီစကားကို ပြောလိုက်ရင် သို့ထျန်းယီ သေချာပေါက် ဒေါသထွက်သွားမှာပဲဟု တွေးလိုက်မိသည်။
ဒါပေမဲ့ သို့ထျန်းယီဟာ ဒေါသမထွက်ရုံသာမက မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပါ ဖျတ်ခနဲ ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ “ ကြောင်ပေါက်လေးတစ်ကောင် ဆိုရင်တောင် ရန်စခံရင် ပြန်ကိုက်မှာပဲ။ ”
လီယွဲ့ : “ ??? ” ကြောင်ပေါက်လေး .. ဟုတ်လား ? ဘယ်က ကြောင်ပေါက်လေးလဲ ?
လီယွဲ့သည် ခဏကြာတော့မှ သို့ထျန်းယီရဲ့ အသံထဲမှာ လက်မြှောက်အရှုံးပေးထားတဲ့ ခံစားချက်တွေ ၊ ကြည်ဖြူခွင့်လွှတ်တဲ့ ခံစားချက်တွေ ပါဝင်နေတာကို နားလည်သွားကာ သူ့ခန္ဓာကိုယ်လေးပင် တုန်လှုပ်သွားမိသည်။
++++++