← Chapters

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း ၉၄၃

Vol. 63 Ch. 943

943 01

အခန်း ( ၉၄၃ ) ညီမတို့ အမှားလုပ်မထားပါဘူး။

သူတို့နှစ်ယောက် ထင်ထားသလိုပဲ ဒီသတင်းကို ဖော်ထုတ်ပြီး ဘယ်သူ့ကိုမှ ဖုံးဖိမရအောင် လုပ်ထားတဲ့ လူက စုယန်ယန်ပဲ ဖြစ်ပါသည်။

စုယန်ယန် အင်တာနက်သုံးရင်း ဟောက်ရှောက်ဖုန်းတစ်ယောက် ဖောက်ပြန်ခံရတဲ့ ကိစ္စအပေါ် မခံမရပ်နိုင်အောင် ဒေါသထွက်ကာ လူမိုက်အဖွဲ့ တစ်ဖွဲ့ကို ငှားပြီး ဝမ်ကျင့်ဖျင်ကို အရှက်ခွဲခဲ့ပေမဲ့ သူ့လုပ်ရပ်က ဝမ်ကျင့်ဖျင်အား ဖြတ်လျှောက်မင်းသားဖြစ်ခဲ့ဖူးသူ အိမ်ထောင်သည်ယောက်ျားတစ်ယောက်နှင့် ပတ်သက်အောင် မတော်တဆ လုပ်လိုက်သလို ဖြစ်သွားတယ် ဆိုတာကို သတိထားမိသွားသည်။

စုယန်ယန်သည် တင်းကြွယ်စစ်ဟာ မူရင်းဝတ္ထုထဲကလို သူ့ဇနီးနှင့် ကလေးတွေအပေါ် ဖောက်ပြန်မလား ဆိုတာ သိချင်တာကြောငိ့ ရှားကျွင်းရှန့်အား သူတို့နှစ်ယောက်ကို လိုရမယ်ရ စောင့်ကြည့်ခိုင်းထားခဲ့သည်။

အဆုံးသတ်မှာတော့ စုယန်ယန်ရဲ့ ခန့်မှန်းချက် မှန်ခဲ့လေသည်။ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးတွေကို သူရဲကောင်းတစ်ယောက်ယောက်က ကယ်တင်နေကျထုံးစံအတိုင်း တင်းကြွယ်စစ်နှင့် ဝမ်ကျင့်ဖျင်ဟာ အဆက်အသွယ်လုပ်ရင်း တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလာသည်။

မူရင်းဝတ္ထုဇာတ်လမ်းရဲ့ အင်အားက ကြီးလွန်းတာလား ၊ ဝမ်ကျင့်ဖျင်ရဲ့ ယောက်ျားတွေကို မြူဆွယ်နိုင်စွမ်းကပဲ အားကောင်းလွန်းတာလားတော့ မပြောတတ်။

တင်းကြွယ်စစ်လို အနုပညာနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်က ဝမ်ကျင့်ဖျင်ရဲ့ ရှုပ်ထွေးပွေလီတဲ့ ကောလဟာလတွေကိုတော့ အနည်းနှင့်အများ ကြားဖူးပါလိမ့်မည်။

ဒါပေမဲ့ သူက အဲ့ဒါတွေကို လုံးဝ စိတ်ထဲ ထည့်ပုံမရဘဲ ရက်ပိုင်းအတွင်းမှာတင် ဝမ်ကျင့်ဖျင်နှင့် အတော်လေး ရင်းနှီးသွား၏။ အဲ့ဒီနောက် တစ်ပတ်တောင် မပြည့်လိုက်ဘဲ သူ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲထဲမှာ သူမကို ထည့်ရိုက်ဖို့ ထောက်ခံချက်ပေးခဲ့သည်။

ဝမ်ကျင့်ဖျင်က မူရင်းဝတ္ထုထဲကလို သူမရဲ့ သရုပ်ဆောင်အရည်အချင်းကို သက်သေပြနိုင်တဲ့ အရေးပါသော အရံဇာတ်ကောင်နေရာကို မရပေမဲ့လည်း တင်းကြွယ်စစ်ရဲ့ အကူအညီကြောင့် ‌အတော်လေး ပရိသတ်သဘောကျနိုင်လောက်တဲ့ အရံဇာတ်ကောင်နေရာကို ရခဲ့သည်။

“ ဧကရီ ” ဇာတ်လမ်းတွဲပြီးကတည်းက ချောင်ထိုးခံထားရတဲ့ ဝမ်ကျင့်ဖျင်အတွက်တော့ ဒါက အသက်ကယ် ကောက်ရိုးမျှင်တစ်ချောင်းပင်။

သူမက တင်းကြွယ်စစ်ရဲ့ ကမ်းလှမ်းချက်ကို မငြင်းဆန်ခဲ့ဘဲ နောက်တစ်နေ့မနက်ရောက်သည်နှင့် ရိုက်ကွင်းကို ပျော်ရွှင်စွာ သွားကာ တင်းကြွယ်စစ်နှင့်အတူ အချိန်ဖြုန်းပြီး တစ်ခါတလေ ဇာတ်ညွှန်းကို အတူ ဖတ်ကြသည်။

ရှားကျွင်းရှန့် စုဆောင်းလာတဲ့ သတင်းအချက်အလက်တွေအရတော့ တင်းကြွယ်စစ်ဟာ ဝမ်ကျင့်ဖျင်ကို ရိုက်ကွင်းကို ခေါ်လာတဲ့အချိန်မှာ တော်တော်လေး စောင့်ထိန်းသည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် သူက ဝမ်ကျင့်ဖျင်နှင့် လူမြင်ကွင်းမှာပဲ တွေ့တာ ဖြစ်ပြီး သူမနှင့် စကားပြောတိုင်းလည်း သူ့လက်ထဲမှာ ဇာတ်ညွှန်းစာရွက်ကို ကိုင်ထားသည်တဲ့။

......

သူတို့က အလုပ်ကြိုးစားတဲ့ မျက်နှာသစ် သရုပ်ဆောင်မလေးနှင့် ထိုသရုပ်ဆောင်မလေးအား ဇာတ်ညွှန်းကို တာဝန်ကျေပွန်စွာ ရှင်းပြနေတဲ့ စီနီယာတစ်ယောက်ရဲ့ ပုံရိပ်ကို ပီပီပြင်ပြင် သရုပ်ဖော်ခဲ့သောကြောင့် ဘယ်သူကမှ သူတို့ကို သံသယမဝင်ခဲ့ကြပေ။

သို့သော်လည်း လူတွေ သတိလျော့တဲ့ အချိန် ဆိုတာ ရှိစမြဲမို့ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ‘ အလုပ်သဘောအရ ပတ်သက်မှု ’ ဆိုတဲ့ စည်းကို ကျော်ပြီး အဝတ်လဲခန်း ၊ Fitting ချခန်းနှင့် ဟိုတယ်အခန်းတွေထဲမှာတောင် မကြာခဏ ဆုံတွေ့လာခဲ့ကြသည်။

943 02

ရှားကျွင်းရှန့် သူတို့နှစ်ယောက်နောက်ကို လိုက်ခိုင်းထားတဲ့ ပါပါရာဇီက ပရော်ဖက်ရှင်နယ် ပါပါရာဇီ ဖြစ်ပြီး သူက နေရာတိုင်းမှာ ရှိသည်။ သတိကြီးကြီးထားကာ လျှို့ဝှက်တတ်တဲ့ လူတွေတောင် သူ့ကင်မရာအောက်က ပြေးမလွတ်တာမို့ ကြည့်ရုံနှင့် သိသာပေါ်လွင်နေတဲ့ ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်ကို စကားထဲတောင် ထည့်ပြောနေစရာ မလိုပေ။

အစတုန်းက စုယန်ယန်မှာ ဒီကိစ္စကို အစောကြီး ဖော်ထုတ်ဖို့ အစီအစဉ်မရှိပေမဲ့လည်း သူမကို ဒေါသထွက်အောင် လာလုပ်တဲ့ သို့ထျန်းယီရဲ့ အမှားပဲလေ … ။

အမျိုးသားဇာတ်လိုက်က သူမကို ဒေါသထွက်အောင် လာလုပ်ရင် သူမရဲ့ ဒေါသတွေကို အမျိုးသမီးဇာတ်လိုက်ဆီမှာ ဖြည်ချလိုက်မည်။ ဘာပဲပြောပြော သူတို့နှစ်ယောက်က တစ်ဖက်တည်းမို့ ဒီလုပ်ရပ်က မှန်ကန်သင့်လျော်သည်။

ဝမ်ကျင့်ဖျင်ကတော့ သူမရဲ့ ပြဿနာဟာ သို့ထျန်းယီဆီက မြစ်ဖျားခံလာပြီး သူမက ကြားထဲကနေ ခံလိုက်ရမှန်း မသိပါ။ အနုပညာလမ်းကြောင်းပေါ်ကို ပြန်ရောက်ဖို့ အခွင့်အရေးရနေခါမှ လက်တွေ့အမှန်တရားနှင့် ရုတ်တရက် ဖြတ်ရိုက်ခံလိုက်ရသော ဝမ်ကျင့်ဖျင်သည် စိတ်ပျက်သွားကာ ငိုယိုပြီး တခြား အမျိုးသားဇာတ်လိုက်ထံ ပြေးသွားခဲ့သည်။ “ ဘယ်လို ဖြစ်ကုန်တာလဲ အစ်ကိုတင်း။ ညီမတို့ ဘာအမှားမှ လုပ်မထားဘူးလေ။ ဘာလို့ အဲ့လူတွေက ညီမတို့ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ ပုတ်ခတ်စော်ကားနေတာလဲ။ အခု ဒီလိုတွေ ဖြစ်ကုန်တော့ ညီမ အနာဂတ်မှာ တခြားသူတွေနဲ့ ဘယ်လို ရင်ဆိုင်ရတော့မှာလဲ။ ”

မိုးရေထဲက သစ်တော်ပန်းပွင့်လေးလို ငိုကြွေးနေတဲ့ ဝမ်ကျင့်ဖျင်ကို ကြည့်ကာ တင်းကြွယ်စစ်ကတော့ မအံ့ဩမိဘဲ နှလုံးသားထဲမှာ ဆစ်ခနဲ နာသွား၏။ “ မစိုးရိမ်ပါနဲ့။ သတင်းသမားတွေ ဆိုတာ အဲ့လိုပဲ။ လူစိတ်ဝင်စားခံရဖို့အတွက် သူတို့က ဘာမဆို ပြောရဲတယ်။ အစ်ကို့မန်နေဂျာကို ဖုန်းဆက်ပြီး အွန်လိုင်းပေါ်က ကောလဟာလတွေကို ဖျက်ပေးမယ့် ကုမ္ပဏီတစ်ခုကို ရှာခိုင်းထားတယ်။ မကြာခင် အရာအားလုံး အဆင်ပြေသွားမှာပါ။ ညီမ ပြောသလိုပဲ အစ်ကိုတို့ အမှားလုပ်မထားဘူး‌လေ။ အရာအားလုံး အဆင်ပြေသွားမှာပါ။ ”

++++++

All Chapters