← Chapters

အခန်း ၉၄၅

Vol. 63 Ch. 945

အခန်း ၉၄၅

Vol. 63 Ch. 945

945 01

အခန်း ( ၉၄၅ ) ပစ်မှတ်အသစ်။

သူမရဲ့ စိတ်ထဲက စက်ရုပ်အသံလေးဟာ စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်သွားပြီးမှ အသံထပ်ထွက်လာသည်။

[ ကွာရှင်းပြီးသွားတာနဲ့ သူက Host ဆီ လာပြီး ချစ်ခွင့်ပန်ဖို့ ဖြစ်နိုင်ချေ အရမ်း များတယ်။ ]

ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက လုံးဝကို ပျက်ကွင်းသွားကာ သူမရဲ့ မျက်လုံးထဲက အေးစက်မှုတွေ ၊ အမုန်းတရားတွေကလည်း ပိုလို့တောင် ထင်ရှားလာခဲ့သည်။ “ သူ ချစ်ခွင့်ပန်တာနဲ့ပဲ ငါက လက်ခံရမှာလဲ။ ငါ့ကို သူ့စိတ်တိုင်းကျ လုပ်လို့ ရတဲ့ အခြွေအရံလို့ ထင်နေတာလား။ ငါ သူနဲ့ တွဲချင်တယ်လို့ တစ်ခါမှ မပြောဖူးဘူး။ သူ ဒီ့ထက် ရဲတင်းလာရင် ငါ့အဆိုးမဆိုနဲ့တော့။ ”

ဝမ်ကျင့်ဖျင်သည် သူမထက် ရာစုနှစ် တစ်ခုစာလောက် အသက်ကြီးတဲ့ လူအိုကြီးတစ်ယောက်နှင့် အသိမိတ်ဆွေ ဆိုတဲ့ စည်းမျဉ်းကို ကျော်ဖို့ ဟိုးအစကတည်းက ရည်ရွယ်ချက်မရှိပါ။

တင်းကြွယ်စစ်က သူမရဲ့ အနုပညာလမ်းကြောင်းကို မြင့်မားအောင် တွန်းပို့ပေးနိုင်တဲ့ ချနင်းခံကျောက်တုံးတစ်တုံးသာ ဖြစ်သည်။ သူမ မှီခိုအားကိုးလို့ ရသည့် လူအသစ်တစ်ယောက် ရှာတွေ့သွားသည်နှင့်တစ်ပြိုင်နက် တန်ဖိုးရှိတော့မှာ မဟုတ်တဲ့ ထိုကျောက်တုံးကို စွန့်ပစ်လို့ ရသည်။

ဝမ်ကျင့်ဖျင်က သူမ ဘာကို လိုချင်လဲ ဆိုတာကို ကွဲကွဲပြားပြား နားလည်သဖြင့် ရိုက်ကူးရေးအဖွဲ့ထဲကို ရောက်ကတည်းက ထိုဇာတ်လမ်းတွဲရဲ့ အမျိုးသားဇာတ်လိုက် ယင်ကျစ်ဟုန်ကို မျက်စိကျသွားခဲ့သည်။

ယင်ကျစ်ဟုန်တို့ယင်မိသားစုက အနုပညာမျိုးရိုးဖြစ်ကာ သူက မိသားစုထဲမှာ မျက်နှာသာအပေးခံရဆုံး သခင်လေးတစ်ယောက် ဖြစ်သည်။ သူ့အဘိုးရဲ့ မျိုးဆက်က အနုပညာနယ်ပယ်ထဲမှာ အတော်လေး နာမည်ကျော်ကြားသည်။ ဒုတိယမျိုးဆက် ငွေကြယ်ပွင့်တွေ ဖြစ်တဲ့ သူ့မိ‌ဘတွေကလည်း ငယ်ငယ်လေးကတည်းက လူတွေရဲ့ အာရုံစိုက်မှုကို ရခဲ့ကြတာ ဖြစ်သည်။ အဘိုး ၊ အဘွားတွေရဲ့ အရည်အချင်းတွေကိုလည်း အမွေဆက်ခံထားရသေးရာ လူတိုင်း အထင်ကြီး လေးစားရတဲ့ စီနီယာတွေ ဖြစ်လာခဲ့သည်။

တစ်မိသားစုလုံးမှာ ယင်ကျစ်ဟုန်က အရည်အချင်းအရှိဆုံးနှင့် မျက်နှာသာ‌ပေးခံရဆုံး သခင်လေးတစ်ယောက်ပင်။ အနုပညာနယ်ပယ်ထဲကို ဝင်ရောက်ပြီးနောက်ပိုင်း သူဟာ ချောချောမွေ့မွေ့ပဲ နာမည်ရလာခဲ့သည်။ ဘယ်သူမှ သူ့ကို ရန်မစရဲ။

အနုပညာနယ်ပယ်ထဲမှာ နာမည်တစ်ခုရပြီးသားဖြစ်တဲ့ တင်းကြွယ်စစ်ပင်လျှင် ယင်ကျစ်ဟုန်ရှေ့မှာတော့ သူ့ကို ကူညီပံ့ပိုးပေးရတဲ့ အရံဇာတ်ကောင်သာ လုပ်နိုင်သည်။

ယင်ကျစ်ဟုန်ကို ဝမ်ကျင့်ဖျင် မျက်စိကျသွားရတာက သူက ရုပ်ချောသလို သူမနှင့် အသက်ချင်း မတိမ်းမယိမ်းရှိတာကြောင့်လည်း ပါသည်။ ပြီးတော့ သူ့မိသားစုနောက်ခံကိုလည်း သဘောကျသည်။

ယင်မိသားစုက ကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအိုတွေလောက် မချမ်းသာသော်လည်း အနုပညာနယ်ပယ်ထဲမှာ သူတို့ စုဆောင်းထားတဲ့ အဆက်အသွယ်တွေက သာမန်လူတွေ မယှဉ်နိုင်တဲ့ အရာမျိုးတွေ ဖြစ်သည်။

သူမသာ ထိုမိသားစုထဲကို ဝင်ခွင့်ရရင် အနာဂတ်မှာ အနုပညာနယ်ပယ်ထဲတွင် နေရာတစ်နေရာ မရမှာကို စိတ်ပူစရာမလိုတော့ပေ။ ဒါပေမဲ့ ခက်တာက သူမ ရိုက်ကွင်းကို ရောက်ကတည်းက ထိုသခင်လေးကို မရေမတွက်နိုင်လောက်အောင် ရေလာမြောင်းပေးလုပ်ခဲ့ပေမဲ့ သခင်လေးက သူမရဲ့ ခြေလှမ်းတွေကို လက်ခံဖို့ ငြင်းဆန်နေ၏။

......

သူက သူမကို ပြဿနာမရှာသလို စိတ်ပျက်ကြောင်းပြတာမျိုး ၊ ပစ်ပစ်ခါခါ ပြောတာမျိုး မရှိပေမဲ့ သူမအပေါ် ကြင်နာမှု နည်းနည်းလေးတောင် မပြပါ။ သူမကို စကားတောင် မပြောဘဲ အရေးမပါတဲ့ အသေးအဖွဲ လူတစ်ယောက်လိုသာ ဆက်ဆံလေ့ရှိသည်။

ထိုအကြောင်းကို တွေးမိတိုင်း ဝမ်ကျင့်ဖျင်တစ်ယောက် ဒေါသထွက်ရသည်။

“ နင် ပေးထားတဲ့ ပစ္စည်းတွေက တစ်ခုခု မှားနေတာလား။ တင်းကြွယ်စစ်အပေါ် သုံးတော့ကျ အလုပ်ဖြစမပြီး ယင်ကျစ်ဟုန်အပေါ် သုံးတော့ကျ ဘာမှ မထူးဘူး။ ဒီပစ္စည်းတွေကို သုံးတဲ့ နေရာမှာ လူရွေးသေးတာလား။ နင် ငါ့ကို တမင်သက်သက် အရူးလုပ်ဖို့ ကြိုးစားနေတာလား။

945 02

[ ကျေးဇူးပြုပြီး သတိထားပေးပါ Host ။ ဒေတာတွေမှာ တင်းကြွယ်စစ်ရဲ့ နောက်ခံက ယင်ကျစ်ဟုန်ရဲ့ နောက်ခံနဲ့ အကွာကြီး ကွာတယ်လို့ ပြနေတယ်။ သူ့ကို အဆင့်နိမ့်တဲ့ အမြှောက်စာလို့ သတ်မှတ်လို့ ရတယ်။ ချဉ်းကပ်ဖို့ လွယ်ကူသလို အမျိုးသမီးဇာတ်လိုက်ရဲ့ အရှိန်အဝါကလည်း သူ့ကို အများကြီး လွှမ်းမိုးနိုင်တယ်။ ဒါပေမဲ့ ယင်ကျစ်ဟုန်ကတော့ အရံ အမျိုးသားဇာတ်ကောင်တွေအတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ယောက်လို့ ပြောလို့ ရတယ်။ သူ့ကို ချဉ်းကပ်ဖို့ အရမ်း ခက်ပြီး အမျိုးသမီးဇာတ်လိုက်ရဲ့ အရှိန်အဝါက နိမ့်ပါးနေတယ်။ သူ့ကို အောင်အောင်မြင်မြင် ချဉ်းကပ်နိုင်ဖို့အတွက် အမှတ်တွေကို များများ စုဆောင်းပြီး ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ လိုတယ်။ ]

စနစ် ထည့်မပြောတဲ့ စကားကတော့ ယင်ကောင်တစ်ကောင်ဟာ ချောမွေ့တဲ့ ဥကို မကိုက်ဘူး ဆိုတာပါပဲ။ တင်းကြွယ်စစ်က အဲ့ဒီလို ယင်ကောင်မျိုး ဖြစ်သည်။ ဝမ်ကျင့်ဖျင်လို လှပငယ်ရွယ်တဲ့ မိန်းကလေးမျိုးက သူမဘက်ကအရင် သူ့အိမ်တံခါးအထိ သွားခဲ့တာလေ … ။ စနစ် လဲလှယ်ပေးထားတဲ့ ပစ္စည်းတွေရဲ့ အကူအညီနှင့် ပေါင်းလိုက်တော့ သူ့ကို ဖြားယောင်းဖို့ သိပ်ကို လွယ်ကူသည်။

အခြားတစ်ဖက်၌ ယင်ကျစ်ဟုန်ကတော့ မတူပါ။ သူက ပညာတတ်မိသားစုထဲမှာ မွေးဖွားလာတာ ဖြစ်ပြီး အိမ်ထဲမှာ ဖူးဖူးမှုတ် အလိုလိုက်ခံရတယ် ဆိုသော်လည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူက အမှီအခိုကင်းပြီး သန်မာတဲ့ မိန်းကလေးတွေကို သဘောကျသည်။ ဝမ်ကျင့်ဖျင်ကတော့ သူ့စံချိန်စံနှုန်းတွေရဲ့ ဆန့်ကျင်ဘက် အစွန်းတစ်ဖက်မှာ ရှိနေသည်။

ဝမ်ကျင့်ဖျင် သူ့ကို ရယူချင်ပါက စနစ်ထဲမှ အဆင့်မြင့် ပစ္စည်းတွေနှင့် လဲလှယ်ရလိမ့်မည်။ အဲ့ဒီတော့မှသာ သူ့ရဲ့ စံချိန်စံနှုန်းတွေနှင့် ဆီနှင့်ရေလို ဖြစ်နေတဲ့ သူမကို သတိထားမိအောင် ၊ သဘောကျအောင် လုပ်နိုင်မှာ ဖြစ်သည်။

အစကတည်းက သူ့အကြိုက် မဟုတ်တဲ့ ဝမ်ကျင့်ဖျင်အတွက်တော့ သူ့ကို ရယူချင်လျှင် တစ်ခုတည်းသော နည်းလမ်းက စနစ်ကို အသုံးပြုဖို့ပဲ ရှိလေသည်။

+++++

All Chapters