အခန်း ၉၄၉
Vol. 64 Ch. 949
949 01
အခန်း ( ၉၄၉ ) ရှင်က ကျွန်မကို ရက်စက်အောင် တွန်းအားပေးခဲ့တာ။
“ ရှင်နဲ့ အမိုးတစ်ခုအောက်မှာ မနေချင်လို့ ကျွန်မ ထွက်သွားမလို့လေ။ ဒီအချိန်ထိ ရှင်နဲ့ နေခဲ့တဲ့ ကျွန်မကိုယ်ကျွန်မ အံ့ဩလို့ မဆုံးဘူး။ ကလေးနှစ်ယောက်ကို ကျွန်မနဲ့ ခေါ်သွားမယ်။ ဒီအိမ်က အရင်တုန်းက ကျွန်မတို့နှစ်ယောက် စပ်တူဝယ်ထားတာ ဆိုတော့ တစ်ယောက်ယောက်ကို ရောင်းခိုင်းပြီး ပိုက်ဆံကို တစ်ဝက်စီ ခွဲယူကြတာပေါ့။ ဒါက ကျွန်မတို့နှစ်ယောက်ကြားမှာ လင်မယားအဖြစ် နောက်ဆုံး ထားနိုင်တဲ့ ကြင်နာမှုပဲ။ ”
အမျိုးသမီးတင်းက သူတို့ အိမ်ထောင်ကျတဲ့အခါ တစ်ယောက်တစ်ဝက် ပိုက်ဆံစိုက်ပြီး အိမ်ဝယ်မယ်လို့ ဟိုးအစကတည်းက တွေးထားခဲ့တာ ဖြစ်သည်။ ထိုအချိန်တုန်းက တင်းကြွယ်စစ်ရဲ့ အလုပ်အကိုင်က အခုလောက် အခြေအနေမဟန်သေးတာမို့ သူ့လက်ထဲမှာ ရှိတဲ့ ပိုက်ဆံက အကန့်အသတ်ရှိသည်။ မထူးဆန်းစွာပဲ သူက တစ်အိမ်လုံးကို ဝယ်ဖို့ ပိုက်ဆံ မတတ်နိုင်ပေ။
အမျိုးသမီးတင်းက ဒီအိမ်အတွက် ပိုက်ဆံအပြည့် ထုတ်မပေးချင်ခဲ့တာ မဟုတ်ဘဲ တင်းကြွယ်စစ်ရဲ့ ယောက်ျားမာနကို ထိခိုက်မှာ စိုးရိမ်တာကြောင့် ဒုတိယအကောင်းဆုံး ရွေးချယ်မှုကို ရွေးချယ်ခဲ့တာပင်။ သူတို့နှစ်ယောက်ဟာ အိမ်ဝယ်ဖို့ တစ်ယောက်တစ်ဝက် ပိုက်ဆံစိုက်ခဲ့သည်။
မိသားစုနောက်ခံ ကွာဟချက်ကြောင့် အမျိုးသမီးတင်းသည် ဒီနှစ်တွေတစ်လျှောက်လုံးမှာ အလွန် သတိထားပြီး အိမ်ထောင်ကို ကြိုးစား စီမံခန့်ခွဲခဲ့သည်။ အဆုံးသတ်မှာတော့ နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့ရတာတွေက အေးစက်တဲ့ အချိုးအကွေ့တစ်ခုအဖြစ် ပြောင်းလဲသွားကာ အမျိုးသမီးတင်းရဲ့ နှလုံးသားကိုလည်း အေးခဲသွားစေခဲ့လေသည်။
အတိတ်တုန်းက ချိုမြိန်မှုတွေက အသားကို လှီးဖြတ်တဲ့ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတဲ့အခါ ဓားသွားကို ဝှေ့ယမ်းပြီး အချစ်နှောင်ကြိုးတွေကို ဖြတ်တောက်ကာ ထိခိုက်အနာတရတွေကို အချိန်မီ တားဆီးတာက အကောင်းဆုံး နည်းလမ်းပါပဲ။
အမျိုးသမီးတင်းသည် အိမ်ကနေ ဘာပစ္စည်းမှ မယူဘဲ ထွက်သွားတာအပြင် သူမ ကလေးတွေလက်ကို ဆွဲပြီး အိမ်ပေါ်ကဆင်းသွားသည်နှင့် တင်းကြွယ်စစ်ဟာ ဟိုမိန်းမကို အိမ်ပေါ် ခေါ်တင်လာနိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ချေကို တွေးမိတိုင်း ရွံရှာမိသည်။
ဒီအိမ်ကိုလည်း ရောင်းချပြီး သူတို့နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေလိုက်တာ ပိုကောင်းမည်။ ဒီခွေးတိရစ္ဆာန်တွေကို သူမ ဘာတစ်ခုမှ မပေးနိုင်။
“ ဒီအိမ်ကို ဝယ်တုန်းက ရှင့်ပိုက်ဆံလည်း တစ်ဝက် ပါတယ်လေ။ ဒါပြီးတာနဲ့ ကျွန်မ ရှင့်ဆီကို ကွာရှင်းစာချုပ် ပို့လိုက်မယ်။ ကျွန်မ အခု ပြောသွားတဲ့ စကားတွေကို ရှင် သေချာ စဉ်းစားပြီးရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်။ ရှင် ကျွန်မနဲ့ ကွာရှင်းမပေးရင်တော့ တရားရုံးမှာ တွေ့ကြတာပေါ့။ ကျွန်မရဲ့ ရှေ့နေက ရှင့်ကို အဆင်သင့် စောင့်နေလိမ့်မယ်။ ”
စိတ်မြန်လက်မြန်ရှိသလို ပိုက်ဆံလည်း ပေါတဲ့ အမျိုးသမီးတင်းဟာ အရေးမကြီးတဲ့ ပစ္စည်းတွေကို ဘာတစ်ခုမှ မယူဘဲ လူတစ်ယောက်ကို ခေါ်ကာ အထုပ်အပိုးတွေကို သိမ်းဆည်းခိုင်းလိုက်သည်။
မိနစ်ပိုင်းအတွင်းမှာပဲ သူမသည် အိတ်လေးတစ်လုံးကို သယ်လျက် ကလေးနှစ်ယောက် ၊ နာနီတစ်ယောက်နှင့်အတူ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
ဘေးမှာ ရပ်နေတဲ့ တင်းကြွယ်စစ်ကတော့ သူ့ဇနီးရဲ့ ဆက်ဆံမှုကနေ သတိစုစည်းနိုင်ပုံမပေါ်သေးပါ။ ကလေးနှစ်ယောက်ကို တွေ့တော့မှ သူ သတိဝင်လာပြီး အက်ကွဲကြမ်းရှစွာ မေးလိုက်သည်။ “ မင်း တကယ် ဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား။ ”
အမျိုးသမီးတင်းက သူ့စကားကြောင့် ဒေါသထွက်သွားပြီး ရယ်မောလိုက်သည်။ “ ရှင်က ကျွန်မကို ရက်စက်အောင် တွန်းအားပေးခဲ့တာ။ ”
“ မင်း ကလေးတွေရဲ့ ခဲစားချက်ကို ထည့်မတွက်တော့ဘူးလား။ မင်း အခုလို ထွက်သွားရင် အပြင်က လူတွေက ငါ့အကြောင်း ဘာပြောကြမလဲ။ ငါက ကလေးတွေရဲ့ အဖေလေ။ လူတွေက ငါ့ကို ရယ်ရင် ကလေးတွေကိုလည်း သေချာပေါက် ရယ်မှာပဲ။ မင်းက သူတို့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေမဲ့ပြီး သူများတွေ အထင်သေးတာ ခံစေချင်နေတာလား။ ”
949 02
စုံတွဲတွေ စကားများ ရန်ဖြစ်ပြီး ပြန်အဆင်ပြေချင်တဲ့အခါ ကလေးတွေကိုပဲ ထုတ်သုံးချင်ကြသည်။ ယုတ္တိကျကျ ပြောရရင် ကလေးတွေက ဇနီးသည်တွေရဲ့ အားနည်းချက်ဖို့ ထိုဖဲချပ်ကို ထုတ်သုံးလိုက်ရင် ယောက်ျားတွေကို မလွှမ်းမိုးနိုင်မှာ သေချာသည်။
သို့သော်လည်း တင်းကြွယ်စစ်ရဲ့ အစီအစဉ်က ကျရှုံးဖို့ ကံကြမ္မာသတ်မှတ်ခံထားရပြီးသား ဖြစ်သည်။ အမျိုးသမီးတင်းက သူ့စကားကို နားထောင်ပြီး စိတ်မပြောင်းရုံသာမက ပိုလို့တောင် ဆုံးဖြတ်ချက် ခိုင်မာသွားသည်။
“ ဒါဆို သူများတွေက ရှင့်ကိုရော ၊ ရှင့်ကလေးတွေကိုရော ရယ်ပွဲဖွဲ့လိမ့်မယ် ဆိုတာ ရှင် သိသားပဲ။ ရှင် မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်တုန်းက ကျွန်မနဲ့ ကလေးတွေကို ဘာလို့ ထည့်မတွက်ခဲ့တာလဲ။ အခုမှ ရှင်က ကလေးတွေကို အသုံးချပြီး ကျွန်မကို မကောင်းတဲ့ အမေဖြစ်အောင် လုပ်နေတာလား။ ရှင့်ကိုယ်ရှင် ဖခင်ကောင်းတစ်ယောက်လို့ ထင်နေတာလား။ ”
“ ငါ … ”
“ ကွာရှင်းမှာကို ရှောင်လွှဲလို့ မရဘူး။ ကျွန်မရဲ့ ကလေးတွေကို သူတော်ကောင်းယောင်ပြီး မိသားစုအပေါ် သစ္စာမရှိတဲ့ လူယုတ်မာနဲ့ အတူတူ မနေစေချင်ဘူး။ ရှင် လုပ်ခဲ့တဲ့ လုပ်ရပ်က မှားမှန်း သိပေမဲ့ ရှင်က ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးခံရသင့်တယ်လို့ မထင်ဘူးနော်။ ကလေးတွေ အရွယ်ရောက်လာရင် ရှင့်လိုမျိုး မိန်းကလေးငယ်လေးတွေကို ထိခိုက်အောင် မလုပ်ပါစေနဲ့လို့ ကျွန်မ ဆုတောင်းတယ်။ ”
++++++