အခန်း ၉၅၀
Vol. 64 Ch. 950
950 01
အခန်း ( ၉၅၀ ) အခုခေတ်မှာ ယောက်ျားကောင်းတွေ တကယ် ရှားသွားပြီ။
တင်းကြွယ်စစ်သည် သူ့ဇနီးကြောင့် ရှက်ရွံ့သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေခဲ့သည်။ “ မင်း အရမ်း တရားလွန်နေပြီနော်။ သူနဲ့ ငါက ဘာမှ မဖြစ်ခဲ့ဘူးလို့ မင်းကို ဘယ်နှခါ ပြောပြီးပြီလဲ။ ”
“ လွန်ခဲ့တဲ့ ( ၂ ) နှစ် စက်တင်ဘာလ နှစ်ရက်နေ့ ၊ မနှစ်တုန်းက အောက်တိုဘာလ ကိုးရက်နေ့ ၊ လွန်ခဲ့တဲ့ ခြောက်လတုန်းက XX ဟိုတယ်မှာရော … ”
တင်းကြွယ်စစ်ဟာ သူ့ဇနီးရဲ့ စက်သေနတ်ပစ်သလို အဆက်မပြတ် ပြောသွားတဲ့ စကားတွေကို နားထောင်ကာ မျက်နှာကြီး မည်းမှောင်သထက် မည်းမှောင်လာပြီး ဇနီးဖြစ်သူကို ကြောက်ရွံ့မှုတို့ဖြင့် ကြည့်နေခဲ့သည်။
သူ့အမူအရာ ပြောင်းလဲသွားတာကို မြင်လိုက်ရတဲ့ အမျိုးသမီးတင်းရဲ့ မျက်နှာပေါ်မှာ လှောင်ပြောင်မှုတွေ ပိုထင်ရှားလာသည်။ “ ကျွန်မ ပြောသွားတာတွေနဲ့ ရှင် ရင်းနှီးနေတယ်မလား။ ဒါက လွန်ခဲ့တဲ့ နှစ်ပိုင်းမှာ ဖြစ်ခဲ့တာတွေပဲ ရှိတယ်။ အဲ့ဒီအရင်တုန်းက ရှင် မိန်ကလေး ဘယ်နှယောက်ကို သွားရှာထားလဲ ဆိုတာ ကျွန်မ စိတ်ကူးတောင် ယဉ်မကြည့်ရဲဘူး။ ကျွန်မက လတိုင်း ကျန်းမာရေး စစ်ဆေးမှု လုပ်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ရှင့်ဆီကနေ ရွံစရာကောင်းတဲ့ ရောဂါတွေ မတော်တဆ ကူးမှာကိုတောင် စိုးရိမ်ရတယ်။ ”
တင်းကြွယ်စစ်ရဲ့ မျက်နှာမှာ သွေးဆုတ်သွားကာ အချိန်အတော်ကြာသည်ထိ ဘာမှ ပြန်မပြောနိုင်တော့ပါ။ အမျိုးသမီးတင်းကတော့ နာနီကို ကလေးတွေကို အရင်ဆုံး ခေါ်သွားဖို့ ပြောပြီး အေးစက်စွာ ပြုံးလိုက်သည်။
“ ကျွန်မ ဘာမှ ပြင်ဆင်မထားဘဲနဲ့ ရှင့်ကို ကွာရှင်းဖို့ ပြောလိမ့်မယ်လို့ တကယ် ထင်နေတာလား။ ရှင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ကျွန်မ ပြောသလို ဘာမှ မယူဘဲ ထွက်သွားရင် ကျွန်မတို့ ပြေပြေလည်လည်ပဲ လမ်းခွဲလို့ ရမယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကိစ္စတွေကို ခွေးကိုက်ခံရတယ်လို့ သဘောထားပြီး ကလေးနှစ်ယောက်နဲ့ ကျွနိမဘာသာ ရှေ့ဆက်လိုက်မယ်။ ဒါပေမဲ့ ရှင်က လူသိရှင်ကြားဖြစ်စေချင်တယ် ဆိငရင်တော့လည်း ကျွန်မနှလုံးသားထဲမှာ မကျေနပ်ချက်တွေ ရှိနေတာနဲ့ ကွက်တိပဲပေါ့။ ပြဿနာတက်ရင် ဘယ်သူက နာမည်ပျက်မလဲ ဆိုတာ ကြည့်လိုက်။ ”
အမျိုးသမီးတင်းက သူ့ကို သတိပေးစကားတွေ အများကြိး ပြောပြီးနောက် ချာခနဲ လှည့်ထွက်လာခဲ့လိုက်သည်။ သူမနောက်မှာ ကျန်ခဲ့တဲ့ တင်းကြွယ်စစ်ရဲ့ အမူအရာက ဘယ်လောက်တောင် အရုပ်ဆိုးနေမလဲ ဆိုတာကို သူမ ဂရုမစိုက်ပါ။
မိသားစုအပေါ် ဂရုစိုက်တဲ့ လူကောင်းတစ်ယောက်အဖြစ် တင်းကြွယ်စစ် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ပုံရိပ် ပြိုလဲသွားရင် လူတွေက သူ့ကို ဝိုင်းရယ်ကြလိမ့်မည်။
သတင်းသမားတွေကလည်း အသားနံ့ရသွားတဲ့ ခွေးတွေလိုမျိုး သူ့နောက်ကို တကောက်ကောက် လိုက်နေလိမ့်မည်။ သူတို့က တင်းကြွယ်စစ်ရဲ့ ခန္ဓာကိုယ်က အသားတုံး တစ်ဖဲ့တလေက လွဲလို့ ကျန်တာကို လိုချင်မှာ မဟုတ်ပေ။
အမျိုးသမီးတင်းက ကလေးတွေကို ခေါ်ကာ သူမအမေအိမ် ပြန်လာခဲ့ချိန်မှာပဲ ဒီသတင်းကို လူသိသွားခဲ့လေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် တင်းကြွယ်စစ်က သူမအပေါ် ဖောက်ပြန်ပါတယ် ဆိုတဲ့ ကောလဟာလတွေကို အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ရှားကျွင်းရှန့်က လူတစ်ယောက်အား တင်းကြွယ်စစ်နှင့် ဝမ်ကျင့်ဖျင်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့ မှာကြားထားတာမို့ သူတို့က တခြားလူတွေထက်အရင် သတင်းရသည် ၊ တခြလူတွေထက် အသေးစိတ်ပိုသိသည်။
စုယန်ယန်သည် အမျိုးသမီးတင်းက တင်းကြွယ်စစ် သူမအပေါ် ဖောက်ပြန်ထားတဲ့ သက်သေတွေနှင့်အတူ ပိရိသေသပ်စွာ ကွာရှင်းခွင့်တောင်းခံခဲ့တယ် ဆိုတာကို သိလိုက်ရသောအခါ အံ့အားသင့်သွားခဲ့လေသည်။ သူတို့နှစ်ယောက် မကွာရှင်းလျှင် စုယန်ယန်က တင်းကြွယ်စစ်ရဲ့ ဂုဏ်သတင်းကို ချက်ချင်း ဖျက်ဆပစ်ဖို့ လုပ်နေတာပါ။
ဆောင်းဦးလေပြည်က ရွက်ကြေတွေကို မှုတ်ထုတ်သွားသလိုမျိုး လူ့အမှိုက်ကောင်ကို ပြတ်ပြတ်သားသား ရှင်းထုတ်ပစ်ကာ ခွင့်လွှတ်မပေးခဲ့တဲ့ အမျိုးသမီးတင်းက မိန်းကလေးတွေကြားမှာ သူရဲကောင်းတစ်ယောက်ပဲလို့ သူမ ခံစားရသည်။
စုယန်ယန်သည် မူရင်းဝတ္ထုထဲက တင်းကြွယ်စစ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြန်သတိရသွားသောအခါ ဒီလူက အပေါ်ယုံပုံစံလောက် မဖြောင့်မတ်ဘူးလို့ အနည်းငယ် ခံစားလိုက်ရ၏။ သူမက ရှားကျွင်းရှန့်အား သူတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ လူလွှတ်ခိုင်းထားတဲ့အပြင် သူမကိုယ်တိုင်ကလည်း တင်းကြွယ်စစ်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားခဲ့တာပင်။
အဲ့ဒီတော့ မသိသေးတဲ့ အမှန်တရားတွေကို သိလိုက်ရပြီး ထိတ်လန့်သွားခဲ့ရသည်။ တင်းကြွယ်စစ်တစ်ယောက် ဝမ်ကျင့်ဖျင်နှင့် စိတ်ပိုင်းဆိုင်ရာအရ ဖောက်ပြန်တာက တိုက်ဆိုင်မှာ မဟုတ်ပါ။ ဒီကိစ္စမတိုင်ခင်ကတာ်းက သူ သူ့ဇနီးအပေါ် အကြိမ်ပေါင်းများစွာ ဖောက်ပြန်ခဲ့ပြီးသား ဖြစ်သည်။
950 02
အဲ့ဒီလို သူတော်ကောင်းယောင်ဆောင်ထားတဲ့ လူ့အမှိုက်ဆီမှာ အမျိုးသမီးတင်းကို အလှည့်စားမခံရစေဖို့အတွက် စုယန်ယန်သည် တစ်စုံတစ်ယောက်အား သူမကို နေ့တွင်းချင်းပဲ မေးလ်ပို့ပြီး အကြောင်းစုံရှင်းပြခိုင်းခဲ့သည်။
အမျိုးသမီးတင်းက အဖြစ်မှန်တွေကို သိလိုက်ရချိန်မှာ ရုပ်ပျက်ဆင်းပျက် ထိတ်လန့်သွားတာမျိုးတော့ မရှိပါ။ ဘဝက ဒီအတိုင်းပဲ ဆက်သွားနေမှာ ဖြစ်ပြီး သူမကတော့ ကလေးတွေနှင့်အတူ ထုံးစံမပျက် နေသွားခဲ့သည်။
စုယန်ယန်သည် သူမဟာ တင်းကြွယ်စစ် အပြင်မှာ ပတ်ရှုပ်နေတဲ့ အကြောင်းတွေကို အစကတည်းက သိထားပြီးသား ဖြစ်ပြီး ကလေးတွေနှင့် မိသားစုမျက်နှာကို ငဲ့ကာ ချုပ်တည်းနေခဲ့တာလားလို့တောင် ထင်မိသည်။
သို့သော် အဲ့ဒီအစား မယုံကြည်သင့်တဲ့ လူကို ယုံကြည်မိကြောင်း သိလိုက်ရသည်နှင့် ဘာကိုမှ မချုပ်တည်းချင်တော့ဘဲ ကွာရှင်းပြတ်စဲဖို့အထိ စီစဉ်လိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ … ။
သူမက သက်သေတွေ ပိုများအောင် စုစည်းဖို့အတွက် ဟန်မပျက်ဆက်နေပြီး ထိုလူယုတ်မာရဲ့ အရှိုက်ကို ထိုးနိုင်လောက်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာ ဖြစ်သည်။ သူ့ကို သူမရဲ့ ကမ္ဘာကြီးထဲကနေ ကန်ထုတ်ပစ်ရင်း တစ်ချိန်တည်းမှာ သူမဟာ သူ့ထက် ပိုကောင်းတဲ့ လူတစ်ယောက်ပါ ဆိုတာကိုလည်း သက်သေပြချင်ခဲ့သည်။
“ အခုခေတ်မှာ ယောက်ျားကောင်းတွေ တကယ် ရှားသွားပြီပဲ။ ”
++++++