← Chapters

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ၉၅၂

Vol. 64 Ch. 952

952 01

အခန်း ( ၉၅၂ ) လူရင်းတွေရဲ့ သရုပ်မှန်ကို လူရင်းကပဲ သိတယ်။

“ အဲ့လူတွေသာ ဒီ့ထက် နည်းနည်းလေး လောဘနည်းပြီး သူများသားသမီးကို သူတို့ လက်ထပ်ထားတယ် ဆိုတာကို ထည့်တွက်ရင် ကိုယ့်ဇနီးကို ကောင်းကောင်း ဂရုစိုက်ပေးသင့်တယ်။ ပြင်ပက အတင်းအဖျင်းတွေကို ဂရုမစိုက်ဘဲနဲ့ လင်မယားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေသွားသင့်တယ်။ ဒါမှမဟုတ် သူ့ကိုယ်သူ အမြင့်ကို တက်လှမ်းနိုင်မယ်လို့ ထင်ရင်လည်း အစကတည်းက မိန်းမဘက်က မိသားစုရဲ့ အကူအညီကို မယူခဲ့သင့်ဘူး။ သူ့မှာ ရည်မှန်းချက်ရှိရင် သူ့ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးပြီး သူ့မိန်းမနဲ့ ထိုက်တန်အောင်လို့ အလုပ်ကြိုးစားသင့်တယ်။ ”

“ အစပိုင်းမှာ ခက်ခဲတယ် ဆိုရင်တောင် သူ့မှာ တကယ် အရည်အချင်းရှိရင် စိန်တစ်တုံးက အချိန်နဲ့အမျှ အရောင်တောက်လာမှာပဲ။ အဲ့ဒီအချိန်ကျရင် ဘယ်သူက သူ့အရည်အချင်းကို စိတ်ရင်းနဲ့ မချီးကျူးဘဲ နေမှာလဲ။ ”

စုယန်ယန်က ငွေကြေးချို့တဲ့သူတွေကို အထင်သေးတာ မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် ရည်မှန်းချက်ရှိပြီး ကြိုးစားတဲ့ ငွေကြေးချိုတဲ့သူတွေကို သူမ အထင်ကြီး လေးစားသည်။ များသောအားဖြင့် သူတို့ဟာ ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး ဆင်းရဲတွင်းထဲက ရုန်းထွက်ကာ ချမ်သာအောင် ကြိုးစားခဲ့ကြသူတွေချည်း။

ထိုလူတွေမှာ အခြေခံအုတ်မြစ်မရှိသလို မိသားစုနောက်ခံလည်း မရှိတာကြောင့် အရာရာတိုင်းအတွက် သူတို့ကိုယ်သူတို့ပဲ မှီခိုရသည်။ ထို့ကြောင့် လူချမ်းသာတွေထက် အဆတစ်ရာ အားစိုက်ထုတ်ပြီး ပိုကြိုးစားရသည်။

ဒီနေရာမှာ လော့ဝေပင်းကို ဥပမာပေးလို့ ရသည်။ သူက ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရသူ ဖြစ်ပြီး သူ့မှာ နေမကောင်းဖြစ်နေတဲ့ ညီမလေးတစ်ယောက်တောင် ရှိသေးသည်။

လက်တွေ့အမှန်တရား‌ရဲ့ ဖိအားတွေ ၊ ကိုယ်ကျင့်တရားကို ဖောက်ပြားဖို့ ဖြားယောင်းသွေးဆောင်မှုတွေနှင့် ရင်ဆိုင်ရချိန်မှာ ဖြတ်လမ်းလိုက်သွားလို့ ရပေမဲ့ သူကတော့ ခေါင်းမာစွာ သူ့ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးခဲ့ပြီး အထင်ကြီး လေးစားဖွယ် ကြိုးစားမှုတွေနှင့် သူ ဒီနေ့ ရောက်နေတဲ့ နေရာကို တစ်ဆင့်ချင်း တက်လှမ်းခဲ့သည်။

စုယန်ယန်က အဲ့ဒီလို ပြောပြီးသွားတော့ နျဉ်ချီလွေ့ကို တစ်ချက် ကြည့်လိုက်သည်။ လူချမ်းသာမိသားစုက ဆင်းသက်လာပြီး အမြဲတမ်း ကောင်းကောင်း ကာကွယ်ပေးခံခဲ့ရတဲ့ ဒီသခင်လေးရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာရှိနေတာမို့ စနောက်လိုက်သည်။ “ ဘာလဲ။ နင်က ငါ့စကားကို မှားတယ် ထင်လို့လား။ ”

“ မထင်ပါဘူး မထင်ပါဘူး။ အစ်မ ပြောသွားတာတွေ အကုန်လုံး မှန်ပါတယ်။ ” နျဉ်ချီလွေ့က မှင်သက်နေရာကနေ သတိပြန်ဝင်လာပုံပေါ်ကာ နှာခေါင်းကို ပွတ်ရင်း မလုံမလဲ ပြောသည်။ “ ကျွန်တော် အစ်ကိုတင်းကို နောက်ကွယ်မှာ အဲ့ဒီလို လူမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့လို့ပါ။ ”

“ အစ်ကိုတင်း … ဟုတ်လား။ ” စုယန်ယန်က အံ့ဩသွားပုံဖြင့် မျက်ခုံးပင့်လိုက်သည်။ “ နင် သူ့ကို သိတာလား။ သူ့အကြောင်းကို ဒီတိုင်း ကြားဖူးတာလား ၊ ထိတွေ့ဆက်ဆံဖူးတာလား။ ”

“ ကျွန်တော် သူနဲ့ ထိတွေ့ဆက်ဆံဖူးတယ်။ ” နျဉ်ချီလွေ့က စုယန်ယန်အား သူနှင့် တင်းကြွယ်စစ်ကို မိတ်ဆွေအရင်းအချာတွေလို့ သတ်မှတ်မှာကို စိုးရိမ်စွာ မော့ကြည့်လိုက်သည်။

“ ရသစုံအစီအစဉ်တစ်ခုမှာ ကျွန်တော် ဧည့်သည်အဖြစ် ပါဝင်တုန်းက သူနဲ့ ဆုံဖူးတာပါ။ အဲ့ဒီတုန်းက အစ်ကိုတင်းလည်း ရှိနေခဲ့တာ။ သူက အဖွဲ့ထဲမှာ အသက်အကြီးဆုံး ဆိုတော့ ကျွန်တော်တို့ဂျူနီယာတွေကို ဂရုစိုက်ပေးခဲ့တာ။ ”

“ ဪ …… ” စုယန်ယန်က အသံကို တမင် ဆွဲဆန့်လိုက်တာကြောင့် နျဉ်ချီလွေ့တစ်ယောက် ကျောထဲမှာ ကြက်သီးစိမ့်ထသွားသည်။

......

952 02

“ သူ သူ့လက်ထောက်ကို ဘယ်လို ဆက်ဆံလဲ ဆိုတာ နင် သတိထားကြည့်ဖူးလား။ ”

“ ဟမ်။ ” နျဉ်ချီလွေ့က သူ အဲ့ဒါကို သတိမထားမိသလိုမျိုး ခဏလောက် စဉ်းစားနေ၏။ စုယန်ယန်က သူ့အမူအရာကို ကြည့်ရုံနှင့် အဖြေကို သိသွားကာ သူမထံ ရှားကျွင်းရှန့် ပို့ပေးထားတဲ့ အချက်အလက်တွေကို နျဉ်ချီလွေ့လက်ထဲ ထည့်ပေးလိုက်သည်။

“ တစ်ချက် ကြည့်လိုက်။ ”

“ ဒါက … ” နျဉ်ချီလွေ့က အချက်အလက်တွေကို ယူပြီး လှန်လှောကြည့်လိုက်သောအခါ ဒါတွေ အကုန်လုံးက တင်းကြွယ်စစ် သူ့လက်ထောက်ကို ရိုက်နှက်ကြိမ်းမောင်းနေတဲ့ ဓာတ်ပုံတွေပဲ ဆိုတာကို သဘောပေါက်သွားသည်။ သူက အနုပညာရှင်အသစ်လေးတွေကို တိတ်တဆိတ် ဖိနှိပ်ပြီး သူနှင့် မျိုးဆက်တစ်ခုတည်းက အနုပညာရှင်တွေရဲ့ မကောင်းသတင်းတွေကို ထုတ်ဖော်ကာ သူ့နေရာကို မြဲအောင် လုပ်ခဲ့သည်။ တင်းကြွယ်စစ်ရဲ့ လုပ်ရပ်တိုင်းကို သေချာ စာရင်းပြုစုထားတဲ့ မှတ်တမ်းတွေကို ကြည့်ကာ လူတွေ သူ့နာမည်ကို အဖတ်ဆယ်ပေးချင်ရင်တောင် လုံးဝ မဖြစ်နိုင်တော့ဘူးဟု ခံစားလိုက်ရသည်။

“ ဘုရားရေ … ” နျဉ်ချီလွေ့ ထိတ်လန့်သွားရသည်။ “ သူက နောက်ကွယ်မှာ အဲ့လို လူမျိုး ဖြစ်နေတာကို ကျွန်တော် တကယ် မသိခဲ့ဘူး။ ”

“ လူတွေရဲ့ စိတ်ရင်းအမှန်ကို သူတို့မျက်နှာကို ကြည့်ရုံနဲ့ ပြောလို့ မရဘူး။ တချို့လူတွေက စင်ပေါ်မှာထက် စင်နောက်မှာ သရုပ်ဆောင်ပိုကောင်းတယ်။ ဒီကမ္ဘာကြီးမှာ စင်းလုံးချော ကောင်းတဲ့ လူရယ်လို့ မရှိဘူး ၊ အဲ့လို ထင်ရအောင် ဟန်ဆောင်ကောင်းတဲ့ လူပဲ ရှိတယ်။ သူက အပြင်လူတွေရှေ့မှာ အရမ်း နွေးထွေးပြီး ကြင်နာတတ်တဲ့ လူလို သရုပ်ဆောင်တယ်။ သူနဲ့ ရင်းနှီးတဲ့ လူတွေရှေ့မှာတော့ သူ စိတ်မကြည်တဲ့အခါတိုင်း ဘယ်သူ့ကိုမဆို ရိုက်နှက်ကန်ကျောက်တယ်။ ‘ လူရင်းတွေရဲ့ သရုပ်မှန်ကို လူရင်းကပဲ သိတယ် ’ ဆိုတဲ့ ဆိုရိုးစကားလိုပဲ။ ”

နျဉ်ချီလွေ့ : “ … ” အစ်မက တော်တော်လေး ကျိုးကြောင်းဆီလျော်မှုမရှိတာပဲ … ။ ဥက္ကဌဟောက် အိမ်မှာ အများကြီး အနိုင်ကျင့်ခံနေရမှာကိုတောင် စိုးရိမ်လာပြီ။

“ ခွီး … ” စာရွက်စာတမ်းတွေနှင့် ရုံးခန်းထဲ ဝင်လာတဲ့ ရှားကျွင်းရှန့်ခမျာ ထိုစကားတွေကို ကြားသွားချိန်မှာ ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

+++++

All Chapters