← Chapters

အခန်း ၉၅၃

Vol. 64 Ch. 953

အခန်း ၉၅၃

Vol. 64 Ch. 953

953 01

အခန်း ( ၉၅၃ ) ကိုယ့်သေတွင်းကိုယ်တူးခြင်း။

စုယန်ယန်က ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး အပြစ်ကင်းစင်တဲ့ သခင်လေးကို ကြောက်အောင် လုပ်နေတာကို ရပ်ကာ “ ဘာကိစ္စရှိလို့လဲ။ ” ဟု လေးလေးနက်နက် မေးလိုက်သည်။

“ ဒါ အသစ်ပို့လိုက်တဲ့ အချက်အလက်တွေပါ။ ” ရှားကျွင်းရှန့်က စာရွက်စာတမ်းတွေကို စုယန်ယန်လက်ထဲ ထည့်ပေးသည်။ စုယန်ယန်က အဲ့ဒါကို ယူကာ လှန်လှောကြည့်ရှုပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ ဒီလူက မကောင်းတာတွေ အများကြီး လုပ်ထားတာပဲ။ နည်းနည်းလောက် စုံစမ်းလိုက်ရုံနဲ့ အများကြီး ထွက်လာတယ်။ ”

စုယန်ယန်က စာရွက်စာတမ်းဖိုင်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။ “ ဟေးရီက ဒီကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားနေတုန်းပဲလား။ ”

“ အစတုန်းကတော့ သူတို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ အခုတော့ သူတို့ဘက်က ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ”

စုယန်ယန် မျက်ခုံးပင့်သွားရသည်။ ဘာလှုပ်ရှားမှု မရှိတော့ဘူးတဲ့လား … ။ ဟေးရီက သူတို့နှစ်ယောက်ကို စွန့်ပစ်ဖို့ စီစဉ်နေတာပဲ။

“ ဒါဆို အစ်ကိုတို့ ဆက်လုပ်ရမှာက … ”

“ အမျိုးသမီးတင်းက ဒီကိစ္စကို အသုံးချပြီး တင်းကြွယ်စစ်နဲ့ ကွာရှင်းဖြို စီစဉ်နေတယ် ထင်တယ်။ ညီမတို့ အခုအချိန်မှာ အရမ်းကြီး ဖိနှိပ်လိုက်ရင် လူတွေကို ပိုမျှော်လင့်ချက်မဲ့အောင် လုပ်သလို ဖြစ်သွားလိမ့်မယ်။ အမျိုးသမီးတင်းရဲ့ အကျိုးအတွက် ညီမတို့ ခဏ ရပ်တန့်ထားပြီး ဝမ်ကျင့်ဖျင်ဆီ မီဒီယာတွေ အာရုံပြောင်းသွားအောင် လုပ်ရမယ်။ ”

စုယန်ယန်က ခဏ စကားရပ်လိုက်သည်။ “ ညီမ မှတ်မိသလောက် ဆိုရင် ဝမ်ကျင့်ဖျင် အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲကို မကြာခင် ထုတ်လွှင့်တော့မှာ မဟုတ်လား။ အကြိုထုတ်လွှင့်မှု‌နေ့မှာ အမျိုးသမီးဇာတ်လိုက်က သူ့ရဲ့ ပထမဆုံးဝတ္ထုကို နာမည်ကြီးအောင် လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တာလေ။ တကယ့်ကို ဩချရလောက်တယ်။ ကျွန်မတို့နဲ့ ဟေးရီနဲ့က ပြိုင်ဖက်တွေ ဆိုပေမဲ့ ဝမ်ကျင့်ဖျင် အနုပညာထဲမှာ စိတ်နှစ်ထားတာကိုတော့ ဝန်ခံရမယ်။ ဘယ်လိုလုပ် ညီမတို့ သူ့ကို မကူညီဘဲ နေနိုင်မှာလဲ။ ”

လူရွေးပွဲတွေပြီးကတည်းက ဝမ်ကျင့်ဖျင် အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲက စုယန်ယန်တို့ကုမ္ပဏီရဲ့ တခြား နန်းတွင်းဇာတ်လမ်းတွဲတစ်ခုနှင့် ရှေ့ဆင့်နောက်ဆင့်ရှိနေခဲ့တာပင်။

ဒါရိုက်တာကအစ ၊ သရုပ်ဆောင်ရွေးချယ်မှု ၊ ရိုက်ကူးရေး ၊ ခွင့်ပြုမိန်နှင့် လတ်တလော တရားဝင် ထုတ်လွှင့်ပြသမှုအထိ တစ်ပုံစံတည်း ဖြစ်နေကာ တစ်ခုနှင့် တစ်ခု ခွဲခြားလို့တောင် မရပါ။

ထိုအကြောင်းကို သိလိုက်ရသော စုယန်ယန်သည် သို့ထျန်းယီရဲ့ ဦးနှောက်ကို သိပ်နားမလည်နိုင်တော့ပေ။ တစ်ဖက်မှာ သူက သူမနှင့် လက်တွဲပူးပေါင်းဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားနေပေမဲ့ တခြားတစ်ဖက်မှာတော့ သူမရဲ့ ဒေါသကို ဆွဖို့ အစွမ်းကုန် ကြိုးစားနေပါသည်။ သူမကို လုပ်ချင်တိုင်း လုပ်လို့ ရတဲ့ လူလို့ ထင်နေတာလား … ။

သို့သော်လည်း တချို့လူတွေက ကိုယ့်သေတွင်းကိုယ်တူးချင်နေတာမို့ စုယန်ယန်ကလည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရပါမည်။

......

အမျိုးသမီးဇာတ်လိုက်ရဲ့ ဇာတ်လမ်းတွဲ ပထမဆုံးထုတ်လွှင့်မှုမှာပဲ အမျိုးသမီးဇာတ်လိုက်ဟာ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ရဲ့ အပျော်မယား ဖြစ်သွားခဲ့သည်။ သူမက သေချာပေါက် ကြာပန်းဖြူ လက်ဖက်စိမ်း ခွေးမတစ်ကောင်ပါပဲ။

ဒီကိစ္စတစ်ခုတည်းနှင့်ပင် သူတို့ဇာတ်လမ်းတွဲရဲ့ ဂုဏ်သတင်းကို ဟိုးအောက်ဆုံးထိ ပြိုလဲသွားစေဖို့ လုံလောက်သည်။

စုယန်ယန်က ရှားကျွင်းရှန့်ကို အရေးကြီးသော ကိစ္စတွေနှင့် ပတ်သက်၍ ပြောပြီးသွား၍ တစ်ဖက်ကို လှည့်ကြည့်လိုက်လျှင် နျဉ်ချီလွေ့က ရုံးခန်းထဲမှာပဲ ရှိနေဆဲ ဆိုတာကို မြင်သွားသည်။

“ နင် ဘာလို့ မသွားသေးတာလဲ။ ”

“ ကျွန်တော် … ” နျဉ်ချီလွေ့က စုယန်ယန်ကို ကြည့်ပြီး တွန့်ဆုတ်နေသည်။ စုယန်ယန်က သူ အကြာကြီး ဘာမှ မပြောဘဲ ငြိမ်နေတာကို မြင်တော့ သံသယဝင်သွားလေသည်။ “ နေပါဦး … နင် ဟိုတလောတုန်းက ရသစုံအစီအစဉ်တစ်ခု သွားရိုက်နေလို့ အချိန်တစ်ခုထိ အပြင်မှာ ရှိနေမယ်လို့ နင့်ညီဆီက ငါ ကြားထားတာပါ။ နင် ပြန်လာတာလား။ ”

နျဉ်ချီလွေ့သည် စုယန်ယန် သူ့ညီအကြောင်း ပြောတာကို ကြားသောအခါ သူ့အမူအရာက ပိုလို့တောင် ဝမ်းနည်းကြေကွဲသွားပြီး သနားစရာကောင်းတဲ့ ပုံစံလေး ဟန်ဆောင်ခဲ့သည်။ “ ဟုတ်တယ် ဘော့စ်။ အဲ့ရသစုံအစီအစဉ်က ဘယ်လောက်တောင် ရူးချင်စရာကောင်းလဲ ဆိုတာ ဘော့စ် မသိဘူးနော်။ ကျွန်တော်တို့ အဲ့ဒီကို မသွားခင်တုန်းက အဲ့နေရာက ဘယ်လောက်တောင် ကောင်းတယ် ဆိုပြီး အလိမ်ခံထားရတာ။ ပတ်ဝန်းကျင်က အရမ်း လှတယ် ၊ လူတွေက ရိုးသားတယ် ၊ ပေါင်းရသင်းရ လွယ်တယ် ဆိုပြီးတော့လေ။ ”

953 02

“ အဆုံးသတ်မှာတော့ ပတ်ဝန်းကျင်က တကယ်လည်း တော်တော်လေး လှပေမဲ့ သူတို့က ကောက်ရိုးတဲတွေထဲမှာ နေ,နေရတယ် ဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီကောက်ရိုးတဲတွေက အိုဟောင်းပြီး ခနော်ခနဲ့ဖြစ်နေတာ။ ကျွန်တော်တို့ အဲ့ကို သွားတဲ့ နေ့တုန်းက မိုးရွာတော့ မိုးရေတွေက တဲထဲကို စိမ့်ဝင်လာတာလေ။ လိုဏ်ဂူထဲမှာ နေရတာထက်တောင် ပိုဆိုးသေးတယ်။ ဘာစားစရာမှ မရှိဘူး ၊ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကိုလည်း ဆယ်ကီလိုမီတာကျော်လောက်ကနေ ဝယ်ရတယ်။ အရသာလည်း မရှိဘူး။ အဲ့ဒါအပြင် ကျွန်တော့်မှာ စားစရာ ဆိုလို့ သစ်သီးတွေပဲ ရှိတယ်။ ဒါပေမဲ့ သစ်သီးတွေကလည်း ချဉ်လွန်းလို့ ဘယ်လိုမှ စားလို့ မရဘူး။ ကျွန်တော် မြက်ပင်အမြစ်တွေကို တူးပြီး စားရလုနီးပါးပဲ။ ”

စုယန်ယန် : “ … ” အဲ့လို ဆိုတော့ တကယ်ပဲ တော်တော်လေး သနားစရာကောင်းတာပဲ။

“ သူတို့က နင့်ကို မစ်ရှင်တွေ ၊ ဘာတွေ လုပ်ခိုင်းပြီး ဆုချတဲ့အနေနဲ့ အစားအသောက်တွေ မပေးဘူးလား။ အဲ့လို မဟုတ်ရင်လည်း အဲ့ဒီမှာ တစ်ယောက်ယောက်တော့ ရှိမှာပါ။ နင် နင့်မျက်နှာလေးကို အသုံးချပြီး တစ်ယောက်ယောက်ကို အကူအညီတောင်းလို့ ရတာပဲ။ အဲ့ဒီက လူတွေက ရိုးသားပြီး ပေါင်းရသင်းရ အဆင်ပြေတယ်လို့ နင်ပဲ ပြောထားတာ မဟုတ်ဘူးလား။ သူတို့က နင့်ကို ဘယ်လိုလုပ် ငြင်းဆန်မှာလဲ။ နင်က ငတုံးလား။ ”

+++++

All Chapters