← Chapters

အခန်း ၉၆၃

Vol. 65 Ch. 963

အခန်း ၉၆၃

Vol. 65 Ch. 963

963 01

အခန်း ( ၉၆၃ ) သူတို့နဲ့ သွေးသားမတော်စပ်ဘူး။

“ သူတို့ … ဟုတ်လား။ ” ဟောက်ချန်ဟွမ်းကို ကြည့်နေတဲ့ စုယန်ယန်ရဲ့ မျက်လုံးတွေက နီရဲနေသည်။ ဟောက်ချန်ဟွမ်းက သူမကို အသနားခံသော အကြည့်နှင့် ကြည့်လိုက်သော်လည်း အဆုံးသတ်မှာတော့ သူ့မှာ ထိုအကြောင်းကို သူမ မသိအောင် ဖုံးကွယ်ထားနိုင်တဲ့ အသည်းနှလုံး မရှိပါ။

“ ဟောက်ချီဟန်နဲ့ ဟိုလူတွေ လုပ်ခဲ့တာ။ ”

“ ဟောက်ချီဟန်နဲ့ ဟိုလူတွေ …… ” စုယန်ယန်သည် ထိုအဖြေကို မျှော်လင့်မထားသောကြောင့် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ မဝံ့မရဲ မေးလိုက်သည်။ “ ဟောက်ချီဟန်နဲ့ အဲ့ဒီလူတွေက ရှင့်ကို နာကျင်အောင် လုပ်ချင်တာလား ၊ နာကျင်အောင် လုပ်ခဲ့တာလား။ ”

ထိုမေးခွန်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်း သေချာ စဉ်းစားကြည့်လိုက်တဲ့အခါ ကွာခြားမှုက မိုးနှင့်မြေပင်။ သူတို့မှာ တူညီတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တာလား ၊ ဒါမှမဟုတ် အတူတူ ပူးပေါင်းကြံစည်ခဲ့တာလား … ။

ပထမတစ်ခု ဆိုရင် ကိစ္စမရှိပေမဲ့ ဒုတိယတစ်ခုသာ ဆိုရင်တော့ …

ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ သေဆုံးမှုနောက်ကွယ်က တရားခံအစစ်အကြောင်း တွေးမိသောအခါ စုယန်ယန်ရဲ့ ကျောထဲ စိမ့်ခနဲ အေးသွားသည်။

“ သူတို့ပဲ မဟုတ်လား။ ဟောက်ချီဟန်က သူတို့နဲ့ အဆက်အသွယ်ရှိနေတာ ကြာလှပြီ။ ရှင့်ရဲ့ မိဘတွေကိုလည်း … ”

“ သူတို့ပဲ လုပ်ခဲ့တာ။ ”

စုယန်ယန်သည် နောက်ဆုံးတော့ မျက်ရည်တွေကို ချုပ်တည်းမထားနိုင်တော့ပေ။ ဟောက်ချန်ဟွမ်းအတွက် ဝမ်းနည်းမိသော်လည်း ဟောက်ချီဟန်ရဲ့ ရူးသွပ်မှုအပေါ် ဒေါသထွက်မိတာက ပိုသည်။ သူဟာ ငွေကြေးနှင့် အာဏာအတွက် ဆိုရင် သူ့မိသားစုကိုတောင် သတ်ပစ်ဖို့ ဝန်မလေးခဲ့သူ ဖြစ်သည်။

“ သူ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရက်ရတာလဲ။ အဲ့ဒါက ရှင့်မိဘတွေနဲ့ သူ့မိဘတွေလေ။ သူတို့ကို ဘယ်လိုလုပ်ပြီး အသည်းနှလုံးမရှိ ရက်ရက်စက်စက် သတ်ပစ်နိုင်ရတာလဲ။ သူက အဖေနဲ့ အမေကို သတ်ပစ်ရုံတင် မဟုတ်ဘူး ၊ ညီအရင်းကိုပါ သတ်ပစ်ဖို့ ကြိုးစားခဲ့တာတဲ့လား။ သူ့အပြစ်အတွက် ဒဏ်ခတ်ခံရမှာကို မကြောက်ဘူးလား။ ”

“ အဲ့လိုလည်း မဟုတ်ဘူး။ ”

......

“ ဟမ်။ ”

“ သူတို့က ကိုယ့်မိဘတွေပဲ။ သူ့မိဘတွေ မဟုတ်ဘူး။ ကိုယ်ကလည်း သူ့ရဲ့ သွေးရင်းသားရင်းညီ မဟုတ်ဘူး။ ”

စုယန်ယန်တစ်ယောက် မျက်လုံးပြူးသွားပြီး ဟောက်ချန်ဟွမ်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ “ ရှင် ပြောချင်တာက ဟောက်ချီဟန်က … ”

“ သူက ကိုယ့်မိဘတွေရဲ့ မွေးစားသားပဲ။ ”

“ မွေးစားသား … ။ ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်ရတာလဲ။ ဘာလို့ အဲ့အကြောင်းကို ကျွန်မ တစ်ခါမှ မကြားဖူးတာလဲ။ ”

“ ဒီအကြောင်းကို လူတော်တော်များများ မသိကြဘူး။ ကိုယ့်မိဘတွေက လွတ်လပ်တဲ့ ဆက်ဆံရေးတစ်ခုမှာ ရှိခဲ့တာ။ သူတို့က နိုင်ငံခြားမှာ အကြာကြီး နေခဲ့ပြီးမှ ပြဿနာ တချို့ကြောင့် ဒီကို ပြန်လာပြီး ဟောက်ကော်ပိုရေးရှင်းကို တည်ထောင်ခဲ့တယ်။ ”

ဟောက်ချန်ဟွမ်းက စကားခဏရပ်ပြီး သက်ပြင်းရှိုက်လိုက်သည်။ “ ကိုယ့်အမေက ကလေးချစ်တယ်။ သူတို့ လက်ထပ်ထားတဲ့ ( ၂ ) နှစ် ၊ ( ၃ ) နှစ်အတွင်းမှာ ဘယ်တော့မှ သန္ဓေတားဆေး မသုံးခဲ့ဘူး။ ဒါပေမဲ့လည်း သူတို့ ကလေးမရခဲ့ပါဘူး။ အဲ့ဒီတော့မှ ကိုယ့်မိဘတွေက တစ်ခုခု ပုံမှန်မဟုတ်တာကို သဘောပေါက်သွားပြီး ဆေးသွားစစ်ခဲ့ကြတယ်။ ဆေးစစ်ချက်အရ ကိုယ့်အဘွားက ကိုယ့်အမေကို ကိုယ်ဝန်လွယ်ထားတဲ့ အချိန်တုန်းက မတော်တဆမှုဖြစ်ပြီး သူမကို အရွယ်မတိုင်ခင် မွေးခဲ့ရတယ်။ နောက်ပိုင်းမှာ ပြန်သက်သာသွားတယ် ဆိုပေမဲ့ သူမအတွက် ကလေးမွေးဖို့ နည်းနည်းလေး ခက်ခဲနေတုန်းပဲ။ ”

“ အဲ့ဒါကြောင့် ကလေးမွေးစားခဲ့တာလား။ ”

“ အင်း။ ” ဟောက်ချန်ဟွမ်းရဲ့ အသံက အနည်းငယ် ဗလုံးဗထွေး ဖြစ်နေသည်။ “ ဟောက်ချီဟန်ကို ကိုယ့်မိဘတွေ မွေးစားတော့ သူ့အသက်က ငါးနှစ် ၊ ခြောက်နှစ်လောက်ပဲ ရှိသေးတယ်။ သူက သိတတ်နေပြီ။ သူ့သရုပ်မှန်က ထိခိုက်လွယ်မှာကို ကိုယ့်မိဘတွေက စိုးရိမ်ခဲ့တယ်။ တခြားလူတွေကလည်း အဲ့ဒါက ကလေးရဲ့ စိတ်ခံစားချက်နဲ့ အနာဂတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ ပြောလို့ မိသားစုကို သတင်းတွေ မဖြန့်ဖို့ ပြောထားခဲ့တယ်။ သူတို့က လူထုကို ဟောက်ချီဟန်က သူတို့ နိုင်ငံခြားမှာ မွေးခဲ့ပြီး အရွယ်ရောက်တော့မှ ဒီကို ခေါ်လာတဲ့ သားအရင်းတစ်ယောက်လို့ ပြောခဲ့တာ။ ”

963 02

ထိုအချိန်မှာ ဟောက်ကော်ပိုရေးရှင်းက စတင်တည်ထောင်ခါစပဲ ရှိသေး၍ ဂုဏ်သတင်းကလည်း မကြီးသေးပေ။ သူတို့မိသားစုအပေါ် လူထုအာရုံစိုက်မှုကလည်း အကန့်အသတ်ရှိသောကြောင့် ဘယ်သူကမှ သံသယမဝင်ခဲ့သော်လည်း ဟောက်ချီဟန်ကိုယ်တိုင်က အဲ့ဒါကို သိသလို ဟောက်ချန်ဟွမ်းနောက်ကို လိုက်ခဲ့တဲ့ ဦးလေးကြီးတချို့ကလည်း သိသည်။

ဒါ့ကြောင့်ပဲ သူတို့က ဟောက်ချီဟန်ရဲ့ မိသားစုကို စိတ်ပျက် ဒေါသထွက်ခဲ့ကြတာ ဖြစ်သည်။ ပထမအချက်ကတော့ သူတို့က ဟောက်ချန်ဟွမ်းနှင့်အတူ ကြီးပြင်းလာခဲ့တာမို့ ဟောက်ချီဟန်တို့မိသားစုထက် သူ့အပေါ် ခံစားချက်တွေ ပိုရှိသည်။

ဒုတိယအချက်ကတော့ ဟောက်ချီဟန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဟောက်မိသားစုရဲ့ သွေးမရှိသလို သူက ဟောက်ချန်ဟွမ်းလောက်လည်း အရည်အချင်းမရှိဘူးလို့ ခံစားရတာကြောင့် ဖြစ်သည်။ သို့သော် သခင်ကြီးရဲ့ သေတမ်းစာအကူအညီဖြင့် သူဟာ ဟောက်မိသားစုကို အလွယ်တကူ လက်ဝါးကြီးအုပ်နိုင်ခဲ့သည်။ ထိုကိစ္စကို သူတို့ ဘယ်လောက်ပဲ တွေးကြည့်ပါစေ ၊ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ဟောက်ချီဟန်က လက်ဝါးကြီးအုပ်ပြီး ဟောက်ချန်ဟွမ်းဆီက တစ်စုံတစ်ရာကို ခိုးယူသွားသည်ဟု ခံစားရသည်။

++++++

All Chapters