← Chapters

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း ၉၆၄

Vol. 65 Ch. 964

964 01

အခန်း ( ၉၆၄ ) အသက်ကြီးမှ ကလေးရခဲ့တာလား။

ဟောက်ချန်ဟွမ်း ရှင်းပြတဲ့ စကားကို နားထောင်ပြီးနောက်မှာတော့ စုယန်ယန် နားလည်သွား၏။ ထိုအကြောင်းတွေကို ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဘယ်သူမှ မပြောခဲ့တာ အံ့ဩစရာမရှိသလို ဟောက်ချီဟန်က ဟောက်မိသားစုရဲ့ မွေးစားသား ဖြစ်ပေမဲ့ ဟောက်ကော်ပိုရေးရှင်းကို နှစ်ချီ၍ ဘေးကင်းစွာ အုပ်ချုပ်နိုင်ခဲ့တာလည်း အံ့ဩစရာမရှိပါ။

ဘယ်သူကမှ သူ မွေးစားသားဖြစ်နေတဲ့ အချက်နှင့် သူ့ကို တိုက်ခိုက်ပြီး သူ့နေရာကနေ ဆွဲချဖို့ မကြိုးစားခဲ့တာကိုး … ။

တခြား လူချမ်းသာမိသားစုတွေသာ ဆိုရင် သူတို့မိဘတွေက ထိုအကြောင်းကို ဖုံးကွယ်ထားချင်လျှင်တောင် လူတွေကို အနည်းနှင့် အများတော့ ထုတ်ပြောလိမ့်မည် ဖြစ်သော်လည်း ဟောက်မိသားစုကတော့ အဲ့ဒီလို မလုပ်ခဲ့ပါ။

ထိုအချက်ကို ကြည့်ရုံနှင့် ဟောက်ချန်ဟွမ်းရဲ့ မိဘနှစ်ပါးဟာ ဟောက်ချီဟန်ကို သူတို့ရဲ့ သားအရင်းအချာတစ်ယောက်လို ဆက်ဆံခဲ့တယ် ဆိုတာ သိနိုင်သည်။ သူ့ဘဝလေး လွယ်ကူချောမွေ့စေရေးအတွက် ဘက်ပေါင်းစုံက တွေးပေးခဲ့ပေမဲ့ ကံမကောင်းစွာဖြင့် သူကတော့ ထိုအရာတွေနှင့် ထိုက်တန်တဲ့ လူမျိုး မဟုတ်ခဲ့။

“ ရှင့်မိဘတွေ ကလေးယူဖို့ မလွယ်ဘူးလို့ ရှင် ပြောလိုက်တာ မဟုတ်လား။ ဒါဆို ရှင်က … ”

“ မလွယ်ဘူး ဆိုပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ။ ” ထိုစကားကို ပြောနေချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာက နူးညံ့နေခဲ့သည်။ “ ကိုယ့်အမေ အသက် ( ၅၀ ) ပြည့်ခါနီး‌မှ ကိုယ့်ကို ကိုယ်ဝန်ရခဲ့တာ။ သူက အသက်ကြီးနေပြီ ဆိုတော့ ကိုယ့်အဖေက ကလေးမွေးဖို့ အန္တရာယ်များမှာကို စိတ်ပူခဲ့တယ်။ သူက အစပိုင်းတုန်းက ကိုယ့်ကို မလိုချင်ပေမဲ့ ကိုယ့်အမေက ငြင်းဆန်ခဲ့တယ်။ ဒီတစ်ခေါက်တော့ သူ့ကို ကလေးယူဖို့ ဘုရားရှင်က အကြောင်းအရင်းပေးလိုက်တာလို့ ကိုယ့်အမေက ထင်ခဲ့တယ်။ ကိုယ့်ကို ကိုယ်ဝန်လွယ်ထားရပြီ ဆို‌မှတော့ မွေးသင့်တယ် ဆိုတဲ့ သဘောပေါ့ ၊ သူ မတတ်နိုင်တာမျိုးလည်း မဟုတ်ဘူးလေ။ ”

ဟောက်ချန်ဟွမ်းက ပြောရင်း ရယ်မောလိုက်သည်။ “ အဲ့ကိစ္စကြောင့် ကိုယ့်အမေနဲ့ ကိုယ့်အဖေနဲ့ ကွာရှင်းလုနီးပါးတောင် ဖြစ်သွားခဲ့တယ်။ ဒါပေါ့ ၊ ကိုယ့်အဖေကတော့ ဘယ်သဘောတူမလဲ။ သူ အလျှော့ပေးပြီး ကိုယ့်အမေကို ကလေးမွေးခိုင်းဖို့ သဘောတူဖို့ပဲ လုပ်နိုင်ခဲ့တယ်။ ကိုယ် ကြီးလာတော့ ကိုယ့်အဖေက ကိုယ့်ကို ဒီအကြောင်း မကြာခဏ ပြောပြဖူးတယ်။ ကိုယ်က သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးခဲ့တယ်လို့ ခံစားရတယ်တဲ့။ အိမ်ထောင်သက် နှစ်တွေအကြာကြီးမှာ ကြီးကြီးမားမား ရန်မဖြစ်ဖူးခဲ့ပေမဲ့ အဖေက ကိုယ့်ကို မလိုချင်လို့ ဆိုပြီး အမေက သူနဲ့ ကွာရှင်းချင်ခဲ့တာလေ။ ”

ဟောက်ချန်ဟွမ်းသည် ရယ်ရွှင်ဖွယ် အရွှန်းဖောက်သည့် လေသံဖြင့် ပြောနေသော်လည်း သူ့အဖေရဲ့ မနာလိုဖြစ်နေသော ချဉ်တူးတူးအကြည့်ကို ပြန်တွေးမိချိန်မှာ ပြုံးချင်စိတ်ကို ထိန်းချုပ်မရပါ။ စုယန်ယန်ပါ သူ့ခံစားချက်တွေ ကူးစက်ခံလိုက်ရပြီး ပြုံးမိသည်။

…

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူမ အနည်းငယ် နှမြောတသဖြစ်မိသည်။ တကယ်လို့ သူမသာ ဟောက်ချန်ဟွမ်းရဲ့ အမေနှင့် ခေတ်တစ်ခုတည်းမှာ နေထိုင်လို့ ရခဲ့ရင် စောစောစီးစီးကတည်းက ကလေးယူနိုင်အောင် ကူညီပေးခဲ့မှာပါ။ အဲ့လိုသာဆို ဟောက်ချီဟန်ကို သူတို့ မွေးစားတော့မှာ မဟုတ်သလို နောက်ဆက်တွဲ အဖြစ်ဆိုးတွေလည်း ဖြစ်ပျက်တော့မှာ မဟုတ်။

သို့သော် အဲ့ဒီလိုသာ ဆိုရင် သူမလည်း ဟောက်ချန်ဟွမ်းနှင့် သင့်လျော်မှန်ကန်တဲ့ အချိန်မှာ တွေ့ဆုံပြီး သူနှင့်အတူ ရှိနိုင်မှာ မဟုတ်ဘူးဟု ထပ်တွေးမိသွားသည်။ ဒီကမ္ဘာကြီးမှာ အောင်မြင်မှုနှင့် ဆုံးရှုံးမှု ဆိုတာ အမြဲတမ်း ဒွန်တွဲနေကာ နှစ်ခုလုံးကို ပိုင်ဆိုင်ဖို့ ခက်ခဲပါသည်။

ဟောက်ချီဟန်က ဟောက်မိသားစုရဲ့ သွေးရင်းသားရင်း မဟုတ်ဘဲ မွေးစားသား ဆိုတာကို သိလိုက်ရပြီးနောက် စုယန်ယန်ရဲ့ ခံစားချက်သည် ‌လေးလံလာကာ အရင်တုန်းက သူမရဲ့ သံသယ တချို့တစ်ဝက်အတွက် နောက်ဆုံးတော့ အဖြေရသွားခဲ့သည်။

“ ရှင် သူနဲ့ စိမ်းသက်နေတာ အံ့ဩစရာမရှိပါဘူး။ သူ ရှင့်ကို ငယ်ငယ်လေးကတည်းက အနိုင်ကျင့်လာခဲ့တာလား။ ရှင့်မိဘတွေရှေ့မှာပဲ ချိုချိုသာသာ ဆက်ဆံပြီး နှစ်ယောက်တည်းရှိတဲ့ အချိန်မှာတော့ ရှင့်ကို အနိုင်ကျင့်တာလား။ ”

ဟောက်ချန်ဟွမ်းသည် ဇနီးဖြစ်သူရဲ့ စိတ်ထိခိုက် နာကျင်မှုကို မြင်လိုက်ရပြီး သူမက သူ့ကို ငယ်ငယ်လေးကတည်းက အနိုင်ကျင့်ခံခဲ့ရတဲ့ သနားစရာ ကောင်မလေးတစ်ယောက်ကို ကြည့်သလိုမျိုး စိတ်ထိခိုက်စွာ ကြည့်နေခဲ့သည်။

“ တကယ်တော့ ကိုယ် သူနဲ့ သိပ်ပြီး အချိန်မဖြုန်းဖြစ်ပါဘူး။ ကိုယ် ငယ်ငယ်လေးတုန်းက သူက ကိုယ့်အပေါ် အရမ်းကို ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်။ ကိုယ့်မွေးနေ့တိုင်း ကိုယ်နဲ့အတူ အချိန်ဖြုန်းပြီး အရုပ်တွေ ဝယ်ပေးတယ်။ ကံ‌မကောင်းစွာနဲ့ သူ အိမ်ထောင်ကျတော့ ကိုယ့်အမေက သူ့အမျိုးသမီးနဲ့ အဆင်မပြေဘူး။ ဟောက်ချီဟန်ရဲ့ မျက်နှာကြောင့် ကိုယ်ကလည်း အဲ့ဒီအမျိုးသမီးနဲ့ ပြဿနာမဖြစ်ချင်ခဲ့ဘူး။ ကိုယ့်အမေ စိတ်ပင်ပန်းနေတာကို မကြည့်ရက်တဲ့ အဖေက ကိုယ်နဲ့ ကိုယ့်အမေ့ကို ကိုယ် မင်းကို အရင်တုန်းက ခေါ်သွားဖူးတဲ့ တောင်ထိပ်က ဗီလာလေးကို မကြာခဏ ခေါ်သွားပေးခဲ့တယ်။ ”

964 02

အခုမှ သူ သေချာ ပြန်တွေးကြည့်တော့ မိသားစုနှစ်ခုကြားက ဆက်ဆံရေးဟာ အိမ်ထဲကို ထိုအမျိုးသမီး ဝင်ရောက်လာပြီးနောက်ပိုင်းမှ အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ မရနိုင်လောက်အောင် တင်းမာလာခဲ့တာပင်။

ပွင့်လင်းသော ပဋိပက္ခတွေ မရှိသော်လည်း ထိုတည်ငြိမ်မှုအောက်မှာ ရှိနေတဲ့ မြေအောက်ရေစီးကြောင်းကပဲ လူတွေကို စိတ်ဓာတ်ကျဆင်းပြီး တဖြည်းဖြည်း ဝေးကွာသွားစေခဲ့တာ ဖြစ်ပါသည်။

+++++

All Chapters