← Chapters

အခန်း ၉၆၆

Vol. 65 Ch. 966

အခန်း ၉၆၆

Vol. 65 Ch. 966

966 01

အခန်း ( ၉၆၆ ) မင်းနဲ့ ဒီဇာတ်သိမ်းနဲ့ ထိုက်တန်ပါတယ်။

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ မျက်နှာလေးကို ဖျစ်ညှစ်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်၏။ “ ကိုယ် သူ့ကို မကြိမ်းမောင်းခဲ့ပေမဲ့ ကိုယ့်ကို ဆွဲထိုးချင်လောက်တဲ့အထိ ဒေါသထွက်အောင်တော့ လုပ်ခဲ့ပါတယ်။ ”

“ အမ်။ ” စုယန်ယန်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ချက်ချင်းပဲ တက်ကြွသွားသည်။ ဟောက်ချန်ဟွမ်းကတော့ သူမရဲ့ ပုံစံလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားပြီး နေ့ခင်းတုန်းက သူနှင့် ဟောက်ချီဟန်ရဲ့ တွေ့ဆုံမှုကို ပြန်သတိရသွား၏။

ဟောက်ချီဟန်က ဟောက်ချန်ဟွမ်း သူ့ကို လာရှာတယ် ဆိုတာကို သိသည်နှင့် အထဲမှာ ဝုန်းဒိုင်းကျဲအောင် ဆဲဆိုသောင်းကျန်းကာ ဟောက်ချန်ဟွမ်းနှင့် ထွက်တွေ့ဖို့ ငြင်းဆန်ခဲ့သည်။

‌ဟောက်ချီဟန်တစ်ယောက် အချုပ်ခန်းထဲမှာ သောင်းကျန်းနေတယ် ဆိုတာကို သိသွားတဲ့ ဟောက်ချန်ဟွမ်းက လူတစ်ယောက်ကို အကူအညီတောင်းပြီး ဟောက်ချီဟန်အား “ မင်း ဘာလို့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရတာလဲ ဆိုတာ မသိချင်ဘူးလား။ ” ဟု ပြောခိုင်းလိုက်သည်။

ထိုစကားက သိသာထင်ရှားစွာပင် ဟောက်ချီဟန်ရဲ့ ဒေါသကို ဆွလိုက်ပုံပေါ်သည်။ သူက အပြင်ကို ထွက်လာပေမဲ့ အပြင်ရောက်,ရောက်ချင်းမှာပဲ “ ထောင်ဖောက်ဖို့ ” ကြိုးစားခဲ့သည်။ ဟောက်ချီဟန်သည် လူတိုင်းရှေ့မှာ သူ့ကို အရှင်လတ်လတ် မျိုချတော့မလို စူးစူးဝါးဝါး စိုက်ကြည့်ပြီး ကြိတ်မနိုင်ခဲမရဖြစ်နေခဲ့သည်။

“ မင်းမလား။ အဲ့ခွေးမကို မင်းပဲ လွှတ်လိုက်တာ မဟုတ်လား။ ငါ အဲ့ဒါကို အစောကြီးကတည်းက တွေးမိခဲ့ဖို့ ကောင်းတယ် ၊ အစောကြီးကတည်းက တွေးမိခဲ့ဖို့ ကောင်းတယ်။ မင်း ခွေးသူတောင်းစား … ခွေးသူတောင်းစား … ”

ဟောက်ချီဟန်ကို ခေါ်ထုတ်လာတဲ့ လူနှစ်ယောက် ၊ သုံးယောက်ပင်လျှင် သူ့ကို မထိန်းချုပ်နိုင်သလောက်နီးပါး ဖြစ်ကာ အနည်းငယ် ဒေါသထွက်စွာ သတိပေးခဲ့သည်။ “ မင်း အေးအေးဆေးဆေး နေစမ်း။ ငါတို့ကို ခွန်အားသုံးရအောင် မလုပ်နဲ့နော်။ ”

စိတ်ခံစားချက် အလွန် ပြင်းထန်နေတဲ့ ဟောက်ချီဟန်ရဲ့ အကြမ်းဖက်လိုသော အပြုအမူတွေဟာ အတိုင်းအတာတစ်ခုထိ ဆိုးဝါးနေခဲ့သည်။

ဟောက်ချန်ဟွမ်းရဲ့ လုံခြုံရေးအတွက် သူတို့က နောက်ဆုံးတော့ သူနှင့် ဟောက်ချန်ဟွမ်းကို အလယ်မှာ ကျည်ကာမှန် ခြားထားတဲ့ သီးခြားအခန်းထဲကို ခေါ်သွားခဲ့သည်။ ထိုမှန်ကို ဟောက်ချီဟန် ဘယ်လောက်ပဲ ထုရိုက်ကုတ်ခြစ်ပါစေ ၊ ဟောက်ချန်ဟွမ်းကို အနည်းငယ်မျှပင် နာကျင်အောင် မလုပ်နိုင်ပါ။

…

“ မင်း ပြောတာ ဟုတ်တယ်။ ရွှယ်ပိုင်လီနဲ့ ငါနဲ့က အချင်းချင်း သိကြတယ်။ အခွင့်အရေးကို မိမိရရ အသုံးချပြီး မင်းဘေးကို အရောက်လာလို့ ရအောင်လို့ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ငါပဲ သူ့ကို ပေးခဲ့တာ။ အဲ့ဒါက မင်းရဲ့ မိသားစုကို ပျက်စီးစေခဲ့တယ် ၊ တကွဲတပြားစီ ဖြစ်သွားစေခဲ့တယ် ၊ ပြီးတော့ မင်းကိုလည်း လူတိုင်း ရိုက်နှက်ချင်တဲ့ ကြွက်တစ်ကောင်ဖြစ်သွားစေခဲ့တယ်။ ”

ဟောက်ချန်ဟွမ်း ထိုသို့ ပြောလိုက်သည်နှင့် ဟောက်ချီဟန်က မတ်တပ်ထရပ်ကာ ဆဲဆိုကြိမ်းမောင်းရင်း မှန်နံရံကို ထိုးနှက်နေခဲ့သည်။ “ တကယ်ပဲ မင်းလက်ချက် ဖြစ်နေတာပဲ။ မင်းကများ ရာရာစစ ၊ မင်းကများ ရာရာစစ … ”

“ ငါက ဘာလို့ မလုပ်ရဲရမှာလဲ။ ” ဟောက်ချန်ဟွမ်းက လှောင်ပြုံး ပြံးလိုက်ပြီး ဟောက်ချီဟန်ကို အေးစက်စွာ ကြည့်ကာ ခြေဆောင့်လိုက်သည်။ “ အကြွေး ဆိုတာ ပြန်ဆပ်ရတယ်။ တစ်ချိန်တုန်းက မင်း တရားမဝင်တဲ့ နည်းလမ်းတွေကို သုံးပြီး ရွှယ်ပိုင်လီရဲ့ အဖေဆီက မြေကွက်ကို လုယူခဲ့လို့ ရွှယ်ပိုင်လီတို့မိသားစုဘဝ ပျက်စီးပြီး အသက်သုံးချောင်း ဆုံးရှုံးခဲ့ရတယ်။ အခု သူက လက်စားပြန်ချေရုံလေးပဲ။ မင်း အရင်တုန်းက လုပ်ရပ်တွေကို လုပ်ခဲ့တုန်းကတော့ တစ်နေ့မှာ ဒီလိုမျိုး အဆုံးသတ်ရလိမ့်မယ်လို့ မထင်ခဲ့ဘူးမလား။ ဒါကို ဝဋ်လည်တာလို့ ခေါ်တယ်။ မကောင်းမှု ဒုစရိုက် ဆိုတာ ကျရှုံးမှုတွေနဲ့ပဲ အဆုံးသတ်တယ်။ မင်းနဲ့ ထိုက်တန်ပါတယ်။ ”

ဟောက်ချန်ဟွမ်းရဲ့ နောက်ဆုံးစကားက ထက်မြည့်သော မြားတစ်စင်းလိုပင် ဟောက်ချီဟန်ရဲ့ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ပြီး သူ့မျက်နှာကို ပိုလို့တောင် ဖြူဖတ်ဖြူရော်ဖြစ်သွားစေခဲ့သည်။

“ မကောင်းမှုဒုစရိုက် … ဟုတ်လား။ ဘယ်လို မကောင်းမှုဒုစရိုက်မျိုးကို ပြောတာလဲ။ စီးပွားရေးလောက ဆိုတာ စစ်မြေပြင်လိုပဲ။ အရမ်း တုံးအလွန်းတဲ့ သူ့အဖေက သူ့လက်ထဲမှာ အဲ့ဒီမြေကွက် ရှိနေတာနဲ့ပဲ အရာအားလုံး အဆင်ပြေသွားမယ်လို့ ထင်ခဲ့တာ။ သူ့မှာ သူ့လက်အောက်ခံတွေကို ထိန်းချုပ်နိုင်တဲ့ အာဏာမရှိဘူး ဆိုတာကိုတော့ မသိခဲ့ဘူး။ အဲ့ဒါကြောင့်ပဲ လူတွေက ရှုပ်ထွေးနေတဲ့ အခြေအနေကို အသုံးချသွားခဲ့တာ။ သူက သိပ်ကို နုံဖျင်းလွန်းတယ် ၊ အဲ့တော့ သူ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။ စီးပွားရေးလောကထဲမှာ လျင်သူစားစတမ်းပဲ။ အဲ့ဒါက သဘာဝပဲ။ သူတို့ဘာသာသူတို့ ရောဂါဖြစ်ပြီး သေတာ ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သေတာကတော့ စိတ်ပိုင်းဆိုင်ရာအရ မသန်မာလို့ပဲ။ အဲ့ဒါကို ဘာလို့ ငါ့ကို လာအပြစ်တင်နေတာလဲ။ ”

966 02

“ အိုး ၊ မင်း ပြောသလိုသာ ဆိုရင် မင်း ဒီလို ဇာတ်သိမ်းသွားရတဲ့ အကြောင်းအရင်းကလည်း စီးပွားရေးလောကမှာ ငါ့ကို ရှုံးသွားလို့ပေါ့။ လျင်သူစားစတမ်းလေ … ဟုတ်တယ်မလား။ မင်းနဲ့ ဒီဇာတ်သိမ်းနဲ့ ထိုက်တန်ပါတယ်။ ”

ဟောက်ချီဟန်ရဲ့ လည်ပင်းထဲမှာ တစ်ဆို့သွားသလို ခံစားလိုက်ရကာ သူ့အသံက ရုတ်တရက် ပိုကျယ်လာခဲ့သည်။ “ မင်း ဟောက်ကော်ပိုရေးရှင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး ဆိုတာ ငါ သိသားပဲ။ မင်းမိဘတွေက ကုမ္ပဏီကို မင်းအစား ငါ့ကို ပေးခဲ့တာကို မင်း ဘယ်တော့မှ လက်မခံချင်ဘူး။ မင်းက ကုမ္ပဏီကို ငါ့ဆီက ပြန်လုယူချင်ခဲ့တာ။ မင်း မသန်စွမ်းဖြစ်နေတဲ့ အချိန်ကတည်းက မင်းစိတ်ထဲမှာ အဲ့ဒီအတွေး ရှိခဲ့တာ။ အခု မင်းက ပြန်ကောင်းသွားပြီ ဆိုတော့ ဟောက်ကော်ပိုရေးရှင်းကို ဘယ်လက်လွှတ်ခံတော့မလဲ။ ငါသာ မင်းရဲ့ ယုတ်မာကောက်ကျစ်တဲ့ စိတ်ကို ကြိုသိရင် ဟိုးအရင်ကတည်းက မင်းကို အရှင်မထားခဲ့ဘူး။ ”

+++++

All Chapters