← Chapters

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ၉၇၅

Vol. 65 Ch. 975

975 01

အခန်း ( ၉၇၅ ) ရှင် ကျွန်မကို ဘယ်အချိန်တုန်းက ချစ်မိသွားတာလဲ။

ကလေးတွေရဲ့ ကမ္ဘာကြီးက အမြဲတမ်း ဖြူစင်ရိုးရှင်းသည်။ အဲ့ဒီအချိန်တုန်းက စုယန်ယန်ဟာ သူမကို ကူညီပေးခဲ့တဲ့ လူက လူကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ခံစားခဲ့ရသည်။ လူကောင်းတစ်ယောက် ဖြစ်၍ ဒီလူကောင်းလေး အမြဲတမ်း ကျန်းမာပျော်ရွှင်ပြီး သူမလိုမျိုး အကူအညီလိုအပ်နေတဲ့ လူတွေကို ရံဖန်ရံခါ ကူညီပေးနိုင်ပါစေဟု ဆုတောင်းမိသည်။

ကလေးမလေးရဲ့ နူးညံ့သော အသံလေးက သူ့နားထဲမှာ ပဲ့တင်ထပ်နေပြီး ဟောက်ချန်ဟွမ်းကို ခဏတာ ငြိမ်သက်သွားစေခဲ့သည်။

သို့သော် အဲ့ဒါက စက္ကန့်ပိုင်းပဲ ဖြစ်သည်။ ယုကျစ်ယန် သူ့ကို ပန်းစည်း ပြန်ပေးချိန်မှာ သူ အနည်းငယ် ဆွံ့အသွားသော်လည်း အမြန် သတိပြန်ဝင်လာခဲ့သည်။ ဒီတစ်ခေါက်တော့ သူ ပစ္စည်းတွေကို ပစ်ပေါက်မခွဲတော့ဘဲ ယုကျစ်ယန်အား ထိုပန်းတွေကို ယူသွားပြီး လွှင့်ပစ်လိုက်ဖို့သာ ပြောလိုက်သည်။

ယုကျစ်ယန်လည်း ထိုအချိန်မှာ အလွန် စိတ်ရှုပ်ထွေးခဲ့ရပါသည်။ ဒီပန်းစည်းကို ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ဆေးရုံအခန်းထဲမှာ ကြောင်အမ်းအမ်း ရပ်နေမိခဲ့သည်။

ကံကောင်းစွာဖြင့် ကျိုးယန်ပိုင်က ထိုဇာတ်လမ်းကို အစောကြီးကတည်းက သိနေပြီး ဟောက်ချန်ဟွမ်းထက် ခြေတစ်လှမ်း သာသည်။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်ထားတဲ့ ဒရိုင်ဘာက ယုကျစ်ယန်အား ဟောက်ချန်ဟွမ်းက ပန်းတွေကို အမှန်တကယ် လွှင့်ပစ်ခိုင်းတာ မဟုတ်ကြောင်း အရိပ်အမြွက် ပြောပြခဲ့သည်။ ထို့ကြောင့် ယုကျစ်ယန်ကလည်း ထိုပန်းစည်းကို ဟောက်ချန်ဟွမ်း မမြင်ရအောင် ယာယီ သိမ်းဆည်းထားပေးခဲ့သည်။

ထင်ထားတဲ့အတိုင်း ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ အကြောသေပြီး သူ့မိဘတွေ သေဆုံးသွားတဲ့နောက် ပိုင်ဆိုင်မှု အများစုက သူ့အစ်ကိုဆီ ရောက်သွားသည်။ သူကလည်း ကောင်းကင်ဘုံရဲ့ ဂုဏ်ယူရသော သားတစ်ယောက်အဖြစ်ကနေ ဘယ်သူမှ ဂရုမစိုက်တဲ့ မသန်စွမ်းတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး တစ်နေ့မှာတော့ ထိုပန်းစည်းအကြောင်းကို သူ့ဘက်က အရင် စမေးခဲ့သည်။

ထိုအချိန်မှာ ယုကျစ်ယန်က ကြောင်အမ်းအမ်းဖြစ်သွားပြီး ကျိုးယန်ပိုင်အား ‘ မင်း ဘယ်လိုလုပ် အနာဂတ်ကို ကြိုခန့်မှန်းနိုင်တာလဲ။ မိုက်လိုက်တာ။ ’ ဟု ပြောသလိုမျိုး လှမ်းကြည့်ခဲ့သည်။

ဟောက်ချန်ဟွမ်းသည် ထိုအချိန်တွေအကြောင်း ပြန်သတိရသွားပြီး နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူဟာ ပန်းစည်းပိုင်ရှင်မိန်းကလေးနှင့် ချစ်မိသွားကာ လက်ထပ်ပြီး ကလေးရနေလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးခဲ့ပါ။

ဒီပန်းစည်းကိုလည်း သူတို့ရဲ့ ပထမဆုံးအကြိမ် ဆုံတွေ့မှုအတွက် မျက်မြင်သက်သေလေးအဖြစ် သူကိုယ်တိုင် ထိန်းသိမ်းထားခဲ့သည်။

…

“ ကိုယ် မင်းကို ဘယ်အချိန်တုန်းက ချစ်မိသွားတာလဲ ဆိုတာ သိချင်လား။ ”

စုယန်ယန်ရဲ့ မျက်လုံးတွေက အနည်းငယ် အရောင်တောက်သွားပြီး ဖျတ်ခနဲ ခေါင်းညိတ်ပြသည်။ “ အင်း။ ပြောပြ ပြောပြ။ ”

“ တကယ်တော့ ကိုယ်လည်း မသိဘူး။ အဲ့အချိန်တုန်းက အရာအားလုံး ရုတ်တရက် ပျောက်ကွယ်သွားတယ်လို့ ကိုယ် ခံစားခဲ့ရတယ်။ ကိုယ့်မိဘတွေ မရှိတော့ဘူး ၊ ကိုယ့်ဦးလေးကလည်း ကိုယ့်ရဲ့ အပြစ်တင်စကားတွေကြောင့် အဝေးတစ်နေရာကို ထွက်သွားခဲ့တယ်။ ကိုယ့်အစ်ကိုရဲ့ မိသားစုကတော့ ပိုပြီးတော့တောင် မုန်းချင်စရာကောင်းတယ်။ ကိုယ့်ကို မျက်နှာချိုသွေးဖူးခဲ့တဲ့ လူတွေက မျက်နှာဖုံးတွေ ကွာကျပြီး ရွံရှာစရာကောင်းလာခဲ့တယ်။ ကိုယ့်ဘဝက အရမ်းကို အေးစက်ပြီး ဗလာနတ္ထိဖြစ်နေခဲ့တယ်။ ကိုယ့်စိတ်ကို နွေးထွေးစေပြီး အသက်ဆက်ရှင်ချင်စေတဲ့ အရာမျိုးကို ရှာမတွေ့ခဲ့ဘူး။ အဲ့အချိန်မှာပဲ မင်း ပေးခဲ့တဲ့ ပန်းစည်းကို သတိရသွားပြီး မင်းကို တွေးမိသွားတာ။ ”

အခုအချိန်မှာ ဟောက်ချန်ဟွမ်း တွေးကြည့်တော့ အဲ့ဒါက အရမ်း အံ့ဩစရာကောင်းသည်ဟု ခံစားရသည်။ လက်တွေ့ကျကျ ပြောရလျှင် သူနှင့် အနီးစပ်ဆုံးမှာ ရှိနေတဲ့ လူတွေက သူ့ရန်သူတွေ ဟုတ်ရင်ဟုတ် ၊ မဟုတ်ရင် သူ တမင် ချန်ထားတဲ့ ရင်းတွေပါပဲ။ အဲ့ဒီလို အချိန်မျိုးမှာ သူ တခြားလူတွေကို ပိုလို့တောင် မယုံကြည်သင့်ပေ။ တစ်ကြိမ်သာ တွေ့ဆုံဖူးတဲ့ မိန်းကလေးတစ်ယောက်ကို သူ့နှလုံးသားထဲ ဝင်ခွင့်ပေးတာမျိုးလည်း မလုပ်သင့်။

ဒါပေမဲ့ တစ်ခါတရံမှာ ကံကြမ္မာက သိပ်ကို အံ့ဩစရာကောင်းသည်။

975 02

“ ကိုယ် သူတို့ကို မင်းအကြောင်း စုံစမ်းခိုင်းတဲ့ အချိန်မှာ ( ၂ ) နှစ် ၊ ( ၃ ) နှစ် ကြာပြီးနေပြီ။ မင်းကလည်း ဂျူနီယာအထက်တန်းကျောင်း ရောက်နေပြီ။ ” ဟောက်ချန်ဟွမ်းက စုယန်ယန် ခုနတုန်းက ထုတ်ယူလာတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး လေးနက်စွာ မှတ်ချက်ပေးလိုက်သည်။ “ မင်းက အရင်တုန်းကလို ချစ်စရာကောင်းတုန်းပဲ။ ဒါပေမဲ့ … ပိုလှလာတယ်။ ”

စုယန်ယန်ရဲ့ မျက်နှာက အနည်းငယ် အနီရောင်သမ်းသွားပြီး သူ့ကို မော့ကြည့်၍ မျက်စောင်းထိုးလိုက်သည်။

“ ပထမတော့ ကိုယ်က မင်း အဆင်ပြေရဲ့လား ၊ လုံလုံခြုံခြုံနဲ့ ကြီးပြင်းလာရဲ့လား ဆိုတာ သိချင်လို့ သူတို့ကို မင်းအကြောင်း စုံစမ်းခိုင်းခဲ့တာ။ ဒါပေမဲ့ သူတို့ ယူလာပေးတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီးတော့ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်သွားလဲ မသိဘူး ၊ လူတစ်စုကို ရှာပြီး မင်းအနားကို လွှတ်ခဲ့တယ်။ အစပိုင်းတုန်းကတော့ သူတို့က မင်းနဲ့ မင်းရဲ့ အတန်းဖော်တွေ ၊ သူငယ်ချင်းတွေ ကျောင်းမှာ လျှောက်သွားနေတဲ့ ဓာတ်ပုံတွေကိုပဲ ရိုက်ယူလာပေးတာပါ။ နှစ်လ ၊ သုံးလကို တစ်ကြိမ် ၊ ဒါမှမဟုတ် တစ်လ ၊ နှစ်လကို တစ်ကြိမ်ပေါ့။ နောက်ပိုင်းကျ လဝက်ကို တစ်ကြိမ် ၊ တစ်ပတ်ကို တစ်ကြိမ် ၊ သုံးရက်ကို တစ်ကြိမ် … ”

“ မိသားစု ၊ သူငယ်ချင်းတွေနဲ့ မင်း ဆော့နေတဲ့ ဗီဒီယိုလေးတွေကိုပါ တစ်ခါတလေ ရိုက်ယူပေးလာတာ ဆိုတော့ ဓာတ်ပုံရိုက်တာထက်တော့ နည်းနည်းလေး ပိုခဲ့တယ်လို့ ပြောရမယ် ထင်တယ်။ ”

++++++

All Chapters