← Chapters

အခန်း ၉၇၇

Vol. 66 Ch. 977

အခန်း ၉၇၇

Vol. 66 Ch. 977

977 01

အခန်း ( ၉၇၇ ) ရှင်က ဘာအတွက် တောင်းပန်တာလဲ။

“ ကျွန်မ သဘောကျတဲ့ ပုံစံလား … ” စုယန်ယန်က မေးစေ့ကို ကိုင်ပြီး သေချာ စဉ်းစားနေသလိုမျိုး ဟန်ဆောင်လိုက်သည်။ ထို့နောက် ဟောက်ချန်ဟွမ်းရဲ့ စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေသော အကြည့်အောက်မှာ တရစပ် ပြောချလိုက်သည်။

“ ရုပ်ချော ၊ ချမ်းသာပြီး ကျွန်မကို အရာအားလုံးထက် ပိုချစ်တဲ့ ယောက်ျားမျိုးကို သဘောကျတယ်။ သူက ကျွန်မကို အရာရာတိုင်းထက် ရှေ့တန်းတင်ပြီး ဥယျာဉ်လေးရယ် ၊ ကျွန်းတစ်ကျွန်းရယ် ၊ အပန်းဖြေစံအိမ်တစ်လုံးရယ် ပေးရမယ်။ ကျွန်မ လမ်းလျှောက်ရတာ ပင်ပန်းလာတဲ့အခါတိုင်း ကျွန်မကို ကုန်းပိုးပေးရမယ်။ ကျွန်မ ဝမ်းနည်းတဲ့အခါ အကောင်းဆုံး ကြိုးစားပြီး ကျွန်မကို ပျော်အောင် လုပ်ပေးရမယ်။ ကျွန်မ ကြောက်ရွံ့နေတဲ့အခါ ကျွန်မကို ဖက်ပြီး နှစ်သိမ့်ပေးရမယ်။ ”

“ ကျွန်မနဲ့ ပတ်သက်လာရင် သူ့မျက်လုံးထဲမှာ အရေးမကြီးတဲ့ ကိစ္စ ဆိုတာ မရှိရဘူး။ အိုး ၊ ဟုတ်သားပဲ … ” စုယန်ယန်က စကားရပ်ပြီး အပြုံးလေးဖြင့် မော့ကြည့်လိုက်သည်။ “ သူ့ရဲ့ မျိုးရိုးနာမည်က ဟောက် ဖြစ်ရမယ်။ ပြီးတော့ သူက ကျွန်မကလေးရဲ့ အဖေပဲ။ ”

ဟောက်ချန်ဟွမ်းသည် နားထောင်ရင်း နားထောင်ရင်းနှင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရ၏။ အဆုံးသတ်မှာတော့ သူ့နားရွက်ဖျားတွေပါ ရဲတက်လာခဲ့သည်။ စုယန်ယန် သူ့ကို ချော့ဖို့ ကြိုးစားနေတယ် ဆိုတာ သူ မသိဘဲ နေမလား … ။

စုယန်ယန်က သူ့အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ မျက်လုံးလှိမ့်ပြီး အဖြေကို သိလျက်နှင့် မေးလိုက်သည်။ “ ရှင် စိတ်မဆိုးတော့ဘူးမလား။ ”

ဟောက်ချန်ဟွမ်းက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီး ဘာမှ ပြန်မပြောတာမို့ စုယန်ယန်က ခြေဖျားထောက်၍ သူ့ပါးကို လှမ်းနမ်းလိုက်သည်။ “ အခုရော ဘယ်လိုလဲ။ ရပြီလား။ ”

ဟောက်ချန်ဟွမ်းက “ … ရပြီ။ ” ဟု စိတ်မပါသလို တုံ့နှေးနှေး ပြန်ပြောတာကို ကြည့်ပြီး စုယန်ယန် ရယ်လည်း ရယ်ချင် ၊ ဒေါသလည်း ထွက်သွားသော်လည်း တစ်စုံတစ်ယောက် တိတ်တိတ်လေး ကျိတ်ပျော်နေတာကို မဖော်ထုတ်တော့ပါ။

သူမအပေါ် ထားတဲ့ သူ့ခံစားချက်တွေကို အစောကြီးကတည်းက နားလည်ထားတယ် ၊ သူမကို သဝန်တိုတယ် ဆိုရင်လည်း သူမအနားကို ချဉ်းကပ်လာတဲ့ ယောက်ျားတွေကို ဘာလို့ မတိုက်ခိုက်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို ဟောက်ချန်ဟွမ်းအား စုယန်ယန် မမေးဖြစ်ပါ။ သူ့းမအနားကို ချဉ်းကပ်လာတဲ့ ယောက်ျားတွေထဲမှာ သူမရဲ့ လုံခြုံမှုအဝန်းအဝိုင်းထဲက ထုတ်ပယ်ထားတဲ့ ဟောက်ရှောက်ဖုန်းလည်း ပါဝင်သည်။

ထိုအချိန်တုန်းက သူ့ခြေထောက်တွေကြောင့် သူ့မှာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေလို သူမကို ရဲရဲဝံ့ဝံ့ ပိုးပန်းနိုင်တဲ့ သတ္တိမျိုး မရှိခဲ့ပါ။ ဒေါသတွေကို တိတ်တဆိတ် မျိုသိပ်ပြီး ခန္ဓာကိုယ်အတွင်းထဲမှာ အနာတရဖြစ်ရလောက်တဲ့ထိ တစ်ယောက်တည်း သဝန်တိုနေဖို့ပဲ တတ်နိုင်ခဲ့သည်။

စုယန်ယန်ရဲ့ နှလုံးသားထဲမှာ နာကျင်သွားသော်လည်း ဒေါသတွေက ပျောက်ကွယ်မသွားပါ။ ဒါပေမဲ့ အဲ့ဒါက ဟောက်ချန်ဟွမ်းကို ဒေါသထွက်တာတော့ မဟုတ်ဘဲ ဟောက်ချန်ဟွမ်းကို အဲ့ဒီလို အဖြစ်ဆိုးနှင့် ကြုံတွေ့ရအောင် လုပ်ခဲ့သူတွေကို ဒေါသထွက်တာ ဖြစ်သည်။

…

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ခံစားချက်တွေကို နားလည်ပုံဖြင့် သူမကို ပွေ့ဖက်ပြီး “ ကိုယ် တောင်းပန်ပါတယ်။ ” ဟု တိုးတိုးလေး ပြောသည်။

စုယန်ယန်က နှာခေါင်းရှုံ့ပြီး စူပုပ်ပုပ်မျက်နှာလေးနှင့် ပြန်ပြောလိုက်သည်။ “ ရှင်က ဘာကို တောင်းပန်တာလဲ။ ”

“ မင်းနဲ့ ပတ်သက်ပြီး ကိုယ် ပိုသတ္တိရှိခဲ့သင့်တာ။ မင်း အဲ့လူကို ငြင်းပယ်ပြီးနောက်ပိုင်း မင်းနဲ့ တွေ့နိုင်အောင် နည်းလမ်းရှာပြီး ကိုယ့်ခံစားချက်တွေကို ပြောပြခဲ့သင့်တယ်။ မင်း ကိုယ့်ကို ငြင်းပယ်မယ် ဆိုရင်တောင် ကိစ္စမရှိပါဘူး။ ကိုယ် မင်းကို အကောင်းဆုံး ဆိုတာတွေချည်း ပေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ကမ္ဘာပေါ်မှာ ဘယ်ယောက်ျားကမှ မင်းအပေါ် ကိုယ့်လောက် မကောင်းနိုင်ဘူး ဆိုတာ မင်း သိလာအောင် ကြိုးစားမယ်။ ”

နှစ်ချီပြီး ဟောက်ချန်ဟွမ်း နောင်တရခဲ့တဲ့ အရာက ဟောက်ရှောက်ဖုန်းဟာ ဘယ်လို လူမျိုးလဲ ဆိုတာ သိနေပါလျက်နှင့် ၊ သူဟာ စုယန်ယန်အတွက် လုံလုံလောက်လောက် မကောင်းဘူး ဆိုတာ သိနေပါလျက်နှင့် သူ့ရဲ့ ရှက်ရွံ့သိမ်ငယ်မှုတွေကြောင့် သူတို့ရဲ့ လက်ထပ်ပွဲကို အချိန်မီ မတားဆီးဘဲ ဟောက်ရှောက်ဖုန်းအား စုယန်ယန်ကို နာကျင်စေဖို့ အခွင့်အရေးပေးခဲ့မိတာပဲ ဖြစ်သည်။

977 02

စုယန်ယန်က ထိုစကားကို ကြားသည်နှင့် နှုတ်ခမ်းပေါ်မှာ အပြုံးလေးတွေ ပွင့်လန်းသွားကာ “ ရှင် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလဲ။ ” ဟု ပြောလိုက်သည်။

တကယ်လို့သာ ဟောက်ချန်ဟွမ်းက သူ့ခံစားချက်တွေကို စောစောစီးစီး ထုတ်ပြပြီး ဟောက်ရှောက်ဖုန်းနှင့် သူမရဲ့ လက်ထပ်ပွဲကို အချိန်မီ တားဆီးခဲ့ရင် အရာအားလုံး ပြောင်းလဲသွားလိမ့်မည်ဟု စုယန်ယန် မတွေးမိတာတော့ မဟုတ်ပါ။ သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ တကယ်လို့သာ ဟောက်ချန်ဟွမ်း အဲ့ဒီလို လုပ်ခဲ့ရင် သူမနှင့် ဟောက်ရှောက်ဖုန်းရဲ့ လက်ထပ်ပွဲကလည်း အကောင်အထည်ပေါ်ခဲ့မှာ မဟုတ်ပေ။

ဒါပေမဲ့ သူမရဲ့ အရင်ဘဝမှာ ထိုအဖြစ်အပျက်တွေကိုသာ ဘယ်တော့မှ မကြုံတွေ့ခဲ့ရင် ၊ ဟောက်ချန်ဟွမ်းနောက်ကို သရဲအဖြစ် လိုက်ကာ သူမအတွက် သူ ဘယ်လောက်တောင် လုပ်ပေးခဲ့တယ် ဆိုတာကို သိသွားပြီး သူ့ကို ဖြည်းဖြည်းချင်း နားမလည်ခဲ့ရင် သူမ ဒီလူ့ကို ချစ်မိသွားမှာ မဟုတ်ပါ။

ဖြစ်နိုင်တာကတော့ အဲ့ဒီလိုသာ ဆိုရင် သူမ အခုအချိန်မှာ ဟောက်ချန်ဟွမ်းနှင့် အတူရှိနေဖို့တောင် ရွေးချယ်မိမှာ မဟုတ်။

ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူကမှ အနာဂတ်ကို ကြိုတင်မခန့်မှန်းနိုင်ဘူးဟု ပြောလို့ ရသည်။ နောင်တရမိတဲ့ ကိစ္စတွေ အများကြီး ရှိနိုင်သော်လည်း အတိတ်ကို ပြန်ပြောင်းတွေးတောတဲ့အခါ အရာရာတိုင်းက အစီအစဉ်တကျဖြစ်နေတာကို တွေ့ရလိမ့်မည်။ လက်လွတ်စပယ် ပြောင်းလဲလိုက်ရင် ကိုယ့်ဆန္ဒအတိုင်း ဖြစ်မလာရုံသာမက ကိုယ် လိုချင်တဲ့ အဆုံးသတ်ကောင်းကိုလည်း မရနိုင်ပါ။

++++++

All Chapters