အခန်း ၉၈၄
Vol. 66 Ch. 984
984 01
အခန်း ( ၉၈၄ ) အချစ်ပြိုင်ဖက်လေး။
စုယန်ယန်ရဲ့ ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးမွေးညင်းတွေ စိမ့်ဖြာထသွားသည်။ သူမ တစ်ခုခု ပြောဖို့ ပြင်နေတုန်းမှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာကာ သူမရဲ့ အဖိုးတန်သားလေးရဲ့ ငိုသံကို မပီမသ ကြားလိုက်ရသည်။
စုယန်ယန်ရဲ့ အာရုံက ချက်ချင်းပဲ လမ်းကြောင်းပြောင်းသွားကာ ဟောက်ချန်ဟွမ်းကို နောက်မှာ တစ်ယောက်တည်းချန်၍ အမြန် ပြေးထွက်လာခဲ့လိုက်သည်။
တံခါးဖွင့်လိုက်သည့် အခိုက်အတန့်မှာပဲ မျက်ရည်တွေ စီးကျနေတဲ့ ကောင်ကလေးက အချိန်ကိုက် အဲ့ခနဲအသံပြုကာ သူ့အဖေကို မျက်ရည်စိုလဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေခဲ့သည်။
သူ့ရဲ့ မျက်ရည်ဝိုင်းနေသော မျက်လုံးများက စုယန်ယန်ရဲ့ နှလုံးသားကို ကိုင်လှုပ်လိုက်ကာ သူမကို ချက်ချင်း လက်မြှောက် အရှုံးပေးသွားစေသည်။ စုယန်ယန်က ကောင်ကလေးကို လှမ်းပွေ့ချီပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။ “ အစ်မ လုပ်စရာရှိတာ သွားလုပ်နော်။ ကျွန်မ သူ့ကို ချော့လိုက်မယ်။ ”
အသက်ရှူချောင်သွားတဲ့ ကလေးထိန်းက ခေါင်းလေးတစ်ချက် ညိတ်ပြပြီး ထွက်ခွာသွား၏။ စုယန်ယန်က ကလေးကို အခန်းထဲ ခေါ်လာခဲ့လိုက်သည်။
ကြယ်ကလေးက သိပ်ကို ဂျီကျတတ်သည်။ အရင်တုန်းက ကလေးထိန်း သူ့ကို ပွေ့ချီထားတဲ့အခါတိုင်း မျက်ရည်စိုရွှဲ ၊ နှပ်ချေးတွဲလွဲဖြစ်သည်ထိ ငိုလေ့ရှိသည်။ စုယန်ယန်ရဲ့ ရင်ခွင်ထဲကို ရောက်တော့ အငိုတိတ်သွားသော်လည်း နှာခေါင်းက နှပ်တရှုံ့ရှုံ့ ဖြစ်နေဆဲပင်။
“ မင်းက မင်းအဖေနဲ့ အမေ့ကို ဘယ်လို နှိပ်စက်ရမလဲ ဆိုတာ ကောင်းကောင်း သိတယ်။ ” စုယန်ယန်က မကျေမနပ် ပြောပြီး သားဖြစ်သူရဲ့ တင်ပါးဖောင်းဖောင်းအိအိလေးကို ပုတ်ပေးလိုက်သည်။
သို့သော်လည်း သူ့အမေရဲ့ စကားတွေကို နားလည်ပုံပေါ်တဲ့ ကောင်လေးက သူ့ရဲ့ နူးညံ့တဲ့ သွားဖုံးလေး လှစ်ခနဲ ပေါ်လာသည်အထိ အော်ငိုခဲ့သည်။ သူ့လက်သေးသေးလေးကို ဆန့်ထုတ်ကာ စုယန်ယန်ရဲ့ လက်ချောင်းတွေကို ဆုပ်ကိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ချစ်စရာကောင်းစွာ ပြုမူနေခဲ့သည်။
သူ့ပုံစံလေးကို ကြည့်ပြီး စုယန်ယန်ရဲ့ နှလုံးသားထဲမှာ နူးညံ့သွားသည်။ သူမ သူ့ကို ဘယ်လိုလုပ် ဒေါသထွက်နိုင်တော့မှာလဲ … ။
ဟောက်ချန်ဟွမ်းက သူ့ဇနီးရဲ့ စိတ်အာရုံဟာ ကြယ်လေးဆီကို အပြည့်အဝ ရောက်သွားတာကို မြင်တော့ “ မင်းက သူ့ကို အရမ်း အလိုလိုက်လွန်းတယ်။ ” ဟု မနာလိုစွာ ပြောလိုက်သည်။
သားအမိ ဆိုတဲ့ နှောင်ကြိုးက သိပ်ကို ထူးဆန်းတဲ့ အရာ ဖြစ်သည်။ စုယန်ယန်က အိမ်မှာ သိပ်မနေရှိတာမို့ အချိန်အများစုမှာ ကြယ်လေးက ဦးလေးကျန်းနှင့် ကလေးထိန်းနှင့်သာ နေရလေ့ရှိသော်လည်း စုယန်ယန်အပေါ် အလွန်အမင်း တွယ်ကပ်နေဆဲပင်။
သူမ အိမ်မှာ ရှိနေတဲ့အခါတိုင်း သူ့ကို မနက် ၊ ည နို့တိုက်ရသည်။ မဟုတ်ရင် သူလေးက စိတ်ဆိုးမာန်ဆိုးနှင့် အော်ငိုတတ်သည်။
ဟောက်ချန်ဟွမ်းကတော့ သူ့ဇနီးရဲ့ အားလပ်ချိန်တွေကို လုယူသွားတဲ့ ဒီကောင်လေးကို သဘောမကျတော့တာ အချိန်အတော်ကြာခဲ့ပါပြီ။ သူ့ဇနီးခမျာ သူ့ကို ကိုယ်ဝန်လွယ်ထားရတုန်းကလည်း အများကြီး ပင်ပန်းဆင်းရဲခံခဲ့ရသည် ၊ မွေးပြီးတော့လည်း နေ့တိုင်း သူ့ကို ပြုစုပေးရင်း အလုပ်ရှုပ်နေရသည်။ သူမမှာ သူ ( ဟောက်ချန်ဟွမ်း ) နှင့် နှစ်ယောက်တည်း အတူရှိနေပေးဖို့တောင် အချိန်မရှိတော့ပေ။
တစ်ခါတလေ သူတို့နှစ်ယောက် အိပ်ရာထဲမှာ အတူတူ ဖက်အိပ်နေချင်ပေမဲ့ ကြယ်လေးက အသံဗြဲကြီးနှင့် တဝါးဝါး အော်ငိုနေသောကြောင့် ကလေးထိန်းက ဘယ်လိုမှ မတတ်နိုင်တော့ဘဲ သူ့ကို ချီလာပြီး စုယန်ယန်ကို အကူအညီလာတောင်းရသည်။ သူ့ရဲ့ ဆဌမအာရုံက ရေဒါထက်တောင် ပိုပြီး တိကျသည်။
မိဘတွေ ကောင်းခန်းရောက်နေတာကို လာပြီး ဖျက်လို့ဖျက်ဆီးလုပ်ခြင်းရဲ့ အကျိုးရလဒ်ရတော့ သူတို့ဟာ မိသားစုသုံးယောက်အဖြစ် အတင်းအကြပ် အတူတူ နေလိုက်ရတာပါပဲ။
984 02
အစပိုင်းတုန်းက ထိုကောင်လေးအပေါ် ထားရှိခဲ့တဲ့ ဟောက်ချန်ဟွမ်းရဲ့ မျှော်လင့်ချက်တွေ ၊ နူးညံ့သိမ်မွေ့သော ခံစားချက်တွေသည် စုယန်ယန်ရဲ့ အာရုံစိုက်မှုကို ထိုကောင်လေး အချိန်နှင့်အမျှ ခိုးယူအပြီးမှာ မကျေနပ်ချက်တွေ ၊ သတိထားစောင့်ကြည့်မှုတွေအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
ဒီလို ဖြစ်မယ်မှန်းသာ စောစော သိခဲ့ရင် သူလည်း စောစောစီးစီး ကလေးယူခဲ့မှာ မဟုတ်ပါ။ ကြယ်လေးက သူတို့ရဲ့ သားလုပ်ဖို့ ရောက်လာတာ မဟုတ်ဘဲ အရင်ဘဝတုန်းက မတောင်းလိုက်ရတဲ့ အကြွေးတွေကို တောင်းဖို့ ရောက်လာတာပါ။
အခုတော့ ဟောက်ချန်ဟွမ်းသည် သူ့အဖေ သူ့ကို အခန်းအပြင်မှာ မကြာခဏ ထားခဲ့ပြီး ပြန်လာခေါ်ဖို့ မေ့နေတဲ့ အမှားကို ရုတ်တရက် နားလည်သွားပြီ ဖြစ်သည်။ သူလည်းပဲ ဒီကောင်လေးကို အပြင်ကို ကန်ထုတ်ပစ်ပြီး တစ်နှစ်လောက် နေမှ ပြန်သွားခေါ်ချင်မိသည်။
ဒါ့ကြောင့်ပဲ မိဘတွေက တစ်ယောက်ကို တစ်ယောက် အမှန်တကယ် ချစ်တဲ့အခါ သူတို့ရဲ့ ကလေးတွေက အနှောင့်အယှက်တစ်မျိုးပဲ ဆိုတဲ့ ဆိုရိုးစကားက မှန်ကန်တာ ဖြစ်သည်။
ကြယ်လေးက သူ့အဖေရဲ့ သူ့အကြောင်းပြောနေတဲ့ မကောင်းတဲ့ စကားတွေကို ကြားနိုင်သလိုမျိုး မျက်လုံးဝိုင်းကြီးတွေနှင့် လှည့်ကြည့်သည်။ ထို့နောက် သူ့ကို မညှာမတာ ပြောဆိုနေတဲ့ ဒီအဖေဆိုးကို မမြင်ချင်တော့ပုံဖြင့် နှာခေါင်းရှုံ့ပြီး ကျောပေးထားလိုက်သည်။
အဆုံးသတ်မှာတော့ သူက ငယ်လွန်းသေးတာကြောင့် အကြာကြီး မှောက်ခုံနေပြီးတဲ့နောက် ပက်လက်ပြန်မလှန်နိုင်ပါ။ သူ့အတွက် သူ့ဘာသာ ပက်လက်ပြန်လှန်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲဖို့ ဟောက်ချန်ဟွမ်းက သူ့ကို လက်ညိုးလေးနှင့် တွန်းထိုးပြီး မူလအနေအထားကို ပြန်ရောက်အောင် လုပ်ပေးလိုက်ရသည်။
++++